သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယူနန္-ျမန္မာနယ္စပ္ ၂ လပိတ္မယ္လုိ႔ ယူနန္ျပည္နယ္အစိုးရ ေၾကညာ


တရုတ္ျပည္နယ္ ယူနန္ျပည္နယ္ဘက္က ျမင္ရတဲ့ တရုတ္ - ျမန္မာနယ္စပ္ စစ္ေဆးေရးဂိတ္။ (ေမ ၂၅၊ ၂၀၁၂)

(Zawgyi/Unicode)

ျမန္မာနဲ႔ နယ္စပ္အဝင္အထြက္ကို ႏွစ္လ ပိတ္ပင္လိုက္တယ္လို႔ တ႐ုတ္ယူနန္အစိုးရက ေၾကညာတဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ဆက္ေပးပါမယ္။

ျမန္မာျပည္တြင္း COVID-19 ေရာဂါကူးစက္မႈ အေျခအေနေတြေၾကာင့္ ျမန္မာျပည္နဲ႔ အဝင္အထြက္နယ္စပ္ကို ဒီေန႔ ဧၿပီလ ၂၄ ကစၿပီး ႏွစ္လတိတိ တားျမစ္လိုက္တယ္လို႔ တ႐ုတ္ယူနန္အစိုးရက ေၾကညာခဲ့သလို တ႐ုတ္သတင္းစာတခ်ိဳ႕က သတင္းအေသးစိတ္ကို ေဖာ္ျပခဲ့ပါတယ္။ ျမန္မာျပည္မွာ COVID-19 ကူးစက္သူစၿပီး ေတြ႔တယ္ဆိုတဲ့အခ်ိန္ တ႐ုတ္ဘက္ကလည္း သူ႔ႏိုင္ငံသားေတြကို အသြားအလာ မလုပ္ဖို႔ သတိေပးခဲ့ပါေသးတယ္။

တရုတ္ - ျမန္မာနယ္စပ္
တရုတ္ - ျမန္မာနယ္စပ္

ဒါေပမဲ့ အခုအႀကိမ္ကေတာ့ ပိုၿပီး တင္းတင္းၾကပ္ၾကပ္ လုပ္လာတဲ့ သေဘာရွိေၾကာင္း ကခ်င္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီး ဦးေဇာ္ဝင္းက ဗြီအိုေအကို ေျပာပါတယ္။

“ပထမအဆင့္အမိန႔္ ထုတ္ထားတာ ရွိတယ္။ အခုတခုက ဒီထက္ပိုၿပီး တင္းတင္းၾကပ္ၾကပ္ ထုတ္လာတဲ့သေဘာ ရွိတယ္။ က်ေနာ္တို႔ ဟိုဘက္ ဒီဘက္ ညႇိထားတာကေတာ့ သူတို႔ဘက္ကလည္း ဒီဘက္ကို မလာဘူး၊ က်ေနာ္တို႔ဘက္ကလည္း မသြားဘူး။ သူတို႔ဘက္ေရာက္ေနတဲ့ ျမန္မာေတြကိုလည္း ၁၃ ညအိပ္၊ ၁၄ ရက္သတ္မွတ္ထားတာမွာ လဝက ဥပေဒအရ သူတို႔ extension ေပးမယ္၊ က်ေနာ္တို႔ ဒီဘက္မွာေရာက္ေနတဲ့ တ႐ုတ္ေတြလည္း ရွိတယ္။ က်ေနာ္တို႔ဘက္ကလည္း extension လုပ္ေပးမယ္ COVID-19 outbreak ျဖစ္ေနတဲ့ ကာလအတြင္းမွာေပါ့၊ အဲဒီလိုေတာ့ က်ေနာ္တို႔ ညႇိႏႈိင္းထားတာ ရွိတယ္။”

ယူနန္ျပည္နယ္ တ႐ုတ္နယ္စပ္တေလွ်ာက္မွာ ေနထိုင္တဲ့သူေတြအားလုံးကို တ႐ုတ္အစိုးရက အသိေပးေၾကညာခဲ့သလို စစ္သားနဲ႔ ရဲဝန္ထမ္း အမ်ားအျပားကို နယ္စပ္တေလွ်ာက္ လည္းခ်ထားၿပီျဖစ္ပါတယ္။ ျမန္မာျပည္ထဲ ဝင္ေရာက္တဲ့ တ႐ုတ္ႏိုင္ငံသား ဘယ္သူမဆို ေထာင္ဒဏ္အျပစ္ေပးႏိုင္တယ္လို႔လည္း တ႐ုတ္သတင္းစာေတြမွာ ေဖာ္ျပထားပါတယ္။ တ႐ုတ္ႏိုင္ငံထဲ တရားမဝင္ ေရာက္လာတဲ့ ျမန္မာႏိုင္ငံသားကို ဖမ္းဆီးမိရင္ ယြမ္ေငြ ၁,၀၀၀ ကို ဆုေၾကးအေနနဲ႔ ေပးမယ္လို႔ဆိုပါတယ္။

နယ္စပ္လူအဝင္ထြက္ကို ပိတ္ပင္ထားေပမယ့္လို႔၊ ကုန္စည္စီးဆင္းမႈကေတာ့ ႏွစ္ႏိုင္ငံ ညႇိႏႈိင္းမႈနဲ႔ ဆက္ၿပီး လည္ပတ္ေနမယ္လို႔ မူဆယ္ကုန္သည္ေတြက ေျပာပါတယ္။

“ကုန္စည္ကေတာ့ ပုံမွန္လည္ပတ္ေနတုန္းပဲ၊ ပြဲ႐ုံတိုင္းကေတာ့ သူ႔လူ၊ ကိုယ့္လူ အေရာင္းပြဲစားေတြ လႊတ္ထားၿပီးသားပဲ။ ဒီဘက္ ေ႐ႊလီဘက္မွာေတာ့ သူတို႔ (တ႐ုတ္က) ပိုဂ႐ုစိုက္တယ္၊ ဒါေပမဲ့ အားလုံးပါပဲ သူ႔နယ္နမိတ္မွာေတာ့ သူက နယ္ျခားေစာင့္တပ္ေတြ တိုးခ်ဲ႕၊ တိုးျမႇင့္ ခ်ထားတာေပါ့။ ကုန္က ဒီအတိုင္းပဲ။”

မူဆယ္ ခြာညိဳသစ္သီးပြဲ႐ုံ ပိုင္ရွင္ စိုင္းခင္ေမာင္ေျပာသြားတာပါ။

တရုတ္ျပည္တြင္း ျပည္နယ္တစ္ခုျခင္းစီမွာ ဗိုင္းရပ္စ္ပ်႕ံႏွံ႔မႈ ေဖာ္ျပခဲ့တဲ့ ေနာက္ဆံုးစာရင္းအရ ျမန္မာႏုိင္ငံနဲ႔ ထိစပ္ေနတဲ့ ယူနန္ျပည္နယ္မွာ ဗိုင္းရပ္စ္ပိုး ကူးစက္တယ္လုိ႔ စစ္ေဆးေတြ႔ရွိသူ ၁၇၄ ေယာက္နဲ႔ ေသဆံုးသူ ၂ ေယာက္ပဲ ရွိပါတယ္။ လက္ရွိအခ်ိန္ထိ အဲဒီ ရလာဒ္၀န္းက်င္ေလာက္နဲ႔ပဲ ရပ္တန္႔သြားခဲ့တာ ေတြ႔ရပါတယ္။

ဒါဟာ ျမန္မာႏုိင္ငံထက္ ပိုက်ယ္၀န္းျပီး လူဦးေရ ၄၈ သန္းေက်ာ္ရွိတဲ့ ယူနန္ျပည္နယ္အေနနဲ႔ ဗိုင္းရပ္စ္ အႏၲရာယ္ကို ေကာင္းေကာင္း ကာကြယ္၊ ထိန္းခ်ဳပ္ႏိုင္တဲ့ အေနအထားလို႔ ေျပာႏိုင္ပါတယ္။

ဒါေၾကာင့္ သူ႔နဲ႔ နယ္နိမိတ္ျခင္း ထိစပ္ေနတဲ့ ျမန္မာႏုိင္ငံမွာ ဗိုင္းရပ္စ္ ကူးစက္ခံရသူ အေယာက္ ၁၄၀ နီးပါးရွိလာျပီး တရိပ္ရိပ္ တက္လာေနတဲ့အေပၚ ယူနန္အစိုးရဘက္က အထူးစိုးရိမ္ေနတာကို အခု နယ္စပ္ပိတ္တဲ့လုပ္ေဆာင္ခ်က္က ျပေနပါတယ္။

COVID-19 ကပ္ေရာဂါ မျဖစ္ခင္က ယူနန္ျပည္နယ္၊ ေ႐ႊလီၿမိဳ႕ကို ဝင္ထြက္ေနတဲ့ လူေပါင္းက တရက္ကို ၅၀,၀၀၀ ေလာက္ရွိၿပီး ကားအေရအတြက္က ၁,၅၀၀ ေလာက္ရွိတယ္လို႔ People's Daily သတင္းစာက ေဖာ္ျပခဲ့ပါတယ္။

တခ်ိန္တည္းမွာေတာ့ ကူညီေရးေဆးပစၥည္းေတြအပါအဝင္ တ႐ုတ္ႏိုင္ငံ စစ္ဘက္က်န္းမာေရးအဖြဲ႔တဖြဲ႔ဟာ ျမန္မာစစ္ဘက္က်န္းမာေရးအဖြဲ႕ေတြနဲ႔ ပူးေပါင္းၿပီး COVID-19 ျပန႔္ပြားမႈ ထိန္းခ်ဳပ္ေရးေဆာင္႐ြက္ဖို႔ ဒီကေန႔မွာ ရန္ကုန္ေလဆိပ္ကို ဆိုက္ေရာက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ယူနန်-မြန်မာနယ်စပ် ၂ လပိတ်မယ်လို့ ယူနန်ပြည်နယ်အစိုးရ ကြေညာ

မြန်မာနဲ့ နယ်စပ်အဝင်အထွက်ကို နှစ်လ ပိတ်ပင်လိုက်တယ်လို့ တရုတ်ယူနန်အစိုးရက ကြေညာတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ဆက်ပေးပါမယ်။

မြန်မာပြည်တွင်း COVID-19 ရောဂါကူးစက်မှု အခြေအနေတွေကြောင့် မြန်မာပြည်နဲ့ အဝင်အထွက်နယ်စပ်ကို ဒီနေ့ ဧပြီလ ၂၄ ကစပြီး နှစ်လတိတိ တားမြစ်လိုက်တယ်လို့ တရုတ်ယူနန်အစိုးရက ကြေညာခဲ့သလို တရုတ်သတင်းစာတချို့က သတင်းအသေးစိတ်ကို ဖော်ပြခဲ့ပါတယ်။ မြန်မာပြည်မှာ COVID-19 ကူးစက်သူစပြီး တွေ့တယ်ဆိုတဲ့အချိန် တရုတ်ဘက်ကလည်း သူ့နိုင်ငံသားတွေကို အသွားအလာ မလုပ်ဖို့ သတိပေးခဲ့ပါသေးတယ်။

ဒါပေမဲ့ အခုအကြိမ်ကတော့ ပိုပြီး တင်းတင်းကြပ်ကြပ် လုပ်လာတဲ့ သဘောရှိကြောင်း ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ပထမအဆင့်အမိန့် ထုတ်ထားတာ ရှိတယ်။ အခုတခုက ဒီထက်ပိုပြီး တင်းတင်းကြပ်ကြပ် ထုတ်လာတဲ့သဘော ရှိတယ်။ ကျနော်တို့ ဟိုဘက် ဒီဘက် ညှိထားတာကတော့ သူတို့ဘက်ကလည်း ဒီဘက်ကို မလာဘူး၊ ကျနော်တို့ဘက်ကလည်း မသွားဘူး။ သူတို့ဘက်ရောက်နေတဲ့ မြန်မာတွေကိုလည်း ၁၃ ညအိပ်၊ ၁၄ ရက်သတ်မှတ်ထားတာမှာ လဝက ဥပဒေအရ သူတို့ extension ပေးမယ်၊ ကျနော်တို့ ဒီဘက်မှာရောက်နေတဲ့ တရုတ်တွေလည်း ရှိတယ်။ ကျနော်တို့ဘက်ကလည်း extension လုပ်ပေးမယ် COVID-19 outbreak ဖြစ်နေတဲ့ ကာလအတွင်းမှာပေါ့၊ အဲဒီလိုတော့ ကျနော်တို့ ညှိနှိုင်းထားတာ ရှိတယ်။”

ယူနန်ပြည်နယ် တရုတ်နယ်စပ်တလျှောက်မှာ နေထိုင်တဲ့သူတွေအားလုံးကို တရုတ်အစိုးရက အသိပေးကြေညာခဲ့သလို စစ်သားနဲ့ ရဲဝန်ထမ်း အများအပြားကို နယ်စပ်တလျှောက် လည်းချထားပြီဖြစ်ပါတယ်။ မြန်မာပြည်ထဲ ဝင်ရောက်တဲ့ တရုတ်နိုင်ငံသား ဘယ်သူမဆို ထောင်ဒဏ်အပြစ်ပေးနိုင်တယ်လို့လည်း တရုတ်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံထဲ တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသားကို ဖမ်းဆီးမိရင် ယွမ်ငွေ ၁,၀၀၀ ကို ဆုကြေးအနေနဲ့ ပေးမယ်လို့ဆိုပါတယ်။

နယ်စပ်လူအဝင်ထွက်ကို ပိတ်ပင်ထားပေမယ့်လို့၊ ကုန်စည်စီးဆင်းမှုကတော့ နှစ်နိုင်ငံ ညှိနှိုင်းမှုနဲ့ ဆက်ပြီး လည်ပတ်နေမယ်လို့ မူဆယ်ကုန်သည်တွေက ပြောပါတယ်။

“ကုန်စည်ကတော့ ပုံမှန်လည်ပတ်နေတုန်းပဲ၊ ပွဲရုံတိုင်းကတော့ သူ့လူ၊ ကိုယ့်လူ အရောင်းပွဲစားတွေ လွှတ်ထားပြီးသားပဲ။ ဒီဘက် ရွှေလီဘက်မှာတော့ သူတို့ (တရုတ်က) ပိုဂရုစိုက်တယ်၊ ဒါပေမဲ့ အားလုံးပါပဲ သူ့နယ်နမိတ်မှာတော့ သူက နယ်ခြားစောင့်တပ်တွေ တိုးချဲ့၊ တိုးမြှင့် ချထားတာပေါ့။ ကုန်က ဒီအတိုင်းပဲ။”

မူဆယ် ခွာညိုသစ်သီးပွဲရုံ ပိုင်ရှင် စိုင်းခင်မောင်ပြောသွားတာပါ။

တရုတ်ပြည်တွင်း ပြည်နယ်တစ်ခုခြင်းစီမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှု ဖော်ပြခဲ့တဲ့ နောက်ဆုံးစာရင်းအရ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ယူနန်ပြည်နယ်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်တယ်လို့ စစ်ဆေးတွေ့ရှိသူ ၁၇၄ ယောက်နဲ့ သေဆုံးသူ ၂ ယောက်ပဲ ရှိပါတယ်။ လက်ရှိအချိန်ထိ အဲဒီ ရလာဒ်ဝန်းကျင်လောက်နဲ့ပဲ ရပ်တန့်သွားခဲ့တာ တွေ့ရပါတယ်။

ဒါဟာ မြန်မာနိုင်ငံထက် ပိုကျယ်ဝန်းပြီး လူဦးရေ ၄၈ သန်းကျော်ရှိတဲ့ ယူနန်ပြည်နယ်အနေနဲ့ ဗိုင်းရပ်စ် အန္တရာယ်ကို ကောင်းကောင်း ကာကွယ်၊ ထိန်းချုပ်နိုင်တဲ့ အနေအထားလို့ ပြောနိုင်ပါတယ်။

ဒါကြောင့် သူ့နဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ အယောက် ၁၄၀ နီးပါးရှိလာပြီး တရိပ်ရိပ် တက်လာနေတဲ့အပေါ် ယူနန်အစိုးရဘက်က အထူးစိုးရိမ်နေတာကို အခု နယ်စပ်ပိတ်တဲ့လုပ်ဆောင်ချက်က ပြနေပါတယ်။

COVID-19 ကပ်ရောဂါ မဖြစ်ခင်က ယူနန်ပြည်နယ်၊ ရွှေလီမြို့ကို ဝင်ထွက်နေတဲ့ လူပေါင်းက တရက်ကို ၅၀,၀၀၀ လောက်ရှိပြီး ကားအရေအတွက်က ၁,၅၀၀ လောက်ရှိတယ်လို့ People's Daily သတင်းစာက ဖော်ပြခဲ့ပါတယ်။

တချိန်တည်းမှာတော့ ကူညီရေးဆေးပစ္စည်းတွေအပါအဝင် တရုတ်နိုင်ငံ စစ်ဘက်ကျန်းမာရေးအဖွဲ့တဖွဲ့ဟာ မြန်မာစစ်ဘက်ကျန်းမာရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး COVID-19 ပြန့်ပွားမှု ထိန်းချုပ်ရေးဆောင်ရွက်ဖို့ ဒီကနေ့မှာ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG