သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ဆန္ ေဘးကင္းေၾကာင္း ေထာက္ခံခ်က္ပါမွ တ႐ုတ္ သြင္းခြင့္ေပးမယ္


ျမန္မာ့ဆန္ (မတ္ ၀၄၊ ၂၀၁၁)

(Zawgyi/Unicode)

ျမန္မာျပည္က ဆန္ေတြကို ေဘးအႏၲရာယ္ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္အျပည့္အဝေပးမွ တင္သြင္းခြင့္ျပဳေတာ့မယ္လို႔ တ႐ုတ္အစိုးရဘက္က ေတာင္းဆိုထားတယ္ဆိုတဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ဆက္ေပးမွာပါ။

တ႐ုတ္သမၼတ Xi Jinping
တ႐ုတ္သမၼတ Xi Jinping

တ႐ုတ္သမၼတ ရွီက်င့္ပင္ရဲ႕ ဇန္နဝါရီလ ျမန္မာျပည္ခရီးစဥ္အတြင္း ႏွစ္ ႏိုင္ငံခ်ဳပ္ဆိုခဲ့တဲ့ စီမံကိန္းစာခ်ဳပ္ ၃၃ ခုထဲမွာ တ႐ုတ္တင္ပို႔မယ့္ ျမန္မာ့ဆန္ေတြကို ပိုးမႊားကင္းစင္ေအာင္လုပ္ေပးဖို႔ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုထားပါတယ္။ ဒါေပမဲ့ တ႐ုတ္အစိုးရက ဒီသေဘာတူညီခ်က္ကို ထပ္ျဖည့္ၿပီး ျမန္မာဘက္က ဆန္တင္သြင္းမယ္ဆိုရင္ အစားအစာ ေဘးအႏၲရာယ္ ကင္းရွင္းေၾကာင္းဆိုတဲ့ အခ်က္ကိုပါ ျမန္မာအစိုးရက ပူးတြဲေထာက္ခံေပးရမယ္လို႔ ဆိုပါတယ္။

ျမန္မာစိုက္ပ်ိဳးေရးဝန္ႀကီးဌာနက ကနဦး စစ္ေဆးထားတဲ့ ဆန္တင္ပို႔လုပ္ငန္း ၄၃ ခုရွိၿပီး၊ အဲဒီထဲကမွ ႏိုင္ငံတကာက်န္းမာေရးစံႏႈန္း သတ္မွတ္ခ်က္နဲ႔ ကိုက္ညီတဲ့လုပ္ငန္းေတြကို ျမန္မာဖက္က ျပန္ေ႐ြးခ်ယ္ေပးရမွာျဖစ္ပါတယ္။

ဆန္ပို႔ကုန္အတြက္ တ႐ုတ္ျပည္က ထပ္ၿပီးေတာင္းခံလာတဲ့ အခ်က္နဲ႔ ပတ္သက္လို႔ စိုက္ပ်ိဳးေရးဝန္ႀကီးဌာန ၫႊန္ခ်ဳပ္ ေဒါက္တာရဲတင့္ထြန္းက အခုလိုေျပာပါတယ္။

“သို႔ေသာ္ တ႐ုတ္ႏိုင္ငံက ထပ္မံ ေတာင္းခံတာကေတာ့ ပိုးမႊားကင္းစင္႐ုံတင္ မဟုတ္ဘဲနဲ႔ sanitary လို႔ေခၚတဲ့ အစားအစာ ေဘးအႏၲရာယ္ကင္းရွင္းေရးနဲ႔ လုံၿခဳံေရးအတြက္ပါ က်ေနာ္တို႔ ပါပါတယ္။ အဲဒီပါတဲ့ (ဆန္) ကုမၸဏီေတြကို က်ေနာ္တို႔ဆီကေပးတဲ့ phyto မွာ additional ထပ္ထည့္ၿပီးေတာ့ေပးရ ပါတယ္။ အဲဒီ additional ထပ္ထည့္ေပးမွ သူတို႔ဆီက DACC အဖြဲ႕အစည္းက စစ္ေဆးၿပီး လက္ခံေဆာင္႐ြက္တာ ျဖစ္ပါတယ္။ အဲဒီအတြက္ေၾကာင့္ က်ေနာ္တို႔ဆီမွာ register လုပ္ထားတဲ့ ကုမၸဏီေတြ စစ္ေဆးတဲ့အခ်က္ ျပည့္စုံတယ္ဆိုရင္ phytosanitary certificate ထုတ္ေပးေနပါတယ္။ သူတို႔ဘက္က စံတခု သတ္မွတ္သလို က်ေနာ္တို႔နဲ႔လည္း အဲဒီအေပၚမွာ agreement ယူထားတာ ျဖစ္ပါတယ္ဗ်။”

မူဆယ္နယ္စပ္ဘက္က ယူနန္ျပည္နယ္ထဲ တင္ပို႔တဲ့ ဆန္ေတြကိုလည္း ျပည္ေထာင္စုဝန္ႀကီးဌာနရဲ႕ က်န္းမာေရးေထာက္ခံခ်က္၊ ပိုးမႊားကင္းရွင္းတယ္ဆိုတဲ့ ေထာက္ခံခ်က္ေတြပါမွ တ႐ုတ္ျပည္ကယူေတာ့မွာပါ။ အခု ဧၿပီလ ၁ရက္က စၿပီး ျပည္ေထာင္စုအစိုးရေထာက္ခံခ်က္ပါမွ ဆန္တင္သြင္းခြင့္ျပန္ရမွာပါ။ ဒါေၾကာင့္ မူဆယ္ ဆန္ဂိုေထာင္ေတြကို စစ္ေဆးတာေတြ ျမန္ျမန္လုပ္ေပးဖို႔ ကုန္သည္ေတြက တိုက္တြန္းေနပါတယ္။

“လကုန္ၿပီးေနာက္ပိုင္း ဧၿပီလဆန္းကစၿပီးေတာ့ (မူဆယ္) ၁၀၅ မိုင္က ထုတ္ေပးတဲ့ စာ႐ြက္ကို (တ႐ုတ္က) လက္မခံေတာ့ဘူး။ ေနျပည္ေတာ္ကေပါ့ ဝန္ႀကီးဌာနက ထုတ္ေပးတဲ့ ပိုးမႊားကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ ယူခဲ့ပါဆိုေတာ့ အဲဒီေထာက္ခံခ်က္က အခုထိ မထုတ္ေပးႏိုင္ေသးဘူး ျဖစ္ေနတယ္။ ေနျပည္ေတာ္ စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက။ ဒါေပမဲ့ သူတို႔လုပ္ေတာ့လုပ္ေနတယ္၊ ႐ုံးပိတ္ရက္ခံသြားေတာ့။ ပိုးမႊားကင္းရွင္းေၾကာင္း မေပးႏိုင္ေသးဘူး။ ဒါေၾကာင့္ ၾကယ္ေဂါင္မွာ ဆန္အိတ္ေရ ၁၀၀,၀၀၀ ေလာက္ပိတ္ေနတယ္ ေလာေလာဆယ္။”

မူဆယ္ ဆန္ကုန္စည္ဒိုင္ ဒုဥကၠ႒ ဦးမင္းသိန္း ေျပာသြားတာပါ။

တ႐ုတ္ဘက္က ေတာင္းဆိုတဲ့အခ်က္ေတြက နယ္စပ္နဲ႔ ပုံမွန္ကုန္သြယ္ေရး (normal trade) ႏွစ္ခုလုံးအႀကဳံးဝင္မွာပါ။

ဒီအေတာအတြင္း ျမန္မာ- တ႐ုတ္ နယ္စပ္ကုန္သြယ္ေရးက ဆန္အပါအဝင္ တျခားကုန္စည္အတြက္ပါ အခက္အခဲျဖစ္ေနခ်ိန္ပါ။ ျမန္မာဘက္ COVID -19 ေရာဂါျဖစ္သူ အေယာက္ ၁၀၀ ေက်ာ္လာခ်ိန္ တ႐ုတ္ယူနန္အစိုးရဟာ ျမန္မာ- တ႐ုတ္နယ္စပ္တေလွ်ာက္ အဝင္အထြက္အားလုံးကို ႏွစ္လ ပိတ္ၿပီး၊ နယ္စပ္ျဖတ္ေက်ာ္တဲ့ ဘယ္သူမဆို အေရးယူမယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းက ေၾကညာခဲ့ပါတယ္။ မူဆယ္ မန္ဝိန္းဂိတ္နဲ႔ က်င္စန္းေက်ာ့ ဂိတ္ ႏွစ္ခုပဲ ကုန္စည္စီးဆင္းဖို႔ ဖြင့္ေပးထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့ဆန် ဘေးကင်းကြောင်း ထောက်ခံချက်ပါမှ တရုတ် သွင်းခွင့်ပေးမယ်

မြန်မာပြည်က ဆန်တွေကို ဘေးအန္တရာယ်ကင်းရှင်းကြောင်း ထောက်ခံချက်အပြည့်အဝပေးမှ တင်သွင်းခွင့်ပြုတော့မယ်လို့ တရုတ်အစိုးရဘက်က တောင်းဆိုထားတယ်ဆိုတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ဆက်ပေးမှာပါ။

တရုတ်သမ္မတ ရှီကျင့်ပင်ရဲ့ ဇန်နဝါရီလ မြန်မာပြည်ခရီးစဉ်အတွင်း နှစ် နိုင်ငံချုပ်ဆိုခဲ့တဲ့ စီမံကိန်းစာချုပ် ၃၃ ခုထဲမှာ တရုတ်တင်ပို့မယ့် မြန်မာ့ဆန်တွေကို ပိုးမွှားကင်းစင်အောင်လုပ်ပေးဖို့ သဘောတူစာချုပ် ချုပ်ဆိုထားပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရက ဒီသဘောတူညီချက်ကို ထပ်ဖြည့်ပြီး မြန်မာဘက်က ဆန်တင်သွင်းမယ်ဆိုရင် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းကြောင်းဆိုတဲ့ အချက်ကိုပါ မြန်မာအစိုးရက ပူးတွဲထောက်ခံပေးရမယ်လို့ ဆိုပါတယ်။

မြန်မာစိုက်ပျိုးရေးဝန်ကြီးဌာနက ကနဦး စစ်ဆေးထားတဲ့ ဆန်တင်ပို့လုပ်ငန်း ၄၃ ခုရှိပြီး၊ အဲဒီထဲကမှ နိုင်ငံတကာကျန်းမာရေးစံနှုန်း သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့လုပ်ငန်းတွေကို မြန်မာဖက်က ပြန်ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

ဆန်ပို့ကုန်အတွက် တရုတ်ပြည်က ထပ်ပြီးတောင်းခံလာတဲ့ အချက်နဲ့ ပတ်သက်လို့ စိုက်ပျိုးရေးဝန်ကြီးဌာန ညွှန်ချုပ် ဒေါက်တာရဲတင့်ထွန်းက အခုလိုပြောပါတယ်။

“သို့သော် တရုတ်နိုင်ငံက ထပ်မံ တောင်းခံတာကတော့ ပိုးမွှားကင်းစင်ရုံတင် မဟုတ်ဘဲနဲ့ sanitary လို့ခေါ်တဲ့ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ လုံခြုံရေးအတွက်ပါ ကျနော်တို့ ပါပါတယ်။ အဲဒီပါတဲ့ (ဆန်) ကုမ္ပဏီတွေကို ကျနော်တို့ဆီကပေးတဲ့ phyto မှာ additional ထပ်ထည့်ပြီးတော့ပေးရ ပါတယ်။ အဲဒီ additional ထပ်ထည့်ပေးမှ သူတို့ဆီက DACC အဖွဲ့အစည်းက စစ်ဆေးပြီး လက်ခံဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ဆီမှာ register လုပ်ထားတဲ့ ကုမ္ပဏီတွေ စစ်ဆေးတဲ့အချက် ပြည့်စုံတယ်ဆိုရင် phytosanitary certificate ထုတ်ပေးနေပါတယ်။ သူတို့ဘက်က စံတခု သတ်မှတ်သလို ကျနော်တို့နဲ့လည်း အဲဒီအပေါ်မှာ agreement ယူထားတာ ဖြစ်ပါတယ်ဗျ။”

မူဆယ်နယ်စပ်ဘက်က ယူနန်ပြည်နယ်ထဲ တင်ပို့တဲ့ ဆန်တွေကိုလည်း ပြည်ထောင်စုဝန်ကြီးဌာနရဲ့ ကျန်းမာရေးထောက်ခံချက်၊ ပိုးမွှားကင်းရှင်းတယ်ဆိုတဲ့ ထောက်ခံချက်တွေပါမှ တရုတ်ပြည်ကယူတော့မှာပါ။ အခု ဧပြီလ ၁ရက်က စပြီး ပြည်ထောင်စုအစိုးရထောက်ခံချက်ပါမှ ဆန်တင်သွင်းခွင့်ပြန်ရမှာပါ။ ဒါကြောင့် မူဆယ် ဆန်ဂိုထောင်တွေကို စစ်ဆေးတာတွေ မြန်မြန်လုပ်ပေးဖို့ ကုန်သည်တွေက တိုက်တွန်းနေပါတယ်။

“လကုန်ပြီးနောက်ပိုင်း ဧပြီလဆန်းကစပြီးတော့ (မူဆယ်) ၁၀၅ မိုင်က ထုတ်ပေးတဲ့ စာရွက်ကို (တရုတ်က) လက်မခံတော့ဘူး။ နေပြည်တော်ကပေါ့ ဝန်ကြီးဌာနက ထုတ်ပေးတဲ့ ပိုးမွှားကင်းရှင်းကြောင်း ထောက်ခံချက် ယူခဲ့ပါဆိုတော့ အဲဒီထောက်ခံချက်က အခုထိ မထုတ်ပေးနိုင်သေးဘူး ဖြစ်နေတယ်။ နေပြည်တော် စိုက်ပျိုးရေးဝန်ကြီးဌာနက။ ဒါပေမဲ့ သူတို့လုပ်တော့လုပ်နေတယ်၊ ရုံးပိတ်ရက်ခံသွားတော့။ ပိုးမွှားကင်းရှင်းကြောင်း မပေးနိုင်သေးဘူး။ ဒါကြောင့် ကြယ်ဂေါင်မှာ ဆန်အိတ်ရေ ၁၀၀,၀၀၀ လောက်ပိတ်နေတယ် လောလောဆယ်။”

မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်း ပြောသွားတာပါ။

တရုတ်ဘက်က တောင်းဆိုတဲ့အချက်တွေက နယ်စပ်နဲ့ ပုံမှန်ကုန်သွယ်ရေး (normal trade) နှစ်ခုလုံးအကြုံးဝင်မှာပါ။

ဒီအတောအတွင်း မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးက ဆန်အပါအဝင် တခြားကုန်စည်အတွက်ပါ အခက်အခဲဖြစ်နေချိန်ပါ။ မြန်မာဘက် COVID -19 ရောဂါဖြစ်သူ အယောက် ၁၀၀ ကျော်လာချိန် တရုတ်ယူနန်အစိုးရဟာ မြန်မာ- တရုတ်နယ်စပ်တလျှောက် အဝင်အထွက်အားလုံးကို နှစ်လ ပိတ်ပြီး၊ နယ်စပ်ဖြတ်ကျော်တဲ့ ဘယ်သူမဆို အရေးယူမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်။ မူဆယ် မန်ဝိန်းဂိတ်နဲ့ ကျင်စန်းကျော့ ဂိတ် နှစ်ခုပဲ ကုန်စည်စီးဆင်းဖို့ ဖွင့်ပေးထားတာဖြစ်ပါတယ်။

XS
SM
MD
LG