(Zawgyi/Unicode)
ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား ဒီမနက္ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕မွာ တိုက္ပြဲျဖစ္ပြားခဲ့ျပီး စစ္ေရးပဋိပကၡအၾကား ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ဖါးေပ်ာ္ရြာမွာ အိမ္ေျခ မီးေလာင္ခဲ့တဲ့အေၾကာင္း ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးသြားမွာပါ။
ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နဲ႔ ၃ မိုင္ေက်ာ္ကြာေ၀းတဲ့ ရိကၡာရပ္ကြက္ ထင္းေသေခ်ာင္းေရတံခြန္ေတာင္ကုန္းမွာ ဒီမနက္ပိုင္းမွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ပလက္၀ၿမိဳ႕ခံ တဦးက ေျပာပါတယ္။
“ျဖစ္ေနတယ္။ ထင္းေသေခ်ာင္း ေရတံခြန္ေအာက္ေပါ့။ ပလက္၀ၿမိဳ႕ ရိကၡာရပ္ကြက္ အဲဒီအၾကား။ တိုက္ပြဲကေတာ့ၾကိဳၾကား ၾကိဳၾကားျဖစ္ေနတယ္အခုလည္း။ ခဏေနရပ္လိုက္၊ ခဏေနျပန္ပစ္လိုက္၊ ခဏေနတလုံးႏွစ္လုံးထုလိုက္ အဲဒီလိုမ်ိဳးပဲ။ အခုပဲ ေလယာဥ္နဲ႔ လာလို႔ပစ္ၿပီးေတာ့ျပန္သြားတယ္။ လက္နက္ႀကီး ပစ္တယ္။”
တိုက္ပြဲျဖစ္စဥ္အတြင္း ျမန္မာစစ္တပ္ဘက္က ရဟတ္ယာဥ္နဲ႔ ပစ္ခတ္ခဲ့တယ္လို႔ ေဒသခံေတြကဆိုပါတယ္။
ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ေျပာခြင့္ရခိုင္သုခကေတာ့ ဒီကေန႔ ပလက္၀ၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲႏွစ္ၾကိမ္ျဖစ္ပြားတယ္လို႔ ဆိုပါတယ္။
“ဒီေန႔ဧၿပီလ ၇ ရက္ မနက္ ၇ နာရီ ၄၀ ကေန ၈ နာရီ ၁၅ အထိေပါ့ေနာ္။ ပလက္၀ၿမိဳ႕ရဲ႕ေတာင္ဘက္ မီတာ ၁,၀၀၀ ေလာက္အကြာမွာ ရွိတဲ့ ေတာင္ကုန္းမွာ ၃၅ မိနစ္အၾကာေလာက္ ရန္သူ႔တပ္ရင္းတရင္းနဲ႔ က်ေနာ္တို႔ ရခိုင္တပ္ေတာ္တပ္ဖြဲ႔ေတြ တိုက္ပြဲျဖစ္ပြားခဲ့တာ ရွိတယ္။ အဲဒီမွာရန္သူဘက္ကေတာ့ အထိခိုက္အက်ဆုံးေတြ ရွိတယ္။ ေနာက္တေနရာက ေတာ့ ပလက္၀ၿမိဳ႕နယ္ ေလာင္းကဒူးရြာရဲ႕အေရွ႕ေတာင္ဘက္ ၁ ကီလိုမီတာအကြာေပါ့ေနာ္။ ကုလားတန္ျမစ္ရဲ႕အေရွ႕ဘက္ ကမ္းမွာရွိတဲ့ ပလက္၀ တံတားေစာင့္ေနတဲ့ ရန္သူတပ္ရင္းတရင္းနဲ႔ တိုက္ပြဲျဖစ္တာ ရွိတယ္။ အဲဒီတိုက္ပြဲမွာေတာ့ ရန္သူ ဘက္က မ်က္ျမင္ ၅ ဦးက်ဆုံးတာ ရွိတယ္။ ရန္သူဂ်က္ဖိုက္တာတစီးက ေရာ့ကက္ေတြ စက္ေသနတ္ေတြနဲ႔ ၃ ၾကိမ္ေလာက္ လာေရာက္ပစ္ခတ္တာ ရွိတယ္။”
ပလက္၀ျမိဳ႕ တိုက္ပြဲျဖစ္စဥ္နဲ႔ ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ထုတ္ျပန္ေရးအဖြဲ႔ကို ဆက္သြယ္ေမးျမန္းရာမွာ ၄င္းတို႔ မသိရွိေသးေၾကာင္း ေျပာပါတယ္။
ဒီကေန႔ ပလက္၀ၿမိဳ႕နယ္အတြင္း ျဖစ္ပြားတဲ့ တိုက္ပြဲမွာ ျမန္မာစစ္တပ္ဘက္က ထိခိုက္မႈမ်ားတယ္လို႔ AA ဘက္ကေျပာဆိုေနေပမဲ့ သီးျခား အတည္မျပဳနိုင္ေသးပါဘူး။
အလားတူ ရခိုင္ျပည္နယ္ဘက္မွာလည္း စစ္ေရးတင္းမာမႈေတြ ရွိေနဆဲပါ။
တနလာၤေန႔ညပိုင္းမွာ စစ္ေရးပဋိပကၡအၾကား မင္းျပားၿမိဳ႕နယ္ဖါးေပ်ာ္ေက်းရြာ အိမ္ေျခေတြမီးေလာင္သြားတယ္လို႔ ရြာခံ တဦးကေျပာပါတယ္။
“ဖါးေပ်ာ္ရြာကို မီးရွိႈ႕တယ္။ ညေနကေလ။ အိမ္ေျခ ၃၀ ေလာက္ပါသြားတယ္လို႔ေျပာတယ္။ ေလာင္တာကေတာ့ သူတို႔ ရွိႈ႕တိုက္တာေပါ့။ သူတို႔ဒီေနရာမွာ ရွိေနတာကိုး။”
ဖါးေပ်ာ္ေက်းရြာကို ျမန္မာစစ္တပ္ကမီးရွိႈ႕သြားတယ္လို႔ ေဒသခံေတြက စြတ္စဲြေျပာဆိုေနၾကတာပါ။ တျခားဖါးေပ်ာ္ရြာသားတဦးကေတာ့
“ဖါးေပ်ာ္ရြာကို မေန႔က စစ္မျဖစ္ဘဲနဲ႔ စစ္တပ္က မီးရွိႈ႕လိုက္တယ္ရြာကို။ ညေနပိုင္း ၇ နာရီခြဲေလာက္က။”
တပ္မေတာ္သတင္းမွန္ ထုတ္ျပန္ေရးအဖြဲ႔ အတြင္းေရးမွဴးဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ မင္းျပားၿမိဳ႕နယ္အတြင္း ျဖစ္ပြားေနတဲ့ စစ္ေရးအေျခအေနကို မသိရွိေသးဘူးလို႔ေျပာပါတယ္။
“မင္းျပားဘက္မွာလည္းမသ္ိေသးပါဘူးဗ်ာ။ ဒိီေန႔ျဖစ္စဥ္က က်ေနာ္လည္း မသိေသးဘူး။”
ဖါးေပ်ာ္ေက်းရြာသားေထာင္ေက်ာ္ဟာ ျပီးခဲ့တဲ့မတ္လက စစ္ေရးပဋိပကၡကာလအတြင္း ေနရပ္ကေနစြန္႔ခြာၿပီး ေသကန္နဲ႔ နရမ္းစစ္ေရွာင္စခန္းမွာ ခိုလံႈေနၾကရတယ္လို႔ ဖါးေပ်ာ္ရြာသားေတြကေျပာပါတယ္။
“ရြာထဲမွာက လူမရွိေတာ့ဘူးေလ။ ရြာသားေတြက အကုန္လုံး ကယ္ဆယ္ေရးမွာေနၾကတယ္။ ေသကန္မွာက ၇၀၀၊ ၈၀၀ ေလာက္ရွိတယ္။ ျပီးရင္ နရမ္းကယ္ဆယ္ေရးမွာက ၃၀၀၊ ၄၀၀ ရွိတယ္။ အကုန္လုံးက်ေနာ္တို႔ရြာက လူေပါင္းက ၁,၀၀၀ ေက်ာ္ေလာက္ရွိတယ္။ နရမ္းနဲ႔ေသကန္မွာ။”
ျမန္မာစစ္တပ္နဲ႔ တိုက္ပြဲျဖစ္ပြားေနတဲ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကိုေတာ့ အစိုးရကေန တရားမ၀င္အဖြဲ႔နဲ႔ အၾကမ္းဖက္ အဖြဲ႔လို႔ မတ္လ ၂၃ ရက္ေန႔က ေၾကညာထားပါတယ္။
.................
ပလက်ဝမှာ AA နဲ့ မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်
[Unicode Version]
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ဒီမနက်ချင်းပြည်နယ် ပလက်ဝမြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးပဋိပက္ခအကြား ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ဖါးပျော်ရွာမှာ အိမ်ခြေ မီးလောင်ခဲ့တဲ့အကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးသွားမှာပါ။
ချင်းပြည်နယ် ပလက်ဝမြို့နဲ့ ၃ မိုင်ကျော်ကွာဝေးတဲ့ ရိက္ခာရပ်ကွက် ထင်းသေချောင်းရေတံခွန်တောင်ကုန်းမှာ ဒီမနက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပလက်ဝမြို့ခံ တဦးက ပြောပါတယ်။
“ဖြစ်နေတယ်။ ထင်းသေချောင်း ရေတံခွန်အောက်ပေါ့။ ပလက်ဝမြို့ ရိက္ခာရပ်ကွက် အဲဒီအကြား။ တိုက်ပွဲကတော့ကြိုကြား ကြိုကြားဖြစ်နေတယ်အခုလည်း။ ခဏနေရပ်လိုက်၊ ခဏနေပြန်ပစ်လိုက်၊ ခဏနေတလုံးနှစ်လုံးထုလိုက် အဲဒီလိုမျိုးပဲ။ အခုပဲ လေယာဉ်နဲ့ လာလို့ပစ်ပြီးတော့ပြန်သွားတယ်။ လက်နက်ကြီး ပစ်တယ်။”
တိုက်ပွဲဖြစ်စဉ်အတွင်း မြန်မာစစ်တပ်ဘက်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရခိုင်သုခကတော့ ဒီကနေ့ ပလက်ဝမြို့နယ်ဘက်မှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားတယ်လို့ ဆိုပါတယ်။
“ဒီနေ့ဧပြီလ ၇ ရက် မနက် ၇ နာရီ ၄၀ ကနေ ၈ နာရီ ၁၅ အထိပေါ့နော်။ ပလက်ဝမြို့ရဲ့တောင်ဘက် မီတာ ၁,၀၀၀ လောက်အကွာမှာ ရှိတဲ့ တောင်ကုန်းမှာ ၃၅ မိနစ်အကြာလောက် ရန်သူ့တပ်ရင်းတရင်းနဲ့ ကျနော်တို့ ရခိုင်တပ်တော်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ အဲဒီမှာရန်သူဘက်ကတော့ အထိခိုက်အကျဆုံးတွေ ရှိတယ်။ နောက်တနေရာက တော့ ပလက်ဝမြို့နယ် လောင်းကဒူးရွာရဲ့အရှေ့တောင်ဘက် ၁ ကီလိုမီတာအကွာပေါ့နော်။ ကုလားတန်မြစ်ရဲ့အရှေ့ဘက် ကမ်းမှာရှိတဲ့ ပလက်၀ တံတားစောင့်နေတဲ့ ရန်သူတပ်ရင်းတရင်းနဲ့ တိုက်ပွဲဖြစ်တာ ရှိတယ်။ အဲဒီတိုက်ပွဲမှာတော့ ရန်သူ ဘက်က မျက်မြင် ၅ ဦးကျဆုံးတာ ရှိတယ်။ ရန်သူဂျက်ဖိုက်တာတစီးက ရော့ကက်တွေ စက်သေနတ်တွေနဲ့ ၃ ကြိမ်လောက် လာရောက်ပစ်ခတ်တာ ရှိတယ်။”
ပလက်ဝမြို့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာ ၎င်းတို့ မသိရှိသေးကြောင်း ပြောပါတယ်။
ဒီကနေ့ ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက်မှုများတယ်လို့ AA ဘက်ကပြောဆိုနေပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
အလားတူ ရခိုင်ပြည်နယ်ဘက်မှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေဆဲပါ။
တနလာၤနေ့ညပိုင်းမှာ စစ်ရေးပဋိပက္ခအကြား မင်းပြားမြို့နယ်ဖါးပျော်ကျေးရွာ အိမ်ခြေတွေမီးလောင်သွားတယ်လို့ ရွာခံ တဦးကပြောပါတယ်။
“ဖါးပျော်ရွာကို မီးရှှို့တယ်။ ညနေကလေ။ အိမ်ခြေ ၃၀ လောက်ပါသွားတယ်လို့ပြောတယ်။ လောင်တာကတော့ သူတို့ ရှှို့တိုက်တာပေါ့။ သူတို့ဒီနေရာမှာ ရှိနေတာကိုး။”
ဖါးပျော်ကျေးရွာကို မြန်မာစစ်တပ်ကမီးရှိုှု့သွားတယ်လို့ ဒေသခံတွေက စွတ်စွဲပြောဆိုနေကြတာပါ။ တခြားဖါးပျော်ရွာသားတဦးကတော့
“ဖါးပျော်ရွာကို မနေ့က စစ်မဖြစ်ဘဲနဲ့ စစ်တပ်က မီးရှှို့လိုက်တယ်ရွာကို။ ညနေပိုင်း ၇ နာရီခွဲလောက်က။”
တပ်မတော်သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေကို မသိရှိသေးဘူးလို့ပြောပါတယ်။
“မင်းပြားဘက်မှာလည်းမသိသေးပါဘူးဗျာ။ ဒီနေ့ဖြစ်စဉ်က ကျနော်လည်း မသိသေးဘူး။”
ဖါးပျော်ကျေးရွာသားထောင်ကျော်ဟာ ပြီးခဲ့တဲ့မတ်လက စစ်ရေးပဋိပက္ခကာလအတွင်း နေရပ်ကနေစွန်ခွါပြီး သေကန်နဲ့ နရမ်းစစ်ရှောင်စခန်းမှာ ခိုလှုံနေကြရတယ်လို့ ဖါးပျော်ရွာသားတွေကပြောပါတယ်။
“ရွာထဲမှာက လူမရှိတော့ဘူးလေ။ ရွာသားတွေက အကုန်လုံး ကယ်ဆယ်ရေးမှာနေကြတယ်။ သေကန်မှာက ၇၀၀၊ ၈၀၀ လောက်ရှိတယ်။ ပြီးရင် နရမ်းကယ်ဆယ်ရေးမှာက ၃၀၀၊ ၄၀၀ ရှိတယ်။ အကုန်လုံးကျနော်တို့ရွာက လူပေါင်းက ၁,၀၀၀ ကျော်လောက်ရှိတယ်။ နရမ်းနဲ့သေကန်မှာ။”
မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကိုတော့ အစိုးရကနေ တရားမဝင်အဖွဲ့နဲ့ အကြမ်းဖက် အဖွဲ့လို့ မတ်လ ၂၃ ရက်နေ့က ကြေညာထားပါတယ်။