သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ျပသနာ ျမန္မာက တ႐ုတ္ကို ေၾကာက္ရမလား၊ တ႐ုတ္က ျမန္မာကို ျပန္စိုးရိမ္ရမလား


တရုတ္ႏိုင္ငံ ယူနန္နဲ႕ျမန္မာနယ္စပ္
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

ၿပီးခဲ့တဲ့ တပတ္ေလာက္ကစ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ အစိုးရဟာ ျမန္မာႏိုင္ငံသားေတြကို သူ႔ျပည္နယ္ အတြင္း ဝင္ေရာက္ခြင့္ ပိတ္ပင္ခဲ့ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ပြားမႈ စတင္လာေနတဲ့ ျမန္မာႏိုင္ငံသားေတြကေန သူ႔ႏိုင္ငံသားေတြဆီ ကူးစက္မွာ စိုးရိမ္လို႔ပါ။ နယ္စပ္ကုန္သြယ္ေရးမွာဆို သစ္သီးေတြ တင္ၿပီး သြားေရာင္းတဲ့ ျမန္မာႏိုင္ငံသား ကားေမာင္းသူေတြကိုလည္း တ႐ုတ္ႏိုင္ငံထဲ ဝင္ခြင့္ မေပးပါဘူး။ သီးျခားဇုံတစ္ခု သတ္မွတ္ၿပီး အဲဒီ ဇုံမွာ ျမန္မာႏိုင္ငံသားေတြ ကားေပၚကဆင္း၊ တ႐ုတ္ကားသမားေတြက ဝင္ေမာင္းၿပီး တ႐ုတ္ဘက္အျခမ္းမွာ ကုန္ခ်တာ လုပ္ပါတယ္။ ကားကိုလည္း တ႐ုတ္ဒ႐ိုင္ဘာေတြက အဲဒီဇုံ ျပန္ေမာင္းလာၿပီး ျမန္မာကားသမားေတြက ျပန္ လက္ခံယူရပါတယ္။ အခု ဧၿပီ ၂၃ ရက္ေန႔မွာေတာ့ ယူနန္ျပည္နယ္ အစိုးရအဖြဲ႕ရဲ႕ ၫႊန္ၾကားခ်က္အရ ေ႐ႊလီ အုပ္ခ်ဳပ္ေရး အဖြဲ႕က ထုတ္ျပန္တဲ့ ေၾကျငာခ်က္မွာေတာ့ ဧၿပီ ၂၄ ရက္ေန႔ကစၿပီး ေနာက္ထပ္ ၂ လ တိုင္တိုင္ တ႐ုတ္ႏိုင္ငံသားေတြ ျမန္မာႏိုင္ငံထဲ လုံး၀ မသြားၾကဖို႔၊ တရားမဝင္ သြားေရာက္ရင္ ျပင္းျပင္းထန္ထန္ အေရးယူမယ္ဆိုၿပီး ထုတ္ျပန္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ နဲ႔ ပတ္သက္ၿပီး ျမန္မာဟာ တ႐ုတ္ကို ေၾကာက္ရမလား၊ တ႐ုတ္ကပဲ ျမန္မာကို ျပန္စိုးရိမ္ရမလား ဆိုတဲ့ အေျခအေန စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ ခုတစ္ပတ္ အဲဒီ ျပသနာအေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

သက္ဆိုင္ရာ ရပ္ကြက္၊ ေက်း႐ြာ အုပ္ခ်ဳပ္ေရး တာဝန္ရွိသူေတြကို ေ႐ႊလီၿမိဳ႕ အုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြက ဆင့္ေခၚ ရွင္းလင္းခဲ့တဲ့ အခ်က္ေတြထဲမွာ တ႐ုတ္ႏိုင္ငံသားေတြ နယ္စပ္ျဖတ္ၿပီး ျမန္မာႏိုင္ငံဘက္ သြားတဲ့ကိစၥ ၂ လ ပိတ္ပင္တဲ့အေၾကာင္း၊ ကိုဗစ္ေရာဂါ အေျခအေနကိုၾကည့္ၿပီး ပိတ္ပင္တဲ့ ကာလကို ထပ္တိုးႏိုင္ေၾကာင္း၊ ခိုးဝင္ ခိုးထြက္လုပ္ရင္ ေထာင္ဒဏ္ လို ႀကီးေလးတဲ့ ျပစ္ဒဏ္ ခ်မွတ္မယ္ ဆိုတဲ့အေၾကာင္း၊ ႐ြာသားတစ္ေယာက္က စည္းကမ္းေဖါက္ဖ်က္ရင္ တစ္႐ြာလုံးကို ေထာက္ပံ့မႈ ျဖတ္ေတာက္တဲ့နည္းနဲ႔ အေရးယူမွာ ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။ အခုေနာက္ဆုံး ယူနန္ျပည္နယ္ အစိုးရရဲ႕ ထုတ္ျပန္ခ်က္ကို ၾကည့္ရင္ နယ္စပ္မွာ တ႐ုတ္-ျမန္မာ လူဝင္လူထြက္ကိစၥ လုံး၀ ပိတ္ပင္လိုက္တာမ်ိဳး ျဖစ္ၿပီး ကုန္စည္ကူးသန္းမႈကေတာ့ ပုံစံတစ္မ်ိဳးနဲ႔ ဆက္ၿပီး ရွိေနဦးမယ့္ သေဘာရွိပါတယ္။ လတ္တေလာ တ႐ုတ္-ျမန္မာ ႏွစ္ဖက္ သေဘာတူညီခ်က္နဲ႔ တစ္ေသာင္းခြဲေက်ာ္ရွိမယ့္ ျမန္မာ ေ႐ႊ႕ေျပာင္း အလုပ္သမားတစ္ခ်ိဳ႕ ျပည္ေတာ္ျပန္လာတာေတာ့ ရွိေနပါတယ္။ သူတို႔ကို ျမန္မာဘက္က သက္ဆိုင္ရာ ၿမိဳ႕နယ္ေတြမွာ ၂၁ ရက္ေစာင့္ၾကည့္တာ၊ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ လကၡဏာ မျပဘူး ဆိုရင္ ေနအိမ္မွာ တစ္ပတ္ ဆက္ေစာင့္ၾကည့္တာ လုပ္ၿပီးမွ လြတ္လြတ္လပ္လပ္ သြားလာခြင့္ရမယ့္ အစီအစဥ္ေတြ ခ်မွတ္ေဆာင္႐ြက္ေနတာ ေတြ႕ရပါတယ္။ တ႐ုတ္ေတြ ျမန္မာနယ္စပ္မွာ ဘာေၾကာင့္ အဲလို လုပ္ရသလဲ ဆိုတာ နားလည္ႏိုင္ဖို႔ သူတို႔ျပည္တြင္းက ဝူဟန္မွာ စခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားမႈအေၾကာင္း နည္းနည္းေလာက္ ျပန္ေလ့လာၾကည့္ဖို႔ လိုပါတယ္။

WHO ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီးဟာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ တည္ရွိတဲ့ ဟူေဘး ျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၅၈ ေယာက္ ရွိလာတဲ့ အခ်ိန္၊ အျခားျပည္နယ္ တစ္ခ်ိဳ႕ အပါအဝင္ ဂ်ပန္၊ ကိုရီးယားနဲ႔ ထိုင္းႏိုင္ငံေတြမွာ ကူးစက္ခံရသူ ၂၄ ေယာက္၊ စုစုေပါင္း ဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၈၂ ေယာက္ ရွိလာခ်ိန္ကစ Coronavirus disease 2019 (COVID-19)Situation Report အမွတ္(၁) ကို ဇန္နဝါရီ ၂၁ ရက္ေန႔က စၿပီး ထုတ္ျပန္ပါတယ္။

ဗိုင္းရပ္စ္ ပ်ံ႕ပြားမႈ စတင္ခ်ိန္က စလို႔ တ႐ုတ္ႏိုင္ငံ အစိုးရဟာ ကာကြယ္ တိုက္ဖ်က္ေရး နဲ႔ ကုသေရးကို အစြမ္းကုန္ လုပ္ပါတယ္။ ထူးျခားတာ တစ္ခုက တ႐ုတ္ျပည္တြင္း သက္ဆိုင္ရာ ျပည္နယ္ အသီးသီးကလည္း သူတို႔ ျပည္နယ္ထဲ ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မလာေအာင္၊ ဗိုင္းရပ္စ္ ကူးစက္သူ ရွိလာရင္လည္း ေဖာ္ထုတ္၊ ခြဲထား၊ ကုသဖို႔ လုပ္ရင္း ျပည္နယ္ တစ္ခုနဲ႔ တစ္ခု ႏိုင္ငံနယ္နိမိတ္ေတြပမာ ကန႔္သတ္ စည္းျခားရင္း ကို႐ိုနာ ဗိုင္းရပ္စ္ ကာကြယ္၊ တိုက္ဖ်က္ေရး အႀကီးအက်ယ္ လုပ္ၾကပါတယ္။ WHO ဘက္ကလည္း တ႐ုတ္ႏိုင္ငံတြင္း ျပည္နယ္ တစ္ခုျခင္းစီရဲ႕ ကူးစက္မႈ၊ ေသဆုံးမႈ အေရအတြက္ကို ေန႔စဥ္ ထုတ္ျပန္ေပးပါတယ္။ တ႐ုတ္ျပည္တြင္း ျပည္နယ္ တစ္ခုျခင္းစီရဲ႕ ဗိုင္းရပ္စ္ ကူးစက္၊ ေသဆုံးစာရင္းကိုေတာ့ မတ္လ ၁၅ ရက္ေန႔က ထုတ္ျပန္ခ်က္ အမွတ္ ၅၅ မွာ ေနာက္ဆုံး ေဖာ္ျပခဲ့ပါတယ္။

အဲဒီအခ်ိန္က တ႐ုတ္ႏိုင္ငံတြင္း ျဖစ္ပြားမႈ အျမင့္ဆုံးေရာက္ၿပီး တန႔္ေနခဲ့သလို၊ အျခား ကမာၻ႔ႏိုင္ငံနဲ႔ ေဒသႀကီး ၁၄၃ ခုကို ပ်ံ႕ႏွံ႔သြားခဲ့ၿပီျဖစ္လို႔၊ အဲဒီႏိုင္ငံေတြရဲ႕ အေသးစိတ္ အခ်က္အလက္ေတြကိုပဲ ဆက္ေဖာ္ျပခဲ့လို႔ ျဖစ္ပါတယ္။ အဲဒီ တ႐ုတ္ျပည္တြင္း ျပည္နယ္တစ္ခုျခင္းစီ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈ ေဖာ္ျပခဲ့တဲ့ ေနာက္ဆုံးစာရင္းမွာ ျမန္မာနယ္စပ္နဲ႔ ထိစပ္ေနတဲ့ ယူနန္ျပည္နယ္မွာ ဗိုင္းရပ္စ္ ေတြ႕တဲ့ လူ ၁၇၄ ေယာက္နဲ႔ ေသဆုံးသူ ၂ ေယာက္ပဲ ရွိခဲ့တာပါ။ လက္ရွိ အခ်ိန္ထိ အဲဒီ ရလာဒ္ဝန္းက်င္ ေလာက္နဲ႔ပဲ ရပ္တန႔္သြားခဲ့တာ ေတြ႕ရပါတယ္။

ဒါဟာ ျမန္မာႏိုင္ငံထက္ ပိုက်ယ္ဝန္းၿပီး လူဦးေရ ၄၈ သန္းေက်ာ္ရွိတဲ့ အဲဒီ ယူနန္ျပည္နယ္အေနနဲ႔ ဗိုင္းရပ္စ္ အႏၲရာယ္ကို ေကာင္းေကာင္း ကာကြယ္၊ ထိန္းခ်ဳပ္ႏိုင္တဲ့ အေနအထားလို႔ ေျပာႏိုင္ပါတယ္။ ဒါေၾကာင့္ သူ႔နဲ႔ နယ္နိမိတ္ျခင္း ထိစပ္ေနတဲ့ ျမန္မာႏိုင္ငံမွာ ဗိုင္းရပ္စ္ ကူးစက္ခံရသူ အေယာက္ ၁၄၀ ေက်ာ္လာၿပီး တရိပ္ရိပ္ တက္လာေနတဲ့အေပၚ ယူနန္အစိုးရဘက္က စိုးရိမ္ေနတာ သဘာ၀ က်ပါတယ္။

ဒါေတာင္ ေရွ႕ပိုင္းကာလေတြမွာ ျမန္မာႏိုင္ငံထဲက နယ္စပ္ျဖတ္ၿပီး တ႐ုတ္ႏိုင္ငံထဲ သြားလိုသူေတြကို လုံး၀ ပိတ္ပင္တာမ်ိဳးမလုပ္ေသးပဲ နယ္စပ္ဂိတ္နားက ဟိုတယ္ေတြမွာပဲ ကိုယ့္စားရိတ္နဲ႔ကိုယ္ ေစာင့္ၾကည့္ ၁၄ ရက္ထားၿပီးမွ ဝင္ခြင့္ျပဳတဲ့ စနစ္ က်င့္သုံးပါတယ္။ တ႐ုတ္ျပည္တြင္းမွာလည္း ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈ အခ်က္အျခာက်ရာ နဲ႔ ကူးစက္မႈ၊ လူအေသအေပ်ာက္ အမ်ားဆုံးျဖစ္ခဲ့တဲ့ ဝူဟန္ၿမိဳ႕ကိုလည္း ျပန္ဖြင့္လိုက္ၿပီးပါၿပီ။ အျခားေသာ ကုန္ထုတ္လုပ္မႈနဲ႔ လုပ္ငန္းေဆာင္တာေတြကိုလည္း ျပန္စဖို႔ ႀကိဳးစားေနတာ ေတြ႕ျမင္ၾကရပါတယ္။ ျမန္မာႏိုင္ငံဘက္မွာေတာ့ တ႐ုတ္ဘက္ျခမ္း ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈ ျပင္းထန္ေနခ်ိန္ ရင္တထိတ္ထိတ္နဲ႔ ျပင္ဆင္ ေစာင့္ၾကည့္ေနခဲ့ရတာပါ။ ေနာက္ပိုင္း အေျခအေန ဆိုးလာေတာ့ တ႐ုတ္ေလေၾကာင္းလိုင္းေတြကို တစ္ခုၿပီး တစ္ခု ပိတ္တာနဲ႔ အစျပဳပါတယ္။ ဒါေပမယ့္ ျမန္မာႏိုင္ငံတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈဟာ အမ်ားထင္ထားသလို မိုင္ေပါင္းမ်ားစြာ နယ္နိမိတ္ျခင္း ထိစပ္ေနတဲ့ တ႐ုတ္ႏိုင္ငံဘက္ကေန ေရာက္မလာခဲ့ပါဘူး။ အဂၤလန္၊ အေမရိကန္၊ စကၤာပူ နဲ႔ ထိုင္းက ျပန္လာတဲ့သူတစ္ခ်ိဳ႕၊ သူတို႔ေတြကေန တဆင့္ အဆင့္ဆင့္ ကူးစက္ခဲ့တာပါ။ နဂိုတုန္းက တ႐ုတ္ႏိုင္ငံဘက္ကေန ကူးစက္မႈေတြ ရွိလာႏိုင္တယ္လို႔ ေတြးထင္ခဲ့ေပမယ့္ တကယ္ ျဖစ္မလာခဲ့တာဟာ ျမန္မာ့နယ္နိမိတ္နဲ႔ ထိစပ္ေနတဲ့ ယူနန္ျပည္နယ္ရဲ႕ ကိုင္တြယ္ပုံ၊ ယူနန္ျပည္နယ္ အတြင္းမွာကို ကူးစက္မႈနည္းခဲ့တဲ့ အေျခအေနေအာက္မွာ ျမန္မာႏိုင္ငံက ကံေကာင္းသြားခဲ့တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဒီအတြက္ ကို႐ိုနာဗိုင္းရပ္စ္ ျပသနာမွာ ျမန္မာႏိုင္ငံအေနနဲ႔ တ႐ုတ္ႏိုင္ငံဟာ စိုးရိမ္စရာ ႏိုင္ငံတစ္ခု မျဖစ္ခဲ့႐ုံမက ခုဆိုရင္ ျမန္မာကို ကူညီတဲ့ အေနအထားေတာင္ ေရာက္ေနပါၿပီ။

ကုန္ထုတ္လုပ္မႈေတြ ျပန္လုပ္ႏိုင္ၿပီျဖစ္တဲ့ တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ တိုက္ဖ်က္၊ ကုသေရးအတြက္ ဗိုင္းရပ္စ္ စစ္ေဆးတဲ့စက္ႀကီးေတြ၊ အသက္ရႈစက္ေတြ၊ PPE နဲ႔ မ်က္ႏွာဖုံး Mask လိုမ်ိဳး ပစၥည္းေတြ ေပးပို႔လႉဒါန္းေနပါၿပီ။ ၿပီးခဲ့တဲ့ ရက္ပိုင္းက ဆိုရင္ ယူနန္ျပည္နယ္က ေဆးပညာဆိုင္ရာ အႀကံေပးတစ္ခ်ိဳ႕ ေရာက္လာၿပီး ျမန္မာႏိုင္ငံရဲ႕ ဗိုင္းရပ္စ္ တိုက္ဖ်က္ေရး လုပ္ငန္းေတြနဲ႔ ပတ္သက္လို႔ ေဆြးေႏြး၊ အႀကံေပးတာမ်ိဳး လုပ္ခဲ့ပါေသးတယ္။ အားလုံးကို ၿခဳံငုံသုံးသပ္ၾကည့္လိုက္ရင္ ကို႐ိုနာဗိုင္းရပ္စ္ ျပသနာနဲ႔ ပတ္သက္ရင္ ျမန္မာအတြက္ တ႐ုတ္ ႏိုင္ငံဟာ စိုးရိမ္စရာ မဟုတ္၊ လက္ရွိ ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈ အေျခအေန၊ ကုသေပးႏိုင္မႈ အေျခအေန၊ ျပည္သူလူထုကို ထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနေတြနဲ႔ ျမန္မာႏိုင္ငံရဲ႕ ေရွ႕အလားအလာ သည္သာ အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံအတြက္ စိုးရိမ္ပူပန္မယ္ဆိုရင္ စိုးရိမ္စရာ ကိစၥ ျဖစ္ေနပါေၾကာင္း တင္ျပလိုက္ရပါတယ္။

==================

COVID-19ပြသနာ မြန်မာက တရုတ်ကို ကြောက်ရမလား တရုတ်က မြန်မာကို ပြန်စိုးရိမ်ရမလား

ပြီးခဲ့တဲ့ တပတ်လောက်ကစ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရဟာ မြန်မာနိုင်ငံသားတွေကို သူ့ပြည်နယ် အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှု စတင်လာနေတဲ့ မြန်မာနိုင်ငံသားတွေကနေ သူ့နိုင်ငံသားတွေဆီ ကူးစက်မှာ စိုးရိမ်လို့ပါ။ နယ်စပ်ကုန်သွယ်ရေးမှာဆို သစ်သီးတွေ တင်ပြီး သွားရောင်းတဲ့ မြန်မာနိုင်ငံသား ကားမောင်းသူတွေကိုလည်း တရုတ်နိုင်ငံထဲ ဝင်ခွင့် မပေးပါဘူး။ သီးခြားဇုံတစ်ခု သတ်မှတ်ပြီး အဲဒီ ဇုံမှာ မြန်မာနိုင်ငံသားတွေ ကားပေါ်ကဆင်း၊ တရုတ်ကားသမားတွေက ဝင်မောင်းပြီး တရုတ်ဘက်အခြမ်းမှာ ကုန်ချတာ လုပ်ပါတယ်။ ကားကိုလည်း တရုတ်ဒရိုင်ဘာတွေက အဲဒီဇုံ ပြန်မောင်းလာပြီး မြန်မာကားသမားတွေက ပြန် လက်ခံယူရပါတယ်။ အခု ဧပြီ ၂၃ ရက်နေ့မှာတော့ ယူနန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ရွှေလီ အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ ဧပြီ ၂၄ ရက်နေ့ကစပြီး နောက်ထပ် ၂ လ တိုင်တိုင် တရုတ်နိုင်ငံသားတွေ မြန်မာနိုင်ငံထဲ လုံး၀ မသွားကြဖို့၊ တရားမဝင် သွားရောက်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုပြီး ထုတ်ပြန်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး မြန်မာဟာ တရုတ်ကို ကြောက်ရမလား၊ တရုတ်ကပဲ မြန်မာကို ပြန်စိုးရိမ်ရမလား ဆိုတဲ့ အခြေအနေ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီ ပြသနာအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို ရွှေလီမြို့ အုပ်ချုပ်ရေးအာဏာပိုင်တွေက ဆင့်ခေါ် ရှင်းလင်းခဲ့တဲ့ အချက်တွေထဲမှာ တရုတ်နိုင်ငံသားတွေ နယ်စပ်ဖြတ်ပြီး မြန်မာနိုင်ငံဘက် သွားတဲ့ကိစ္စ ၂ လ ပိတ်ပင်တဲ့အကြောင်း၊ ကိုဗစ်ရောဂါ အခြေအနေကိုကြည့်ပြီး ပိတ်ပင်တဲ့ ကာလကို ထပ်တိုးနိုင်ကြောင်း၊ ခိုးဝင် ခိုးထွက်လုပ်ရင် ထောင်ဒဏ် လို ကြီးလေးတဲ့ ပြစ်ဒဏ် ချမှတ်မယ် ဆိုတဲ့အကြောင်း၊ ရွာသားတစ်ယောက်က စည်းကမ်းဖေါက်ဖျက်ရင် တစ်ရွာလုံးကို ထောက်ပံ့မှု ဖြတ်တောက်တဲ့နည်းနဲ့ အရေးယူမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အခုနောက်ဆုံး ယူနန်ပြည်နယ် အစိုးရရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် နယ်စပ်မှာ တရုတ်-မြန်မာ လူဝင်လူထွက်ကိစ္စ လုံး၀ ပိတ်ပင်လိုက်တာမျိုး ဖြစ်ပြီး ကုန်စည်ကူးသန်းမှုကတော့ ပုံစံတစ်မျိုးနဲ့ ဆက်ပြီး ရှိနေဦးမယ့် သဘောရှိပါတယ်။ လတ်တလော တရုတ်-မြန်မာ နှစ်ဖက် သဘောတူညီချက်နဲ့ တစ်သောင်းခွဲကျော်ရှိမယ့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတစ်ချို့ ပြည်တော်ပြန်လာတာတော့ ရှိနေပါတယ်။ သူတို့ကို မြန်မာဘက်က သက်ဆိုင်ရာ မြို့နယ်တွေမှာ ၂၁ ရက်စောင့်ကြည့်တာ၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါ လက္ခဏာ မပြဘူး ဆိုရင် နေအိမ်မှာ တစ်ပတ် ဆက်စောင့်ကြည့်တာ လုပ်ပြီးမှ လွတ်လွတ်လပ်လပ် သွားလာခွင့်ရမယ့် အစီအစဉ်တွေ ချမှတ်ဆောင်ရွက်နေတာ တွေ့ရပါတယ်။ တရုတ်တွေ မြန်မာနယ်စပ်မှာ ဘာကြောင့် အဲလို လုပ်ရသလဲ ဆိုတာ နားလည်နိုင်ဖို့ သူတို့ပြည်တွင်းက ဝူဟန်မှာ စခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုအကြောင်း နည်းနည်းလောက် ပြန်လေ့လာကြည့်ဖို့ လိုပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ တည်ရှိတဲ့ ဟူဘေး ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၅၈ ယောက် ရှိလာတဲ့ အချိန်၊ အခြားပြည်နယ် တစ်ချို့ အပါအဝင် ဂျပန်၊ ကိုရီးယားနဲ့ ထိုင်းနိုင်ငံတွေမှာ ကူးစက်ခံရသူ ၂၄ ယောက်၊ စုစုပေါင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၈၂ ယောက် ရှိလာချိန်ကစ Coronavirus disease 2019 (COVID-19)Situation Report အမှတ်(၁) ကို ဇန်နဝါရီ ၂၁ ရက်နေ့က စပြီး ထုတ်ပြန်ပါတယ်။

ဗိုင်းရပ်စ် ပျံ့ပွားမှု စတင်ချိန်က စလို့ တရုတ်နိုင်ငံ အစိုးရဟာ ကာကွယ် တိုက်ဖျက်ရေး နဲ့ ကုသရေးကို အစွမ်းကုန် လုပ်ပါတယ်။ ထူးခြားတာ တစ်ခုက တရုတ်ပြည်တွင်း သက်ဆိုင်ရာ ပြည်နယ် အသီးသီးကလည်း သူတို့ ပြည်နယ်ထဲ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မလာအောင်၊ ဗိုင်းရပ်စ် ကူးစက်သူ ရှိလာရင်လည်း ဖော်ထုတ်၊ ခွဲထား၊ ကုသဖို့ လုပ်ရင်း ပြည်နယ် တစ်ခုနဲ့ တစ်ခု နိုင်ငံနယ်နိမိတ်တွေပမာ ကန့်သတ် စည်းခြားရင်း ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်၊ တိုက်ဖျက်ရေး အကြီးအကျယ် လုပ်ကြပါတယ်။ WHO ဘက်ကလည်း တရုတ်နိုင်ငံတွင်း ပြည်နယ် တစ်ခုခြင်းစီရဲ့ ကူးစက်မှု၊ သေဆုံးမှု အရေအတွက်ကို နေ့စဉ် ထုတ်ပြန်ပေးပါတယ်။ တရုတ်ပြည်တွင်း ပြည်နယ် တစ်ခုခြင်းစီရဲ့ ဗိုင်းရပ်စ် ကူးစက်၊ သေဆုံးစာရင်းကိုတော့ မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ချက် အမှတ် ၅၅ မှာ နောက်ဆုံး ဖော်ပြခဲ့ပါတယ်။

အဲဒီအချိန်က တရုတ်နိုင်ငံတွင်း ဖြစ်ပွားမှု အမြင့်ဆုံးရောက်ပြီး တန့်နေခဲ့သလို၊ အခြား ကမ္ဘာ့နိုင်ငံနဲ့ ဒေသကြီး ၁၄၃ ခုကို ပျံ့နှံ့သွားခဲ့ပြီဖြစ်လို့၊ အဲဒီနိုင်ငံတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုပဲ ဆက်ဖော်ပြခဲ့လို့ ဖြစ်ပါတယ်။ အဲဒီ တရုတ်ပြည်တွင်း ပြည်နယ်တစ်ခုခြင်းစီ ဗိုင်းရပ်စ် ပျံ့နှံ့မှု ဖော်ပြခဲ့တဲ့ နောက်ဆုံးစာရင်းမှာ မြန်မာနယ်စပ်နဲ့ ထိစပ်နေတဲ့ ယူနန်ပြည်နယ်မှာ ဗိုင်းရပ်စ် တွေ့တဲ့ လူ ၁၇၄ ယောက်နဲ့ သေဆုံးသူ ၂ ယောက်ပဲ ရှိခဲ့တာပါ။ လက်ရှိ အချိန်ထိ အဲဒီ ရလာဒ်ဝန်းကျင် လောက်နဲ့ပဲ ရပ်တန့်သွားခဲ့တာ တွေ့ရပါတယ်။

ဒါဟာ မြန်မာနိုင်ငံထက် ပိုကျယ်ဝန်းပြီး လူဦးရေ ၄၈ သန်းကျော်ရှိတဲ့ အဲဒီ ယူနန်ပြည်နယ်အနေနဲ့ ဗိုင်းရပ်စ် အန္တရာယ်ကို ကောင်းကောင်း ကာကွယ်၊ ထိန်းချုပ်နိုင်တဲ့ အနေအထားလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် သူ့နဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ အယောက် ၁၄၀ ကျော်လာပြီး တရိပ်ရိပ် တက်လာနေတဲ့အပေါ် ယူနန်အစိုးရဘက်က စိုးရိမ်နေတာ သဘာ၀ ကျပါတယ်။

ဒါတောင် ရှေ့ပိုင်းကာလတွေမှာ မြန်မာနိုင်ငံထဲက နယ်စပ်ဖြတ်ပြီး တရုတ်နိုင်ငံထဲ သွားလိုသူတွေကို လုံး၀ ပိတ်ပင်တာမျိုးမလုပ်သေးပဲ နယ်စပ်ဂိတ်နားက ဟိုတယ်တွေမှာပဲ ကိုယ့်စားရိတ်နဲ့ကိုယ် စောင့်ကြည့် ၁၄ ရက်ထားပြီးမှ ဝင်ခွင့်ပြုတဲ့ စနစ် ကျင့်သုံးပါတယ်။ တရုတ်ပြည်တွင်းမှာလည်း ဗိုင်းရပ်စ် ပျံ့နှံ့မှု အချက်အခြာကျရာ နဲ့ ကူးစက်မှု၊ လူအသေအပျောက် အများဆုံးဖြစ်ခဲ့တဲ့ ဝူဟန်မြို့ကိုလည်း ပြန်ဖွင့်လိုက်ပြီးပါပြီ။ အခြားသော ကုန်ထုတ်လုပ်မှုနဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ပြန်စဖို့ ကြိုးစားနေတာ တွေ့မြင်ကြရပါတယ်။ မြန်မာနိုင်ငံဘက်မှာတော့ တရုတ်ဘက်ခြမ်း ဗိုင်းရပ်စ် ပျံ့နှံ့မှု ပြင်းထန်နေချိန် ရင်တထိတ်ထိတ်နဲ့ ပြင်ဆင် စောင့်ကြည့်နေခဲ့ရတာပါ။ နောက်ပိုင်း အခြေအနေ ဆိုးလာတော့ တရုတ်လေကြောင်းလိုင်းတွေကို တစ်ခုပြီး တစ်ခု ပိတ်တာနဲ့ အစပြုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ အများထင်ထားသလို မိုင်ပေါင်းများစွာ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံဘက်ကနေ ရောက်မလာခဲ့ပါဘူး။ အင်္ဂလန်၊ အမေရိကန်၊ စင်္ကာပူ နဲ့ ထိုင်းက ပြန်လာတဲ့သူတစ်ချို့၊ သူတို့တွေကနေ တဆင့် အဆင့်ဆင့် ကူးစက်ခဲ့တာပါ။ နဂိုတုန်းက တရုတ်နိုင်ငံဘက်ကနေ ကူးစက်မှုတွေ ရှိလာနိုင်တယ်လို့ တွေးထင်ခဲ့ပေမယ့် တကယ် ဖြစ်မလာခဲ့တာဟာ မြန်မာ့နယ်နိမိတ်နဲ့ ထိစပ်နေတဲ့ ယူနန်ပြည်နယ်ရဲ့ ကိုင်တွယ်ပုံ၊ ယူနန်ပြည်နယ် အတွင်းမှာကို ကူးစက်မှုနည်းခဲ့တဲ့ အခြေအနေအောက်မှာ မြန်မာနိုင်ငံက ကံကောင်းသွားခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအတွက် ကိုရိုနာဗိုင်းရပ်စ် ပြသနာမှာ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ စိုးရိမ်စရာ နိုင်ငံတစ်ခု မဖြစ်ခဲ့ရုံမက ခုဆိုရင် မြန်မာကို ကူညီတဲ့ အနေအထားတောင် ရောက်နေပါပြီ။

ကုန်ထုတ်လုပ်မှုတွေ ပြန်လုပ်နိုင်ပြီဖြစ်တဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် ကာကွယ် တိုက်ဖျက်၊ ကုသရေးအတွက် ဗိုင်းရပ်စ် စစ်ဆေးတဲ့စက်ကြီးတွေ၊ အသက်ရှုစက်တွေ၊ PPE နဲ့ မျက်နှာဖုံး Mask လိုမျိုး ပစ္စည်းတွေ ပေးပို့လှူဒါန်းနေပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆိုရင် ယူနန်ပြည်နယ်က ဆေးပညာဆိုင်ရာ အကြံပေးတစ်ချို့ ရောက်လာပြီး မြန်မာနိုင်ငံရဲ့ ဗိုင်းရပ်စ် တိုက်ဖျက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေး၊ အကြံပေးတာမျိုး လုပ်ခဲ့ပါသေးတယ်။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ကိုရိုနာဗိုင်းရပ်စ် ပြသနာနဲ့ ပတ်သက်ရင် မြန်မာအတွက် တရုတ် နိုင်ငံဟာ စိုးရိမ်စရာ မဟုတ်၊ လက်ရှိ ဗိုင်းရပ်စ် ပျံ့နှံ့မှု အခြေအနေ၊ ကုသပေးနိုင်မှု အခြေအနေ၊ ပြည်သူလူထုကို ထိန်းချုပ်နိုင်တဲ့ အခြေအနေတွေနဲ့ မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာ သည်သာ အိမ်နီးချင်း တရုတ်နိုင်ငံအတွက် စိုးရိမ်ပူပန်မယ်ဆိုရင် စိုးရိမ်စရာ ကိစ္စ ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG