(Zawgyi / Unicode)
ကုိ႐ိုနာဗုိင္းရပ္စ္ အဆိုးရြားဆံုး ပ်ံ႕ႏွံ႔ျဖစ္ပြားေနတဲ့ တ႐ုတ္ႏုိင္ငံ ဝူဟန္ကေန ျပန္လည္ကယ္ထုတ္လာတဲ့ အင္ဒိုနီးရွားႏုိင္ငံသားေတြကို သီးသန္႔ခြဲျခားထားဖို႔ တနဂၤေႏြေန႔က Natuna ကြ်န္းကို ဆိုက္ေရာက္လာခ်ိန္မွာပဲ ဆႏၵျပပြဲေတြ ျဖစ္ခဲ့ပါတယ္။
တ႐ုတ္ကေန ကယ္ထုတ္လာတဲ့ အင္ဒိုနီးရွားႏုိင္ငံသားေတြထံကေန ကုိ႐ိုနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္လာႏုိင္ေျခကို ကာကြယ္ႏုိင္ဖို႔အတြက္ သူတို႔ကို Natuna ကြ်န္းမွာ သီးသန္႔ခြဲျခားထားေရး အစိုးရရဲ႕ ဆံုးျဖတ္ခ်က္အေပၚမွာ ေဒသခံေတြ မေက်မနပ္ ျဖစ္ေနၾကတာပါ။
တ႐ုတ္ကေန ကယ္ထုတ္လာတဲ့ အင္ဒိုနီးရွားႏုိင္ငံသား ၂၄၁ ဦး လိုက္ပါလာတဲ့ စစ္တပ္ေလယာဥ္ ၃ စီးက Natuna ကြ်န္းေပၚက စစ္တပ္အေျခစိုက္ စခန္းတြင္း ေနရာခ်ထားမယ့္ စခန္းကို ဦးတည္ပ်ံသန္းလာခ်ိန္မွာပဲ ဆႏၵျပပြဲေတြ ျဖစ္ခဲ့တာပါ။
ဝူဟန္ကေန ကယ္ထုတ္လာသူေတြကို သီးသန္႔ခြဲထားမယ့္ စစ္အေျခစိုက္စခန္းနဲ႔ ကီလိုမီတာ အနည္းငယ္ပဲေ၀းတဲ့ ၿမိဳ႕ေတာ္ Ranai မွာ တနဂၤေႏြေန႔က ဆႏၵျပၾကတာပါ။
အစိုးရပိုင္ TVRI က ထုတ္လႊင့္ျပသေနတဲ့ ႐ုပ္သံထဲမွာေတာ့ လမ္းေပၚမွာ ဒါဇင္နဲ႔ခ်ီတဲ့ ဆႏၵျပသူေတြက စစ္အေျခစိုက္စခန္း ရွိရာကို ဦးတည္ ခ်ီတက္ေနၾကၿပီး လမ္းေပၚမွာလည္း ကားတာယာေတြ မီး႐ႈိ႕ထားပါတယ္။ ဆႏၵျပသူေတြနဲ႔ လံုၿခံဳေရးအဖြဲ႔ေတြၾကား ထိပ္တိုက္ေတြ႔မႈ အနည္းငယ္ ရွိခဲ့ပါတယ္။
တ႐ုတ္ႏုိင္ငံ ၀ူဟန္ကေန ျပန္လည္ကယ္ထုတ္လာသူေတြဟာ က်န္းမာေရး ေကာင္းမြန္ေၾကာင္း၊ အင္ဒိုနီးရွားကို မျပန္ခင္မွာ တ႐ုတ္အာဏာပိုင္ေတြက က်န္းမာေရးစစ္ေဆးၿပီး ျဖစ္ေၾကာင္း၊ ဒါေပမယ့္ ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) ရဲ႕ ညႊန္ၾကားခ်က္နဲ႔အညီ သူတို႔ကို သီးသန္႔ခြဲထားရျခင္းသာ ျဖစ္ေၾကာင္း အင္ဒိုနီးရွား ေခါင္းေဆာင္ေတြနဲ႔ က်န္းမာေရးဆိုင္ရာ တာ၀န္ရွိသူေတြက ရွင္းလင္းေျပာဆိုၿပီး ေဒသခံေတြ စိတ္ေအးေအးထားၾကဖို႔လည္း ပန္ၾကားထားပါတယ္။
-----------------------------------
(Unicode)
ဝူဟန်ပြန်တွေ ထားရှိရေး အင်ဒိုဒေသခံတချို့ လက်မခံ ဆန္ဒပြ
ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ပျံ့နှံ့ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ ဝူဟန်ကနေ ပြန်လည်ကယ်ထုတ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို သီးသန့်ခွဲခြားထားဖို့ တနင်္ဂနွေနေ့က Natuna ကျွန်းကို ဆိုက်ရောက်လာချိန်မှာပဲ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။
တရုတ်ကနေ ကယ်ထုတ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေထံကနေ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်လာနိုင်ခြေကို ကာကွယ်နိုင်ဖို့အတွက် သူတို့ကို Natuna ကျွန်းမှာ သီးသန့်ခွဲခြားထားရေး အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ဒေသခံတွေ မကျေမနပ် ဖြစ်နေကြတာပါ။
တရုတ်ကနေ ကယ်ထုတ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၄၁ ဦး လိုက်ပါလာတဲ့ စစ်တပ်လေယာဉ် ၃ စီးက Natuna ကျွန်းပေါ်က စစ်တပ်အခြေစိုက် စခန်းတွင်း နေရာချထားမယ့် စခန်းကို ဦးတည်ပျံသန်းလာချိန်မှာပဲ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာပါ။
ဝူဟန်ကနေ ကယ်ထုတ်လာသူတွေကို သီးသန့်ခွဲထားမယ့် စစ်အခြေစိုက်စခန်းနဲ့ ကီလိုမီတာ အနည်းငယ်ပဲဝေးတဲ့ မြို့တော် Ranai မှာ တနင်္ဂနွေနေ့က ဆန္ဒပြကြတာပါ။
အစိုးရပိုင် TVRI က ထုတ်လွှင့်ပြသနေတဲ့ ရုပ်သံထဲမှာတော့ လမ်းပေါ်မှာ ဒါဇင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက စစ်အခြေစိုက်စခန်း ရှိရာကို ဦးတည် ချီတက်နေကြပြီး လမ်းပေါ်မှာလည်း ကားတာယာတွေ မီးရှို့ထားပါတယ်။ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးအဖွဲ့တွေကြား ထိပ်တိုက်တွေ့မှု အနည်းငယ် ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံ ဝူဟန်ကနေ ပြန်လည်ကယ်ထုတ်လာသူတွေဟာ ကျန်းမာရေး ကောင်းမွန်ကြောင်း၊ အင်ဒိုနီးရှားကို မပြန်ခင်မှာ တရုတ်အာဏာပိုင်တွေက ကျန်းမာရေးစစ်ဆေးပြီး ဖြစ်ကြောင်း၊ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ညွှန်ကြားချက်နဲ့အညီ သူတို့ကို သီးသန့်ခွဲထားရခြင်းသာ ဖြစ်ကြောင်း အင်ဒိုနီးရှား ခေါင်းဆောင်တွေနဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ရှင်းလင်းပြောဆိုပြီး ဒေသခံတွေ စိတ်အေးအေးထားကြဖို့လည်း ပန်ကြားထားပါတယ်။