သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လာမယ့္ရက္ပိုင္းအတြင္း မုန္တိုင္းငယ္ျဖစ္ႏုိင္ေျခ မိုးဇလေစာင့္ၾကည့္ေန


ရန္ကုန္ၿမိဳ႕မွာ မိုးရြာေနခ်ိန္ စက္ဘီးတြန္း သြားေနတဲ့ အမ်ိဳးသမီး တဦး (ဇြန္ ၂၉၊ ၂၀၁၉)

(Zawgyi/Unicode)

အခု ေမလဆန္း မုန္တိုင္းသတိေပးခ်က္သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ဆက္ေပးပါမယ္။

ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္ဆက္စပ္ေနရာမွာ ဒီကေန႔ ေလဖိအားနည္းရပ္၀န္း တခု စတင္ျဖစ္တည္လာေနၿပီး ခန္႔မွန္းေျခ ေနာက္ ၄ ရက္ေလာက္မွာေတာ့ မုန္တိုင္းငယ္တခု ျဖစ္ေပၚလာႏိုင္ေၾကာင္း မိုးေလ၀သနဲ႔ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။ အခုလို မိုးႀကိဳကာလမွာ ျမန္မာႏိုင္ငံကမ္း႐ိုးတမ္းေဒသေတြကို မုန္တိုင္း၀င္ေရာက္ေလ့ရွိတတ္တာပါ။

ျမန္မာႏိုင္ငံ တ၀ွမ္း COVID-19 ကပ္ေရာဂါနဲ႔ ရင္ဆိုင္ေနခ်ိန္မွာပဲ ေမလဆန္းမွာ ဘဂၤလား ပင္လယ္ေအာ္အတြင္း မုန္တိုင္းျဖစ္ေပၚႏိုင္ေၾကာင္းနဲ႔ ျမန္မာျပည္ဘက္ကို ၀င္ေရာက္ႏိုင္ေၾကာင္း သတင္းေတြဟာ ၿပီးခဲ့တဲ့ ရက္ေတြထဲက ထြက္ေပၚလာေနတာျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ ပင္လယ္ျပင္မွာ ေလဖိအားနည္းရပ္၀န္း တခု စတင္ျဖစ္ေပၚေနၿပီျဖစ္ေၾကာင္း ဆက္လက္ ျဖစ္ေပၚလာႏိုင္တဲ့ အေျခအေနကို မိုးေလ၀သနဲ႔ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာ ေက်ာ္မိုးဦးက VOA ကို အခုလို ေျပာပါတယ္။

ဓာတ္ပံု - မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန
ဓာတ္ပံု - မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန

“လက္ရွိ ၁၂ နာရီခဲြအခ်ိန္ တိုင္းထြာခ်က္အရေတာ့ ကပၸလီပင္လယ္ျပင္ ေတာင္ပိုင္းနဲ႔ သူနဲ႔ ဆက္စပ္ေနတဲ့ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းမွာေတာ့ ေလဖိအားနည္း ရပ္၀န္းတစ္ခုစၿပီးေတာ့ ျဖစ္ေနပါၿပီ။ ပထမတုန္းကေတာ့ က်ေနာ္တို႔ ခန္႔မွန္းထားတာေပါ့ေနာ္။ ဒီ ေလဖိအားနည္း ရပ္၀န္းဟာ ၃ ရက္ေန႔ေလာက္မွာ အားေကာင္းလာၿပီးေတာ့ မုန္တိုင္းငယ္အျဖစ္ကို ေရာက္ႏိုင္တယ္လို႔ ခန္႔မွန္းထားတယ္။ အခုကေတာ့ ဒီ ေလဖိအားနည္း ရပ္၀န္းရဲ႕ အထက္မွာ ဒီေလဖိအားနည္း ရပ္၀န္းကေတာ့ Cyclonic Circulation ေပါ့။ သူ႔အထက္မွာ Anti cyclonic Circulation က တည္ရွိေနတဲ့အခ်ိန္က်ေတာ့ သူက ခ်က္ခ်င္းႀကီး အားေကာင္းလာတဲ့ အေနအထားမ်ိဳးကို မေတြ႕ရဘူး။ သူကေတာ့ ေနာက္ ၉၆ နာရီ အတြင္းေလာက္မွ မုန္တိုင္းငယ္ Depression အဆင့္ကို ေရာက္ႏိုင္မယ့္ အေနအထားမ်ိဳးရွိပါတယ္။ ေျပာရမယ္ ဆိုရင္ေတာ့ ၄ ရက္ညပိုင္း ဒါမွမဟုတ္ ၅ ရက္ေလာက္မွာေတာ့ မုန္တိုင္းငယ္အဆင့္ကို ေရာက္ႏိုင္မယ့္ အေနအထားမ်ိဳးရွိတယ္။ ၿပီးမွ သူက ေျမာက္- အေနာက္ေျမာက္ဘက္ကို တျဖည္းျဖည္းေရြ႕သြားတဲ့ အေနအထားမ်ိဳး ရွိတယ္ေပါ့။”

ႏိုင္ငံတကာ မိုးေလ၀သ ဌာနေတြက မုန္တိုင္းျဖစ္ေပၚမႈအေပၚ မတူညီတဲ့ ခန္႔မွန္းခ်က္ေတြရွိေနၿပီး အိႏိၵယႏိုင္ငံ မိုးေလ၀သ ဌာနကေတာ့ မုန္တိုင္းငယ္ဟာ အေနာက္ေျမာက္ဘက္ကို ဦးတည္ေရႊ႕လ်ားေနရာက ၆ ရက္ေန႔မွာ အေရွ႕ေျမာက္ဘက္ျဖစ္တဲ့ ရခိုင္ျပည္နယ္ဘက္ကိုျပန္ေကြ႕လာႏိုင္တယ္လို႔ ခန္႔မွန္းထားေၾကာင္း ဆက္ေျပာပါတယ္။

မုန္တိုင္းငယ္ျဖစ္ေပၚလာခ်ိန္ သတိထားရမယ့္ အခ်က္ေတြကိုလည္း အခုလို ေဒါက္တာေက်ာ္မိုးဦးက -

“ေလဖိအားနည္းရပ္၀န္း စျဖစ္ၿပီဆိုတဲ့အခ်ိန္က်ေတာ့ တျဖည္းျဖည္းနဲ႔ အားေကာင္းလာၿပီးေတာ့ မုန္တိုင္းငယ္အဆင့္ကို ေရာက္လာတဲ့အခ်ိန္က်ေတာ့ ဒီျမစ္၀ကြ်န္းေပၚ။ မြန္၊ တနသၤာရီ ကမ္း႐ိုးတမ္းေဒသတေလွ်ာက္ေတြမွာ တခါတရံ မိုးသက္ေလျပင္းက်ေရာက္ႏိုင္တဲ့အေနအထားမ်ိဳးေတြ ရွိတယ္။ မိုးသက္ေလျပင္းက်ခ်ိန္မွာလည္း ေျမျပင္ေရျပင္ေလဟာ ၃၅ မိုင္- ၄၀ ေလာက္အထိ တိုက္လာႏိုင္တဲ့ အေနအထားမ်ိဳးေတြ ရွိတယ္။ အခုလက္ရွိမွာေတာ့ မျဖစ္ေသးေပမဲ့ ေနာက္ ၂ ရက္။ ၃ ရက္မွာေတာ့ ဒီလိုေလးေတြ ျဖစ္လာႏိုင္တဲ့အေနအထားေတြ ရွိတယ္။ ဒါေလးေတြ တခ်က္ သတိျပဳရမွာေပါ့ေနာ္။ ၿပီးေတာ့က်ေတာ့ သူက အေနာက္ေျမာက္ဘက္ကထဲကို ဦးတည္သြားတာျဖစ္တဲ့အတြက္ေၾကာင့္မို႔ ဒီဟာေလးကို က်ေနာ္တို႔ ေစာင့္ၾကည့္ရမွာေပါ့ေနာ္။ အေရွ႕မွာ ျဖစ္ခဲ့တဲ့မုန္တိုင္းေတြကို ျပန္ၾကည့္တဲ့အခါမွာလည္း မုန္တိုင္းေတြက ကနဦးမွာေတာ့ အေနာက္ေျမာက္ဘက္ကို သြားတယ္။ ၿပီးက်ရင္ အေရွ႕ေျမာက္ဘက္ကို ျပန္ေကြ႕ၿပီးေတာ့မွ ရခိုင္ကမ္း႐ိုးတမ္းကို ၀င္တဲ့မုန္တိုင္းေတြလည္း ရွိခဲ့တယ္ေပါ့ေနာ္။ ရွိခဲ့တဲ့အခ်ိန္က်ေတာ့ က်ေနာ္တို႔ ဒီမုန္တိုင္းနဲ႔ပတ္သက္ၿပီးေတာ့ အႏၲရာယ္ရွိေသးတယ္ဆိုတဲ့ အသိေလးေတာ့ ရွိထားၿပီးေတာ့မွာ စဥ္ဆက္မျပတ္ ေစာင့္ၾကည့္ရမယ့္အေနအထားမ်ိဳးရွိပါတယ္။ က်ေနာ္တို႔အေနနဲ႔လည္း ထူးျခားရင္ ထူးျခားသလို အခ်ိန္နဲ႔ တေျပးညီ သတင္းအခ်က္အလက္ေတြကို ထုတ္ျပန္ေပးသြားပါမယ္။”

ဒီကာလဟာ မိုးႀကိဳကာလျဖစ္တာေၾကာင့္ အပူခ်ိန္ျပင္းထန္ၿပီး မိုးတိမ္ေတာင္ေတြျဖစ္ေပၚတတ္ေၾကာင္း၊ မိုးတိမ္ေတာင္ျဖစ္ေပၚခ်က္မွာ မိုးသက္ေလျပင္းတိုက္တာ၊ မိုးသီးေႂကြတာ၊ လွွ်ပ္စီးလက္ၿပီး မိုးႀကိဳးပစ္တာေတြ ျဖစ္ေပၚတတ္တာေၾကာင့္ ျမန္မာျပည္တစ္၀ွမ္းလံုး သတိထားဖို႔ လိုေၾကာင္းလည္း ေျပာပါတယ္။

လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာနကေတာ့ မုန္တိုင္းအႏၲရာယ္နဲ႔ပတ္သက္ၿပီး သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။ အဲဒီအခ်က္ေတြမွာေတာ့ မိုးေလ၀သသတင္းကို စဥ္ဆက္မျပတ္နားေထာင္ဖို႔၊ အိမ္ေပၚကို က်ိဳးက်ႏိုင္တဲ့ သစ္ပင္၊ သစ္ကိုင္းေတြကို ရွင္းလင္းထားဖို႔၊ COVID-19 ေရာဂါေၾကာင့္ မိမိေနအိမ္မွာ ခိုလံႈႏိုင္ေရးအတြက္ ျပင္ဆင္ဖို႔ ေဘးလြတ္ရာကို ေရႊ႕ေျပာင္းေနထိုင္ရမယ္ဆိုရင္ က်န္းမာေရးၫႊန္ၾကားခ်က္ေတြကို လိုက္နာဖို႔ စတာေတြ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လာမယ့်ရက်ပိုင်းအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်ခြေ မိုးဇလစောင့်ကြည့်နေ

အခု မေလဆန်း မုန်တိုင်းသတိပေးချက် သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ဆက်ပေးပါမယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်ဆက်စပ်နေရာမှာ ဒီကနေ့ လေဖိအားနည်းရပ်ဝန်း တခု စတင်ဖြစ်တည်လာနေပြီး ခန့်မှန်းခြေ နောက် ၄ ရက်လောက်မှာတော့ မုန်တိုင်းငယ်တခု ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အခုလို မိုးကြိုကာလမှာ မြန်မာနိုင်ငံကမ်းရိုးတမ်းဒေသတွေကို မုန်တိုင်းဝင်ရောက်လေ့ရှိတတ်တာပါ။

မြန်မာနိုင်ငံ တဝှမ်း COVID-19 ကပ်ရောဂါနဲ့ ရင်ဆိုင်နေချိန်မှာပဲ မေလဆန်းမှာ ဘင်္ဂလား ပင်လယ်အော်အတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်ကြောင်းနဲ့ မြန်မာပြည်ဘက်ကို ဝင်ရောက်နိုင်ကြောင်း သတင်းတွေဟာ ပြီးခဲ့တဲ့ ရက်တွေထဲက ထွက်ပေါ်လာနေတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်း တခု စတင်ဖြစ်ပေါ်နေပြီဖြစ်ကြောင်း ဆက်လက် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ကျော်မိုးဦးက VOA ကို အခုလို ပြောပါတယ်။

“လက်ရှိ ၁၂နာရီခွဲအချိန် တိုင်းထွာချက်အရတော့ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ သူနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာတော့ လေဖိအားနည်း ရပ်ဝန်းတစ်ခုစပြီးတော့ ဖြစ်နေပါပြီ။ ပထမတုန်းကတော့ ကျနော်တို့ ခန့်မှန်းထားတာပေါ့နော်။ ဒီ လေဖိအားနည်း ရပ်ဝန်းဟာ ၃ ရက်နေ့လောက်မှာ အားကောင်းလာပြီးတော့ မုန်တိုင်းငယ်အဖြစ်ကို ရောက်နိုင်တယ်လို့ ခန့်မှန်းထားတယ်။ အခုကတော့ ဒီ လေဖိအားနည်း ရပ်ဝန်းရဲ့ အထက်မှာ ဒီလေဖိအားနည်း ရပ်ဝန်းကတော့ Cyclonic Circulation ပေါ့။ သူ့အထက်မှာ Anti cyclonic Circulation က တည်ရှိနေတဲ့အချိန်ကျတော့ သူက ချက်ချင်းကြီး အားကောင်းလာတဲ့ အနေအထားမျိုးကို မတွေ့ရဘူး။ သူကတော့ နောက် ၉၆ နာရီ အတွင်းလောက်မှ မုန်တိုင်းငယ် Depression အဆင့်ကို ရောက်နိုင်မယ့် အနေအထားမျိုးရှိပါတယ်။ ပြောရမယ် ဆိုရင်တော့ ၄ ရက်ညပိုင်း ဒါမှမဟုတ် ၅ ရက်လောက်မှာတော့ မုန်တိုင်းငယ်အဆင့်ကို ရောက်နိုင်မယ့် အနေအထားမျိုးရှိတယ်။ ပြီးမှ သူက မြောက်- အနောက်မြောက်ဘက်ကို တဖြည်းဖြည်းရွေ့သွားတဲ့ အနေအထားမျိုး ရှိတယ်ပေါ့။”

နိုင်ငံတကာ မိုးလေဝသ ဌာနတွေက မုန်တိုင်းဖြစ်ပေါ်မှုအပေါ် မတူညီတဲ့ ခန့်မှန်းချက်တွေရှိနေပြီး အိန္ဒိယနိုင်ငံ မိုးလေဝသ ဌာနကတော့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ဦးတည်ရွှေ့လျားနေရာက ၆ ရက်နေ့မှာ အရှေ့မြောက်ဘက်ဖြစ်တဲ့ ရခိုင်ပြည်နယ်ဘက်ကိုပြန်ကွေ့လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဆက်ပြောပါတယ်။

မုန်တိုင်းငယ်ဖြစ်ပေါ်လာချိန် သတိထားရမယ့် အချက်တွေကိုလည်း အခုလို ဒေါက်တာကျော်မိုးဦးက -

“လေဖိအားနည်းရပ်ဝန်း စဖြစ်ပြီဆိုတဲ့အချိန်ကျတော့ တဖြည်းဖြည်းနဲ့ အားကောင်းလာပြီးတော့ မုန်တိုင်းငယ်အဆင့်ကို ရောက်လာတဲ့အချိန်ကျတော့ ဒီမြစ်ဝကျွန်းပေါ်။ မွန်၊ တနင်္သာရီ ကမ်းရိုးတမ်းဒေသတလျှောက်တွေမှာ တခါတရံ မိုးသက်လေပြင်းကျရောက်နိုင်တဲ့အနေအထားမျိုးတွေ ရှိတယ်။ မိုးသက်လေပြင်းကျချိန်မှာလည်း မြေပြင်ရေပြင်လေဟာ ၃၅ မိုင်- ၄၀ လောက်အထိ တိုက်လာနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်။ အခုလက်ရှိမှာတော့ မဖြစ်သေးပေမဲ့ နောက် ၂ ရက်။ ၃ ရက်မှာတော့ ဒီလိုလေးတွေ ဖြစ်လာနိုင်တဲ့အနေအထားတွေ ရှိတယ်။ ဒါလေးတွေ တချက် သတိပြုရမှာပေါ့နော်။ ပြီးတော့ကျတော့ သူက အနောက်မြောက်ဘက်ကထဲကို ဦးတည်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့ ဒီဟာလေးကို ကျနော်တို့ စောင့်ကြည့်ရမှာပေါ့နော်။ အရှေ့မှာ ဖြစ်ခဲ့တဲ့မုန်တိုင်းတွေကို ပြန်ကြည့်တဲ့အခါမှာလည်း မုန်တိုင်းတွေက ကနဦးမှာတော့ အနောက်မြောက်ဘက်ကို သွားတယ်။ ပြီးကျရင် အရှေ့မြောက်ဘက်ကို ပြန်ကွေ့ပြီးတော့မှ ရခိုင်ကမ်းရိုးတမ်းကို ဝင်တဲ့မုန်တိုင်းတွေလည်း ရှိခဲ့တယ်ပေါ့နော်။ ရှိခဲ့တဲ့အချိန်ကျတော့ ကျနော်တို့ ဒီမုန်တိုင်းနဲ့ပတ်သက်ပြီးတော့ အန္တရာယ်ရှိသေးတယ်ဆိုတဲ့ အသိလေးတော့ ရှိထားပြီးတော့မှာ စဉ်ဆက်မပြတ် စောင့်ကြည့်ရမယ့်အနေအထားမျိုးရှိပါတယ်။ ကျနော်တို့အနေနဲ့လည်း ထူးခြားရင် ထူးခြားသလို အချိန်နဲ့ တပြေးညီ သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးသွားပါမယ်။”

ဒီကာလဟာ မိုးကြိုကာလဖြစ်တာကြောင့် အပူချိန်ပြင်းထန်ပြီး မိုးတိမ်တောင်တွေဖြစ်ပေါ်တတ်ကြောင်း၊ မိုးတိမ်တောင်ဖြစ်ပေါ်ချက်မှာ မိုးသက်လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ လျှပ်စီးလက်ပြီး မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်တတ်တာကြောင့် မြန်မာပြည်တစ်ဝှမ်းလုံး သတိထားဖို့ လိုကြောင်းလည်း ပြောပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကတော့ မုန်တိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ အဲဒီအချက်တွေမှာတော့ မိုးလေဝသသတင်းကို စဉ်ဆက်မပြတ်နားထောင်ဖို့၊ အိမ်ပေါ်ကို ကျိုးကျနိုင်တဲ့ သစ်ပင်၊ သစ်ကိုင်းတွေကို ရှင်းလင်းထားဖို့၊ COVID-19 ရောဂါကြောင့် မိမိနေအိမ်မှာ ခိုလှုံနိုင်ရေးအတွက် ပြင်ဆင်ဖို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ရမယ်ဆိုရင် ကျန်းမာရေးညွှန်ကြားချက်တွေကို လိုက်နာဖို့ စတာတွေ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG