သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံကုိ မုတ္သုံရာသီ အနည္းငယ္ေစာေရာက္မည္


မွတ္တမ္းဓါတ္ပံု - ၂၀၀၉ စက္တင္ဘာက ရန္ကုန္ၿမိဳ႕တေနရာ

(Zawgyi/Unicode)

ျမန္မာနိုင္ငံကို အေနာက္ေတာင္ မုတ္သုံရာသီ ေမလ ၁၆ ရက္ကေန ေမလ ၂၁ ရက္အတြင္း ဝင္ေရာက္လိမ့္မယ္လို႔ အိႏၵိယ မိုးေလဝသ ဌာန (IMD) က ခန္႔မွန္းထားပါတယ္။

မုတ္သုံမိုးဟာ ျမန္မာနိုင္ငံ ေတာင္ပိုင္းကို ေမလ ၁၈ ရက္ေန႔ေလာက္ ပုံမွန္ ဝင္ေလ့ရွိတာပါ။ ျဖစ္စဥ္အရ သီရိလကၤာႏိုင္ငံကို ခန္႔မွန္းေခ် ေမ ၂၂ လရက္ေန႔၊ (အိႏၵိယႏုိင္ငံ) Kerala ကမ္းရိုးတန္း တေလၽွာက္ကို ေမလအလယ္ပိုင္းနဲ႔ အဲဒီကမွ အိႏၵိယနိုင္ငံအတြင္းကို ဇြန္လ ၁ ရက္ေန႔ေလာက္မွာ အေနာက္ေတာင္ မုတ္သုံရာသီက်ေရာက္မွာ ျဖစ္ေၾကာင္း အိႏၵိယ မိုးေလဝသ ဌာန (IMD) ကခန္႔မွန္းပါတယ္။

ဒီႏွစ္အတြက္ အိႏၵိယနိုင္ငံမုတ္သုံရာသီက ၂၀၁၉ မွာ ၾကဳံခဲ့ရတာေတြနဲ႔ မတူ၊ပုံမွန္ပဲရွိမယ္လို႔လည္း ခန္႔မွန္းပါတယ္။ အီေကြတာ အေရွ႕ပိုင္းကို ရိုက္ခတ္နိုင္တဲ့ La Niña (လာနီညာ) ရဲ့ အက်ိဳးသက္ေရာက္မႈကို မုတ္သုံရာသီ တခုလုံး ခံရနိုင္ေျခမရွိဘူးလို႔လည္း ခန္႔မွန္းပါတယ္။

ျမန္မာနိုင္ငံ မိုးေလဝသနဲ႔ ဇလေဗဒ ဌာနကလည္း ဧၿပီလကုန္ပိုင္းကေန ေမလလယ္အတြင္း ဘဂၤလားပင္လယ္ေအာ္မွာ ေလဖိအားနည္း ရပ္ဝန္း အနည္းဆုံး ၂ ႀကိမ္ခန္႔ ျဖစ္ေပၚနိုင္တယ္လို႔လည္း ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

မြန်မာနိုင်ငံကို မုတ်သုံရာသီ အနည်းငယ်စောရောက်မည်

(Unicode)

မြန်မာနိုင်ငံကို အနောက်တောင် မုတ်သုံရာသီ မေလ ၁၆ ရက်ကနေ မေလ ၂၁ ရက်အတွင်း ဝင်ရောက်လိမ့်မယ်လို့ အိန္ဒိယ မိုးလေဝသ ဌာန (IMD) က ခန့်မှန်းထားပါတယ်။

မုတ်သုံမိုးဟာ မြန်မာနိုင်ငံ တောင်ပိုင်းကို မေလ ၁၈ ရက်နေ့လောက် ပုံမှန် ဝင်လေ့ရှိတာပါ။ ဖြစ်စဉ်အရ သီရိလင်္ကာနိုင်ငံကို ခန့်မှန်းချေ မေ ၂၂ လရက်နေ့၊ (အိန္ဒိယနိုင်ငံ) Kerala ကမ်းရိုးတန်း တလျှောက်ကို မေလအလယ်ပိုင်းနဲ့ အဲဒီကမှ အိန္ဒိယနိုင်ငံအတွင်းကို ဇွန်လ ၁ ရက်နေ့လောက်မှာ အနောက်တောင် မုတ်သုံရာသီကျရောက်မှာ ဖြစ်ကြောင်း အိန္ဒိယ မိုးလေဝသ ဌာန (IMD) ကခန့်မှန်းပါတယ်။

ဒီနှစ်အတွက် အိန္ဒိယနိုင်ငံမုတ်သုံရာသီက ၂၀၁၉ မှာ ကြုံခဲ့ရတာတွေနဲ့ မတူ၊ပုံမှန်ပဲရှိမယ်လို့လည်း ခန့်မှန်းပါတယ်။ အီကွေတာ အရှေ့ပိုင်းကို ရိုက်ခတ်နိုင်တဲ့ La Niña (လာနီညာ) ရဲ့ အကျိုးသက်ရောက်မှုကို မုတ်သုံရာသီ တခုလုံး ခံရနိုင်ခြေမရှိဘူးလို့လည်း ခန့်မှန်းပါတယ်။

မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဌာနကလည်း ဧပြီလကုန်ပိုင်းကနေ မေလလယ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်း အနည်းဆုံး ၂ ကြိမ်ခန့် ဖြစ်ပေါ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

XS
SM
MD
LG