သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္အၾကား အင္အားျပင္းမုန္တုိင္းတခု ၀င္ေရာက္တုိက္ခတ္ဖြယ္ရွိ


ေမလ ၁၂ ရက္ေန႔ မိုးေလ၀သ အေျခအေန (ဓါတ္ပံု-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန )

(Zawgyi/Unicode)

ဒီသီတင္းပတ္ေႏွာင္းပိုင္း ဘဂၤလားပင္လယ္ေအာ္မွာ ဆိုင္ကလုန္းမုန္တိုင္းႀကီးတခု ျဖစ္ေပၚလာနိုင္ၿပီး လာမယ့္ ရက္အနည္းငယ္အတြင္း ဘဂၤလားေဒ့ရွ္ နဲ႔ ျမန္မာနိုင္ငံအၾကား မိုးစတင္ ရြာသြန္းနိုင္တယ္လို႔ အိႏၵိယနိုင္ငံအေျခစိုက္ မိုးေလဝသဌာန တာဝန္ရွိသူေတြက ေျပာပါတယ္။ အခုလက္ရွိမွာေတာ့ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းနဲ႔ ကပၸလီပင္လယ္ျပင္ၾကား ေနာက္ ၄၈ နာရီအတြင္း ေလဖိအား နည္း ရပ္ဝန္းတခုျဖစ္ေပၚလာဖို႔ အလားအလာေတြရွိေနတယ္လို႔ ေဒသတြင္း ဆိုင္ကလုန္းမုန္တိုင္း သတိေပး အခ်က္ျပစင္တာ ညႊန္ၾကား ေရးမွဴး N Puviarasan ကThe New Indian Express သတင္းစာကို ေျပာပါတယ။

ဒီအေျခအေနေတြေၾကာင့္ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္း၊ ကပၸလီပင္လယ္ျပင္ေတာင္ပိုင္းနဲ႔ နီကိုဘာကၽြန္းတဝိုက္ ေမလ ၁၆ ရက္ဝန္းက်င္မွာ အေနာက္ေတာင္မုတ္သုံေလ ဝင္ေရာက္နိုင္တယ္လို႔ ခန္႔မွန္းထားပါတယ္။

မုန္တိုင္းဦးတည္ရာက အိႏၵိယနိုင္ငံဘက္ ဦးတည္လာမယ္ဆိုရင္ Tamil Nadu ျပည္နယ္မွာ အပူခ်ိန္အေျပာင္းအလဲေတြ ရွိလာနိုင္ပါတယ္။ မုန္တိုင္း လမ္းေၾကာင္းက Tamil Nadu ျပည္နယ္နဲ႔ အေရွ႕ဘက္ကမ္းရိုးတန္းနားမဟုတ္ပဲ ဘဂၤလားေဒ့ရွ္နိုင္ငံဘက္ကို ဉီးတည္တိုက္ခတ္မယ္ ဆိုရင္ေတာ့ ျပည္နယ္တြင္း အပူခ်ိန္ေတြဆက္လက္ျမင့္တက္ေနဉီးမွာ ျဖစ္ေၾကာင္း ညႊန္ၾကားေရးမွဴး Puviarasan က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား အင်အားပြင်းမုန်တိုင်းတခု ဝင်ရောက်တိုက်ခတ်ဖွယ်ရှိ

(Unicode)

ဒီသီတင်းပတ်နှောင်းပိုင်း ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်းကြီးတခု ဖြစ်ပေါ်လာနိုင်ပြီး လာမယ့် ရက်အနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံအကြား မိုးစတင် ရွာသွန်းနိုင်တယ်လို့ အိန္ဒိယနိုင်ငံအခြေစိုက် မိုးလေဝသဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလက်ရှိမှာတော့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်ကြား နောက် ၄၈ နာရီအတွင်း လေဖိအား နည်း ရပ်ဝန်းတခုဖြစ်ပေါ်လာဖို့ အလားအလာတွေရှိနေတယ်လို့ ဒေသတွင်း ဆိုင်ကလုံးမုန်တိုင်း သတိပေး အချက်ပြစင်တာ ညွှန်ကြား ရေးမှူး N Puviarasan ကThe New Indian Express သတင်းစာကို ပြောပါတယ။

ဒီအခြေအနေတွေကြောင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ နီကိုဘာကျွန်းတဝိုက် မေလ ၁၆ ရက်ဝန်းကျင်မှာ အနောက်တောင်မုတ်သုံလေ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းဦးတည်ရာက အိန္ဒိယနိုင်ငံဘက် ဦးတည်လာမယ်ဆိုရင် Tamil Nadu ပြည်နယ်မှာ အပူချိန်အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။ မုန်တိုင်း လမ်းကြောင်းက Tamil Nadu ပြည်နယ်နဲ့ အရှေ့ဘက်ကမ်းရိုးတန်းနားမဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဉီးတည်တိုက်ခတ်မယ် ဆိုရင်တော့ ပြည်နယ်တွင်း အပူချိန်တွေဆက်လက်မြင့်တက်နေဉီးမှာ ဖြစ်ကြောင်း ညွှန်ကြားရေးမှူး Puviarasan က ပြောပါတယ်။

XS
SM
MD
LG