သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘာသာေရးလြတ္လပ္ခြင့္ဆိုင္ရာ USCIRF အစီရင္ခံစာအေပၚ တုံ႔ျပန္ခ်က္တခ်ိဳ႕


ဘာသာေရးလြတ္လပ္ခြင့္ဆိုုင္ရာ USCIRF ၂၀၂၀ အစီရင္ခံစာ (ဓာတ္ပံု-USCIRF)

(Zawgyi/Unicode)

ျမန္မာႏို္င္ငံဟာ ဘာသာေရးလြတ္လပ္ေရးခြင့္ကို ခ်ိဳးေဖာက္ေနတဲ့ႏိုင္ငံ တႏိုင္ငံျဖစ္ေနတုန္းပဲလို႔ အေမရိကန္ျပည္ေထာင္စုရဲ႕ ဘာသာေရးလြတ္လပ္ခြင့္ဆိုင္ရာ ေကာ္မရွင္အစီရင္ခံစာနဲ႔ပတ္သက္လို႔ တုံ႔ျပန္ေျပာဆိုခ်က္ေတြကို တင္ဆက္မွာပါ။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။

အေမရိကန္ျပည္ေထာင္စုက ႏွစ္စဥ္ထုတ္ျပန္တဲ့ ဘာသာေရးလြတ္လပ္ခြင့္ အစီခံစာမွာ ျမန္မာႏိုင္ငံကို ဆက္လက္ထည့္သြင္းထားဖို႔ အေမရိကန္ျပည္ေထာင္စုရဲ႕ ႏိုင္ငံတကာဘာသာေရးလြတ္လပ္မႈ ေကာ္မရွင္ (USCIRF) က တိုက္တြန္း အႀကံျပဳထားပါတယ္။ အေမရိကန္ အစိုးရက ဖြဲ႕စည္းထားတဲ့ အဲဒီ ေကာ္မရွင္ရဲ႕ ဧၿပီလ ၂၈ ရက္စြဲနဲ႔ ၂၀၂၀ ျပည့္ႏွစ္ အတြက္ ထုတ္ျပန္တဲ့ အစီရင္ခံစာထဲမွာ ျမန္မာႏိုင္ငံ အပါအဝင္ ႏိုင္ငံ ၁၄ ႏိုင္ငံကို ဘာသာေရး လြတ္လပ္ခြင့္ စိုးရိမ္ရတဲ့ စာရင္းထဲမွာ ထည့္သြင္းဖို႔ အေမရိကန္ အစိုးရကို တိုက္တြန္း အႀကံျပဳထားတာပါ။

ဒီလို ဘာသာေရးလြတ္လပ္ခြင့္ ခ်ိဳးေဖာက္တဲ့ စာရင္းထဲမွာ ျမန္မာပါဝင္ေနရတာက ဘာသာေရးကို အျမတ္ထုတ္ၿပီး ႏိုင္ငံေရးအတြက္ အသုံးခ်တာေတြ ရွိေနတာေၾကာင့္ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ ဘာသာေပါင္းစုံ ခ်စ္ၾကည္ေရး လႈပ္ရွားမႈရဲ႕ ဦးေဆာင္သူ တစ္ဦး ျဖစ္တဲ့ ဦးေအးလြင္က ေျပာပါတယ္။

“ဒါကေတာ့ က်ေနာ္တို႔ ႏိုင္ငံမွာက ဥပေဒထဲမွာ ဘာသာေရးကို အေၾကာင္းျပဳၿပီး ခြဲျခားမႈမရွိရ ဆိုတဲ့ဟာက ရွိေနပါတယ္။ သို႔ေသာ္ျငားလည္းပဲ တကယ္လုပ္တဲ့ အခါမွာ အားနည္းမႈေတြက ရွိေနတယ္ေလ။ အဲ့ဒီအခါက်ေတာ့ ဘာသာေရးကို အျမတ္ထုတ္ခ်င္တဲ့ ႏိုင္ငံေရးအတြက္ အသုံးခ်ခ်င္တဲ့ သူေတြရွိတယ္။ အဲ့ဒီပုဂၢိဳလ္ေတြကလည္း ဘာသာတစ္ခုကို ပစ္မွတ္ထားၿပီးေတာ့ပါ သူတို႔အတြက္ အျမတ္ရေအာင္ဆိုၿပီးေတာ့ လႈံေဆာ္တဲ့ဟာေလးေတြကလည္း သူ႔နည္းသူ႔ဟန္နဲ႔ ရွိေနတဲ့အတြက္၊ ဒီလို COVID-19 လိုဟာမ်ိဳးျဖစ္ေနတဲ့ အခ်ိန္မွာေတာင္မွ facebook ေတြ ဘာေတြမွာေတာင္မွ Lockdown လုပ္တာကို ဘယ္ဘာသာဝင္က ဘယ္လိုလာလို႔ ဆိုတာမ်ိဳး အဲ့ဒီလို အသုံးခ်ခ်င္တဲ့ ဆႏၵေလးေတြက ရွိေနေသးတယ္။ ဆိုေတာ့ ဒီေခတ္မွာေတာ့ ဒီလိုဟာေလးေတြကို က်ိဳးစားၿပီးေတာ့ တိုက္ဖ်က္ေနပါၿပီ။ အထူးသျဖင့္ေတာ့ လူငယ္ေတြဟာ ဒီလို ကြဲျပားတဲ့ ဘာသာတရားေတြအေပၚမွာ ခြဲျခားဆက္ဆံတာကို မလိုလားေတာ့ ပါဘူး။ ဒါေပမဲ့ ရွိေသးတယ္ဆိုတာကိုေတာ့ အရွိတရား တစ္ခုအေနနဲ႔ လက္ခံရမွာပါပဲ။”

၁၉၉၈ ခုႏွစ္ ႏိုင္ငံတကာ ဘာသာေရး လြတ္လပ္ခြင့္ ဥပေဒနဲ႔ သတ္မွတ္တိုင္းတာခ်က္အရ ျမန္မာႏိုင္ငံဟာ ၂၀၁၉ ခုႏွစ္ အတြင္း ဘာသာ ေရး လြတ္လပ္ခြင့္ေတြကို စနစ္တက်နဲ႔ ဆိုးဆိုး႐ြား႐ြား ဆက္လက္ ခ်ိဳးေဖာက္ေနတယ္လို႔လည္း ေကာ္မရွင္ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပ ထားပါတယ္။ ျမန္မာႏိုင္ငံတြင္းက ပဋိပကၡေတြနဲ႔ အေျခခံ ႏိုင္ငံသား အခြင့္အေရး ခ်ိဳးေဖာက္မႈေတြဟာ တခါတရံမွာ ဘာသာေရး ကြဲျပားမႈေတြနဲ႔ ဒြန္တြဲ ထပ္တူ က်ေနတယ္လို႔ လည္း အစီရင္ခံမွာ ပါရွိပါတယ္။ ဘာသာေရးလူမ်ိဳးေရးနဲ႔ ပတ္သက္လို႔ သတင္းအမွားျဖန္႔ေဝတဲ့ ကိစၥေတြက အရင္ကတည္းက ရွိေနတယ္ဆိုေပမဲ့ ခုအခ်ိန္မွာေတာ့ COVID- 19 ေရာဂါကို အေျခခံၿပီး လူမႈကြန္ယက္ေတြကေန တစ္ဆင့္ ဘာသာေရး လုမ်ိဳးေရး အမုန္းတရားေတြ ျဖစ္ေအာင္ လႈံ႕ေဆာ္လာတာမ်ိဳးေတြ ေတြ႕လာရတယ္လို႔ လူမႈသဟဇာတ ေဖာ္ေဆာင္ေရးအဖြဲ႕က ကိုသက္ေဆြဝင္းက ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ဒီ ဘာသာေရးလူမ်ိဳးေရးနဲ႔ ပတ္သက္ၿပီးေတာ့ အမုန္းတရားျဖန္႔ေဝတဲ့ ကိစၥေတြ၊ သတင္းမွား ျဖန္႔ေဝတဲ့ ကိစၥေတြေပါ့။ ဒါေတြက ရွိေနတာ ၾကာပါၿပီ။ ခုထက္ထိလည္း မေပ်ာက္ေသးပါဘူး။ ခုကက်ေတာ့ ဘယ္လိုျဖစ္လာလဲဆိုေတာ့ COVID ကိုအေျခခံၿပီး ဘာသာေရး လူမ်ိဳးေရးကို အမုန္းတရားေတြျဖစ္ေအာင္ လႈံ႕ေဆာ္တာမ်ိဳးေတြလုပ္လာၾကတယ္။ ဥပမာ က်ေနာ္တို႔ ဒီ အင္းစိန္မွာ ျဖစ္သြားခဲ့တဲ့ case ဆိုလို႔ရွိရင္လည္း ခရစ္ယာန္ဘာသာဝင္ေတြကို တိုက္ခိုက္ေျပာဆိုၾကတာေတြ ေတြ႕ရတယ္။ အဲ့လိုပဲ တာေမြမွာ ျဖစ္ခဲ့တဲ့ case ဆိုလို႔ရွိရင္လည္း အစၥလာမ္ဘာသာဝင္ေတြကို တိုက္ခိုက္ေျပာဆိုၾကတာေတြ ေတြရတယ္။ အဲ့ဒါေၾကာင့္မို႔လို႔ COVID ကို အေၾကာင္းျပၿပီးေတာ့ ေရာဂါပိုးနဲ႔ အတူဆက္ႏြယ္ၿပီးေတာ့ ဒီဘာသာေရးကိုပါ တိုက္ခိုက္တဲ့ဟာမ်ိဳးေတြ ခုေနာက္ပိုင္းလည္း ရွိေနတုန္းပါပဲ။”

ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္နဲ႔ ကခ်င္ျပည္နယ္အတြင္းက စစ္ပြဲပဋိပကၡေတြကို ဥပမာအေနနဲ႔ ေဖာ္ျပထားပါတယ္။ ဒီအစီရင္ခံစာထဲမွာ ဗုဒၶဘာသာ အစြန္းေရာက္မ်ိဳးခ်စ္ဝါဒီ မဘသလို အဖြဲ႕အစည္းေတြနဲ႔ ျမန္မာစစ္တပ္နဲ႔ ဆက္ႏြယ္တဲ့ အဖြဲ႕ေတြက လူမႈမီဒီယာေတြကို အသုံးျပဳၿပီ အမုန္းတရား လႈံ႕ေဆာ္တဲ့ လႈပ္ရွားမႈေတြကိုလည္း ေဖာ္ျပထားပါတယ္။

႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြအျပင္ ဘာသာေရးအရနဲ႔ လူမ်ိဳးေရးအရ လူနည္းစုေတြအေပၚ ဆိုးဝါးတဲ့ လူ႔အခြင့္ခ်ိဳးေဖာက္မႈေတြေၾကာင့္ ျမန္မာႏိုင္ငံကို ဘာသာေရး လြတ္လပ္ခြင့္ ခ်ိဳးေဖာက္တဲ့ စိုးရိမ္ရတဲ့ ႏိုင္ငံစာရင္းထဲ ဆက္လက္ ထည့္သြင္းထားဖို႔၊ ဘာသာေရး လြတ္လပ္ ခြင့္ ခ်ိဳးေဖာက္တဲ့ ျမန္မာႏိုင္ငံက ဝန္ႀကီးဌာန အဖြဲ႕အစည္းေတြနဲ႔ လူပုဂၢိဳလ္ တစ္ဦးခ်င္းအေပၚ အေရးယူ ပိတ္ဆို႔မႈေတြ လုပ္ဖို႔၊ ၂၀၁၆ ခုႏွစ္က အေမရိကန္ သမၼတအမိန႔္နဲ႔ ဖ်က္သိမ္းခဲ့တဲ့ အေရးေပၚ အေျခအေနသတ္မွတ္ခ်က္ထဲ ျမန္မာႏိုင္ငံကို ျပန္လည္ ထည့္သြင္း သတ္မွတ္ဖို႔နဲ႔ အေျခခံအခြင့္အေရးေတြကို ခ်ိဳးေဖာက္သူေတြ တာဝန္ခံလာေအာင္ အေမရိကန္အစိုးရက ဆက္လက္ ေဆာင္႐ြက္ဖို႔ဆိုၿပီး ဒီအစီရင္ခံစာမွာ တိုက္တြန္းထားပါတယ္။ ဒီအစီရင္ခံစာနဲ႔ပတ္သက္လို႔ ရိုဟင္ဂ်ာအသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရဘက္က တုံ႔ျပန္ခ်က္ေတာ့ မသိရေသးပါဘူး။ ဒါေပမဲ့ ျမန္မာႏိုင္ငံအေနနဲ႔ လြတ္လပ္စြာယံုၾကည္ကိုးကြယ္ခြင့္ရိွသလို၊ အေသအခ်ာ ဟန္႕တားေႏွာက္ယွက္တာမ်ိဳးမရိွဘူးလို႔ေတာ့ ျမန္မာအာဏာပိုင္ေတြဘက္က ယခင္ကတုံ႔ျပန္ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ USCIRF အစီရင်ခံစာအပေါ် တုံ့ပြန်ချက်တချို့

မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ရေးခွင့်ကို ချိုးဖောက်နေတဲ့နိုင်ငံ တနိုင်ငံဖြစ်နေတုန်းပဲလို့ အမေရိကန်ပြည်ထောင်စုရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်အစီရင်ခံစာနဲ့ပတ်သက်လို့ တုံ့ပြန်ပြောဆိုချက်တွေကို တင်ဆက်မှာပါ။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

အမေရိကန်ပြည်ထောင်စုက နှစ်စဉ်ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီခံစာမှာ မြန်မာနိုင်ငံကို ဆက်လက်ထည့်သွင်းထားဖို့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်မှု ကော်မရှင် (USCIRF) က တိုက်တွန်း အကြံပြုထားပါတယ်။ အမေရိကန် အစိုးရက ဖွဲ့စည်းထားတဲ့ အဲဒီ ကော်မရှင်ရဲ့ ဧပြီလ ၂၈ ရက်စွဲနဲ့ ၂၀၂၀ ပြည့်နှစ် အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၁၄ နိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် စိုးရိမ်ရတဲ့ စာရင်းထဲမှာ ထည့်သွင်းဖို့ အမေရိကန် အစိုးရကို တိုက်တွန်း အကြံပြုထားတာပါ။

ဒီလို ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့ စာရင်းထဲမှာ မြန်မာပါဝင်နေရတာက ဘာသာရေးကို အမြတ်ထုတ်ပြီး နိုင်ငံရေးအတွက် အသုံးချတာတွေ ရှိနေတာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားမှုရဲ့ ဦးဆောင်သူ တစ်ဦး ဖြစ်တဲ့ ဦးအေးလွင်က ပြောပါတယ်။

“ဒါကတော့ ကျနော်တို့ နိုင်ငံမှာက ဥပဒေထဲမှာ ဘာသာရေးကို အကြောင်းပြုပြီး ခွဲခြားမှုမရှိရ ဆိုတဲ့ဟာက ရှိနေပါတယ်။ သို့သော်ငြားလည်းပဲ တကယ်လုပ်တဲ့ အခါမှာ အားနည်းမှုတွေက ရှိနေတယ်လေ။ အဲ့ဒီအခါကျတော့ ဘာသာရေးကို အမြတ်ထုတ်ချင်တဲ့ နိုင်ငံရေးအတွက် အသုံးချချင်တဲ့ သူတွေရှိတယ်။ အဲ့ဒီပုဂ္ဂိုလ်တွေကလည်း ဘာသာတစ်ခုကို ပစ်မှတ်ထားပြီးတော့ပါ သူတို့အတွက် အမြတ်ရအောင်ဆိုပြီးတော့ လှုံဆော်တဲ့ဟာလေးတွေကလည်း သူ့နည်းသူ့ဟန်နဲ့ ရှိနေတဲ့အတွက်၊ ဒီလို COVID-19 လိုဟာမျိုးဖြစ်နေတဲ့ အချိန်မှာတောင်မှ facebook တွေ ဘာတွေမှာတောင်မှ Lockdown လုပ်တာကို ဘယ်ဘာသာဝင်က ဘယ်လိုလာလို့ ဆိုတာမျိုး အဲ့ဒီလို အသုံးချချင်တဲ့ ဆန္ဒလေးတွေက ရှိနေသေးတယ်။ ဆိုတော့ ဒီခေတ်မှာတော့ ဒီလိုဟာလေးတွေကို ကျိုးစားပြီးတော့ တိုက်ဖျက်နေပါပြီ။ အထူးသဖြင့်တော့ လူငယ်တွေဟာ ဒီလို ကွဲပြားတဲ့ ဘာသာတရားတွေအပေါ်မှာ ခွဲခြားဆက်ဆံတာကို မလိုလားတော့ ပါဘူး။ ဒါပေမဲ့ ရှိသေးတယ်ဆိုတာကိုတော့ အရှိတရား တစ်ခုအနေနဲ့ လက်ခံရမှာပါပဲ။”

၁၉၉၈ ခုနှစ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဥပဒေနဲ့ သတ်မှတ်တိုင်းတာချက်အရ မြန်မာနိုင်ငံဟာ ၂၀၁၉ ခုနှစ် အတွင်း ဘာသာ ရေး လွတ်လပ်ခွင့်တွေကို စနစ်တကျနဲ့ ဆိုးဆိုးရွားရွား ဆက်လက် ချိုးဖောက်နေတယ်လို့လည်း ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေနဲ့ အခြေခံ နိုင်ငံသား အခွင့်အရေး ချိုးဖောက်မှုတွေဟာ တခါတရံမှာ ဘာသာရေး ကွဲပြားမှုတွေနဲ့ ဒွန်တွဲ ထပ်တူ ကျနေတယ်လို့ လည်း အစီရင်ခံမှာ ပါရှိပါတယ်။ ဘာသာရေးလူမျိုးရေးနဲ့ ပတ်သက်လို့ သတင်းအမှားဖြန့်ဝေတဲ့ ကိစ္စတွေက အရင်ကတည်းက ရှိနေတယ်ဆိုပေမဲ့ ခုအချိန်မှာတော့ COVID- 19 ရောဂါကို အခြေခံပြီး လူမှုကွန်ယက်တွေကနေ တစ်ဆင့် ဘာသာရေး လုမျိုးရေး အမုန်းတရားတွေ ဖြစ်အောင် လှုံ့ဆော်လာတာမျိုးတွေ တွေ့လာရတယ်လို့ လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့က ကိုသက်ဆွေဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ဒီ ဘာသာရေးလူမျိုးရေးနဲ့ ပတ်သက်ပြီးတော့ အမုန်းတရားဖြန့်ဝေတဲ့ ကိစ္စတွေ၊ သတင်းမှား ဖြန့်ဝေတဲ့ ကိစ္စတွေပေါ့။ ဒါတွေက ရှိနေတာ ကြာပါပြီ။ ခုထက်ထိလည်း မပျောက်သေးပါဘူး။ ခုကကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ COVID ကိုအခြေခံပြီး ဘာသာရေး လူမျိုးရေးကို အမုန်းတရားတွေဖြစ်အောင် လှုံ့ဆော်တာမျိုးတွေလုပ်လာကြတယ်။ ဥပမာ ကျနော်တို့ ဒီ အင်းစိန်မှာ ဖြစ်သွားခဲ့တဲ့ case ဆိုလို့ရှိရင်လည်း ခရစ်ယာန်ဘာသာဝင်တွေကို တိုက်ခိုက်ပြောဆိုကြတာတွေ တွေ့ရတယ်။ အဲ့လိုပဲ တာမွေမှာ ဖြစ်ခဲ့တဲ့ case ဆိုလို့ရှိရင်လည်း အစ္စလာမ်ဘာသာဝင်တွေကို တိုက်ခိုက်ပြောဆိုကြတာတွေ တွေရတယ်။ အဲ့ဒါကြောင့်မို့လို့ COVID ကို အကြောင်းပြပြီးတော့ ရောဂါပိုးနဲ့ အတူဆက်နွယ်ပြီးတော့ ဒီဘာသာရေးကိုပါ တိုက်ခိုက်တဲ့ဟာမျိုးတွေ ခုနောက်ပိုင်းလည်း ရှိနေတုန်းပါပဲ။”

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းက စစ်ပွဲပဋိပက္ခတွေကို ဥပမာအနေနဲ့ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာထဲမှာ ဗုဒ္ဓဘာသာ အစွန်းရောက်မျိုးချစ်ဝါဒီ မဘသလို အဖွဲ့အစည်းတွေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ အဖွဲ့တွေက လူမှုမီဒီယာတွေကို အသုံးပြုပြီ အမုန်းတရား လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကိုလည်း ဖော်ပြထားပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေအပြင် ဘာသာရေးအရနဲ့ လူမျိုးရေးအရ လူနည်းစုတွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်တဲ့ စိုးရိမ်ရတဲ့ နိုင်ငံစာရင်းထဲ ဆက်လက် ထည့်သွင်းထားဖို့၊ ဘာသာရေး လွတ်လပ် ခွင့် ချိုးဖောက်တဲ့ မြန်မာနိုင်ငံက ဝန်ကြီးဌာန အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းအပေါ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့၊ ၂၀၁၆ ခုနှစ်က အမေရိကန် သမ္မတအမိန့်နဲ့ ဖျက်သိမ်းခဲ့တဲ့ အရေးပေါ် အခြေအနေသတ်မှတ်ချက်ထဲ မြန်မာနိုင်ငံကို ပြန်လည် ထည့်သွင်း သတ်မှတ်ဖို့နဲ့ အခြေခံအခွင့်အရေးတွေကို ချိုးဖောက်သူတွေ တာဝန်ခံလာအောင် အမေရိကန်အစိုးရက ဆက်လက် ဆောင်ရွက်ဖို့ဆိုပြီး ဒီအစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရဘက်က တုံ့ပြန်ချက်တော့ မသိရသေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိသလို၊ အသေအချာ ဟန့်တားနှောက်ယှက်တာမျိုးမရှိဘူးလို့တော့ မြန်မာအာဏာပိုင်တွေဘက်က ယခင်ကတုံ့ပြန်ခဲ့ဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG