သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘာသာေရးလြတ္လပ္ခြင့္အတြက္ အစိုးရယႏၲရားေတြ ပါဝင္လုပ္ဖို႔လို


အေမရိကန္ျပည္ေထာင္စုက ၂၀၁၇ ခုႏွစ္တြင္ ထုတ္ျပန္ခဲ့သည့္ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာ။

(Zawgyi / Unicode)

ျမန္မာႏုိင္ငံတြင္းမွာ လြတ္လပ္စြာ ကိုးကြယ္ယံုၾကည္ခြင့္ရမယ္၊ အစိုးရယႏၱရားေတြ အေနနဲ႔လည္း ဘာသာေရးဆိုင္ရာ ဖိႏွိပ္မႈေတြကို ဟန္႔တားႏိုင္မယ္ဆိုရင္ေတာ့ ျမန္မာႏိုင္ငံရဲ႕ ဘာသာေရး လြတ္လပ္ခြင့္နဲ႔ ပတ္သက္ၿပီး ႏုိင္ငံတကာရဲ႕ ေဝဖန္မႈေတြ ေလ်ာ့ပါးသြားမယ္လို႔ ျမန္မာႏုိင္ငံတြင္းက ဘာသာေရးေခါင္းေဆာင္ေတြက ေျပာဆိုလိုက္ပါတယ္။ ဘာသာေရးလြတ္လပ္ခြင့္ကို စနစ္တက် ခ်ိဳးေဖာက္ေနဆဲ ျဖစ္တယ္ဆိုၿပီး ဘာသာေရးလြတ္လပ္ခြင့္အတြက္ စိုးရိမ္ရတဲ့ ကမာၻ႔ႏုိင္ငံမ်ားစာရင္း ၂၀၁၉ အစီရင္ခံစာထဲ ျမန္မာႏိုင္ငံကို အေမရိကန္က ဆက္ၿပီး ထည့္သြင္းလိုက္ပါတယ္။ ဒီလိုထည့္သြင္းခံရတာနဲ႔ ပတ္သက္ၿပီး ဘာသာေရးေခါင္းေဆာင္ေတြနဲ႔ ဘာသာေရး ကိုးကြယ္ယံုၾကည္မႈ လြတ္လပ္ဖို႔ လႈပ္ရွားေတာင္းဆိုသူေတြရဲ႕ သေဘာထား အျမင္ေတြကို မဆုမြန္ ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ႏွစ္စဥ္ထုတ္ျပန္တဲ့ ဘာသာေရးလြတ္လပ္ခြင့္ အစီရင္ခံစာထဲမွာ ျမန္မာႏိုင္ငံကို စိုးရိမ္ရတဲ့ ႏုိင္ငံစာရင္းမွာ ဆက္လက္ ထည့္သြင္းလိုက္ပါတယ္။ ၁၉၉၈ ခုႏွစ္ ႏိုင္ငံတကာ ဘာသာေရးလြတ္လပ္ခြင့္ ဥပေဒအရ ျမန္မာႏုိင္ငံ အပါအဝင္ ႏိုင္ငံတခ်ဳိ႕မွာ ဘာသာေရးလြတ္လပ္ခြင့္ စနစ္တက် ခ်ဳိးေဖာက္ေနတယ္၊ ဆက္လက္ခ်ဳိးေဖာက္မႈေတြကိုလည္း လက္ပိုက္ၾကည့္ေနတယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ ႏိုင္ငံသားတုိင္း ကိုးကြယ္ယံုၾကည္ရာ လြတ္လပ္ခြင့္ဆိုင္ရာ အေျခခံဥပေဒပါ အခြင့္အေရးေတြကို ေပးလိုက္မယ္ဆိုရင္ ဒီစိုးရိမ္ခ်က္ေတြ ေလ်ာ့ပါးသြားႏုိင္မယ္လို႔ ၿငိမ္းခ်မ္းေရးအတြက္ အဓိကဦးေဆာင္ ေဆာင္ရြက္ေနတဲ့ ၿငိမ္းခ်မ္းေမတၱာ ဘာသာေပါင္းစုံ ၿငိမ္းခ်မ္းေရးအဖြဲ႔ (Religion for Peace) အဖြဲ႔ဝင္လည္းျဖစ္ အစၥလာမ္ ဓမၼဗိမာန္ ဦးေဆာင္ေဆာ္ၾသေရးမွဴးလည္းျဖစ္တဲ့ ဦးေအးလြင္က အႀကံျပဳပါတယ္။

“က်ေနာ္တို႔ရဲ႕ ဖြဲ႔စည္းပုံအေျခခံ အဆင့္ဆင့္၊ ၄၇ ၾကည့္မလား၊ ၇၄ ၾကည့္မလား၊ ၂၀၀၈ ဆုိတာႀကီးကုိပဲ ၾကည့္မလား၊ အားလုံး လြတ္လပ္စြာ ကိုးကြယ္ခြင့္ဆုိတာ ရွိပါတယ္။ သုိ႔ေသာ္လည္း အဲဒီ လြတ္လပ္စြာ ကုိးကြယ္ခြင့္ဆုိတာ ေျမျပင္မွာ လက္ေတြ႔ အေကာင္အထည္ ေပၚလာဖုိ႔အတြက္က ေျမျပင္မွာ က်ေနာ္တို႔ လုပ္ဖုိ႔ကိစၥရပ္ေတြ အမ်ားႀကီး ရွိေသးတယ္။ အဲဒါေတြကို ထိထိေရာက္ေရာက္ ေစတနာပါပါ လက္ေတြ႔က်က်ေလး ျပဳျပင္ေျပာင္းလဲၿပီးေတာ့ တကယ္တမ္း ဘာသာေပါင္းစုံကုိ ဖြဲ႔စည္းပုံ အေျခခံဥပေဒမွာ ဥပေဒအရ ေပးထားတဲ့အတုိင္း က်ေနာ္တုိ႔ ဘာမွ အထူးပိုၿပီး မလိုအပ္ပါဘူး။ ဥပေဒက ေပးထားတဲ့အတုိင္းေလးပဲ ေစတနာမွန္မွန္ေလး လုပ္ျပလုိက္မယ္ ဆုိရင္ကို ျပည္တြင္းျပည္ပမွာ အမ်ားႀကီး အက်ဳိးေတြ ရလာပါမယ္။”

ျမန္မာႏုိင္ငံတြင္း အထူးသျဖင့္ ေဝးလံေခါင္သီတဲ့ တုိင္းရင္းသားေဒသေတြမွာ လြတ္လပ္စြာ ကိုးကြယ္ယံုၾကည္မႈဆိုင္ရာ ေဆာင္ရြက္ခ်က္ေတြကို ပိုၿပီးေတာ့မွ အေလးထား ေဆာင္ရြက္သင့္တယ္လို႔လည္း ကခ်င္ႏွစ္ျခင္းခရစ္ယာန္မ်ား အဖြဲ႔ခ်ဳပ္က ေဒါက္တာခလမ္ဆမ္ဆြမ္ကလည္း ေျပာပါတယ္။

“က်ေနာ္တုိ႔ ဖြဲ႔စည္းပုံ အေျခခံဥပေဒမွာ ဘာသာေရးလြတ္လပ္ခြင့္ ဆုိတာေတာ့ ပါေပမယ့္လည္း၊ လြတ္လပ္ခြင့္ ဆုိတဲ့ေနရာမွာ ကိုးကြယ္ခြင့္က နည္းနည္း လုိေသးတယ္လို႔ ျမင္တယ္။ အထူးသျဖင့္ က်ေနာ္တုိ႔ ခရစ္ယာန္ပုိင္းမွာ ၿမိဳ႕ေတြထဲမွာေတာ့ ေျပာစရာမလုိေပမယ့္လည္း နယ္ဘက္မွာေတြက်ေတာ့ နည္းနည္း ေျပာစရာေတြ ရွိပါတယ္။”

ျမန္မာႏုိင္ငံရဲ႕ ဘာသာေရး လြတ္လပ္မႈအေပၚ အေမရိကန္ အပါအဝင္ ႏုိင္ငံတကာရဲ႕ စိုးရိမ္မႈေတြနဲ႔ ပတ္သက္ၿပီး အစိုးရပိုင္းအေနနဲ႔ သာသနာေရးဝန္ႀကီးဌာန အပါအဝင္ အစိုးရယႏၱရားအတြင္း ဘာသာေရး လြတ္လပ္ခြင့္ဆိုင္ရာ ေဆာင္ရြက္ခ်က္ေတြကို ကိုးကြယ္ရာဘာသာ မခြဲျခားဘဲ ရည္ရြယ္ခ်က္ရွိရွိ ဖိႏွိပ္မႈေတြ မလုပ္ဖို႔လည္း Syenergy လူမႈသဟဇာတေဖာ္ေဆာင္မႈအဖြဲ႔ ဦးေဆာင္သူ ကိုသက္ေဆြဝင္းကလည္း တိုက္တြန္းပါတယ္။

“ျဖစ္ေနတဲ့ဟာကို သူတုိ႔ ထင္ဟပ္ၿပီးေတာ့ ထည့္ေပးတာပဲေလ။ ျမန္မာႏုိင္ငံသားေတြထဲမွာလည္း စိုးရိမ္မႈရွိတယ္။ အထူးသျဖင့္ ဒီဘာသာေရး လူနည္းစုေတြေပါ့၊ မြတ္စလင္ အပါအဝင္ ခရစ္ယာန္ေတြေရာ သူတုိ႔ဆီမွာလည္း ဖိႏွိပ္ခံရမႈေတြက ဆက္တုိက္ အစုိးရ Structure ပုိင္းအရ ဖိႏွိပ္ေနတာမ်ဳိးေတြလည္း ရွိတုန္းပဲ။ ပိုဆုိးလာတာက အစိုးရကေနၿပီးေတာ့ လူနည္းစု ဘာသာဝင္ေတြကို သြားၿပီးေတာ့ ေထာက္ပံ့တယ္ဆုိတဲ့ ပုံစံမ်ဳိးနဲ႔ ဓာတ္ပုံေတြ ဟုိတေလာက တက္လာတာမ်ဳိးေတြ။ ဗလီေတြသြားတယ္၊ Church ေတြသြားတယ္၊ ဘုရားေက်ာင္းေတြ သြားတယ္ဆုိတဲ့ ဟာမ်ဳိးေတြ တက္လာတယ္။ အဲဒီဟာ စစ္မွန္တဲ့ အေျပာင္းအလဲလုိ ဟာမ်ဳိးဆုိရင္ေတာ့ က်ေနာ္တုိ႔ဆီမွာ ေနာက္ပုိင္း ဘာသာေရးနဲ႔ ပတ္သက္တဲ့ ျပႆနာမ်ဳိးေတြ ျဖစ္ဖုိ႔ကေတာ့ နည္းမွာေပါ့၊ အစုိးရကေန ဖိႏွိပ္တာမ်ဳိးေတြကေတာ့ နည္းမွာေပါ့။ သုိ႔ေသာ္ တကယ္တမ္း အဲဒီလိုဟာမ်ဳိးေတြက ဟန္ျပသြားခဲ့တာ ျဖစ္ၿပီးေတာ့ ႏုိင္ငံေရးအရ အသုံးခ်တာမ်ဳိးဆုိရင္ တုိင္းျပည္အတြက္ ပုိၿပီး ျပႆနာေတြ ျဖစ္လာႏုိင္ေခ် ရွိေသးတယ္။

“အဲေတာ့ ဒါမ်ဳိး စာရင္းထဲမွာ ထည့္ထားတဲ့ကိစၥက က်ေနာ္တုိ႔လည္း စိတ္ပူတဲ့ကိစၥ၊ တကမၻာလုံးကလည္း စိတ္ပူမွာပဲ။ ျပည္တြင္းထဲမွာရွိတဲ့ ျပည္သူေတြ အမ်ားစုကလည္း ပုိၿပီး စိတ္ပူၾကမွာပဲ။ ေရြးေကာက္ပြဲလည္း နီးလာၿပီ။ ဒါကလည္း ျဖစ္ေလ့ျဖစ္ထရွိတဲ့ ပုံစံမ်ဳိး ျဖစ္ေနေတာ့ ဒါမ်ဳိး ပဋိပကၡေတြနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ ဝုိင္းၿပီးေတာ့ ကာကြယ္ေစာင့္ေရွာက္ဖုိ႔ လိုေသးတယ္ ဆုိတဲ့ဟာကို Alarm ေပးလုိက္တဲ့ ပုံစံမ်ဳိးပါပဲ။ ၿပီးတဲ့အခါ အစုိးရရဲ႕ ယႏၱရားျဖစ္တဲ့ သာသနာေရး ဝန္ႀကီးဌာန၊ သာသနာေရး ဝန္ႀကီးဌာနဆုိတာ ျဖစ္သင့္တာက သာသနာအားလုံးအတြက္ အလုပ္လုပ္တဲ့ ဝန္ႀကီးဌာန ျဖစ္ရမယ္ဆုိတာ၊ အခုဟာက တဘာသာတည္းကုိ ပုိၿပီးေတာ့ Favour ေပးတဲ့ပုံစံမ်ဳိးေပါ့၊ ပိုၿပီးေတာ့ အေလးေပးတဲ့ ပုံစံမ်ဳိးေတြလည္း ေတြ႔ရတယ္။ အစုိးရ ယႏၱရားကေန တြန္းပို႔ေနတဲ့ ပုံစံမ်ဳိးေပါ့၊ အဲဒီတခုတည္းကုိပဲ အစိုးရေနၿပီးေတာ့ Favour ေပးတယ္ေပါ့။ ၿပီးေတာ့ အဲဒီဘာသာမဟုတ္တဲ့ တျခားဘာသာေတြက်ေတာ့ ပုိၿပီးေတာ့ ခက္ခဲေအာင္လုပ္တယ္ဆုိတဲ့ ပုံစံမ်ဳိးေတြက ဒါကေတာ့ လက္ရွိျဖစ္တဲ့ ျပႆနာေတြပါ။ ဒါမ်ဳိး ျပႆနာေြကို က်ေနာ္တို႔ အစုိးရေတြကို ေတြ႔တဲ့အခါ ေျပာျဖစ္တယ္။ ဝုိင္းၿပီး လုပ္ေဆာင္ေနတဲ့ အခါေတြမွာ ေျပာျဖစ္တယ္။ သို႔ေသာ္ အခုထိ ဘာမွ ေျပာင္းလဲလာတာေတြ မရွိေသးပါဘူး။”

အေမရိကန္တို႔ထုတ္ျပန္တဲ့ ဘာသာေရးလြတ္လပ္မႈဆိုင္ရာ အစီရင္ခံစာထဲ ကမာၻတဝွမ္း ဘယ္ေနရာမွာမဆို လူတိုင္းဟာ ကိုယ္ယံုၾကည္ ကိုးကြယ္တဲ့အတိုင္း လြတ္လြတ္လပ္လပ္ ေနထိုင္ခြင့္ရွိတယ္လို႔ အေမရိကန္ျပည္ေထာင္စုက ယံုၾကည္ေၾကာင္းလည္း ေဖာ္ျပထားသလို အေျခခံအခြင့္အေရးေတြကို ခ်ဳိးေဖာက္ေနတဲ့ ႏိုင္ငံေတြ၊ အဖဲြ႔အစည္းေတြကို သူတုိ႔လုပ္ရပ္အတြက္ တာဝန္ခံေအာင္ အေမရိကန္က ဆက္လက္ ေဆာင္ရြက္သြားမယ္လို႔လည္း ဒီဇင္ဘာ ၁၈ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

႐ုိဟင္ဂ်ာမြတ္စလင္ေတြအျပင္ ဘာသာေရးအရနဲ႔ လူမ်ဳိးေရးအရ လူနည္းစုေတြအေပၚ ဆိုးဝါးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြေၾကာင့္ ျမန္မာအစိုးရ စစ္တပ္ေခါင္းေဆာင္ ၄ ေယာက္ကို မၾကာေသးခင္က အေမရိကန္ဘက္က ဒဏ္ခတ္အေရးယူခဲ့တာကို အဲဒီအစီရင္ခံစာထဲ ဥပမာေပးထားပါတယ္။ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာႏိုင္ငံကေတာ့ ဘာသာေရးလြတ္လပ္ခြင့္ မရွိဘူးဆိုတဲ့ စြပ္စြဲခ်က္ေတြကို ပယ္ခ်ပါတယ္။

----------------------------------

(Unicode)

ဘာသာရေးလွတ်လပ်ခွင့်အတွက် အစိုးရယန္တရားတွေ ပါဝင်လုပ်ဖို့လို

မြန်မာနိုင်ငံတွင်းမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရမယ်၊ အစိုးရယန္တရားတွေ အနေနဲ့လည်း ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုတွေကို ဟန့်တားနိုင်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ လျော့ပါးသွားမယ်လို့ မြန်မာနိုင်ငံတွင်းက ဘာသာရေးခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်ကို စနစ်တကျ ချိုးဖောက်နေဆဲ ဖြစ်တယ်ဆိုပြီး ဘာသာရေးလွတ်လပ်ခွင့်အတွက် စိုးရိမ်ရတဲ့ ကမ္ဘာ့နိုင်ငံများစာရင်း ၂၀၁၉ အစီရင်ခံစာထဲ မြန်မာနိုင်ငံကို အမေရိကန်က ဆက်ပြီး ထည့်သွင်းလိုက်ပါတယ်။ ဒီလိုထည့်သွင်းခံရတာနဲ့ ပတ်သက်ပြီး ဘာသာရေးခေါင်းဆောင်တွေနဲ့ ဘာသာရေး ကိုးကွယ်ယုံကြည်မှု လွတ်လပ်ဖို့ လှုပ်ရှားတောင်းဆိုသူတွေရဲ့ သဘောထား အမြင်တွေကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို စိုးရိမ်ရတဲ့ နိုင်ငံစာရင်းမှာ ဆက်လက် ထည့်သွင်းလိုက်ပါတယ်။ ၁၉၉၈ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ဥပဒေအရ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတချို့မှာ ဘာသာရေးလွတ်လပ်ခွင့် စနစ်တကျ ချိုးဖောက်နေတယ်၊ ဆက်လက်ချိုးဖောက်မှုတွေကိုလည်း လက်ပိုက်ကြည့်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံသားတိုင်း ကိုးကွယ်ယုံကြည်ရာ လွတ်လပ်ခွင့်ဆိုင်ရာ အခြေခံဥပဒေပါ အခွင့်အရေးတွေကို ပေးလိုက်မယ်ဆိုရင် ဒီစိုးရိမ်ချက်တွေ လျော့ပါးသွားနိုင်မယ်လို့ ငြိမ်းချမ်းရေးအတွက် အဓိကဦးဆောင် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းမေတ္တာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (Religion for Peace) အဖွဲ့ဝင်လည်းဖြစ် အစ္စလာမ် ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူးလည်းဖြစ်တဲ့ ဦးအေးလွင်က အကြံပြုပါတယ်။

“ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံ အဆင့်ဆင့်၊ ၄၇ ကြည့်မလား၊ ၇၄ ကြည့်မလား၊ ၂၀၀၈ ဆိုတာကြီးကိုပဲ ကြည့်မလား၊ အားလုံး လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတာ ရှိပါတယ်။ သို့သော်လည်း အဲဒီ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတာ မြေပြင်မှာ လက်တွေ့ အကောင်အထည် ပေါ်လာဖို့အတွက်က မြေပြင်မှာ ကျနော်တို့ လုပ်ဖို့ကိစ္စရပ်တွေ အများကြီး ရှိသေးတယ်။ အဲဒါတွေကို ထိထိရောက်ရောက် စေတနာပါပါ လက်တွေ့ကျကျလေး ပြုပြင်ပြောင်းလဲပြီးတော့ တကယ်တမ်း ဘာသာပေါင်းစုံကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဥပဒေအရ ပေးထားတဲ့အတိုင်း ကျနော်တို့ ဘာမှ အထူးပိုပြီး မလိုအပ်ပါဘူး။ ဥပဒေက ပေးထားတဲ့အတိုင်းလေးပဲ စေတနာမှန်မှန်လေး လုပ်ပြလိုက်မယ် ဆိုရင်ကို ပြည်တွင်းပြည်ပမှာ အများကြီး အကျိုးတွေ ရလာပါမယ်။”

မြန်မာနိုင်ငံတွင်း အထူးသဖြင့် ဝေးလံခေါင်သီတဲ့ တိုင်းရင်းသားဒေသတွေမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဆောင်ရွက်ချက်တွေကို ပိုပြီးတော့မှ အလေးထား ဆောင်ရွက်သင့်တယ်လို့လည်း ကချင်နှစ်ခြင်းခရစ်ယာန်များ အဖွဲ့ချုပ်က ဒေါက်တာခလမ်ဆမ်ဆွမ်ကလည်း ပြောပါတယ်။

“ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာသာရေးလွတ်လပ်ခွင့် ဆိုတာတော့ ပါပေမယ့်လည်း၊ လွတ်လပ်ခွင့် ဆိုတဲ့နေရာမှာ ကိုးကွယ်ခွင့်က နည်းနည်း လိုသေးတယ်လို့ မြင်တယ်။ အထူးသဖြင့် ကျနော်တို့ ခရစ်ယာန်ပိုင်းမှာ မြို့တွေထဲမှာတော့ ပြောစရာမလိုပေမယ့်လည်း နယ်ဘက်မှာတွေကျတော့ နည်းနည်း ပြောစရာတွေ ရှိပါတယ်။”

မြန်မာနိုင်ငံရဲ့ ဘာသာရေး လွတ်လပ်မှုအပေါ် အမေရိကန် အပါအဝင် နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရပိုင်းအနေနဲ့ သာသနာရေးဝန်ကြီးဌာန အပါအဝင် အစိုးရယန္တရားအတွင်း ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ဆောင်ရွက်ချက်တွေကို ကိုးကွယ်ရာဘာသာ မခွဲခြားဘဲ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှုတွေ မလုပ်ဖို့လည်း Syenergy လူမှုသဟဇာတဖော်ဆောင်မှုအဖွဲ့ ဦးဆောင်သူ ကိုသက်ဆွေဝင်းကလည်း တိုက်တွန်းပါတယ်။

“ဖြစ်နေတဲ့ဟာကို သူတို့ ထင်ဟပ်ပြီးတော့ ထည့်ပေးတာပဲလေ။ မြန်မာနိုင်ငံသားတွေထဲမှာလည်း စိုးရိမ်မှုရှိတယ်။ အထူးသဖြင့် ဒီဘာသာရေး လူနည်းစုတွေပေါ့၊ မွတ်စလင် အပါအဝင် ခရစ်ယာန်တွေရော သူတို့ဆီမှာလည်း ဖိနှိပ်ခံရမှုတွေက ဆက်တိုက် အစိုးရ Structure ပိုင်းအရ ဖိနှိပ်နေတာမျိုးတွေလည်း ရှိတုန်းပဲ။ ပိုဆိုးလာတာက အစိုးရကနေပြီးတော့ လူနည်းစု ဘာသာဝင်တွေကို သွားပြီးတော့ ထောက်ပံ့တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဓာတ်ပုံတွေ ဟိုတလောက တက်လာတာမျိုးတွေ။ ဗလီတွေသွားတယ်၊ Church တွေသွားတယ်၊ ဘုရားကျောင်းတွေ သွားတယ်ဆိုတဲ့ ဟာမျိုးတွေ တက်လာတယ်။ အဲဒီဟာ စစ်မှန်တဲ့ အပြောင်းအလဲလို ဟာမျိုးဆိုရင်တော့ ကျနော်တို့ဆီမှာ နောက်ပိုင်း ဘာသာရေးနဲ့ ပတ်သက်တဲ့ ပြဿနာမျိုးတွေ ဖြစ်ဖို့ကတော့ နည်းမှာပေါ့၊ အစိုးရကနေ ဖိနှိပ်တာမျိုးတွေကတော့ နည်းမှာပေါ့။ သို့သော် တကယ်တမ်း အဲဒီလိုဟာမျိုးတွေက ဟန်ပြသွားခဲ့တာ ဖြစ်ပြီးတော့ နိုင်ငံရေးအရ အသုံးချတာမျိုးဆိုရင် တိုင်းပြည်အတွက် ပိုပြီး ပြဿနာတွေ ဖြစ်လာနိုင်ချေ ရှိသေးတယ်။

“အဲတော့ ဒါမျိုး စာရင်းထဲမှာ ထည့်ထားတဲ့ကိစ္စက ကျနော်တို့လည်း စိတ်ပူတဲ့ကိစ္စ၊ တကမ္ဘာလုံးကလည်း စိတ်ပူမှာပဲ။ ပြည်တွင်းထဲမှာရှိတဲ့ ပြည်သူတွေ အများစုကလည်း ပိုပြီး စိတ်ပူကြမှာပဲ။ ရွေးကောက်ပွဲလည်း နီးလာပြီ။ ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုး ဖြစ်နေတော့ ဒါမျိုး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဝိုင်းပြီးတော့ ကာကွယ်စောင့်ရှောက်ဖို့ လိုသေးတယ် ဆိုတဲ့ဟာကို Alarm ပေးလိုက်တဲ့ ပုံစံမျိုးပါပဲ။ ပြီးတဲ့အခါ အစိုးရရဲ့ ယန္တရားဖြစ်တဲ့ သာသနာရေး ဝန်ကြီးဌာန၊ သာသနာရေး ဝန်ကြီးဌာနဆိုတာ ဖြစ်သင့်တာက သာသနာအားလုံးအတွက် အလုပ်လုပ်တဲ့ ဝန်ကြီးဌာန ဖြစ်ရမယ်ဆိုတာ၊ အခုဟာက တဘာသာတည်းကို ပိုပြီးတော့ Favour ပေးတဲ့ပုံစံမျိုးပေါ့၊ ပိုပြီးတော့ အလေးပေးတဲ့ ပုံစံမျိုးတွေလည်း တွေ့ရတယ်။ အစိုးရ ယန္တရားကနေ တွန်းပို့နေတဲ့ ပုံစံမျိုးပေါ့၊ အဲဒီတခုတည်းကိုပဲ အစိုးရနေပြီးတော့ Favour ပေးတယ်ပေါ့။ ပြီးတော့ အဲဒီဘာသာမဟုတ်တဲ့ တခြားဘာသာတွေကျတော့ ပိုပြီးတော့ ခက်ခဲအောင်လုပ်တယ်ဆိုတဲ့ ပုံစံမျိုးတွေက ဒါကတော့ လက်ရှိဖြစ်တဲ့ ပြဿနာတွေပါ။ ဒါမျိုး ပြဿနာေွကို ကျနော်တို့ အစိုးရတွေကို တွေ့တဲ့အခါ ပြောဖြစ်တယ်။ ဝိုင်းပြီး လုပ်ဆောင်နေတဲ့ အခါတွေမှာ ပြောဖြစ်တယ်။ သို့သော် အခုထိ ဘာမှ ပြောင်းလဲလာတာတွေ မရှိသေးပါဘူး။”

အမေရိကန်တို့ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ အစီရင်ခံစာထဲ ကမ္ဘာတဝှမ်း ဘယ်နေရာမှာမဆို လူတိုင်းဟာ ကိုယ်ယုံကြည် ကိုးကွယ်တဲ့အတိုင်း လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရှိတယ်လို့ အမေရိကန်ပြည်ထောင်စုက ယုံကြည်ကြောင်းလည်း ဖော်ပြထားသလို အခြေခံအခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကို သူတို့လုပ်ရပ်အတွက် တာဝန်ခံအောင် အမေရိကန်က ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဒီဇင်ဘာ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေအပြင် ဘာသာရေးအရနဲ့ လူမျိုးရေးအရ လူနည်းစုတွေအပေါ် ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာအစိုးရ စစ်တပ်ခေါင်းဆောင် ၄ ယောက်ကို မကြာသေးခင်က အမေရိကန်ဘက်က ဒဏ်ခတ်အရေးယူခဲ့တာကို အဲဒီအစီရင်ခံစာထဲ ဥပမာပေးထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံကတော့ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူးဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG