သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Amphan မုန္တုိင္းေၾကာင့္ ျမန္မာ့ကမ္း႐ုိးတန္းေဒသ ရာသီဥတုဆုိးရြားႏုိင္


(ဓာတ္ပံု - မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန - ေမ ၁၉၊ ၂၀၂၀)

(Zawgyi/Unicode)

ဘဂၤလားပင္လယ္ေအာ္မွာ ျဖစ္ေပၚေနတဲ့ Amphan ဆိုင္ကလုန္းမုန္တိုင္းဟာ ဒီကေန႔ ေန႔လည္ပိုင္းအခ်ိန္မွာ အနည္းငယ္ အားေလ်ာ့က်သြားေပမဲ့ ေလတိုက္ႏႈန္းဟာ တစ္နာရီ မိုင္ ၁၃၀ ေလာက္ရွိေနၿပီး ျမန္မာ့ကမ္း႐ိုးတန္းကို မုန္တိုင္းအရိွန္ဘယ္လို သက္ေရာက္ႏိုင္လဲဆိုတာ ေမးျမန္းထားပါတယ္။ ဒီအေၾကာင္း ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။

Amphan မုန္တိုင္းဟာ လက္ရွိမွာ စူပါ ဆိုင္ကလုန္း မုန္တိုင္းအဆင့္ကေန အလြန္႔အလြန္အားေကာင္းတဲ့ ဆိုင္ကလုန္းမုန္တိုင္းအဆင့္ ေလ်ာ့က်လာတယ္လို႔ မိုးေလ၀သနဲ႔ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက VOA ကို ေျပာပါတယ္။

“ဒီေန႔ က်ေနာ္တို႔ ၁၂ နာရီခဲြ တိုင္းထြာခ်က္အေနနဲ႔ ဒီ မုန္တိုင္းရဲ႕ အမွတ္စဥ္ ၂၀ က်ေနာ္တို႔ ထုတ္ျပန္ထားပါတယ္။ အဲဒီမွာေတာ့ ဒီ စူပါဆိုင္ကလုန္းမုန္တိုင္းက နည္းနည္းေလး အားေလ်ာ့သြားတယ္ေပါ့ေနာ္။ အားေလ်ာ့သြားၿပီးေတာ့မွ က်ေနာ္တို႔ ဒီ အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္း မုန္တိုင္းအဆင့္ေပါ့ေနာ္။ အားေလ်ာ့သြားတဲ့ အေနအထားရွိပါတယ္။ လက္ရွိမွာေတာ့ အျမင့္ဆံုးေလတိုက္ႏႈန္းအေနနဲ႔ မိုင္ ၁၃၀ ေပါ့ေနာ္။ မိုင္၁၄၀ကေန ၁၃၀ ထိ ၁၀ မိုင္ေလာက္ ေလ်ာ့က်သြားပါတယ္။ အခုေရႊ႕ေနတာေတာ့ တစ္နာရီ ၉ မိုင္ႏႈန္းနဲ႔ ေရႊ႕ေနတာေပါ့ေနာ္။”

မုန္တိုင္းဟာ မူလလမ္းေၾကာင္းအတိုင္း ေျမာက္ - အေရွ႕ေျမာက္ဘက္ကို ဆက္လက္ေရႊ႕လ်ားေနၿပီး အိႏိၵယႏိုင္ငံ အေနာက္ဘဂၤလားျပည္နယ္နဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံအၾကားကေန ၂၀ ရက္ေန႔ ညေနပိုင္းမွာ ကုန္းတြင္းပိုင္းကို ၀င္ေရာက္မယ္လို႔ ခန္႔မွန္းထားပါတယ္။

Amphan ဆိုင္ကလုန္းမုန္တိုင္းဟာ ျမန္မာႏိုင္ငံကို ဦးမတည္တာေၾကာင့္ အဝါေရာင္အဆင့္ သတ္မွတ္ထားေပမဲ့ မုန္တိုင္းရဲ႕ အရွိန္ဟာ ျမန္မာကမ္း႐ိုးတန္းေဒသကို သက္ေရာက္မွာျဖစ္ေၾကာင္းလည္း ေဒါက္တာေက်ာ္မိုးဦးက ဆက္ေျပာပါတယ္။

“ဒီမုန္တိုင္းရဲ႔ အရွိန္ေၾကာင့္ ဒီ ျမန္မာ့ကမ္း႐ိုးတန္း ျမစ္၀ကြ်န္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းနဲ႔ ကမ္းလြန္ပင္လယ္ျပင္မွာေတာ့ ရံဖန္ရံခါ မိုးသက္ေလျပင္းက်ၿပီး လိႈင္းႀကီးတာကေန လိႈင္းအလြန္ႀကီးႏိုင္ပါတယ္။ မိုးသက္ေလျပင္းက်တဲ့အခ်ိန္မွာေတာ့ ေရျပင္ ေျမျပင္ေလဟာ တစ္နာရီကို ၄၅ မိုင္ေလာက္ တိုက္ႏိုင္ပါတယ္။ လိႈင္းအျမင့္ကေတာ့ ျမစ္၀ကြ်န္းေပၚနဲ႔ ရခိုင္ကမ္း႐ိုးတန္း တေလ်ာက္မွာေတာ့ ၁၀ ေပကေန ၁၆ ေပေလာက္ ရွိပါတယ္။”

မုတၱမေကြ႕၊ မြန္၊ တနသၤာရီကမ္း႐ိုးတန္း တေလွ်ာက္မွာေတာ့ မုတ္သုန္ေလနဲ႔အတူ မုန္တိုင္းသက္ေရာက္မႈေၾကာင့္ မိုးသက္ေလျပင္း က်ေရာက္ႏိုင္ေၾကာင္း၊ ေလတိုက္ႏႈန္း တစ္နာရီ ၃၅ မိုင္ကေန မိုင္ ၄၀ ေလာက္ရွိႏိုင္ၿပီး လိႈင္းအျမင့္ ၈ ေပကေန ၁၀ ေပေလာက္ ရွိႏိုင္ေၾကာင္း ခန္႔မွန္းထားပါတယ္။

မုန္တိုင္းရဲ႕အရွိန္ေၾကာင့္ ဒီလ ၁၉ ရက္ကေန ၂၁ ရက္ထိ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အေတာ္မ်ားမ်ားမွာ မိုးရြာႏိုင္သလို ရခိုင္၊ ခ်င္း၊ စစ္ကိုင္းနဲ႔ ကခ်င္မွာ ေနရာကြက္ၿပီး မိုးႀကီးႏိုင္ေၾကာင္းလည္း ခန္႔မွန္းထားပါတယ္။

မုန္တိုင္းျဖတ္သန္းရာလမ္းေၾကာင္းနဲ႔ အနီးဆံုးျဖစ္တဲ့ ရခိုင္ျပည္နယ္မွာေတာ့ ဒီကေန႔ ေန႔ခင္းပိုင္းအထိ ေလျပင္းတိုက္တာ မိုးရြာတာ မရွိေသးပါဘူး။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ မိုးေလ၀သနဲ႔ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနကေတာ့ ဒီရက္ပိုင္းအတြင္း ပင္လယ္ျပင္မထြက္ဖို႔ အတြက္ သတိေပးထားေၾကာင္း ဌာနရဲ႕ ဦးစီးအရာရွိ ဦးေက်ာ္ေဆြက ေျပာပါတယ္။

“က်ေနာ္တို႔ မိုးဇလကေန သတိေပးတဲ့အေနနဲ႔ ပင္လယ္ျပင္မထြက္ဖို႔ေပါ့ေနာ္။ ငါးဖမ္းတာေတြ၊ သယ္ယူပို႔ေဆာင္ေရးလုပ္တာေတြ၊ ကမ္းနီးကမ္းေ၀း ငါးဖမ္းေရယာဥ္ေတြ ေနာက္ ခရီးသြားျပည္သူေတြ အတြက္ေပါ့ေနာ္။ အဲလိုမ်ိဳးမသြားဖို႔အတြက္ ျပည္နယ္အစိုးရေရာ၊ ခ႐ိုင္ေရာ၊ ၿမိဳ႔နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဌာနေရာ အကုန္လုံးပို႔ထားတာေတြ ရွိပါတယ္။ သူတို႔ အကုန္လံုးကို လမ္းၫႊန္ထားတာ ရွိတယ္လို႔ က်ေနာ္တို႔ သိရပါတယ္။”

လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ၀န္ႀကီးဌာနကေတာ့ မုန္တိုင္းနဲ႔ပတ္သက္ၿပီး သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။ ဒီထုတ္ျပန္ခ်က္မွာ ေဘးလြတ္ရာကို ေရႊ႕ေျပာင္းေနထိုင္ခ်ိန္မွာ COVID-19 ကူးစက္ေရာဂါ ကာကြယ္ေရးအတြက္ လိုက္နာရမယ့္ ၫႊန္ၾကားခ်က္ေတြကို တိတိက်က် လိုက္နာဖို႔လည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Amphan မုန်တိုင်းကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသ ရာသီဥတုဆိုးရွားနိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ Amphan ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီကနေ့ နေ့လည်ပိုင်းအချိန်မှာ အနည်းငယ် အားလျော့ကျသွားပေမဲ့ လေတိုက်နှုန်းဟာ တစ်နာရီ မိုင် ၁၃၀ လောက်ရှိနေပြီး မြန်မာ့ကမ်းရိုးတန်းကို မုန်တိုင်းအရှိန်ဘယ်လို သက်ရောက်နိုင်လဲဆိုတာ မေးမြန်းထားပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

Amphan မုန်တိုင်းဟာ လက်ရှိမှာ စူပါ ဆိုင်ကလုန်း မုန်တိုင်းအဆင့်ကနေ အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့် လျော့ကျလာတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက VOA ကို ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ ၁၂ နာရီခွဲ တိုင်းထွာချက်အနေနဲ့ ဒီ မုန်တိုင်းရဲ့ အမှတ်စဉ် ၂၀ ကျနော်တို့ ထုတ်ပြန်ထားပါတယ်။ အဲဒီမှာတော့ ဒီ စူပါဆိုင်ကလုန်းမုန်တိုင်းက နည်းနည်းလေး အားလျော့သွားတယ်ပေါ့နော်။ အားလျော့သွားပြီးတော့မှ ကျနော်တို့ ဒီ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဆင့်ပေါ့နော်။ အားလျော့သွားတဲ့ အနေအထားရှိပါတယ်။ လက်ရှိမှာတော့ အမြင့်ဆုံးလေတိုက်နှုန်းအနေနဲ့ မိုင် ၁၃၀ ပေါ့နော်။ မိုင်၁၄၀ကနေ ၁၃၀ ထိ ၁၀ မိုင်လောက် လျော့ကျသွားပါတယ်။ အခုရွှေ့နေတာတော့ တစ်နာရီ ၉ မိုင်နှုန်းနဲ့ ရွှေ့နေတာပေါ့နော်။”

မုန်တိုင်းဟာ မူလလမ်းကြောင်းအတိုင်း မြောက် - အရှေ့မြောက်ဘက်ကို ဆက်လက်ရွှေ့လျားနေပြီး အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားကနေ ၂၀ ရက်နေ့ ညနေပိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

Amphan ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံကို ဦးမတည်တာကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားပေမဲ့ မုန်တိုင်းရဲ့ အရှိန်ဟာ မြန်မာကမ်းရိုးတန်းဒေသကို သက်ရောက်မှာဖြစ်ကြောင်းလည်း ဒေါက်တာကျော်မိုးဦးက ဆက်ပြောပါတယ်။

“ဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် ဒီ မြန်မာ့ကမ်းရိုးတန်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာတော့ ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးတာကနေ လှိုင်းအလွန်ကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျတဲ့အချိန်မှာတော့ ရေပြင် မြေပြင်လေဟာ တစ်နာရီကို ၄၅ မိုင်လောက် တိုက်နိုင်ပါတယ်။ လှိုင်းအမြင့်ကတော့ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်း တလျောက်မှာတော့ ၁၀ ပေကနေ ၁၆ ပေလောက် ရှိပါတယ်။”

မုတ္တမကွေ့၊ မွန်၊ တနင်္သာရီကမ်းရိုးတန်း တလျှောက်မှာတော့ မုတ်သုန်လေနဲ့အတူ မုန်တိုင်းသက်ရောက်မှုကြောင့် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း၊ လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်ကနေ မိုင် ၄၀ လောက်ရှိနိုင်ပြီး လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေလောက် ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

မုန်တိုင်းရဲ့အရှိန်ကြောင့် ဒီလ ၁၉ ရက်ကနေ ၂၁ ရက်ထိ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများမှာ မိုးရွာနိုင်သလို ရခိုင်၊ ချင်း၊ စစ်ကိုင်းနဲ့ ကချင်မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်းလည်း ခန့်မှန်းထားပါတယ်။

မုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းနဲ့ အနီးဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်မှာတော့ ဒီကနေ့ နေ့ခင်းပိုင်းအထိ လေပြင်းတိုက်တာ မိုးရွာတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ် စစ်တွေမြို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ ဒီရက်ပိုင်းအတွင်း ပင်လယ်ပြင်မထွက်ဖို့ အတွက် သတိပေးထားကြောင်း ဌာနရဲ့ ဦးစီးအရာရှိ ဦးကျော်ဆွေက ပြောပါတယ်။

“ကျနော်တို့ မိုးဇလကနေ သတိပေးတဲ့အနေနဲ့ ပင်လယ်ပြင်မထွက်ဖို့ပေါ့နော်။ ငါးဖမ်းတာတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်တာတွေ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်တွေ နောက် ခရီးသွားပြည်သူတွေ အတွက်ပေါ့နော်။ အဲလိုမျိုးမသွားဖို့အတွက် ပြည်နယ်အစိုးရရော၊ ခရိုင်ရော၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနရော အကုန်လုံးပို့ထားတာတွေ ရှိပါတယ်။ သူတို့ အကုန်လုံးကို လမ်းညွှန်ထားတာ ရှိတယ်လို့ ကျနော်တို့ သိရပါတယ်။”

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကတော့ မုန်တိုင်းနဲ့ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်မှာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ချိန်မှာ COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် လိုက်နာရမယ့် ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG