သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ အစုိးရရဲ႕ ဘာသာေရးလြတ္လပ္ခြင့္ ခ်ဳိးေဖာက္တဲ့ႏုိင္ငံစာရင္းမွာ ျမန္မာ ပါေနဆဲ


၂၀၂၀ နိုင္ငံတကာ ဘာသာေရး လြတ္လပ္မႈ ေကာ္မရွင္ (USCIRF) အစီရင္ခံစာ

(Zawgyi/Unicode)

ျမန္မာနိုင္ငံကို ဘာသာေရးလြတ္လပ္ခြင့္စိုးရိမ္ရတဲ့ နိုင္ငံအျဖစ္ အေမရိကန္ျပည္ေထာင္စုက ႏွစ္စဥ္ထုတ္ျပန္တဲ့ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာမွာ ဆက္လက္ ထည့္သြင္းထားဖို႔ နိုင္ငံတကာ ဘာသာေရး လြတ္လပ္မႈ ေကာ္မရွင္ (USCIRF) က တိုက္တြန္း အႀကံျပဳ လိုက္ ပါတယ္။

အေမရိကန္ အစိုးရက ဖြဲ႕စည္းထားတဲ့ အဲဒီ ေကာ္မရွင္က ဧၿပီလ ၂၈ ရက္စြဲနဲ႔ ၂၀၂၀ ျပည့္ႏွစ္ အတြက္ ထုတ္ျပန္တဲ့ အစီရင္ခံစာထဲမွာ ျမန္မာနိုင္ငံ အပါအဝင္ နိုင္ငံ ၁၄ နိုင္ငံကို ဘာသာေရး လြတ္လပ္ခြင့္ စိုးရိမ္ရတဲ့ စာရင္းထဲမွာ ထည့္သြင္းဖို႔ အေမရိကန္ အစိုးရကို တိုက္တြန္း အႀကံျပဳထားတာပါ။

၁၉၉၈ ခုႏွစ္ နိုင္ငံတကာ ဘာသာေရး လြတ္လပ္ခြင့္ ဥပေဒနဲ႔ သတ္မွတ္တိုင္းတာခ်က္အရ ျမန္မာနိုင္ငံဟာ ၂၀၁၉ ခုႏွစ္ အတြင္း ဘာသာ ေရး လြတ္လပ္ခြင့္ ေတြကို စနစ္တက်နဲ႔ ဆိုးဆိုးရြားရြား ဆက္လက္ ခ်ိဳးေဖာက္ေနတယ္လို႔လည္း ေကာ္မရွင္ရဲ့ အစီရင္ခံစာမွာ ေဖာ္ၿပ ထားပါတယ္။ ျမန္မာနိုင္ငံတြင္းက ပဋိပကၡေတြနဲ႔ အေျခခံ နိုင္ငံသား အခြင့္အေရး ခ်ိဳးေဖာက္မႈေတြဟာ တစ္ခါတစ္ရံမွာ ဘာသာေရး ကြဲျပားမႈေတြနဲ႔ ဒြန္တြဲ ထပ္တူ က်ေနတယ္လို႔ လည္း အစီရင္ခံမွာ ပါရွိပါတယ္။

ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္နဲ႔ ကခ်င္ျပည္နယ္အတြင္းက စစ္ပြဲပဋိပကၡေတြကို ဥပမာအေနနဲ႔ ေဖာ္ျပထားပါတယ္။ ဗုဒၶဘာသာ အစြန္းေရာက္မ်ိဳးခ်စ္ဝါဒီ မဘသလို အဖြဲ႕အစည္းေတြနဲ႔ ျမန္မာ စစ္တပ္နဲ႔ ဆက္ႏြယ္တဲ့ အဖြဲ႕ေတြက လူမႈမီဒီယာေတြကို အသုံးျပဳၿပီ အမုန္း တရား လႈံ႔ေဆာ္တဲ့ လႈပ္ရွားမႈေတြကိုလည္း အစီရင္ခံစာထဲ ေဖာ္ျပထားပါတယ္။

နိုင္ငံတကာ လူ႔အခြင့္အေရးခ်ိဳးေဖာက္သူေတြအေပၚအေရးယူပိုင္ခြင့္ရွိတဲ့ GLOBAL MAGNITSKYအက္ဥပေဒနဲ႔၂၀၁၉ခုႏွစ္အတြင္း ျမန္မာ စစ္တပ္ရဲ့ ကာကြယ္ေရး ဦးစီးခ်ဳပ္ အပါအဝင္ စစ္တပ္ ေခါင္းေဆာင္ေတြကို လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ အေရးယူခဲ့တာကို လည္း အစီရင္စာထဲမွာ ေဖာ္ျပထားပါတယ္။

ရိုဟင္ဂ်ာ မြတ္ဆလင္ေတြအျပင္ ဘာသာေရးအရနဲ႔ လူမ်ိဳးေရးအရ လူနည္းစုေတြအေပၚ ဆိုးဝါးတဲ့ လူ႔အခြင့္ခ်ိဳးေဖာက္မႈေတြေၾကာင့္ ျမန္မာနိုင္ငံကို ဘာသာေရး လြတ္လပ္ခြင့္ ခ်ိဳးေဖာက္တဲ့ စိုးရိမ္ရတဲ့ နိုင္ငံစာရင္းထဲ ဆက္လက္ ထည့္သြင္းထားဖို႔၊ ဘာသာေရး လြတ္လပ္ ခြင့္ ခ်ိဳးေဖာက္တဲ့ ျမန္မာနိုင္ငံက ဝန္ႀကီးဌာန အဖြဲ႕အစည္းေတြနဲ႔ လူပုဂၢိဳလ္ တစ္ဦးခ်င္းအေပၚ အေရးယူ ပိတ္ဆို႔မႈေတြ လုပ္ဖို႔၊ ၂၀၁၆ ခုႏွစ္က အေမရိကန္ သမၼတအမိန္႔နဲ႔ ဖ်က္သိမ္းခဲ့တဲ့ အေရးေပၚ အေျခအေနသတ္မွတ္ခ်က္ထဲ ျမန္မာနိုင္ငံကို ျပန္လည္ ထည့္သြင္း သတ္မွတ္ဖို႔နဲ႔ အေျခခံအခြင့္အေရးေတြကို ခ်ိဳးေဖာက္သူေတြ တာဝန္ခံလာေအာင္ အေမရိကန္အစိုးရက ဆက္လက္ ေဆာင္ရြက္ဖို႔ အစီရင္ခံစာမွာ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ကန် အစိုးရရဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့နိုင်ငံစာရင်းမှာ မြန်မာ ပါနေဆဲ
(Unicode)

မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့်စိုးရိမ်ရတဲ့ နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုက နှစ်စဉ်ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဆက်လက် ထည့်သွင်းထားဖို့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု ကော်မရှင် (USCIRF) က တိုက်တွန်း အကြံပြု လိုက် ပါတယ်။

အမေရိကန် အစိုးရက ဖွဲ့စည်းထားတဲ့ အဲဒီ ကော်မရှင်က ဧပြီလ ၂၈ ရက်စွဲနဲ့ ၂၀၂၀ ပြည့်နှစ် အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၁၄ နိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် စိုးရိမ်ရတဲ့ စာရင်းထဲမှာ ထည့်သွင်းဖို့ အမေရိကန် အစိုးရကို တိုက်တွန်း အကြံပြုထားတာပါ။

၁၉၉၈ ခုနှစ် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဥပဒေနဲ့ သတ်မှတ်တိုင်းတာချက်အရ မြန်မာနိုင်ငံဟာ ၂၀၁၉ ခုနှစ် အတွင်း ဘာသာ ရေး လွတ်လပ်ခွင့် တွေကို စနစ်တကျနဲ့ ဆိုးဆိုးရွားရွား ဆက်လက် ချိုးဖောက်နေတယ်လို့လည်း ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေနဲ့ အခြေခံ နိုင်ငံသား အခွင့်အရေး ချိုးဖောက်မှုတွေဟာ တစ်ခါတစ်ရံမှာ ဘာသာရေး ကွဲပြားမှုတွေနဲ့ ဒွန်တွဲ ထပ်တူ ကျနေတယ်လို့ လည်း အစီရင်ခံမှာ ပါရှိပါတယ်။

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းက စစ်ပွဲပဋိပက္ခတွေကို ဥပမာအနေနဲ့ ဖော်ပြထားပါတယ်။ ဗုဒ္ဓဘာသာ အစွန်းရောက်မျိုးချစ်ဝါဒီ မဘသလို အဖွဲ့အစည်းတွေနဲ့ မြန်မာ စစ်တပ်နဲ့ ဆက်နွယ်တဲ့ အဖွဲ့တွေက လူမှုမီဒီယာတွေကို အသုံးပြုပြီ အမုန်း တရား လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကိုလည်း အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးချိုးဖောက်သူတွေအပေါ်အရေးယူပိုင်ခွင့်ရှိတဲ့ GLOBAL MAGNITSKYအက်ဥပဒေနဲ့၂၀၁၉ခုနှစ်အတွင်း မြန်မာ စစ်တပ်ရဲ့ ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် စစ်တပ် ခေါင်းဆောင်တွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အရေးယူခဲ့တာကို လည်း အစီရင်စာထဲမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေအပြင် ဘာသာရေးအရနဲ့ လူမျိုးရေးအရ လူနည်းစုတွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်တဲ့ စိုးရိမ်ရတဲ့ နိုင်ငံစာရင်းထဲ ဆက်လက် ထည့်သွင်းထားဖို့၊ ဘာသာရေး လွတ်လပ် ခွင့် ချိုးဖောက်တဲ့ မြန်မာနိုင်ငံက ဝန်ကြီးဌာန အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းအပေါ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဖို့၊ ၂၀၁၆ ခုနှစ်က အမေရိကန် သမ္မတအမိန့်နဲ့ ဖျက်သိမ်းခဲ့တဲ့ အရေးပေါ် အခြေအနေသတ်မှတ်ချက်ထဲ မြန်မာနိုင်ငံကို ပြန်လည် ထည့်သွင်း သတ်မှတ်ဖို့နဲ့ အခြေခံအခွင့်အရေးတွေကို ချိုးဖောက်သူတွေ တာဝန်ခံလာအောင် အမေရိကန်အစိုးရက ဆက်လက် ဆောင်ရွက်ဖို့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG