သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္ဒုိနီးရွားဘာသာေရးပြဲကျပန္လာသူ ထုိင္း ထက္၀က္ေက်ာ္ COVID-19 ကူးစက္ေန


အင္ဒုိနီးရွားဗလီတခုတြင္ ၀တ္ျပဳဆုေတာင္းေန

(Zawgyi/Unicode)

အင္ဒိုနီးရွား ႏုိင္ငံမွာ က်င္းပတဲ့ ဘာသာေရး ဝတ္ျပဳပြဲတခုကို သြားေရာက္ခဲ့သူ အားလံုးရဲ့ ထက္ဝက္ေက်ာ္ဟာ ကိုရိုနာဗိုင္းရပ္စ္ပိုး အကူးစက္ခံရတာ ေတြ႔ရတယ္လို႔ ထိုင္းက်န္းမာေရး တာဝန္ရွိသူေတြက ေျပာပါတယ္။

အင္ဒိုနီးရွားႏိုင္ငံ Sulawesi ကၽြန္းမွာ မတ္လ ၁၇ ရက္က က်င္းပတဲ့ မူစလင္ဘာသာေရး စုေဝးဝတ္ျပဳ ပြဲကို သြားေရာက္ခဲ့တဲ့ ထိုင္းႏိုင္ငံက မူစလင္ဘုရားဖူး ၇၆ ေယာက္ဟာ တနလၤာေန႔က စင္းလံုးငွါး ေလယာဥ္နဲ႔ ထိုင္းႏုိင္ငံကို ျပန္ေရာက္လာတာ ျဖစ္ၿပီး သူတုိ႔ ကို အဂၤါေန႔က ဒီေရာဂါ ရွိမရွိ စမ္းသပ္မႈေတြ လုပ္ခဲ့တာပါ။

သြားေရာက္သူ အားလံုးဟာ အမ်ိဳးသားေတြ ခ်ည္းပဲ ျဖစ္ၿပီး အဲဒီထဲက ၄၂ ေယာက္မွာ ဒီေရာဂါ အကူးစက္ခံေနရတာ ျဖစ္ပါတယ္။

ထိုင္းႏုိင္ငံမွာ ဗုဒၶဟူးေန႔က ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ အကူးစက္ခံရသူူဟာ ဒီဘုရားဖူး ၄၂ ေယာက္ အပါအဝင္ ေနာက္ထပ္ ၁၁၁ ေယာက္ ျဖစ္သြားတဲ့ အတြက္ ေသဆံုးသူ ၃၀ အပါအဝင္ စုစုေပါင္း ၂၃၆၉ ေယာက္ အကူးစက္ခံေနရတာပါ။

ဒီဘာသာေရးပြဲကို တက္ေရာက္လာသူ ၈၀၀၀ ေက်ာ္ ျဖစ္လာေပမယ့္ တာဝန္ခံ အရာရွိေတြက ဒီေရာဂါကူးစက္မွာ စိုးတဲ့အတြက္ ပြဲကို ဖ်က္ခိုင္းခဲ့ပါတယ္။

ၿပီးခဲ့တဲ့ သီတင္း ၃ ပတ္ေလာက္က မေလးရွားမွာ က်င္းပတဲ့ မူစလင္ဘာသာဝင္ ေတြရဲ႕ ပြဲတုန္းကလည္း တက္ေရာက္သူ ၁၆၀၀၀ ေလာက္ ရွိခဲ့ၿပီး အဲဒီပြဲကေန အကူးစက္ခံရသူက ၆၀၀ ေက်ာ္ရွိခဲ့တာပါ။ အဲဒီပြဲကေန ဘရူႏိုင္း၊ ကေမာၻဒီးယား၊ ဖိလစ္ပိုင္၊ စကၤာပူ၊ ထိုင္းနဲ႔ ဗီယက္နမ္ ႏုိင္ငံေတြကို ျပန္ၾကသူေတြမွာလည္း ကိုရိုနာဗုိင္းရပ္ေရာဂါ အကူးစက္ခံရသူေတြ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

အင်ဒိုနီးရှားဘာသာရေးပွဲကပြန်လာသူ ထိုင်း ထက်ဝက်ကျော် COVID-19 ကူးစက်နေ

(Unicode)

အင်ဒိုနီးရှား နိုင်ငံမှာ ကျင်းပတဲ့ ဘာသာရေး ဝတ်ပြုပွဲတခုကို သွားရောက်ခဲ့သူ အားလုံးရဲ့ ထက်ဝက်ကျော်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး အကူးစက်ခံရတာ တွေ့ရတယ်လို့ ထိုင်းကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ Sulawesi ကျွန်းမှာ မတ်လ ၁၇ ရက်က ကျင်းပတဲ့ မူစလင်ဘာသာရေး စုဝေးဝတ်ပြု ပွဲကို သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံက မူစလင်ဘုရားဖူး ၇၆ ယောက်ဟာ တနင်္လာနေ့က စင်းလုံးငှါး လေယာဉ်နဲ့ ထိုင်းနိုင်ငံကို ပြန်ရောက်လာတာ ဖြစ်ပြီး သူတို့ ကို အင်္ဂါနေ့က ဒီရောဂါ ရှိမရှိ စမ်းသပ်မှုတွေ လုပ်ခဲ့တာပါ။

သွားရောက်သူ အားလုံးဟာ အမျိုးသားတွေ ချည်းပဲ ဖြစ်ပြီး အဲဒီထဲက ၄၂ ယောက်မှာ ဒီရောဂါ အကူးစက်ခံနေရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ် ရောဂါ အကူးစက်ခံရသူူဟာ ဒီဘုရားဖူး ၄၂ ယောက် အပါအဝင် နောက်ထပ် ၁၁၁ ယောက် ဖြစ်သွားတဲ့ အတွက် သေဆုံးသူ ၃၀ အပါအဝင် စုစုပေါင်း ၂၃၆၉ ယောက် အကူးစက်ခံနေရတာပါ။

ဒီဘာသာရေးပွဲကို တက်ရောက်လာသူ ၈၀၀၀ ကျော် ဖြစ်လာပေမယ့် တာဝန်ခံ အရာရှိတွေက ဒီရောဂါကူးစက်မှာ စိုးတဲ့အတွက် ပွဲကို ဖျက်ခိုင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်း ၃ ပတ်လောက်က မလေးရှားမှာ ကျင်းပတဲ့ မူစလင်ဘာသာဝင် တွေရဲ့ ပွဲတုန်းကလည်း တက်ရောက်သူ ၁၆၀၀၀ လောက် ရှိခဲ့ပြီး အဲဒီပွဲကနေ အကူးစက်ခံရသူက ၆၀၀ ကျော်ရှိခဲ့တာပါ။ အဲဒီပွဲကနေ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေကို ပြန်ကြသူတွေမှာလည်း ကိုရိုနာဗိုင်းရပ်ရောဂါ အကူးစက်ခံရသူတွေ ရှိပါတယ်။

XS
SM
MD
LG