(Zawgyi/Unicode)
ကမၻာနဲ႔တ၀န္းမွာ ကိုရိုနာဗုိင္းရပ္စ္ Covid-19 ကို အေလးထားေစာင့္ၾကည့္ေနခ်ိန္မွာ ျမန္မာႏိုင္ငံတ၀န္း ေန႔အပူခ်ိန္ေတြ ျမင့္တက္လာေနတာေၾကာင့္ က်န္းမာေရးနဲ႔ သဘာ၀ ေဘးအႏၱရာယ္ေတြကိုလည္း သတိထားဖို႔ လိုအပ္ေနတဲ့သတင္းကို တင္ဆက္မွာျဖစ္ပါတယ္။
လက္ရိွ ျမန္မာႏိုင္ငံ ေဒသအေတာ္မ်ားမ်ားက ေန႔အပူခ်ိန္ေတြဟာ မတ္လ ပွ်မ္းမွ်အပူခ်ိန္ထက္ ပုိမိုျမင့္တက္လာေၾကာင္း မိုးေလ၀သနဲ႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားတာပါ။
☞ ရာသီဥတုပူရင္ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ ေလ်ာ့ႏုိင္သလားဆိုတာကိုလည္း ဖတ္ႏိုင္ပါျပီ။
ဒီရက္ပိုင္းအတြင္း အပူခ်ိန္ျမင့္တက္လာေနတဲ့ အေျခအေနကို မိုးေလ၀သနဲ႔ ဇလေဗဒ ညႊန္ၾကားမႈဦးစီးဌာနက ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္မိုးဦးက အခုလုိ ေျပာပါတယ္။
“အပူခ်ိန္ကေတာ့ တႏိုင္ငံလံုးအတိုင္းအတာနဲ႔ ျပန္ၾကည့္တဲ့အခိ်န္မွာ တုိင္းေဒသၾကီးအေတာ္မ်ားမ်ားမွာေတာ့ ပံုမွန္အပူခ်ိန္ထက္ကို ၁ ဒသမ ၅ ဒီဂရီထက္ကို ပိုေနတဲ့ အေနအထားမ်ိဳးေလးေတြ ရိွတယ္ေပါ့ေနာ္။ အဓိကကေတာ့ အပူခ်ိန္ အမ်ားဆံုးျဖစ္တဲ့ တုိင္းေဒသၾကီးေတြကေတာ့ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသေတြရယ္။ ေနာက္တခုကေတာ့ ျမစ္၀ကြ်န္းေပၚေဒသေတြေပါ့ေနာ္။ ေနာက္ မြန္တို႔၊ အဲဒီေနရာေတြကေတာ့ အပူခ်ိန္က တျခားေဒသေတြထက္စာရင္ ပိုၿပီးေတာ့ အပူခ်ိန္ ျမင့္မားတယ္ေပါ့ေနာ္။”
မုိး/ဇလဌာနက မတ္လ ၁၈ ရက္ေန႔ မြန္းလဲြ ၂ နာရီ ထုတ္ျပန္ခ်က္မွာ ကခ်င္နဲ႔ ကယားျပည္နယ္မွာ မတ္လ ပွ်မ္းမွ်အပူခ်ိန္ထက္ ၃ ဒီဂရီစင္တီဂရိတ္၊ စစ္ကိုင္းတုိင္းေဒသၾကီးေအာက္ပိုင္း၊ မေကြး၊ ပဲခူး၊ ရန္ကုန္၊ ဧရာ၀တီတုိင္းေဒသၾကီးတို႔နဲ႔ ရွမ္း၊ ကရင္၊ မြန္ျပည္နယ္ေတြမွာ မတ္လ ပွ်မ္းမွ်အပူခ်ိန္ထက္ ၂ ဒီဂရီစင္တီဂရိတ္ ပိုမုိခဲ့ေၾကာင္း ေဖာ္ျပပါတယ္။
ထူးျခားေန႔အပူခ်ိန္ကေတာ့ ေခ်ာက္နဲ႔ ေဘာ္လခဲၿမိဳ႕ေတြမွာ ၄၂ ဒီဂရီစင္တီဂရိတ္ရိွၿပီး ျမန္မာျပည္ အလယ္ပိုင္းေဒသက ၿမိဳ႕အေတာ္မ်ားမ်ားမွာ ၄၀ ဒီဂရီစင္တီဂရိတ္ရိွခဲ့တာျဖစ္ပါတယ္။
ဒီလို အပူခ်ိန္ျမင့္တက္လာေနတာေၾကာင့္ က်န္းမာေရးနဲ႔ သဘာ၀ ေဘးအႏၱရာယ္ေတြကို အေလးထားဖုိ႔လည္း ဦးေက်ာ္မိုးဦးက သတိေပးထားပါတယ္။
“အပူေၾကာင့္ ျဖစ္ေပၚႏိုင္တဲ့ က်န္းမာေရးဆုိင္ရာ ျပႆနာေတြ၊ ဒီဟာမ်ိဳးေတြ သတိျပဳဖုိ႔ လိုတယ္။ အဓိကက ဒီဟာေတြနဲ႔ ပတ္သက္လုိ႔လည္း က်န္းမာေရး၀န္ၾကီးဌာနက အပူခ်ိန္ျမင့္မားလာတဲ့အတြက္ လိုအပ္တဲ့ ထုတ္ျပန္ခ်က္ေတြ လမ္းညႊန္ခ်က္ေတြ ထုတ္ျပန္ေပးေလ့ရိွပါတယ္။ ေနာက္တခုကေတာ့ Weather အေနနဲ႔ သတိျပဳရမွာက ဒီလုိမိ်ဳး အပူခ်ိန္ျမင့္လာရင္ မြန္းလဲြညေနပိုင္းေတြမွာ မုိးတိမ္ေတာင္ေတြ ျဖစ္ၿပီးေတာ့မွ ေလျပင္းက်တာတုိ႔၊ မုိးသီးေၾကြတာတို႔၊ လွ်ပ္စီးလက္ မုိးၾကိဳးပစ္တာတုိ႔ ဒီလုိမ်ိဳးျဖစ္စဥ္ေတြ ရိွတယ္ေပါ့ေနာ္။ အဲဒါမ်ိဳးအေနအထားေလးေတြလည္း သတိျပဳဖို႔ လိုပါတယ္။”
ႏွစ္စဥ္ အပူခ်ိန္ အျမင့္မားဆံုးျဖစ္ေလ့ရိွတဲ့ ေခ်ာက္ၿမိဳ႕မွာေတာ့ Covid-19 ကို ပိုမိုအာရံုစိုက္ေနၿပီး အပူခ်ိန္သတိေပးတာေတြကိုေတာ့ လူမႈကြန္ယက္ကေန ေဆာင္ရြက္ေနေၾကာင္း ေခ်ာက္ၿမိဳ႔နယ္ အပူခ်ိန္ေလွ်ာ့ခ်ေရးေကာ္မတီက ဦးေဆာင္သူတဦးျဖစ္တဲ့ ဦးမုိးေက်ာ္က ေျပာပါတယ္။
“က်ေနာ္တုိ႔ Covid-19 အတြက္ပဲ နည္းနည္း က်ေနာ္တုိ႔ လုပ္ထားတယ္ေပါ့။ မျဖစ္ေသးေပမဲ့လည္း တပ္လွန္႔ထားရတာေပါ့။ က်ေနာ္တုိ႔ ေခ်ာက္ကေတာ့ ႏွစ္စဥ္ႏွစ္တုိင္းလည္းပဲ ပူလာတဲ့အခါက် အၿမဲတမ္းသတိေပးေနၾကရတာ။ ဒီႏွစ္လည္း အပူခ်ိန္က တက္တက္လာတယ္ေပါ့။ အပူခ်ိန္က တက္လာေတာ့ ဂရုစိုက္ၾကပါ။ ဒီေလာက္ပဲ facebook ကေန ေဆာ္ၾသတဲ့ အဆင့္ပဲရိွပါေသးတယ္။”
အပူခ်ိန္ျမင့္တက္ေနခ်ိန္မွာ က်န္းမာေရးအရ အရိပ္ေအာက္မွာ ေနထုိင္ဖုိ႔၊ ပူျပင္းတဲ့ေနေရာင္ေအာက္မွာ သြားလာ၊ အလုပ္လုပ္ရင္ အမိုးအကာအသံုးျပဳဖို႔၊ ေရခ်ိဳးရာမွာ သတိထားဖုိ႔၊ အရက္ေသစာ မေသာက္စားဖို႔ စတာေတြကို က်န္းမာေရး၀န္ၾကီးဌာနက သတိေပးခ်က္ထုတ္ျပန္ေလ့ရိွပါတယ္။
ဒီေန႔ထုတ္ ျမန္မာ့အလင္း သတင္းစာရဲ့ အယ္ဒီတာ အာေဘာ္မွာလည္း Covid-19 ကာကြယ္ေရးအတြက္ လံုးပန္းေနခ်ိန္မွာ ျမင့္တက္လာတဲ့ ေန႔အပူခ်ိန္ကိုလည္း ဂရုျပဳဖို႔ တိုက္တြန္းထားပါတယ္။
[Unicode Version]
မြန်မာနိုင်ငံတဝန်း နေ့အပူချိန် မြင့်တက်နေ
ကမ္ဘာနဲ့တဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် Covid-19 ကို အလေးထားစောင့်ကြည့်နေချိန်မှာ မြန်မာနိုင်ငံတဝန်း နေ့အပူချိန်တွေ မြင့်တက်လာနေတာကြောင့် ကျန်းမာရေးနဲ့ သဘာ၀ ဘေးအန္တရာယ်တွေကိုလည်း သတိထားဖို့ လိုအပ်နေတဲ့သတင်းကို တင်ဆက်မှာဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံ ဒေသအတော်များများက နေ့အပူချိန်တွေဟာ မတ်လ ပျှမ်းမျှအပူချိန်ထက် ပိုမိုမြင့်တက်လာကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားတာပါ။
☞ ရာသီဥတုပူရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လျော့နိုင်သလားဆိုတာကိုလည်း ဖတ်နိုင်ပါပြီ။
ဒီရက်ပိုင်းအတွင်း အပူချိန်မြင့်တက်လာနေတဲ့ အခြေအနေကို မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက အခုလို ပြောပါတယ်။
“အပူချိန်ကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြန်ကြည့်တဲ့အချိန်မှာ တိုင်းဒေသကြီးအတော်များများမှာတော့ ပုံမှန်အပူချိန်ထက်ကို ၁ ဒသမ ၅ ဒီဂရီထက်ကို ပိုနေတဲ့ အနေအထားမျိုးလေးတွေ ရှိတယ်ပေါ့နော်။ အဓိကကတော့ အပူချိန် အများဆုံးဖြစ်တဲ့ တိုင်းဒေသကြီးတွေကတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေရယ်။ နောက်တခုကတော့ မြစ်ဝကျွန်းပေါ်ဒေသတွေပေါ့နော်။ နောက် မွန်တို့၊ အဲဒီနေရာတွေကတော့ အပူချိန်က တခြားဒေသတွေထက်စာရင် ပိုပြီးတော့ အပူချိန် မြင့်မားတယ်ပေါ့နော်။”
မိုး/ဇလဌာနက မတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်မှာ ကချင်နဲ့ ကယားပြည်နယ်မှာ မတ်လ ပျှမ်းမျှအပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့နဲ့ ရှမ်း၊ ကရင်၊ မွန်ပြည်နယ်တွေမှာ မတ်လ ပျှမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ် ပိုမိုခဲ့ကြောင်း ဖော်ပြပါတယ်။
ထူးခြားနေ့အပူချိန်ကတော့ ချောက်နဲ့ ဘော်လခဲမြို့တွေမှာ ၄၂ ဒီဂရီစင်တီဂရိတ်ရှိပြီး မြန်မာပြည် အလယ်ပိုင်းဒေသက မြို့အတော်များများမှာ ၄၀ ဒီဂရီစင်တီဂရိတ်ရှိခဲ့တာဖြစ်ပါတယ်။
ဒီလို အပူချိန်မြင့်တက်လာနေတာကြောင့် ကျန်းမာရေးနဲ့ သဘာ၀ ဘေးအန္တရာယ်တွေကို အလေးထားဖို့လည်း ဦးကျော်မိုးဦးက သတိပေးထားပါတယ်။
“အပူကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ၊ ဒီဟာမျိုးတွေ သတိပြုဖို့ လိုတယ်။ အဓိကက ဒီဟာတွေနဲ့ ပတ်သက်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက အပူချိန်မြင့်မားလာတဲ့အတွက် လိုအပ်တဲ့ ထုတ်ပြန်ချက်တွေ လမ်းညွှန်ချက်တွေ ထုတ်ပြန်ပေးလေ့ရှိပါတယ်။ နောက်တခုကတော့ Weather အနေနဲ့ သတိပြုရမှာက ဒီလိုမျိုး အပူချိန်မြင့်လာရင် မွန်းလွဲညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပြီးတော့မှ လေပြင်းကျတာတို့၊ မိုးသီးကြွေတာတို့၊ လျှပ်စီးလက် မိုးကြိုးပစ်တာတို့ ဒီလိုမျိုးဖြစ်စဉ်တွေ ရှိတယ်ပေါ့နော်။ အဲဒါမျိုးအနေအထားလေးတွေလည်း သတိပြုဖို့ လိုပါတယ်။”
နှစ်စဉ် အပူချိန် အမြင့်မားဆုံးဖြစ်လေ့ရှိတဲ့ ချောက်မြို့မှာတော့ Covid-19 ကို ပိုမိုအာရုံစိုက်နေပြီး အပူချိန်သတိပေးတာတွေကိုတော့ လူမှုကွန်ယက်ကနေ ဆောင်ရွက်နေကြောင်း ချောက်မြို့နယ် အပူချိန်လျှော့ချရေးကော်မတီက ဦးဆောင်သူတဦးဖြစ်တဲ့ ဦးမိုးကျော်က ပြောပါတယ်။
“ကျနော်တို့ Covid-19 အတွက်ပဲ နည်းနည်း ကျနော်တို့ လုပ်ထားတယ်ပေါ့။ မဖြစ်သေးပေမဲ့လည်း တပ်လှန့်ထားရတာပေါ့။ ကျနော်တို့ ချောက်ကတော့ နှစ်စဉ်နှစ်တိုင်းလည်းပဲ ပူလာတဲ့အခါကျ အမြဲတမ်းသတိပေးနေကြရတာ။ ဒီနှစ်လည်း အပူချိန်က တက်တက်လာတယ်ပေါ့။ အပူချိန်က တက်လာတော့ ဂရုစိုက်ကြပါ။ ဒီလောက်ပဲ facebook ကနေ ဆော်သြတဲ့ အဆင့်ပဲရှိပါသေးတယ်။”
အပူချိန်မြင့်တက်နေချိန်မှာ ကျန်းမာရေးအရ အရိပ်အောက်မှာ နေထိုင်ဖို့၊ ပူပြင်းတဲ့နေရောင်အောက်မှာ သွားလာ၊ အလုပ်လုပ်ရင် အမိုးအကာအသုံးပြုဖို့၊ ရေချိုးရာမှာ သတိထားဖို့၊ အရက်သေစာ မသောက်စားဖို့ စတာတွေကို ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်လေ့ရှိပါတယ်။
ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာရဲ့ အယ်ဒီတာ အာဘော်မှာလည်း Covid-19 ကာကွယ်ရေးအတွက် လုံးပန်းနေချိန်မှာ မြင့်တက်လာတဲ့ နေ့အပူချိန်ကိုလည်း ဂရုပြုဖို့ တိုက်တွန်းထားပါတယ်။