(Zawgyi/Unicode)
ရခိုင္ျပည္နယ္အတြင္း တႏွစ္ေက်ာ္တိုက္ပြဲျဖစ္စဥ္အတြင္း ေဒသခံစစ္ေရွာင္ဦးေရ ၁၅၀,၀၀၀ ေက်ာ္ တိုးမ်ားလာတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအရံုးကေန ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။ အထူးသျဖင့္ ဒီမတ္လထဲမွာ ျဖစ္တဲ့ စစ္ေရးပဋိပကၡအတြင္း ထပ္မံတိုးမ်ားလာတာလို႔ အဖြဲ႕အတြင္းေရးမွဴး ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။
“က်ေနာ္တို႔ ေဖေဖၚ၀ါရီလကုန္ရက္ ၂၉ ရက္ ေန႔က ထုတ္ျပန္ခ်က္ထဲမွာဆိုင္ရင္ ၁၂၈,၀၀၀ ေက်ာ္ေလာက္ရွိတာေပါ့။ အခုလက္ရွိက ၁၅၇,၀၀၀ ေက်ာ္ရွိလာၿပီ။ အခုေနာက္ဆုံး အေျခအေနဆိုရင္။ သူက ၃၀,၀၀၀ ေလာက္ကို တိုးသြားတာေပါ့ေနာ္။ ဘာေၾကာင့္ဒီလို တိုးသြားသလဲဆိုရင္ ေက်ာက္ေတာ္၊ ပလက္၀ဘက္မွာ ရွိတဲ့ မီး၀မွာ ျဖစ္ခဲ့တဲ့ တိုက္ပြဲေတြေနာက္ပိုင္းမွာ ေက်ာက္ေတာ္ကေန ပလက္၀ကိုသြားတဲ့ ကုလားတန္ျမစ္ေၾကာင္း တေလွ်ာက္ေပါ့ေနာ္။ ေနာက္ေက်ာက္ေတာ္အနီးနား ေက်းရြာေတြေပါ့။ ေက်းရြာေတြအကုန္လုံးလိုလိုမွာ တပ္မေတာ္က နယ္ေျမ ရွင္းလင္းေရးေတြ လုပ္တယ္။ ေနာက္အဲဒီမွာတိုက္ပြဲ ေတြလည္းျဖစ္တယ္။ ရြာလုံးကြ်တ္ထြက္ေျပးရတဲ့ ကိစၥေတြ အမ်ားၾကီးပဲ။
အလားတူ မင္းျပားၿမိဳ႕နယ္တိုင္း ဗဟို ၉ တပ္မေတာ္ ေလ့က်င့္ေရးေက်ာင္းကို AA ရခိုင္လက္နက္ကိုင္ဘက္က ၀င္ေရာက္ တိုက္ခိုက္အျပီး တပ္မေတာ္က နယ္ေျမရွင္းလင္းေရးလုပ္ေဆာင္ရာမွာ အနီးနားရြာေတြကလည္း တိမ္းေရွာင္ေနရျပီး ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ အစပ္ေက်းရြာဘက္မွာလည္း ရြာသားေတြ ထြက္ေျပးတိမ္းေရွာင္ေနၾကရတယ္လို႔ သူကဆိုပါတယ္။
ဒုကၡသည္စခန္းမွာ စစ္ေရွာင္ဦးေရမ်ားျပားလာတာနဲ႔အတူ စခန္းအတြင္းေနထိုင္စားေသာက္မႈေတြကလည္း အဆင္မေျပမႈေတြ ျဖစ္ေနပါတယ္။
အထူးသျဖင့္ Coronavirus COVID-19 ကပ္ေရာဂါ တကမၻာလံုး ရိုက္ခတ္ပ်ံ႕ႏွ႔ံေနတဲ့အေျခအေနေၾကာင့္ နိင္ငံတကာ အကူအညီေတြလည္း ရပ္ေနတယ္လို႔ ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။
“ဒီၾကားထဲမွာ အစိုးရဘက္ကလည္း ပုံမွန္ေထာက္ပံ့ေနတဲ့ အေထာက္ပံ့ေတြကို အဲဒီဘက္ေတြကို မေရာက္ေသးဘူးသိရတယ္။ နိုင္ငံတကာအဖြဲ႕အစည္းေတြက်လည္းပဲ လက္ရွိမွာသူတို႔ကလည္း COVID-19 နဲ႔ ပတ္သက္ၿပီးေတာ့မွ သူတို႔ရဲ႕လုပ္ငန္းေတြ ရပ္ဆိုင္းေန တယ္ေပါ့ေနာ္။ ေဒသခံေတြကပဲ ေလာေလာဆယ္ ေကြ်းေမြးေစာင့္ေရွာက္ထားတဲ့ အေျခအေနရွိပါတယ္။
အလားတူ စစ္ေရးတင္းမာေနတဲ့ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္မွာလည္း စစ္ေဘးေရွာင္ေတြထပ္မံ တိုးမ်ားလာေနပါ တယ္။ ဒီရက္ပိုင္းမွာ ပလက္၀ၿမိဳ႕နယ္အတြင္း တိုက္ပြဲေၾကာင့္ ေဒသခံ ၆၀ ေက်ာ္ဟာ ထန္တလန္ၿမိဳ႕နယ္ သီကီးရ္ရြာဘက္ကို ထပ္မံတိမ္းေရွာင္လာတယ္လို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႔ စည္ပင္သာယာေရး၀န္ႀကီးဦးစိုးထက္က ေျပာပါတယ္။
“အခုမိသားစု ၁၃ စုေပါ့။ လူ ၆၃ ေယာက္ပါခင္ဗ်။ မေန႔က မနက္ ဆမီးက ထြက္လာတယ္။ မတူပီမွာ အိပ္တယ္။ မတူပီကေန ဒီညထန္တလန္ ေရာက္ပါမယ္။ သူတို႔ ပလက္၀ကခင္ဗ်။ သူတို႔က အဲဒီမွာေနလို႔မျဖစ္ေတာ့ဘူး။ တိုက္ပြဲကလည္း မၾကာမၾကာျဖစ္တယ္ဆိုေတာ့။ မေနရဲေတာ့လို႔ ဒီဘက္ကို ထြက္ေျပးလာတယ္ေပါ့။”
လက္ရွိ ပလက္၀ၿမိဳ႕နယ္ဆမီးၿမိဳ႕မွာ စစ္ေရွာင္ဦးေရ ၂,၉၀၀ ခန္႔ရွိေနျပီး မတ္လအတြင္း ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေၾကာင့္ ေနရပ္ကေန တိမ္းေရွာင္လာၾကတယ္လို႔ ဦးစိုးထက္ကေျပာပါတယ္။
ျပီးခဲ့တဲ့ရက္က ပလက္၀ၿမိဳ႕နယ္ ေဘာင္၀ေက်းရြာဘက္မွာ တိုက္ပြဲျဖစ္ပြါးခဲ့ျပီး ေလယာဥ္နဲ႔ပစ္ခတ္မႈေၾကာင့္ ေနအိမ္ မီးေလာင္ခဲ့သလို အရပ္သားေတြလည္း ဒဏ္ရာရရွိျပီး ေနရပ္ကေနတိမ္းေရွာင္ဖို႔ စီစဥ္ေနတယ္လို႔ ၀န္ႀကီးဦးစိုးထက္က ဆိုပါတယ္။
“ေအာက္သဲမ၀အထက္နားက ကားလမ္းေပၚက ေဘာင္၀ဆိုတာ။ တိုက္ပြဲျဖစ္ျပီးေတာ့ေလယာဥ္ေပၚကေန ပစ္ခ်တဲ့အထဲမွာ အိမ္ေတြလည္း မီးေလာင္ကုန္တာေပါ့ေနာ္။ ၁၃ လုံးေလာက္မီးေလာင္သြားတယ္။ ဒဏ္ရာရတာ ၂ ေယာက္ရွိတယ္။ အဲဒီေဒသခံေတြ မေနရဲေတာ့ဘဲနဲ႔ အခု ပလက္၀ကို ထြက္ေျပးဖို႔ ျပင္ဆင္ေနၾကတယ္။ အခုလည္းထြက္လာေန ၾကျပီ။”
လက္ရွိ ခ်င္းျပည္နယ္၊ ပလက္၀ တၿမိဳ႕နယ္လံုးမွာ စစ္ေရွာင္ ၆,၀၀၀ ေက်ာ္ရွိေနတယ္လို႔ ဦးစိုးထက္က ေျပာပါတယ္။ ပလက္၀ၿမိဳ႕နယ္ရဲ႕ အဓိက ဆက္သြယ္ေရးလမ္းေၾကာင္းျဖစ္တဲ့ ေက်ာက္ေတာ္၊ ပလက္၀၊ ကုလားတန္ျမစ္ေၾကာင္း လမ္းဟာလည္း စစ္ေရးတင္းမာေနဆဲ အေျခအေနအရ သြားလာမႈကို လက္နက္ကိုင္တပ္ေတြက ပိတ္ပင္ထားတာေၾကာင့္ ရိကၡာ သယ္ေဆာင္လို႔ မရသလို စားနပ္ရိကၡာအခက္ခဲနဲ႔လည္း ၾကံဳေနရပါတယ္။
ဒါ့အျပင္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသၿမိဳ႕နယ္ေတြနဲ႔ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္မွာ အစိုးရကေန အင္တာနက္လိုင္း ပိတ္ပင္ထားပါတယ္။
ျမန္မာစစ္တပ္နဲ႔ တိုက္ပြဲျဖစ္ပြားေနတဲ့ AA အဖြဲ႕ကိုေတာ့ အစိုးရကေန တရားမ၀င္အဖြဲ႕နဲ႔ အၾကမ္းဖက္အဖြဲ႕လို႔ မတ္လ ၂၃ ရက္ေန႔က ေၾကညာထားပါတယ္။
[Unicode Version]
ရခိုင်နဲ့ချင်းမှာ စစ်ရှောင်အရေအတွက် ပိုများလာ
ရခိုင်ပြည်နယ်အတွင်း တနှစ်ကျော်တိုက်ပွဲဖြစ်စဉ်အတွင်း ဒေသခံစစ်ရှောင်ဦးရေ ၁၅၀,၀၀၀ ကျော် တိုးများလာတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကနေ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အထူးသဖြင့် ဒီမတ်လထဲမှာ ဖြစ်တဲ့ စစ်ရေးပဋိပက္ခအတွင်း ထပ်မံတိုးများလာတာလို့ အဖွဲ့အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။
“ကျနော်တို့ ဖေဖေါ်ဝါရီလကုန်ရက် ၂၉ ရက် နေ့က ထုတ်ပြန်ချက်ထဲမှာဆိုင်ရင် ၁၂၈,၀၀၀ ကျော်လောက်ရှိတာပေါ့။ အခုလက်ရှိက ၁၅၇,၀၀၀ ကျော်ရှိလာပြီ။ အခုနောက်ဆုံး အခြေအနေဆိုရင်။ သူက ၃၀,၀၀၀ လောက်ကို တိုးသွားတာပေါ့နော်။ ဘာကြောင့်ဒီလို တိုးသွားသလဲဆိုရင် ကျောက်တော်၊ ပလက်ဝဘက်မှာ ရှိတဲ့ မီးဝမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနောက်ပိုင်းမှာ ကျောက်တော်ကနေ ပလက်ဝကိုသွားတဲ့ ကုလားတန်မြစ်ကြောင်း တလျှောက်ပေါ့နော်။ နောက်ကျောက်တော်အနီးနား ကျေးရွာတွေပေါ့။ ကျေးရွာတွေအကုန်လုံးလိုလိုမှာ တပ်မတော်က နယ်မြေ ရှင်းလင်းရေးတွေ လုပ်တယ်။ နောက်အဲဒီမှာတိုက်ပွဲ တွေလည်းဖြစ်တယ်။ ရွာလုံးကျွတ်ထွက်ပြေးရတဲ့ ကိစ္စတွေ အများကြီးပဲ။
အလားတူ မင်းပြားမြို့နယ်တိုင်း ဗဟို ၉ တပ်မတော် လေ့ကျင့်ရေးကျောင်းကို AA ရခိုင်လက်နက်ကိုင်ဘက်က ဝင်ရောက် တိုက်ခိုက်အပြီး တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ အနီးနားရွာတွေကလည်း တိမ်းရှောင်နေရပြီး ဘူးသီးတောင်နဲ့ ရသေ့တောင် အစပ်ကျေးရွာဘက်မှာလည်း ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သူကဆိုပါတယ်။
ဒုက္ခသည်စခန်းမှာ စစ်ရှောင်ဦးရေများပြားလာတာနဲ့အတူ စခန်းအတွင်းနေထိုင်စားသောက်မှုတွေကလည်း အဆင်မပြေမှုတွေ ဖြစ်နေပါတယ်။
အထူးသဖြင့် Coronavirus COVID-19 ကပ်ရောဂါ တကမ္ဘာလုံး ရိုက်ခတ်ပျံ့နှံ့နေတဲ့အခြေအနေကြောင့် နိင်ငံတကာ အကူအညီတွေလည်း ရပ်နေတယ်လို့ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။
“ဒီကြားထဲမှာ အစိုးရဘက်ကလည်း ပုံမှန်ထောက်ပံ့နေတဲ့ အထောက်ပံ့တွေကို အဲဒီဘက်တွေကို မရောက်သေးဘူးသိရတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေကျလည်းပဲ လက်ရှိမှာသူတို့ကလည်း COVID-19 နဲ့ ပတ်သက်ပြီးတော့မှ သူတို့ရဲ့လုပ်ငန်းတွေ ရပ်ဆိုင်းနေ တယ်ပေါ့နော်။ ဒေသခံတွေကပဲ လောလောဆယ် ကျွေးမွေးစောင့်ရှောက်ထားတဲ့ အခြေအနေရှိပါတယ်။
အလားတူ စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း စစ်ဘေးရှောင်တွေထပ်မံ တိုးများလာနေပါ တယ်။ ဒီရက်ပိုင်းမှာ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ ၆၀ ကျော်ဟာ ထန်တလန်မြို့နယ် သီကီးရ်ရွာဘက်ကို ထပ်မံတိမ်းရှောင်လာတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဦးစိုးထက်က ပြောပါတယ်။
“အခုမိသားစု ၁၃ စုပေါ့။ လူ ၆၃ ယောက်ပါခင်ဗျ။ မနေ့က မနက် ဆမီးက ထွက်လာတယ်။ မတူပီမှာ အိပ်တယ်။ မတူပီကနေ ဒီညထန်တလန် ရောက်ပါမယ်။ သူတို့ ပလက်ဝကခင်ဗျ။ သူတို့က အဲဒီမှာနေလို့မဖြစ်တော့ဘူး။ တိုက်ပွဲကလည်း မကြာမကြာဖြစ်တယ်ဆိုတော့။ မနေရဲတော့လို့ ဒီဘက်ကို ထွက်ပြေးလာတယ်ပေါ့။”
လက်ရှိပလက်ဝမြို့နယ်ဆမီးမြို့မှာ စစ်ရှောင်ဦးရေ ၂,၉၀၀ ခန့်ရှိနေပြီး မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် နေရပ်ကနေ တိမ်းရှောင်လာကြတယ်လို့ ဦးစိုးထက်ကပြောပါတယ်။
ပြီးခဲ့တဲ့ရက်က ပလက်ဝမြို့နယ် ဘောင်ဝကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး လေယာဉ်နဲ့ပစ်ခတ်မှုကြောင့် နေအိမ် မီးလောင်ခဲ့သလို အရပ်သားတွေလည်း ဒဏ်ရာရရှိပြီး နေရပ်ကနေတိမ်းရှောင်ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးဦးစိုးထက်က ဆိုပါတယ်။
“အောက်သဲမဝအထက်နားက ကားလမ်းပေါ်က ဘောင်ဝဆိုတာ။ တိုက်ပွဲဖြစ်ပြီးတော့လေယာဉ်ပေါ်ကနေ ပစ်ချတဲ့အထဲမှာ အိမ်တွေလည်း မီးလောင်ကုန်တာပေါ့နော်။ ၁၃ လုံးလောက်မီးလောင်သွားတယ်။ ဒဏ်ရာရတာ ၂ ယောက်ရှိတယ်။ အဲဒီဒေသခံတွေ မနေရဲတော့ဘဲနဲ့ အခု ပလက်ဝကို ထွက်ပြေးဖို့ ပြင်ဆင်နေကြတယ်။ အခုလည်းထွက်လာနေ ကြပြီ။”
လက်ရှိ ချင်းပြည်နယ်၊ ပလက်၀ တမြို့နယ်လုံးမှာ စစ်ရှောင် ၆,၀၀၀ ကျော်ရှိနေတယ်လို့ ဦးစိုးထက်က ပြောပါတယ်။ ပလက်ဝမြို့နယ်ရဲ့ အဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကျောက်တော်၊ ပလက်ဝ၊ ကုလားတန်မြစ်ကြောင်း လမ်းဟာလည်း စစ်ရေးတင်းမာနေဆဲ အခြေအနေအရ သွားလာမှုကို လက်နက်ကိုင်တပ်တွေက ပိတ်ပင်ထားတာကြောင့် ရိက္ခာ သယ်ဆောင်လို့ မရသလို စားနပ်ရိက္ခာအခက်ခဲနဲ့လည်း ကြုံနေရပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမြို့နယ်တွေနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အစိုးရကနေ အင်တာနက်လိုင်း ပိတ်ပင်ထားပါတယ်။
မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ AA အဖွဲ့ကိုတော့ အစိုးရကနေ တရားမဝင်အဖွဲ့နဲ့ အကြမ်းဖက်အဖွဲ့လို့ မတ်လ ၂၃ ရက်နေ့က ကြေညာထားပါတယ်။