သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေၾကာင့္ ျပည္တြင္းနဲ႔ နယ္စပ္ဒုကၡသည္ေတြ ပိုၿပီးဒုကၡေတြ႔ေနရ


ရွမ္းျပည္နယ္ IDP စစ္ေရွာင္ဒုကၡသည္စခန္းက အမ်ိဳးသမီးတဦး (ဇန္န၀ါရီ ၁၃၊ ၂၀၂၁၉)

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါအေျခအေနနဲ႔အတူ ျမန္မာနယ္စပ္ေတြက IDPs စစ္ေရွာင္ဒုကၡသည္စခန္းေတြရဲ႕ ေရာဂါကာကြယ္ေရးအေျခအေနေတြကို စုစည္းတင္ျပေပးပါမယ္။ ဒီအေၾကာင္း ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ဆက္ေပးပါမယ္။

COVID-19 ေၾကာင့္ အသြားအလာ ကန္႔သတ္ထားတာေၾကာင့္ ထိုင္းျမန္မာနယ္စပ္က ရွမ္းဒုကၡသည္စခန္းေတြမွာ အလုပ္အကိုင္ခက္ခဲၿပီး ရိကၡာအခက္အခဲနဲ႔ ရင္ဆုိင္ေနရသလို၊ ကခ်င္ျပည္နယ္က ဒုကၡသည္ စခန္းေတြမွာေတာ့ COVID-19 ေရာဂါ ကာကြယ္ေရးကို တင္းတင္းၾကပ္ၾကပ္ ေဆာင္ရြက္ေနပါတယ္။ ဒါေပမဲ့ ရခုိင္ျပည္နယ္က စခန္းေတြမွာ လူဦးေရမ်ားျပားတာေၾကာင့္ အခက္အခဲေတြ ရိွေနပါတယ္။

ရွမ္းျပည္နယ္အေရွ႕ပုိင္း မုိင္းတံုၿမိဳ႕နယ္ ထိုင္းျမန္မာနယ္စပ္က ရွမ္းဒုကၡသည္စခန္း ၆ ခုရိွၿပီး လူ ၆,၀၀၀ ေက်ာ္ေလာက္ ေနထိုင္ေနတာပါ။

ေလာေလာဆယ္ COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ထိုင္းႏိုင္ငံဘက္က အသြားအလာ ကန္႔သတ္လုိက္တဲ့ေနာက္ ရွမ္းဒုကၡသည္ေတြဟာ ရွာေဖြ စားေသာက္ေရးအတြက္ အခက္အခဲ ၾကံဳေနရေၾကာင္းရွမ္းျပည္နယ္ ဒုကၡသည္ေရးရာေကာ္မတီအဖဲြ႔၀င္ ဦးစိုင္းလင္းက အခုလို ေျပာပါတယ္။

“အဓိကဆုိရင္ က်ေနာ္တုိ႔က အေျခခံရိကၡာ အဲဒါပဲ ေျပာရမွာေပါ့။ ဘာလုိ႔လဲဆုိရင္ အခုခ်ိန္မွာ ဘယ္မွ သြားလုိ႔၊ လာလို႔ မရဘူး။ အလုပ္ေတြက မရိွဘူးေပါ့ဗ်ာေနာ္။ အရင္တုန္းက က်ေနာ္တုိ႔ကေတာ့ အခ်ိန္ျပည့္မဟုတ္ေပမဲ့လည္း ဒီ ၾကိဳၾကား ၾကိဳၾကား အလုပ္ေလးေတြကေတာ့ ရိွတာေပါ့ေလ ေနာ္။ ဥပမာ နယ္စပ္မွာဆုိရင္လည္း စိုက္ပ်ိဳးေရးတုိ႔ လက္ဖက္ခူးတာတို႔ အဲဒါမ်ိဳးေတြ ရိွမွာေပါ့။ အခုက်ေတာ့ အဲဒီအလုပ္ေတြလည္း ရပ္သေလာက္ နီးပါးေလာက္ျဖစ္သြားတာေပါ့။ အခုက အလုပ္ေတြက မရိွဘူးဆုိေတာ့ စား၀တ္ေနေရးက အေျခခံ ရိကၡာေပါ့။ ဥပမာ ဆန္၊ ဆီ၊ ဆားေပါ့ေနာ္။ ထားပါေတာ့ ဆားကေတာ့ ဒီေလာက္အေရးမၾကီးဘူး။ ဆန္၊ ဆီအဲလုိမ်ိဳးကေတာ့ အဲလိုမ်ိဳး အခက္အခဲေတြ ရိွပါတယ္။”

ဒီစခန္းေတြကို အရင္က ထိုင္းအေျခစိုက္ The Border Consortium အဖဲြ႔က ဆန္ေထာက္ပံခဲ့ေပမဲ့ ၂၀၁၇ ခု ေအာက္တိုဘာလမွာ ဒီအေထာက္အပံ့ ရပ္ဆုိင္းခဲ့ပါတယ္။ ဒီရက္ပိုင္းမွာေတာ့ ရွမ္းျပည္နယ္ဒုကၡသည္ေရးရာ ေကာ္မတီက စခန္းရိွ ဒုကၡသည္ေတြအတြက္ ရိကၡာ ကူညီေထာက္ပံ့ဖို႔ကို ေမတၱာရပ္ခံထားပါတယ္။

ရွမ္းဒုကၡသည္စခန္းေတြမွာေတာ့ ထုိင္းႏိုင္ငံဘက္က အစိုးရမဟုတ္တဲ့အဖဲြ႔အစည္းေတြကေန COVID-19 နဲ႔ ပတ္သက္ၿပီး အသိပညာေပးတာ၊ ၾကိဳတင္ကာကြယ္မႈဆုိင္ရာ သင္တန္းေတြေပးတာေတြ ရိွေၾကာင္း ေျပာပါတယ္။

ကခ်င္ျပည္နယ္အတြင္းက ဒုကၡသည္စခန္းေတြမွာေတာ့ ေဒသခံ အာဏာပိုင္ေတြနဲ႔ ပူးေပါင္းၿပီး COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးကို တင္းတင္းၾကပ္ၾကပ္ ေဆာင္ရြက္ေနတယ္လို႔ ၀ိုင္းေမာ္ၿမိဳ႕နယ္ မုိင္းနား KBC စစ္ေရွာင္စခန္းတာ၀န္ခံ ဦးေဇာ္လံုးကေျပာပါတယ္။

"COVID အေျခအေနေတာ့ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ တံု႔ျပန္ေရးက အစဥ္တစိုက္လုပ္ေနတယ္။ က်ေနာ္တုိ႔ Camp ကို ဧည့္မ၀င္ခိုင္းဘူး။ Camp သူ၊ Camp သားေတြကိုေတာင္မွ တစ္အိမ္ေထာင္ကို တစ္ပတ္မွာ တစ္ၾကိမ္ပဲ ထြက္ခုိင္းတယ္။ မလုိအပ္ရင္ မထြက္နဲ႔၊ အဲလုိေပါ့ေနာ္။ ေနာက္ၿပီးမွ ခရီးက ျပန္လာလုိ႔ရိွရင္ Quarantine လုပ္တယ္ေလ။ Mask တပ္ရမယ္ အျပင္ထြက္ရင္။ ၀င္လာ၊ ထြက္လာရင္ လက္ေဆးမယ္ အဲလိုပဲ။ Camp အေပါက္၀နားမွာ ဂိတ္လုပ္ထားတယ္။ အဲမွာ လက္ေဆးခုိင္းၿပီးမွ ၀င္တယ္။ ဆုိင္ကယ္တို႔၊ ကားတုိ႔အျပင္ကေန၀င္လာရင္ ေဆးဖ်န္းေပးတယ္။ အဲလိုလုပ္တယ္။”

ဒီကေန႔အခ်ိန္ထိေတာ့ ကခ်င္ျပည္နယ္မွာ COVID-19 ေရာဂါပိုးရိွသူ တစ္ဦးသာေတြ႔ရိွၿပီး ဒုကၡသည္စခန္းေတြမွာေတာ့ ပိုးေတြ႔လူနာ မရိွေသးပါဘူး။

KIO ထိန္းခ်ဳပ္နယ္ေျမအတြင္းမွာလည္း KIO က ေရာဂါကာကြယ္ႏွိပ္နင္းေရးေကာ္မတီကို ဖဲြ႔စည္းေဆာင္ရြက္ေနသလို အစိုးရနဲ႔ ပူးေပါင္းေဆာင္ရြက္ဖုိ႔လည္း ဒီလ ၁၃ ရက္ေန႔က ေဆြးေႏြးထားၿပီး ျဖစ္ပါတယ္။

ရခုိင္ျပည္နယ္အတြင္းက စစ္ေရွာင္စခန္းေတြမွာေတာ့ COVID-19 ေရာဂါကူးစက္လာရင္ ထိန္းခ်ဳပ္ဖု႔ိခက္ခဲႏိုင္ေၾကာင္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္သန္းစိန္က ေျပာပါတယ္။

“အမွန္တကယ္သာဒီ COVID က ဒီဘက္မွာ အေျခအေန တစ္ခုအေပၚမွာ မူတည္ၿပီး Postive ျဖစ္တယ္ဆုိရင္ ခက္ခက္ခဲခဲျဖစ္သြားမွာ ေသခ်ာပါတယ္။ ဘာျဖစ္လုိ႔လည္း ဆုိေတာ့ စစ္ေရွာင္စခန္းမွာ ဒီ ေက်ာက္ေတာ္အထက္ပိုင္းက လူေတြကေတာ့ အကုန္လံုးလုိလို စစ္ေရွာင္စခန္းေတြကို ေရာက္ေနတယ္ေလ။ COVID-19 နဲ႔ ပတ္သက္လုိ႔ လုပ္ရတာကေတာ့ အင္မတန္ အခက္အခဲရိွတယ္။ လူေတြကလည္း စုျပံဳၿပီးေတာ့ စစ္ေရွာင္စခန္းမွာ ေနရတဲ့အခါ COVID နဲ႔ ပတ္သက္လို႔ အဆင္မေျပဘူးဗ် လုပ္ရတာ။”

ေက်ာက္ေတာ္ၿမိဳ႕မွာ စစ္ေရွာင္စခန္း ၉ ခု ရိွၿပီး အစိုးရ တာ၀န္ယူဖြင့္လွစ္ထားတဲ ေနပူခံ စစ္ေဘးေရွာင္စခန္းမွာ လူ ၁,၀၀၀ ေလာက္နဲ႔ က်န္ဘုန္းၾကီးေက်ာင္း၊ စာသင္ေက်ာင္းေတြမွာ ဖြင့္လွစ္ထားတဲ့စခန္းေတြမွာေတာ့ လူအနည္းဆံုး ၇,၀၀၀ ေက်ာ္ေလာက္ရိွေနတာျဖစ္ပါတယ္။

အစိုးရကေတာ့ COVID-19 ေရာဂါနဲ႔ ပတ္သက္ၿပီး ျမန္မာျပည္မွာ ေနထုိင္သူတစ္ဦးတစ္ေယာက္မွ ခ်န္လွပ္မထားေရး မူ၀ါဒ ခ်မွတ္ၿပီး တိုင္းရင္းသားလက္နက္ကုိင္အဖဲြ႔ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ေကာ္မတီတရပ္ကို ဖဲြ႔စည္းေဆာင္ရြက္ေနပါတယ္။ ဒီေကာ္မတီက NCA အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့အဖဲြ႔ေတြနဲ႔ ေဆြးေႏြးၿပီး ေရာဂါကာကြယ္ထိန္းခ်ဳပ္ကုသေရးအတြက္ တစ္ဖဲြ႔ခ်င္းနဲ႔ ေဆြးေႏြးေနသလို NCA လက္မွတ္မေရးထိုးေသးတဲ့အဖဲြ႔ေတြနဲ႔လည္း ပူးေပါင္းေဆာင္ရြက္ဖုိ႔ စာေပးပို႔ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 ကြောင့် ပြည်တွင်းနဲ့ နယ်စပ်ဒုက္ခသည်တွေ ပိုပြီးဒုက္ခတွေ့နေရ

COVID-19 ကပ်ရောဂါအခြေအနေနဲ့အတူ မြန်မာနယ်စပ်တွေက IDPs စစ်ရှောင်ဒုက္ခသည်စခန်းတွေရဲ့ ရောဂါကာကွယ်ရေးအခြေအနေတွေကို စုစည်းတင်ပြပေးပါမယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ဆက်ပေးပါမယ်။

COVID-19 ကြောင့် အသွားအလာ ကန့်သတ်ထားတာကြောင့် ထိုင်းမြန်မာနယ်စပ်က ရှမ်းဒုက္ခသည်စခန်းတွေမှာ အလုပ်အကိုင်ခက်ခဲပြီး ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရသလို၊ ကချင်ပြည်နယ်က ဒုက္ခသည် စခန်းတွေမှာတော့ COVID-19 ရောဂါ ကာကွယ်ရေးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်က စခန်းတွေမှာ လူဦးရေများပြားတာကြောင့် အခက်အခဲတွေ ရှိနေပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ထိုင်းမြန်မာနယ်စပ်က ရှမ်းဒုက္ခသည်စခန်း ၆ ခုရှိပြီး လူ ၆,၀၀၀ ကျော်လောက် နေထိုင်နေတာပါ။

လောလောဆယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ထိုင်းနိုင်ငံဘက်က အသွားအလာ ကန့်သတ်လိုက်တဲ့နောက် ရှမ်းဒုက္ခသည်တွေဟာ ရှာဖွေ စားသောက်ရေးအတွက် အခက်အခဲ ကြုံနေရကြောင်းရှမ်းပြည်နယ် ဒုက္ခသည်ရေးရာကော်မတီအဖွဲ့ဝင် ဦးစိုင်းလင်းက အခုလို ပြောပါတယ်။

“အဓိကဆိုရင် ကျနော်တို့က အခြေခံရိက္ခာ အဲဒါပဲ ပြောရမှာပေါ့။ ဘာလို့လဲဆိုရင် အခုချိန်မှာ ဘယ်မှ သွားလို့၊ လာလို့ မရဘူး။ အလုပ်တွေက မရှိဘူးပေါ့ဗျာနော်။ အရင်တုန်းက ကျနော်တို့ကတော့ အချိန်ပြည့်မဟုတ်ပေမဲ့လည်း ဒီ ကြိုကြား ကြိုကြား အလုပ်လေးတွေကတော့ ရှိတာပေါ့လေ နော်။ ဥပမာ နယ်စပ်မှာဆိုရင်လည်း စိုက်ပျိုးရေးတို့ လက်ဖက်ခူးတာတို့ အဲဒါမျိုးတွေ ရှိမှာပေါ့။ အခုကျတော့ အဲဒီအလုပ်တွေလည်း ရပ်သလောက် နီးပါးလောက်ဖြစ်သွားတာပေါ့။ အခုက အလုပ်တွေက မရှိဘူးဆိုတော့ စားဝတ်နေရေးက အခြေခံ ရိက္ခာပေါ့။ ဥပမာ ဆန်၊ ဆီ၊ ဆားပေါ့နော်။ ထားပါတော့ ဆားကတော့ ဒီလောက်အရေးမကြီးဘူး။ ဆန်၊ ဆီအဲလိုမျိုးကတော့ အဲလိုမျိုး အခက်အခဲတွေ ရှိပါတယ်။”

ဒီစခန်းတွေကို အရင်က ထိုင်းအခြေစိုက် The Border Consortium အဖွဲ့က ဆန်ထောက်ပံခဲ့ပေမဲ့ ၂၀၁၇ ခု အောက်တိုဘာလမှာ ဒီအထောက်အပံ့ ရပ်ဆိုင်းခဲ့ပါတယ်။ ဒီရက်ပိုင်းမှာတော့ ရှမ်းပြည်နယ်ဒုက္ခသည်ရေးရာ ကော်မတီက စခန်းရှိ ဒုက္ခသည်တွေအတွက် ရိက္ခာ ကူညီထောက်ပံ့ဖို့ကို မေတ္တာရပ်ခံထားပါတယ်။

ရှမ်းဒုက္ခသည်စခန်းတွေမှာတော့ ထိုင်းနိုင်ငံဘက်က အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကနေ COVID-19 နဲ့ ပတ်သက်ပြီး အသိပညာပေးတာ၊ ကြိုတင်ကာကွယ်မှုဆိုင်ရာ သင်တန်းတွေပေးတာတွေ ရှိကြောင်း ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေမှာတော့ ဒေသခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေတယ်လို့ ဝိုင်းမော်မြို့နယ် မိုင်းနား KBC စစ်ရှောင်စခန်းတာဝန်ခံ ဦးဇော်လုံးကပြောပါတယ်။

"COVID အခြေအနေတော့ ရောဂါကာကွယ် ထိန်းချုပ် တုံ့ပြန်ရေးက အစဉ်တစိုက်လုပ်နေတယ်။ ကျနော်တို့ Camp ကို ဧည့်မဝင်ခိုင်းဘူး။ Camp သူ၊ Camp သားတွေကိုတောင်မှ တစ်အိမ်ထောင်ကို တစ်ပတ်မှာ တစ်ကြိမ်ပဲ ထွက်ခိုင်းတယ်။ မလိုအပ်ရင် မထွက်နဲ့၊ အဲလိုပေါ့နော်။ နောက်ပြီးမှ ခရီးက ပြန်လာလို့ရှိရင် Quarantine လုပ်တယ်လေ။ Mask တပ်ရမယ် အပြင်ထွက်ရင်။ ဝင်လာ၊ ထွက်လာရင် လက်ဆေးမယ် အဲလိုပဲ။ Camp အပေါက်ဝနားမှာ ဂိတ်လုပ်ထားတယ်။ အဲမှာ လက်ဆေးခိုင်းပြီးမှ ဝင်တယ်။ ဆိုင်ကယ်တို့၊ ကားတို့အပြင်ကနေဝင်လာရင် ဆေးဖျန်းပေးတယ်။ အဲလိုလုပ်တယ်။”

ဒီကနေ့အချိန်ထိတော့ ကချင်ပြည်နယ်မှာ COVID-19 ရောဂါပိုးရှိသူ တစ်ဦးသာတွေ့ရှိပြီး ဒုက္ခသည်စခန်းတွေမှာတော့ ပိုးတွေ့လူနာ မရှိသေးပါဘူး။

KIO ထိန်းချုပ်နယ်မြေအတွင်းမှာလည်း KIO က ရောဂါကာကွယ်နှိပ်နင်းရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေသလို အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ဒီလ ၁၃ ရက်နေ့က ဆွေးနွေးထားပြီး ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာတော့ COVID-19 ရောဂါကူးစက်လာရင် ထိန်းချုပ်ဖု့ိခက်ခဲနိုင်ကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောပါတယ်။

“အမှန်တကယ်သာဒီ COVID က ဒီဘက်မှာ အခြေအနေ တစ်ခုအပေါ်မှာ မူတည်ပြီး Postive ဖြစ်တယ်ဆိုရင် ခက်ခက်ခဲခဲဖြစ်သွားမှာ သေချာပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ စစ်ရှောင်စခန်းမှာ ဒီ ကျောက်တော်အထက်ပိုင်းက လူတွေကတော့ အကုန်လုံးလိုလို စစ်ရှောင်စခန်းတွေကို ရောက်နေတယ်လေ။ COVID-19 နဲ့ ပတ်သက်လို့ လုပ်ရတာကတော့ အင်မတန် အခက်အခဲရှိတယ်။ လူတွေကလည်း စုပြုံပြီးတော့ စစ်ရှောင်စခန်းမှာ နေရတဲ့အခါ COVID နဲ့ ပတ်သက်လို့ အဆင်မပြေဘူးဗျ လုပ်ရတာ။”

ကျောက်တော်မြို့မှာ စစ်ရှောင်စခန်း ၉ ခု ရှိပြီး အစိုးရ တာဝန်ယူဖွင့်လှစ်ထားတဲ နေပူခံ စစ်ဘေးရှောင်စခန်းမှာ လူ ၁,၀၀၀ လောက်နဲ့ ကျန်ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့စခန်းတွေမှာတော့ လူအနည်းဆုံး ၇,၀၀၀ ကျော်လောက်ရှိနေတာဖြစ်ပါတယ်။

အစိုးရကတော့ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ နေထိုင်သူတစ်ဦးတစ်ယောက်မှ ချန်လှပ်မထားရေး မူဝါဒ ချမှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကော်မတီတရပ်ကို ဖွဲ့စည်းဆောင်ရွက်နေပါတယ်။ ဒီကော်မတီက NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ ဆွေးနွေးပြီး ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် တစ်ဖွဲ့ချင်းနဲ့ ဆွေးနွေးနေသလို NCA လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ စာပေးပို့ထားပါတယ်။

XS
SM
MD
LG