သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္နဲ႔ခ်င္းျပည္နယ္က တုိက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးသူ ဦးေရတုိး


တိုက္ပြဲေၾကာင့္ အိုးအိမ္စြန္႔ထြက္ေျပးရၿပီး ေစတီဝန္းထဲတြင္ ခိုလံႈေနရသည့္ ၿမိဳ တိုင္းရင္းသားတခ်ဳိ႕။ (ဇန္နဝါရီ ၂၅၊ ၂၀၁၉ )

(Zawgyi/Unicode)

ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာထြက္ေျပးေနၾကရသူေတြ စား၀တ္ေနေရး ပိုၿပီး ခက္ခဲလာေနတဲ့သတင္း ကိုသက္ႏိုင္ တင္ဆက္ေပးပါမယ္။

လက္ရွိအခ်ိန္ထိ စစ္ေရးတင္းမာေနတဲ့ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ တစ္ေန႔ တစ္ျခား ေနရပ္စြန္႔ခြာထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ဦးေရဟာလည္း ပိုမို မ်ားျပားလာၿပီးစားဝတ္ေနေရး အဆင္မေျပမႈေတြကို ပိုမိုရင္ဆိုင္ေနၾကရတယ္လို႔ စစ္ေရွာင္စခန္း တာဝန္ရွိသူေတြက ေျပာဆိုၾကပါတယ္။

ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းမွာ ထပ္တိုးလာတဲ့ စစ္ေရွာင္ေတြကို လက္ခံဖို႔ ေနရာမရွိ ေတာ့သလို စစ္ေရွာင္ဦးေရ ၂၀,၀၀၀ နီးပါးအထိ ရွိေနတယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕မိၿမိဳ႕ဖ ေဒါက္တာ ထြန္းေအးက ေျပာပါတယ္။

"က်ေနာ္တို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ၿမိဳ႕ေပၚမွာ စစ္ေရွာင္စခန္းစုစုေပါင္း ၁၅ ေနရာေလာက္ရွိတယ္။ လူဦးေရကေတာ့ ၇,၀၀၀ နီးပါးေလာက္ရွိတယ္။ ထပ္တိုးလာတဲ့ သူေတြကို လက္ရွိအခ်ိန္မွာ ၿမိဳ႕ေပၚက စခန္းေတြမွာ လက္ခံႏိုင္တဲ့ အေနအထား မရွိေတာ့လို႔ ေဆြမ်ိဳးေတြ အိမ္မွာ ခိုကပ္ၿပီးေနတဲ့ သူရွိတယ္။ ေနာက္ၿပီးေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက တစ္ျခားေက်းရြာေတြမွာလည္း ေနၾကတယ္။ အကုန္လံုး ေပါင္းလိုက္ မယ္ဆိုရင္ေတာ့ တိုက္ပြဲျဖစ္ကတည္းကဆိုရင္ စစ္ေရွာင္ ၂၀,၀၀၀ ေလာက္ရွိမယ္လို႔ ခန္႔မွန္းရတယ္။"

ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက ေညာင္ေခ်ာင္း စစ္ေရွာင္စခန္းမွာလည္း ဒီကေန႔အထိ စစ္ေရွာင္ ထပ္တိုးေနတယ္လို႔ ေညာင္ေခ်ာင္းစစ္ေရွာင္စခန္း တာဝန္ခံက ေျပာပါတယ္။

"ဧၿပီလ ၂၃ ၂၄ရက္ေလာက္က တိုးလာတာေပါ့ေနာ္။ မီး႐ိွႈ႕ခံရတဲ့ အထက္တင္းမ ေက်းရြာကေတာ့ လူဦးေရ ေတာ္ေတာ္မ်ားတယ္။ ၿပီးေတာ့ အထက္တင္းမကလူေတြနဲ႔ အတူေရာက္လာတဲ့ ေမ်ာက္ေတာင္တို႔ သာစည္တို႔ တျခားေက်းရြာေတြကလည္း ပါပါတယ္။ ၂၃ ရက္ေန႔ကဆိုရင္ အိမ္ေထာင္စု ၁၀၃ စုေရာက္တယ္။ လက္ရွိလည္း ထပ္တိုးေနတုန္းပါပဲ ခင္ဗ်ာ။ လက္ရွိအခ်ိန္ထိ ေညာင္ေခ်ာင္းစစ္ေရွာင္စခန္းမွာ အိမ္ေထာင္စုက ၆၀၀ ေက်ာ္ လူဦးေရကေတာ့ ၂,၇၄၅ ေယာက္ျဖစ္ေနပါၿပီခင္ဗ်ာ။"

အဲဒီေညာင္ေခ်ာင္း စစ္ေရွာင္စခန္းမွာ လူဦးေရေတြ တိုးလာတဲ့ အျပင္ အလွဴရွင္လာေရာက္ဖို႔ အတြက္လမ္းခရီး အခက္အခဲ ရွိတာေၾကာင့္ စားဝတ္ေနေရးေတြ ခက္ခဲေနၿပီး အစိုးရက ေထာက္ပံ့ေပးေနတာေတြလည္း မေရာက္ေတာ့ဘူးလို႔ သူက ဆက္ေျပာပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေနၾကသူေတြကေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္မွာ အမ်ားဆံုးရွိေနတာျဖစ္ၿပီး လူဦးေရအားျဖင့္ ၃၀,၀၀၀ နီးပါးရွိေနပါတယ္။

အဲဒီစစ္ေရွာင္စခန္းေတြမွာ ေနရာထိုင္ခင္းေတြ မလံုေလာက္တဲ့ အျပင္ အခုရက္ပိုင္းအတြင္းမွာ မိုးရြာသြန္းမႈေတြနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ စစ္ေရွာင္ေတြအတြက္ အခက္ေတြ႔ေနရတယ္လို႔ စစ္ေရွာင္ေတြကို ကူညီေပးေနတဲ့ ကိုဘကၠာက ေျပာပါတယ္။

"စစ္ေရွာင္ေတြမွာ အေဆာင္မရွိဘူး၊ အခင္းမရွိဘူး၊ အမိုးမရွိဘူး။ က်ေနာ္တို႔ကလည္း လုပ္ေပးေနတာ လိုက္မမွီဘူး။ ဒီမွာ မိုး ၃ ရက္ေလာက္ ရြာသြားတဲ့ အေနအထားမွာ ေတာ္ေတာ္ေလးကို ဒုကၡေရာက္ၾကပါတယ္ဗ်ာ။ အိပ္ဖို႔ေနရာကို ထထိုင္ေနဖို႔ ေနရာကို မရွိတဲ့ အေနအထားကို ေရာက္သြားတယ္။"

ရခိုင္ေျမာက္ပိုင္းအျပင္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ဘက္မွာလည္း တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနသလို စစ္ေရွာင္ေတြဟာလည္း တေန႔တျခား မ်ားျပားလာေနၿပီး စားဝတ္ေနေရး ကိစၥရပ္ေတြကို ေျဖရွင္းဖို႔ ခက္ခဲ့ေနၾကတယ္လို႔ ပလက္ဝ စစ္ေရွာင္ကူညီသူေတြက ေျပာဆိုၾကပါတယ္။

COVID-19 ကမၻာ့ကပ္ေရာဂါအၾကပ္အတည္းအခ်ိန္မွာ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြရပ္ဖို႔ ကုလသမဂၢအပါဝင္ ျမန္မာ လူမႈအဖြဲ႔အစည္းေတြက ေတာင္းဆိုးထားေပမဲ့လည္း ဒီကေန႔အထိ တိုက္ပြဲေတြ ဆက္လက္ျပင္းထန္ေနသလို ဖမ္းဆီးခံရသူေတြ ေနရပ္စြန္႔ခြာထြက္ေျပးေနရသူေတြနဲ႔ ထိခိုက္ဒဏ္ရာရသူေတြဟာလည္း ေန႔စဥ္နဲ႔အမွ်ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ရခိုင်နဲ့ချင်းပြည်နယ်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူဦးရေတိုး

[Unicode Version]

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသူတွေ စားဝတ်နေရေး ပိုပြီး ခက်ခဲလာနေတဲ့သတင်း ကိုသက်နိုင် တင်ဆက်ပေးပါမယ်။

လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တစ်နေ့ တစ်ခြား နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ရှောင်ဦးရေဟာလည်း ပိုမို များပြားလာပြီးစားဝတ်နေရေး အဆင်မပြေမှုတွေကို ပိုမိုရင်ဆိုင်နေကြရတယ်လို့ စစ်ရှောင်စခန်း တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ်အတွင်းမှာ ထပ်တိုးလာတဲ့ စစ်ရှောင်တွေကို လက်ခံဖို့ နေရာမရှိ တော့သလို စစ်ရှောင်ဦးရေ ၂၀,၀၀၀ နီးပါးအထိ ရှိနေတယ်လို့ ကျောက်တော်မြို့မိမြို့ဖ ဒေါက်တာ ထွန်းအေးက ပြောပါတယ်။

"ကျနော်တို့ ကျောက်တော်မြို့နယ်မှာ မြို့ပေါ်မှာ စစ်ရှောင်စခန်းစုစုပေါင်း ၁၅ နေရာလောက်ရှိတယ်။ လူဦးရေကတော့ ၇,၀၀၀ နီးပါးလောက်ရှိတယ်။ ထပ်တိုးလာတဲ့ သူတွေကို လက်ရှိအချိန်မှာ မြို့ပေါ်က စခန်းတွေမှာ လက်ခံနိုင်တဲ့ အနေအထား မရှိတော့လို့ ဆွေမျိုးတွေ အိမ်မှာ ခိုကပ်ပြီးနေတဲ့ သူရှိတယ်။ နောက်ပြီးတော့ ကျောက်တော်မြို့နယ်အတွင်းက တစ်ခြားကျေးရွာတွေမှာလည်း နေကြတယ်။ အကုန်လုံး ပေါင်းလိုက် မယ်ဆိုရင်တော့ တိုက်ပွဲဖြစ်ကတည်းကဆိုရင် စစ်ရှောင် ၂၀,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရတယ်။"

ကျောက်တော်မြို့နယ်အတွင်းက ညောင်ချောင်း စစ်ရှောင်စခန်းမှာလည်း ဒီကနေ့အထိ စစ်ရှောင် ထပ်တိုးနေတယ်လို့ ညောင်ချောင်းစစ်ရှောင်စခန်း တာဝန်ခံက ပြောပါတယ်။

"ဧပြီလ ၂၃ ၂၄ရက်လောက်က တိုးလာတာပေါ့နော်။ မီးရှိှု့ခံရတဲ့ အထက်တင်းမ ကျေးရွာကတော့ လူဦးရေ တော်တော်များတယ်။ ပြီးတော့ အထက်တင်းမကလူတွေနဲ့ အတူရောက်လာတဲ့ မျောက်တောင်တို့ သာစည်တို့ တခြားကျေးရွာတွေကလည်း ပါပါတယ်။ ၂၃ ရက်နေ့ကဆိုရင် အိမ်ထောင်စု ၁၀၃ စုရောက်တယ်။ လက်ရှိလည်း ထပ်တိုးနေတုန်းပါပဲ ခင်ဗျာ။ လက်ရှိအချိန်ထိ ညောင်ချောင်းစစ်ရှောင်စခန်းမှာ အိမ်ထောင်စုက ၆၀၀ ကျော် လူဦးရေကတော့ ၂,၇၄၅ ယောက်ဖြစ်နေပါပြီခင်ဗျာ။"

အဲဒီညောင်ချောင်း စစ်ရှောင်စခန်းမှာ လူဦးရေတွေ တိုးလာတဲ့ အပြင် အလှူရှင်လာရောက်ဖို့ အတွက်လမ်းခရီး အခက်အခဲ ရှိတာကြောင့် စားဝတ်နေရေးတွေ ခက်ခဲနေပြီး အစိုးရက ထောက်ပံ့ပေးနေတာတွေလည်း မရောက်တော့ဘူးလို့ သူက ဆက်ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်နေကြသူတွေကတော့ ရသေ့တောင်မြို့နယ်မှာ အများဆုံးရှိနေတာဖြစ်ပြီး လူဦးရေအားဖြင့် ၃၀,၀၀၀ နီးပါးရှိနေပါတယ်။

အဲဒီစစ်ရှောင်စခန်းတွေမှာ နေရာထိုင်ခင်းတွေ မလုံလောက်တဲ့ အပြင် အခုရက်ပိုင်းအတွင်းမှာ မိုးရွာသွန်းမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် စစ်ရှောင်တွေအတွက် အခက်တွေ့နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုဘက္ကာက ပြောပါတယ်။

"စစ်ရှောင်တွေမှာ အဆောင်မရှိဘူး၊ အခင်းမရှိဘူး၊ အမိုးမရှိဘူး။ ကျနော်တို့ကလည်း လုပ်ပေးနေတာ လိုက်မမှီဘူး။ ဒီမှာ မိုး ၃ ရက်လောက် ရွာသွားတဲ့ အနေအထားမှာ တော်တော်လေးကို ဒုက္ခရောက်ကြပါတယ်ဗျာ။ အိပ်ဖို့နေရာကို ထထိုင်နေဖို့ နေရာကို မရှိတဲ့ အနေအထားကို ရောက်သွားတယ်။"

ရခိုင်မြောက်ပိုင်းအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို စစ်ရှောင်တွေဟာလည်း တနေ့တခြား များပြားလာနေပြီး စားဝတ်နေရေး ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ခက်ခဲ့နေကြတယ်လို့ ပလက်ဝ စစ်ရှောင်ကူညီသူတွေက ပြောဆိုကြပါတယ်။

COVID-19 ကမ္ဘာ့ကပ်ရောဂါအကြပ်အတည်းအချိန်မှာ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေရပ်ဖို့ ကုလသမဂ္ဂအပါဝင် မြန်မာ လူမှုအဖွဲ့အစည်းတွေက တောင်းဆိုးထားပေမဲ့လည်း ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို ဖမ်းဆီးခံရသူတွေ နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေဟာလည်း နေ့စဉ်နဲ့အမျှရှိနေပါတယ်။

XS
SM
MD
LG