သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အာဆီယံ ၄ နိုင်ငံကို ကိုဗစ်အန္တရာယ်မြင့်မားလာမယ့်နိုင်ငံတွေအဖြစ် ထိုင်း သတ်မှတ်


(Zawgyi/Unicode)

မြန်မာ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို COVID-19 ကပ်ရောဂါ အန္တရာယ် မြင့်မားတဲ့ နိုင်ငံတွေစာရင်းထဲမှာ ထိုင်းနိုင်ငံက ထပ်တိုး ထည့်သွင်းလိုက်ပါတယ်။

အဲဒီ ၅ နိုင်ငံမှာ COVID-19 ရောဂါ ဖြစ်ပွားမှု ပိုတိုးလာနေတဲ့အကြောင်းကို ထိုင်းဒုတိယ ဝန်ကြီးချုပ်နဲ့ လူထုကျန်းမာရေး ဝန်ကြီး Anutin Charnvirakul က လက်မှတ်ရေးထိုးထားပြီး ထိုင်း လူထုကျန်းမာရေး ဝန်ကြီးဌာနက ဧပြီ ၂၂ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ကြေညာ ထားခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေအကြား ရောဂါထိန်းချုပ်၊ ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို အရှိန်ဟုန်မြင့်လုပ်ဆောင်နိုင်ဖို့အတွက် ကူးစက်ရောဂါဆိုင်ရာ အက်ဥပဒေ အရ အဲဒီ ၅ နိုင်ငံကို ကပ်ရောဂါ အန္တရယ် များတဲ့ နိုင်ငံတွေ စာရင်းမှာထည့်သွင်းလိုက်တာလည်း ဖြစ်ပါတယ်။

မတ်လတုန်းကလည်း ထိုင်းနိုင်ငံက ဟောင်ကောင်၊ မကာအို၊ တရုတ်၊ တောင်ကိုရီးယား၊ အီတလီ နဲ့ အီရန်တို့ကို COVID-19 ကပ်ရောဂါ အန္တရာယ် မြင့်မားတဲ့ စာရင်းမှာ ထည့်သွင်းထားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)





XS
SM
MD
LG