သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ပလက္ဝမွာ စစ္ေဘးေရွာင္ဒုကၡသည္ ေျခာက္ေထာင္ေက်ာ္ရွိ


ျမန္မာစစ္တပ္ နဲ႔ AA လက္နက္ကိုင္တပ္တုိ႔ၾကား တုိက္ပဲြေၾကာင့္ ရခုိင္ေျမာက္ပိုင္းကေဒသခံေတြ အိုးအိမ္ေတြစြန္႔ၿပီး စစ္ေရွာင္ေနၾကပုံ (ဓါတ္ပုံ-AFP)

(Zawgyi)

ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ဘက္မွာ တုိက္ပဲြေတြေၾကာင့္ လူ ၆ ေထာင္ေလာက္ ေနရပ္စြန္႔ခြာထြက္ေျပးေနၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ဗီြအိုေအသတင္းေထာက္ ကိုသက္ႏုိ္င္ အျပည့္အစုံကို တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာ အခုရက္ပိုင္းအတြင္း တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ ပလက္ဝၿမိဳ႕ေပၚနဲ႔ တစ္ျခားေက်း႐ြာေတြမွာ ေနရပ္စြန႔္ခြာခိုလုံလာၾကတဲ့ စစ္ေဘးဒုကၡသည္ဦးေရဟာလည္း ၆ ေထာင္ေက်ာ္အထိ ရွိလာေနပါ တယ္။
ဒီကေန႔အထိလည္း တိုက္ပြဲေတြ အဆက္မျပတ္ ျဖစ္ေနတယ္လို႔ ပလက္ဝေဒသခံေတြက ေျပာၾကပါတယ္။ တိုက္ပြဲေၾကာင့္ ထြက္ေျပးၾကရတဲ့ ဒုကၡသည္ေတြအေျခအေနနဲ႔ပတ္သက္လို႔ ခ်င္းျပည္နယ္ ျပည္သူ႔လြတ္ေတာ္ ကိုယ္စားလွယ္ ဦးစိန္ေအာင္က အခုလို ေျပာပါ တယ္။

"ပလက္ဝမွာေရာ၊ စမီးမွာလည္း သုံးေထာင္ေလာက္ရွိတယ္။ ပလက္ဝမွာလည္း တိုးလာတယ္ဆိုေတာ့ သုံးေထာင္ ေလာက္ရွိတယ္ စမီးနဲ႔ ပလက္ဝေပါင္းလိုက္ရင္ ၆ ေထာင္ ေလာက္ရွိတယ္ေပါ့ေနာ္။ အခုတစ္ေလာ တိုက္ပြဲေတြ ျဖစ္ေနေတာ့ ေသဆုံးတာေတြ ဒဏ္ရာရတာေတြ ရွိေတာ့ သူတို႔က စိုးရိမ္ၿပီးေတာ့ စမီးနဲ႔ ၿမိဳ႕ေပၚကို တက္ၿပီး ေတာ့ ေရွာင္တာေပါ့ေနာ္။"

တိုက္ပြဲေတြေၾကာင့္ ပလက္ဝၿမိဳ႕နယ္အတြင္းက မြန္ေထာင့္ေက်း႐ြာမွာလည္း အခုရက္ပိုင္းထြက္ေျပ တိမ္းေရွာင္လာၾကသူေတြ ၃၀၀ ေလာက္ရွိတယ္လို႔ စစ္ေရွာင္ေတြကို ကူညီေပးေနတဲ့ မြန္ေတာင့္ေက်း႐ြာက ကိုသိန္းေ႐ႊက ေျပာပါတယ္။

"ပိညဝတ္ရယ္ ေနာက္ၿပီးေတာ့ နမဒါရယ္ ေရခ်မ္းဝရယ္ အဲဒီ႐ြာေတြကေရာက္လာၾကတာေပါ့ေနာ္။ အခုဆိုရင္ ဒီမွာ အကုန္လုံးက စစ္ေရွာင္ဦးေရ ၃၀၀ ေက်ာ္ေနပါၿပီခင္ဗ်။ လြန္ခဲ့တဲ့ ၄ရက္ေလာက္က ေရာက္လာၾကတာေပါ့။ တိုက္ပြဲအေျခအေနကေတာ့ အခုလက္ရွိျပင္းထန္ေနတယ္။ ခုနကပဲ လက္နက္ႀကီး က်ည္ေတြက်လာတယ္။ စစ္ေရွာင္ေတြကေတာ့ ေၾကာက္ေနၾကတာေပါ့။ ဒါေပမယ့္ ဒီ႐ြာက ထြက္သြားလို႔လည္းမရဘူး။ ပီေခ်ာင္းဖက္ ေရာ ပလက္ဝဖက္ေရာ ေအာက္ဖက္ကိုေရာ သြားလို႔မရဘူးျဖစ္ ေနပါတယ္ခင္ဗ်ာ။"

ပလက္ဝၿမိဳ႕နယ္အတြင္းမွာ လက္ရွိအခ်ိန္ထိ တိုက္ပြဲေတြ ျပင္းထန္ေနသလို စစ္ေရွာင္ဦးေရေတြဟာလည္း တိုးလာတာေၾကာင့္ သူတို႔အတြက္ ေဆးဝါးနဲ႔ စားဝတ္ေနေရးအခက္အခဲ ရွိေနတယ္လို႔ ခ်င္းျပည္နယ္ ျပည္သူ႔ လြတ္ေတာ္ ကိုယ္စားလွယ္ ဦးစိန္ေအာင္ကေျပာပါတယ္။

"အခက္အခဲကေတာ့ စမီးမွာလည္း ေနဖို႔ထိုင္ဖို႔က ေလာေလာဆယ္မွာေတာ့ ေက်ာင္းေတြ ဘာသာေရး အေဆာက္အအုံေတြမွာ ေနေတာ့ ေရရွည္ၾကလွ်င္ေတာ့ အဆင္မေျပဘူးေပါ့ေနာ္။ ေနာက္ေတာ့ ႐ြက္ဖ်င္တဲေတြ အလုံး ၁၅၀ေလာက္ ျပည္နယ္အစိုးရက အခုေဆာက္ေပးေနတယ္လို႔ ၾကားတယ္။ ပလက္ဝမွာေတာ့ စာသင္ေက်ာင္းေတြ ဘာသာေရး အေဆာက္အအုံေတြမွာ ခိုကပ္ၿပီး ေလာေလာဆယ္မွာ ေနၾကရတယ္လို႔ ၾကားတယ္။ စားဝတ္ေနေရး ၊ ေဆး၀ါးနဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ လိုမွာေပါ့ေနာ္။"

လက္ရွိအခ်ိန္မွာ စစ္ေဘးဒုကၡသည္ေတြအတြက္ အစိုးရနဲ႔ တစ္ျခားပုဂၢိလအဖြဲ႕အစည္းေတြက လာေရာက္ကူညီ တာေတြ ရွိေနေပမယ့္လည္း စစ္ေဘးဒုကၡသည္ေတြ အဆမတန္တိုးလာတာေၾကာင့္ လုံေလာက္မႈေသးလို ဒီေန႔အထိ စစ္ေရွာင္ေတြ ထပ္တိုးလာေနတာရွိတယ္လို႔ ပလက္ဝ စစ္ေရွာင္ကူညီသူေတြက ေျပာၾကပါတယ္။

(Unicode)

ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ တိုက်ပွဲတွေကြောင့် လူ ၆ ထောင်လောက် နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် ကိုသက်နိုင် အပြည့်အစုံကို တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပလက်ဝမြို့ပေါ်နဲ့ တစ်ခြားကျေးရွာတွေမှာ နေရပ်စွန့်ခွာခိုလုံလာကြတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာလည်း ၆ထောင်ကျော်အထိ ရှိလာနေပါ တယ်။
ဒီကနေ့အထိလည်း တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်နေတယ်လို့ ပလက်ဝဒေသခံတွေက ပြောကြပါတယ်။ တိုက်ပွဲကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေအခြေအနေနဲ့ပတ်သက်လို့ ချင်းပြည်နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးစိန်အောင်က အခုလို ပြောပါ တယ်။

"ပလက်ဝမှာရော၊ စမီးမှာလည်း သုံးထောင်လောက်ရှိတယ်။ ပလက်ဝမှာလည်း တိုးလာတယ်ဆိုတော့ သုံးထောင် လောက်ရှိတယ် စမီးနဲ့ ပလက်ဝပေါင်းလိုက်ရင် ၆ ထောင် လောက်ရှိတယ်ပေါ့နော်။ အခုတစ်လော တိုက်ပွဲတွေ ဖြစ်နေတော့ သေဆုံးတာတွေ ဒဏ်ရာရတာတွေ ရှိတော့ သူတို့က စိုးရိမ်ပြီးတော့ စမီးနဲ့ မြို့ပေါ်ကို တက်ပြီး တော့ ရှောင်တာပေါ့နော်။"

တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်အတွင်းက မွန်ထောင့်ကျေးရွာမှာလည်း အခုရက်ပိုင်းထွက်ပြေ တိမ်းရှောင်လာကြသူတွေ ၃၀၀ လောက်ရှိတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မွန်တောင့်ကျေးရွာက ကိုသိန်းရွှေက ပြောပါတယ်။

"ပိညဝတ်ရယ် နောက်ပြီးတော့ နမဒါရယ် ရေချမ်းဝရယ် အဲဒီရွာတွေကရောက်လာကြတာပေါ့နော်။ အခုဆိုရင် ဒီမှာ အကုန်လုံးက စစ်ရှောင်ဦးရေ ၃၀၀ ကျော်နေပါပြီခင်ဗျ။ လွန်ခဲ့တဲ့ ၄ရက်လောက်က ရောက်လာကြတာပေါ့။ တိုက်ပွဲအခြေအနေကတော့ အခုလက်ရှိပြင်းထန်နေတယ်။ ခုနကပဲ လက်နက်ကြီး ကျည်တွေကျလာတယ်။ စစ်ရှောင်တွေကတော့ ကြောက်နေကြတာပေါ့။ ဒါပေမယ့် ဒီရွာက ထွက်သွားလို့လည်းမရဘူး။ ပီချောင်းဖက် ရော ပလက်ဝဖက်ရော အောက်ဖက်ကိုရော သွားလို့မရဘူးဖြစ် နေပါတယ်ခင်ဗျာ။"

ပလက်ဝမြို့နယ်အတွင်းမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ရှောင်ဦးရေတွေဟာလည်း တိုးလာတာကြောင့် သူတို့အတွက် ဆေးဝါးနဲ့ စားဝတ်နေရေးအခက်အခဲ ရှိနေတယ်လို့ ချင်းပြည်နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးစိန်အောင်ကပြောပါတယ်။

"အခက်အခဲကတော့ စမီးမှာလည်း နေဖို့ထိုင်ဖို့က လောလောဆယ်မှာတော့ ကျောင်းတွေ ဘာသာရေး အဆောက်အအုံတွေမှာ နေတော့ ရေရှည်ကြလျှင်တော့ အဆင်မပြေဘူးပေါ့နော်။ နောက်တော့ ရွက်ဖျင်တဲတွေ အလုံး ၁၅၀လောက် ပြည်နယ်အစိုးရက အခုဆောက်ပေးနေတယ်လို့ ကြားတယ်။ ပလက်ဝမှာတော့ စာသင်ကျောင်းတွေ ဘာသာရေး အဆောက်အအုံတွေမှာ ခိုကပ်ပြီး လောလောဆယ်မှာ နေကြရတယ်လို့ ကြားတယ်။ စားဝတ်နေရေး ၊ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုမှာပေါ့နော်။"

လက်ရှိအချိန်မှာ စစ်ဘေးဒုက္ခသည်တွေအတွက် အစိုးရနဲ့ တစ်ခြားပုဂ္ဂိလအဖွဲ့အစည်းတွေက လာရောက်ကူညီ တာတွေ ရှိနေပေမယ့်လည်း စစ်ဘေးဒုက္ခသည်တွေ အဆမတန်တိုးလာတာကြောင့် လုံလောက်မှုသေးလို ဒီနေ့အထိ စစ်ရှောင်တွေ ထပ်တိုးလာနေတာရှိတယ်လို့ ပလက်ဝ စစ်ရှောင်ကူညီသူတွေက ပြောကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG