သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယားျပည္နယ္အတြင္း ျပည္ပျပန္အားလုံးနီးပါး ကုိဗစ္ ရွိမရွိ စစ္ေဆး


ရန္ကုန္က quarantine စင္တာတခုမွာ COVID-19 ရွိမရွိ စစ္ေဆးေန

(Zawgyi/Unicode)

ကယားျပည္နယ္မွာ ကိုဗစ္ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ မရွိေသးတဲ့အေျခအေနမွာ ျပည္နယ္တြင္းေရာဂါပိုးကူးစက္မႈကာကြယ္ေရးအတြက္ က်န္းမာေရးဌာနတာဝန္ရွိသူေတြနဲ႔ အုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြ ပူးတြဲအရွိန္ျမႇင့္ေဆာင္႐ြက္ေနတဲ့ သတင္းကို မစုစု တင္ဆက္ေပးပါမယ္။

က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ဒီကေန႔မနက္ထုတ္ျပန္ၿပီးခ်ိန္အထိ ျပည္တြင္းမွာ ဓာတ္ခြဲအတည္ျပဳလူနာေပါင္း ၁၉၁ဦး ရွိခဲ့ၿပီး အဲဒီထဲက ေသဆုံးသူ ၆ဦးနဲ႔ ေရာဂါပိုးကင္းစင္လာသူ ၁၀၁ဦးအထိ ရွိထားၿပီးျဖစ္ပါတယ္။ အဲဒီလူနာေတြဟာ ကယားျပည္နယ္ကလြဲလို႔ က်န္တဲ့တိုင္းနဲ႔ ျပည္နယ္အသီးသီးက ေရာဂါပိုးေတြ႕ရွိခဲ့သူေတြပဲ ျဖစ္ပါတယ္။

ကိုဗစ္ကာလမွာ ႏိုင္ငံအသီးသီးကေန ျပည္တြင္းကိုျပန္ဝင္လာတဲ့ ေနရပ္ျပန္သူေတြရွိေပမယ့္လို႔ ကယားျပည္နယ္ထဲျပန္ဝင္လာသူဟာ တျခားတိုင္းနဲ႔ ျပည္နယ္ေတြထက္စာရင္ေတာ့ အနည္းငယ္ပဲရွိပါတယ္။

အဲဒီလိုျပန္ဝင္လာသူတိုင္းကို Facility Quarantine ၂၁ရက္နဲ႔ Home Quarantine ၇ရက္ စုစုေပါင္း ၂၈ရက္အထိ အသြားအလာကန႔္သတ္မႈေတြ လုပ္ေဆာင္တယ္လို႔ သိရပါတယ္။

အဲဒီလိုအသြားအလာကန႔္သတ္ခံထားရသူေတြထဲက ၁၀ကေန ၂၀ရာခိုင္ႏႈန္းထိကို အရင္ကေရာဂါပိုးစစ္ေဆးခဲ့ေပမယ့္ အခုေတာ့ ျပည္ေတာ္ျပန္အားလုံးနီးပါးကို စစ္ေဆးေပးေနတယ္လို႔ ကယားျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးမႉး ေဒါက္တာေဌးလြင္က VOAကိုေျပာပါတယ္။

“ေရာဂါပိုးရွိလာခဲ့ရင္လည္း ေရာဂါျပန႔္ပြားမႈမရွိေအာင္ ေစာေစာစီးစီးသိရွိႏိုင္ေအာင္ က်ေတာ္တို႔က စစ္ေဆးၿပီးေတာ့ စနစ္တက် Quarantine ကိုလည္း လုပ္လ်က္ရွိပါတယ္။ ဒါေၾကာင့္မို႔ က်ေတာ္တို႔ျပည္နယ္ထဲမွာေတာ့ လက္ရွိအခ်ိန္မွာ ေရာဂါရွိတဲ့သူမေတြ႕ရေသးတာ ျဖစ္ပါတယ္။ ေနာက္ထပ္ ဒီ ၃၁ရက္ေန႔ အထိကို ဒီအစီအစဥ္တိုင္း ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။”

အခုခ်ိန္မွာ အေဝးေျပးယာဥ္လိုင္းနဲ႔ ကုန္တင္ကားေတြ ျပန္လည္ေျပးဆြဲေနေပမယ့္ ၿမိဳ႕ထဲကို လူအဝင္ေလွ်ာ့ေအာင္ စစ္ေဆးေဆာင္႐ြက္ေနတယ္လို႔ ေျပာပါတယ္။

ကိုဗစ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ဖို႔အတြက္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ လမ္းၫႊန္ခ်က္ေတြအတိုင္း ျပည္နယ္အစိုးရအေနနဲ႔ လိုက္နာေဆာင္႐ြက္ေနေပမယ့္ ပိုးေတြ႕လူနာမေတြ႕ေသးတဲ့ ကယားျပည္နယ္မွာ ကိုဗစ္လူနာလုံးဝမရွိဘူးလို႔ ေျပာလို႔မရေၾကာင္းကို လြိဳင္ေကာ္ၿမိဳ႕ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာခင္စည္သူက အခုလိုေျပာပါတယ္။

“မေတြ႕ေသးတာကို က်မတို႔ကဝမ္းသာေနလို႔ မရေသးဘူးလို႔ေတာ့ က်မျမင္မိတာေပါ့ေနာ္။ က်မတို႔အျပင္က ျပည္ေတာ္ျပန္ေတြကေတာ့ ရွိေတာ့ရွိတယ္ရွင့္။ ဒါေပမယ့္ ခုထက္ထိေတာ့ (အတည္ျပဳလူနာ) မေတြ႕ေသးဘူးေပါ့ေနာ္။ အဲဒါေလးေတာ့ က်မတို႔က မရွိဘူးလို႔ေတာ့ ေျပာလို႔မရဘူး။ Hidden Case ကလည္း ရွိႏိုင္ေသးတာေပါ့ေနာ္။ တခ်ိဳ႕ေတြဆိုရင္ လြတ္ႏိုင္တယ္လို႔လည္း ေျပာလို႔ရတယ္။ ၾကပ္ၾကပ္မတ္မတ္ေတာ့ က်မတို႔ျပည္နယ္အဖြဲ႕ကေတာ့ ဒီMOHS ရယ္ WHO ရယ္ Guideline အတိုင္းေတာ့ ထုတ္ျပန္သင့္တာေတြ ထုတ္ျပန္ၿပီးေတာ့မွ လုပ္ေနပါတယ္ရွင့္။”

အခုဓာတ္ခြဲအတည္ျပဳခဲ့တဲ့ လူနာေတြထဲက ၆၂ရာခိုင္ႏႈန္းဝန္းက်င္ဟာ ကိုဗစ္ေရာဂါလကၡဏာမျပဘဲ ေရာဂါပိုးရွိေနတာကို ေတြ႕ရလို႔ ျပည္သူလူထုၾကားမွာ ဒီေရာဂါပိုးကူးစက္ခံထားရေပမယ့္ လကၡဏာမျပသူ ဒါမွမဟုတ္ သာမန္ေရာဂါလကၡဏာသာျပသူေတြ ရွိႏိုင္လို႔ ျပည္သူေတြမေပါ့ဆဖို႔ကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကယားပြည်နယ်အတွင်း ပြည်ပပြန်အားလုံးနီး ကိုဗစ် ရှိမရှိ စစ်ဆေး
(Unicode)

ကယားပြည်နယ်မှာ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မရှိသေးတဲ့အခြေအနေမှာ ပြည်နယ်တွင်းရောဂါပိုးကူးစက်မှုကာကွယ်ရေးအတွက် ကျန်းမာရေးဌာနတာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေ ပူးတွဲအရှိန်မြှင့်ဆောင်ရွက်နေတဲ့ သတင်းကို မစုစု တင်ဆက်ပေးပါမယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့မနက်ထုတ်ပြန်ပြီးချိန်အထိ ပြည်တွင်းမှာ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၉၁ဦး ရှိခဲ့ပြီး အဲဒီထဲက သေဆုံးသူ ၆ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၁၀၁ဦးအထိ ရှိထားပြီးဖြစ်ပါတယ်။ အဲဒီလူနာတွေဟာ ကယားပြည်နယ်ကလွဲလို့ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်အသီးသီးက ရောဂါပိုးတွေ့ရှိခဲ့သူတွေပဲ ဖြစ်ပါတယ်။

ကိုဗစ်ကာလမှာ နိုင်ငံအသီးသီးကနေ ပြည်တွင်းကိုပြန်ဝင်လာတဲ့ နေရပ်ပြန်သူတွေရှိပေမယ့်လို့ ကယားပြည်နယ်ထဲပြန်ဝင်လာသူဟာ တခြားတိုင်းနဲ့ ပြည်နယ်တွေထက်စာရင်တော့ အနည်းငယ်ပဲရှိပါတယ်။

အဲဒီလိုပြန်ဝင်လာသူတိုင်းကို Facility Quarantine ၂၁ရက်နဲ့Home Quarantine ၇ရက် စုစုပေါင်း ၂၈ရက်အထိ အသွားအလာကန့်သတ်မှုတွေ လုပ်ဆောင်တယ်လို့ သိရပါတယ်။

အဲဒီလိုအသွားအလာကန့်သတ်ခံထားရသူတွေထဲက ၁၀ကနေ ၂၀ရာခိုင်နှုန်းထိကို အရင်ကရောဂါပိုးစစ်ဆေးခဲ့ပေမယ့် အခုတော့ ပြည်တော်ပြန်အားလုံးနီးပါးကို စစ်ဆေးပေးနေတယ်လို့ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဌေးလွင်က VOAကိုပြောပါတယ်။

“ရောဂါပိုးရှိလာခဲ့ရင်လည်း ရောဂါပြန့်ပွားမှုမရှိအောင် စောစောစီးစီးသိရှိနိုင်အောင် ကျတော်တို့က စစ်ဆေးပြီးတော့ စနစ်တကျ Quarantine ကိုလည်း လုပ်လျက်ရှိပါတယ်။ ဒါကြောင့်မို့ ကျတော်တို့ပြည်နယ်ထဲမှာတော့ လက်ရှိအချိန်မှာ ရောဂါရှိတဲ့သူမတွေ့ရသေးတာ ဖြစ်ပါတယ်။ နောက်ထပ် ဒီ ၃၁ရက်နေ့ အထိကို ဒီအစီအစဉ်တိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

အခုချိန်မှာ အဝေးပြေးယာဉ်လိုင်းနဲ့ ကုန်တင်ကားတွေ ပြန်လည်ပြေးဆွဲနေပေမယ့် မြို့ထဲကို လူအဝင်လျှော့အောင် စစ်ဆေးဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း ပြည်နယ်အစိုးရအနေနဲ့ လိုက်နာဆောင်ရွက်နေပေမယ့် ပိုးတွေ့လူနာမတွေ့သေးတဲ့ ကယားပြည်နယ်မှာ ကိုဗစ်လူနာလုံးဝမရှိဘူးလို့ ပြောလို့မရကြောင်းကို လွိုင်ကော်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက အခုလိုပြောပါတယ်။

“မတွေ့သေးတာကို ကျမတို့ကဝမ်းသာနေလို့ မရသေးဘူးလို့တော့ ကျမမြင်မိတာပေါ့နော်။ ကျမတို့အပြင်က ပြည်တော်ပြန်တွေကတော့ ရှိတော့ရှိတယ်ရှင့်။ ဒါပေမယ့် ခုထက်ထိတော့ (အတည်ပြုလူနာ) မတွေ့သေးဘူးပေါ့နော်။ အဲဒါလေးတော့ ကျမတို့က မရှိဘူးလို့တော့ ပြောလို့မရဘူး။ Hidden Case ကလည်း ရှိနိုင်သေးတာပေါ့နော်။ တချို့တွေဆိုရင် လွတ်နိုင်တယ်လို့လည်း ပြောလို့ရတယ်။ ကြပ်ကြပ်မတ်မတ်တော့ ကျမတို့ပြည်နယ်အဖွဲ့ကတော့ ဒီMOHS ရယ် WHO ရယ် Guideline အတိုင်းတော့ ထုတ်ပြန်သင့်တာတွေ ထုတ်ပြန်ပြီးတော့မှ လုပ်နေပါတယ်ရှင့်။”

အခုဓာတ်ခွဲအတည်ပြုခဲ့တဲ့ လူနာတွေထဲက ၆၂ရာခိုင်နှုန်းဝန်းကျင်ဟာ ကိုဗစ်ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနေတာကို တွေ့ရလို့ ပြည်သူလူထုကြားမှာ ဒီရောဂါပိုးကူးစက်ခံထားရပေမယ့် လက္ခဏာမပြသူ ဒါမှမဟုတ် သာမန်ရောဂါလက္ခဏာသာပြသူတွေ ရှိနိုင်လို့ ပြည်သူတွေမပေါ့ဆဖို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးထားပါတယ်။

XS
SM
MD
LG