သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္ ခရစ္ယာန္ဘာသာေရးေခါင္းေဆာင္ႏွစ္ဦး ျမစ္ႀကီးနား ေထာင္ပို႔


ျမစ္ႀကီးနား ေထာင္

(zawgyi/Unicode)

ျမစ္ႀကီးနားရဲစခန္းမွာ ထိန္းသိမ္းထားတဲ့ ကခ်င္ ဘာသာေရး အမႈေဆာင္ႏွစ္ဦးကို ေဖေဖာ္ဝါရီလ ၁၁ ရက္၊ အဂၤါေန႔က ျမစ္ႀကီးနား ေထာင္ကို ပို႔လိုက္ၿပီလို႔ ကခ်င္ဥပေဒပညာရွင္နဲ႔ တက္ႂကြလႈပ္ရွားသူေတြက ေျပာပါတယ္။ ႏွစ္ ၆၀ ျပည့္ ကခ်င္ေတာ္လွန္ေရးေန႔ အထိမ္းအမွတ္ ဆုေတာင္းပြဲကို ဦးစီး စီစဥ္သူႏွစ္ဦးကို မတရားအသင္းဆက္သြယ္မႈ ဥပေဒပုဒ္မ ၁၇ (၁) နဲ႔ တပ္မေတာ္ဘက္က တရားစြဲဆိုထားတာပါ။ သူတို႔ေတြျပန္လြတ္ေျမာက္ေရး ကခ်င္ ႏွစ္ခ်င္းခရစ္ယာန္အဖြဲ႔ခ်ဳပ္အပါအဝင္ ကခ်င္ၿငိမ္းခ်မ္းေရး အက်ဳိးေဆာင္ေတြ တပ္မေတာ္နဲ႔ ညႇိႏိႈင္းေနတဲ့ၾကားက သူတို႔ႏွစ္ဦးကို ဘာ့ေၾကာင့္ ေထာင္ထဲ ပို႔လိုက္ရတာပါလဲ၊ မဆုမြန္ စုစည္း တင္ျပထားပါတယ္။

ေဖေဖာ္ဝါရီလ (၅)ရက္ေန႔က ကခ်င္လြတ္လပ္ေရးအဖဲြ႔ KIO/ကခ်င္လြတ္ေျမာက္ေရးတပ္ KIA ေတာ္လွန္ေရးစတင္ခဲ့တဲ့ ႏွစ္ ၆၀ျပည့္ ဆုေတာင္းပဲြအခမ္းအနားကို ျမစ္ၾကီးနားၿမိဳ႕ ေနာင္နန္းေဂ်ာ္ဘြမ္ ဆုေတာင္းေတာင္မွာ က်င္းပခဲ့တာပါ။ ဒီပဲြက်င္းပတာနဲ႔ပတ္သက္ၿပီး ေဖေဖာ္ဝါရီလ ၆ရက္ေန႔မွာေတာ့ ေဂ်ာ္ဘြမ္ဆုေတာင္းေတာင္က ဘာသာေရးတာ၀န္ခံ ဆရာ ဦးေဒါင္လြမ္နဲ႔ လူငယ္တာ၀န္ခံ ဦးတူးထန္တုိ႔ကို တပ္မေတာ္က လာေရာက္ေခၚယူၿပီး ျမစ္ၾကီးနားၿမိဳ႔ ၿမိဳ႔မ ရဲစခန္းမွာ စစ္ေဆးေမးျမန္းခဲ့ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ သူတို႔ ၂ေယာက္ကို မတရားအသင္းနဲ႔ ဆက္သြယ္မႈ ပုဒ္မ ၁၇(၁)နဲ႔ အမႈဖြင့္ထားခဲ့တာပါ။

ကခ်င္ဘာသာေရးအမႈေဆာင္(၂)ဦး လြတ္ေျမာက္ေရးအတြက္ ကခ်င္ႏွစ္ခ်င္းခရစ္ယာန္အဖဲ႔ြခ်ဳပ္ KBC၊ ကခ်င္အမ်ိဳးသားအတုိင္ပင္ခံေကာင္စီ WMR နဲ႔ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖဲြ႔ PCG က ေခါင္းေဆာင္ေတြ တရားစြဲဆိုထားတဲ့ တပ္မေတာ္ဘက္က ေျမာက္ပိုင္းတုိင္းစစ္တုိင္းမႈးနဲ႔ သြားေရာက္ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကပါတယ္။

ဒါေပမဲ့လို႔ ဒီကေန႔ ေဖေဖာ္ဝါရီလ ၁၁ရက္ေန႔မွာေတာ့ ေဂ်ာ္ဘြမ္ ဆုေတာင္းေတာင္က ကခ်င္ဘာသာေရးအမႈေဆာင္(၂)ဦးျဖစ္တဲ့ ဦးေဒါင္လြမ္နဲ႔ ဦးတူးထန္တို႔ကို ျမစ္ၾကီးနားအက်ဥ္းေထာင္ထဲကို ပို႔ေဆာင္လိုက္တဲ့အတြက္ အက်ဥ္းေထာင္ေရွ႕ ကခ်င္ၿငိမ္းခ်မ္းေရးလႈပ္ရွားသူေတြ ကခ်င္ျပည္သူေတြ ကခ်င္လူငယ္ေတြ သြားေရာက္ဝန္းရံခဲ့ၾကပါတယ္။

ကခ်င္ဘာသာေရးအမႈေဆာင္ေတြကို ရက္ပိုင္းအတြင္းမွာပဲ ျမစ္ၾကီးနားအက်ဥ္းေထာင္ထဲ ထည့္ခ်ဳပ္ေႏွာင္ခြင့္ တရားဥပေဒလမ္းေၾကာင္း နဲ႔ညီပါရဲ႕လားဆိုတဲ့ အေမးကိုေတာ့- ကခ်င္လႈပ္ရွားသူေတြဘက္က ဥပေဒေၾကာင္းရ လိုက္လံကူညီေပးေနသူတဦးျဖစ္တဲ့ ကခ်င္ဥပေဒပညာရွင္ ကခ်င္ေရွ႕ေနဦးမုန္စိုင္းထူးက ေျပာပါတယ္။

“လြန္ခဲ့တဲ့ ၅ ရက္ေန႔က KIA ေတာ္လွန္ေရး အထိမ္းအမွတ္ပြဲ လုပ္တယ္ဆိုၿပီးမွ အဲဒီမွာ ပါတဲ့စာသားေတြ အသံုးျပဳတဲ့စာသားေတြ သူတို႔ မႀကိဳက္ဘူးဆိုၿပီးမွ တာ၀န္ခံ ၂ ေယာက္ျဖစ္တဲ့ ဓမၼဆရာ ၂ ေယာက္ကို ၁၇/၁ နဲ႔ တရားစြဲတယ္ ၅ ရက္ေလာက္ကေတာ့ ရဲစခန္းမွာ ခ်ဳပ္ထားတယ္ ။ ၿပီးေတာ့ အခု ဒီေန႔ သူတုို႔ကို ေထာင္ပို႔လိုက္တယ္။ အခု က်ေနာ္တို႔အေနနဲ႔ ၾကည့္မယ္ဆိုရင္ ၁၇/၁ မွာဆိုရင္ ကိုယ္တိုင္အားေပးကူညီမႈ ေပၚေပၚထင္ထင္ရွိတယ္ဆိုမွ ၁၇/၁နဲ႔ တရားစြဲလို႔ရမယ္။ ဒါေပမယ့္ အားေပးကူညီတာေတြကို ေပၚေပၚထင္ထင္ သက္ေသမျပႏိုင္ဘူးဆိုရင္ ၁၇/၁နဲ႔ သူတို႔ကို ဖမ္းတာကေတာ့ ဖမ္းတာေပါ့ေနာ္ ။ ဒါေပမယ့္ က်ေနာ္တို႔ ျမင္တာကေတာ့ မေျမာက္ဘူးလို႔ ျမင္တယ္။ သူတို႔ကို အခ်ဳပ္ထဲမွာပဲ ထားသင့္တာဟုတ္တယ္။ ဒုတိယမွာဆိုရင္ ရမန္ယူၿပီးတာနဲ႔ ေထာင္ႀကီးကို ပို႔ဖို႔ေတာ့ဟုတ္တယ္။”

အခုလို သူတို႔ႏွစ္ဦးကို ျမစ္ၾကီးနားအက်ဥ္းေထာင္ထဲကိုပို႔ေဆာင္လိုက္ခ်ိန္ ျမစ္ၾကီးနားအက်ဥ္းေထာင္ေရွ႕အထိသြားေရာက္ဝန္းရံခဲ့တဲ့ ကိုယ္တုိင္လည္း ကခ်င္ၿငိမ္းခ်မ္းေရး သရုပ္ေဖာ္တင္ဆက္မႈေၾကာင့္ ျမစ္ၾကီးနားေထာင္ထဲ အက်ဥ္းခ်ခံခဲ့ရသူ ကခ်င္အမ်ိဳးသမီး ဆုိင္းႏုပန္က ၿငိမ္းခ်မ္းစြာလႈပ္ရွားသူေတြအေပၚ တရားစြဲဆိုေနတာနဲ႔မတရားဖမ္းဆီး ခ်ဳပ္ေႏွာင္မႈေတြကို အျမန္ဆံုးရပ္တန္႔ေပးဖို႔ ေတာင္းဆိုပါတယ္။

“ မနက္က က်မတို႔ ၁၁ နာရီခြဲေလာက္ကေပါ့ေနာ္ ဆရာ ၂ ေယာက္ကို ၀န္းရံတဲ့ လူငယ္ေတြရယ္ KBC ဘက္က ဆရာတခ်ိဳ႕ေတြရယ္ ဖုန္းဆက္လာပါတယ္။ ၁၁ နာရီခြဲေလာက္မွာ ဆရာ ၂ ေယာက္ကို ေထာင္ပို႔ဖို႔ လုပ္ေနၾကၿပီဆိုၿပီးေတာ့မွ ဖုန္းဆက္လာတယ္ ။ အဲဒါေၾကာင့္ က်မလည္း သြားလိုက္တယ္ေပါ့ေနာ။ ဒါေပမယ့္ ေရာက္တဲ့အခါမွာ ဆရာ ၂ ေယာက္ကို သူတို႔ ေထာင္ပို႔ၿပီးေနၿပီ။ ျဖစ္ေစခ်င္တဲ့ ဆႏၵေတြကို က်မတို႔ ေဖာ္ထုတ္တာျဖစ္တယ္ ။ ဒါက Freedom of expression လို႔ က်မအေနနဲ႔ ျမင္တယ္။ သူတို႔ ေပးတဲ့ message မွာလည္း အရမ္းျပင္းထန္လြန္းတာမပါဘူး။ ဆိုလိုတာက ၿငိမ္းခ်မ္းတဲ့တိုင္းျပည္ကိုလိုလားခ်င္ၿပီ။ ေအးေအးခ်မ္းခ်မ္းနဲ႔ ျပည္သူလူထုေတြ အတူတကြ ယွဥ္တြဲေနထိုင္ခ်င္ၿပီ ဆိုတဲ့ Message ပဲ ေတြ႔ရတယ္။ ဆိုေတာ့ ဒါက ေထာင္ပို႔ရေလာက္ေအာင္အထိ ျပင္းထန္တာမဟုတ္ဘူးလို႔ က်မျမင္တယ္။ အသင္းေတာ္ဆရာေတြျဖစ္တယ္ အခု ေထာင္မွာ အဖမ္းခံရတယ္ဆုိတာကေတာ့ ေတာ္ေတာ္ေလး သူတို႔ ဘက္ကေန စဥ္းစားလည္း မေကာင္းဘူးေပါ့ေနာ္။ ၿပီးေတာ့ သူတုိ႕ မိသားစုဘက္ကေနစဥ္းစားရင္လည္း အရမ္းခံစားေပးတယ္ေပါ့ေနာ္။ ဘာေၾကာင့္လဲဆိုေတာ့ ကုိယ္တိုင္လည္း ဒီလိုၾကံဳခဲ႔ရတယ္ဆိုေတာ့။ ဒီလိုမ်ိဳး တရားမွ်တမႈ မရွိတာ၊ ဥပေဒမဲ့လုပ္ေနတဲ့ လုပ္ရပ္ေတြကိုေတာ့ အျမန္ဆံုးေျဖရွင္းေပးဖုိ႔လိုအပ္တယ္။ ၿပီးေတာ့ သက္ဆိုင္ရာအာဏာပိုင္ေတြ ဘက္ကေရာ တရားေရးဘက္ေရာ ဒါကို လစ္လ်ဴရႈတာမလုပ္ပဲနဲ႔ ဥပေဒလမ္းေၾကာင္းအတိုင္း တရားမွ်တမႈ ရွိရွိ လုပ္ေပးဖို႔အတြက္ က်မကေတာ့ ေမွ်ာ္လင့္တယ္လို႔ ေျပာခ်င္ပါတယ္။”

ကခ်င္ေတာ္လွန္ေရးေန႔ ဆုေတာင္းပဲြအခမ္းအနားကို ကခ်င္အမ်ိဳးသားအတိုင္ပင္ခံအဖဲြ႔ WMR က ဦးေဆာင္က်င္းပခဲ့တာျဖစ္ၿပီး ဒီဆုေတာင္းပဲြဟာ ႏွစ္၆၀ေက်ာ္ၾကာခံစားရတဲ့ ဒုကၡေတြ ကင္းလြတ္ေစဖုိ႔၊ အစိုးရ၊ တပ္မေတာ္နဲ႔ လက္နက္ကိုင္အဖဲြ႔အားလံုးအတြက္ဆုေတာင္းေပးရံုသာမက ၿငိမ္းခ်မ္းေရးအျမန္ရရိွၿပီး IDP ေခၚ စစ္ေရွာင္ဒုကၡသည္ေတြ အျမန္ျပန္ႏိုင္ေရးကိုလည္း ဆုေတာင္းခဲ့ေၾကာင္း၊ သရုပ္ေဖာ္တင္ဆက္မႈဟာလည္း စစ္ရဲ့ အနိဌာရံု၊ စစ္ေၾကာင့္ ဆံုးရႈံးပ်က္ဆီးမႈနဲ႔ ၿငိမ္းခ်မ္းေရးအျမန္ရရိွေအာင္ေဆာင္ရြက္ဖုိ႔အတြက္ သတင္းစကားပါးလိုတာသာျဖစ္ေၾကာင္း ကခ်င္အမ်ိဳးသားအတိုင္ပင္ခံအဖဲြ႔ က ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

ကချင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်နှစ်ဦး မြစ်ကြီးနားထောင်ပို့

(Unicode)

မြစ်ကြီးနားရဲစခန်းမှာ ထိန်းသိမ်းထားတဲ့ ကချင် ဘာသာရေး အမှုဆောင်နှစ်ဦးကို ဖေဖော်ဝါရီလ ၁၁ ရက်၊ အင်္ဂါနေ့က မြစ်ကြီးနား ထောင်ကို ပို့လိုက်ပြီလို့ ကချင်ဥပဒေပညာရှင်နဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ နှစ် ၆၀ ပြည့် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲကို ဦးစီး စီစဉ်သူနှစ်ဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ တပ်မတော်ဘက်က တရားစွဲဆိုထားတာပါ။ သူတို့တွေပြန်လွတ်မြောက်ရေး ကချင် နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်အပါအဝင် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တွေ တပ်မတော်နဲ့ ညှိနှိုင်းနေတဲ့ကြားက သူတို့နှစ်ဦးကို ဘာ့ကြောင့် ထောင်ထဲ ပို့လိုက်ရတာပါလဲ၊ မဆုမွန် စုစည်း တင်ပြထားပါတယ်။

ဖေဖော်ဝါရီလ (၅)ရက်နေ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO/ကချင်လွတ်မြောက်ရေးတပ် KIA တော်လှန်ရေးစတင်ခဲ့တဲ့ နှစ် ၆၀ပြည့် ဆုတောင်းပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ နောင်နန်းဂျော်ဘွမ် ဆုတောင်းတောင်မှာ ကျင်းပခဲ့တာပါ။ ဒီပွဲကျင်းပတာနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ ၆ရက်နေ့မှာတော့ ဂျော်ဘွမ်ဆုတောင်းတောင်က ဘာသာရေးတာဝန်ခံ ဆရာ ဦးဒေါင်လွမ်နဲ့ လူငယ်တာဝန်ခံ ဦးတူးထန်တို့ကို တပ်မတော်က လာရောက်ခေါ်ယူပြီး မြစ်ကြီးနားမြို့ မြို့မ ရဲစခန်းမှာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူတို့ ၂ယောက်ကို မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ထားခဲ့တာပါ။

ကချင်ဘာသာရေးအမှုဆောင်(၂)ဦး လွတ်မြောက်ရေးအတွက် ကချင်နှစ်ချင်းခရစ်ယာန်အဖဲ့ွချုပ် KBC၊ ကချင်အမျိုးသားအတိုင်ပင်ခံကောင်စီ WMR နဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ခေါင်းဆောင်တွေ တရားစွဲဆိုထားတဲ့ တပ်မတော်ဘက်က မြောက်ပိုင်းတိုင်းစစ်တိုင်းမှုးနဲ့ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမဲ့လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာတော့ ဂျော်ဘွမ် ဆုတောင်းတောင်က ကချင်ဘာသာရေးအမှုဆောင်(၂)ဦးဖြစ်တဲ့ ဦးဒေါင်လွမ်နဲ့ ဦးတူးထန်တို့ကို မြစ်ကြီးနားအကျဉ်းထောင်ထဲကို ပို့ဆောင်လိုက်တဲ့အတွက် အကျဉ်းထောင်ရှေ့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူတွေ ကချင်ပြည်သူတွေ ကချင်လူငယ်တွေ သွားရောက်ဝန်းရံခဲ့ကြပါတယ်။

ကချင်ဘာသာရေးအမှုဆောင်တွေကို ရက်ပိုင်းအတွင်းမှာပဲ မြစ်ကြီးနားအကျဉ်းထောင်ထဲ ထည့်ချုပ်နှောင်ခွင့် တရားဥပဒေလမ်းကြောင်း နဲ့ညီပါရဲ့လားဆိုတဲ့ အမေးကိုတော့- ကချင်လှုပ်ရှားသူတွေဘက်က ဥပဒေကြောင်းရ လိုက်လံကူညီပေးနေသူတဦးဖြစ်တဲ့ ကချင်ဥပဒေပညာရှင် ကချင်ရှေ့နေဦးမုန်စိုင်းထူးက ပြောပါတယ်။

“လွန်ခဲ့တဲ့ ၅ ရက်နေ့က KIA တော်လှန်ရေး အထိမ်းအမှတ်ပွဲ လုပ်တယ်ဆိုပြီးမှ အဲဒီမှာ ပါတဲ့စာသားတွေ အသုံးပြုတဲ့စာသားတွေ သူတို့ မကြိုက်ဘူးဆိုပြီးမှ တာဝန်ခံ ၂ ယောက်ဖြစ်တဲ့ ဓမ္မဆရာ ၂ ယောက်ကို ၁၇/၁ နဲ့ တရားစွဲတယ် ၅ ရက်လောက်ကတော့ ရဲစခန်းမှာ ချုပ်ထားတယ် ။ ပြီးတော့ အခု ဒီနေ့ သူတို့ကို ထောင်ပို့လိုက်တယ်။ အခု ကျနော်တို့အနေနဲ့ ကြည့်မယ်ဆိုရင် ၁၇/၁ မှာဆိုရင် ကိုယ်တိုင်အားပေးကူညီမှု ပေါ်ပေါ်ထင်ထင်ရှိတယ်ဆိုမှ ၁၇/၁နဲ့ တရားစွဲလို့ရမယ်။ ဒါပေမယ့် အားပေးကူညီတာတွေကို ပေါ်ပေါ်ထင်ထင် သက်သေမပြနိုင်ဘူးဆိုရင် ၁၇/၁နဲ့ သူတို့ကို ဖမ်းတာကတော့ ဖမ်းတာပေါ့နော် ။ ဒါပေမယ့် ကျနော်တို့ မြင်တာကတော့ မမြောက်ဘူးလို့ မြင်တယ်။ သူတို့ကို အချုပ်ထဲမှာပဲ ထားသင့်တာဟုတ်တယ်။ ဒုတိယမှာဆိုရင် ရမန်ယူပြီးတာနဲ့ ထောင်ကြီးကို ပို့ဖို့တော့ဟုတ်တယ်။”

အခုလို သူတို့နှစ်ဦးကို မြစ်ကြီးနားအကျဉ်းထောင်ထဲကိုပို့ဆောင်လိုက်ချိန် မြစ်ကြီးနားအကျဉ်းထောင်ရှေ့အထိသွားရောက်ဝန်းရံခဲ့တဲ့ ကိုယ်တိုင်လည်း ကချင်ငြိမ်းချမ်းရေး သရုပ်ဖော်တင်ဆက်မှုကြောင့် မြစ်ကြီးနားထောင်ထဲ အကျဉ်းချခံခဲ့ရသူ ကချင်အမျိုးသမီး ဆိုင်းနုပန်က ငြိမ်းချမ်းစွာလှုပ်ရှားသူတွေအပေါ် တရားစွဲဆိုနေတာနဲ့မတရားဖမ်းဆီး ချုပ်နှောင်မှုတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ တောင်းဆိုပါတယ်။

“ မနက်က ကျမတို့ ၁၁ နာရီခွဲလောက်ကပေါ့နော် ဆရာ ၂ ယောက်ကို ဝန်းရံတဲ့ လူငယ်တွေရယ် KBC ဘက်က ဆရာတချို့တွေရယ် ဖုန်းဆက်လာပါတယ်။ ၁၁ နာရီခွဲလောက်မှာ ဆရာ ၂ ယောက်ကို ထောင်ပို့ဖို့ လုပ်နေကြပြီဆိုပြီးတော့မှ ဖုန်းဆက်လာတယ် ။ အဲဒါကြောင့် ကျမလည်း သွားလိုက်တယ်ပေါ့နော။ ဒါပေမယ့် ရောက်တဲ့အခါမှာ ဆရာ ၂ ယောက်ကို သူတို့ ထောင်ပို့ပြီးနေပြီ။ ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ကျမတို့ ဖော်ထုတ်တာဖြစ်တယ် ။ ဒါက Freedom of expression လို့ ကျမအနေနဲ့ မြင်တယ်။ သူတို့ ပေးတဲ့ message မှာလည်း အရမ်းပြင်းထန်လွန်းတာမပါဘူး။ ဆိုလိုတာက ငြိမ်းချမ်းတဲ့တိုင်းပြည်ကိုလိုလားချင်ပြီ။ အေးအေးချမ်းချမ်းနဲ့ ပြည်သူလူထုတွေ အတူတကွ ယှဉ်တွဲနေထိုင်ချင်ပြီ ဆိုတဲ့ Message ပဲ တွေ့ရတယ်။ ဆိုတော့ ဒါက ထောင်ပို့ရလောက်အောင်အထိ ပြင်းထန်တာမဟုတ်ဘူးလို့ ကျမမြင်တယ်။ အသင်းတော်ဆရာတွေဖြစ်တယ် အခု ထောင်မှာ အဖမ်းခံရတယ်ဆိုတာကတော့ တော်တော်လေး သူတို့ ဘက်ကနေ စဉ်းစားလည်း မကောင်းဘူးပေါ့နော်။ ပြီးတော့ သူတို့ မိသားစုဘက်ကနေစဉ်းစားရင်လည်း အရမ်းခံစားပေးတယ်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင်လည်း ဒီလိုကြုံခဲ့ရတယ်ဆိုတော့။ ဒီလိုမျိုး တရားမျှတမှု မရှိတာ၊ ဥပဒေမဲ့လုပ်နေတဲ့ လုပ်ရပ်တွေကိုတော့ အမြန်ဆုံးဖြေရှင်းပေးဖို့လိုအပ်တယ်။ ပြီးတော့ သက်ဆိုင်ရာအာဏာပိုင်တွေ ဘက်ကရော တရားရေးဘက်ရော ဒါကို လစ်လျူရှုတာမလုပ်ပဲနဲ့ ဥပဒေလမ်းကြောင်းအတိုင်း တရားမျှတမှု ရှိရှိ လုပ်ပေးဖို့အတွက် ကျမကတော့ မျှော်လင့်တယ်လို့ ပြောချင်ပါတယ်။”

ကချင်တော်လှန်ရေးနေ့ ဆုတောင်းပွဲအခမ်းအနားကို ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ဒီဆုတောင်းပွဲဟာ နှစ်၆၀ကျော်ကြာခံစားရတဲ့ ဒုက္ခတွေ ကင်းလွတ်စေဖို့၊ အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အားလုံးအတွက်ဆုတောင်းပေးရုံသာမက ငြိမ်းချမ်းရေးအမြန်ရရှိပြီး IDP ခေါ် စစ်ရှောင်ဒုက္ခသည်တွေ အမြန်ပြန်နိုင်ရေးကိုလည်း ဆုတောင်းခဲ့ကြောင်း၊ သရုပ်ဖော်တင်ဆက်မှုဟာလည်း စစ်ရဲ့ အနိဌာရုံ၊ စစ်ကြောင့် ဆုံးရှုံးပျက်ဆီးမှုနဲ့ ငြိမ်းချမ်းရေးအမြန်ရရှိအောင်ဆောင်ရွက်ဖို့အတွက် သတင်းစကားပါးလိုတာသာဖြစ်ကြောင်း ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG