သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကာလ မႏၱေလးေက်ာက္၀ိုင္း ျပန္ဖြင့္ဖို႔ ျပင္ဆင္


မႏၱေလး ေက်ာက္စိမ္းေဈးကြက္တြင္ အေရာင္းအဝယ္ ျပဳလုပ္ေနၾကသည့္ ျမင္ကြင္း။ (ဇန္နဝါရီ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ေၾကာင့္ လုပ္ငန္းေတြ ပိတ္ထားခဲ့ၿပီးေနာက္ စေနေန႔ကစလို႔ စီးပြားေရး လုပ္ငန္းတခ်ိဳ႕ ျပန္စလာတဲ့ မႏၱေလးၿမဳိ႕မွာ အဓိက စီးပြားေရးလုပ္ငန္းျဖစ္တဲ့ ေက်ာက္စိမ္း ေက်ာက္မ်က္ေစ်းကြက္ ျပန္စႏုိင္မယ့္ အလားအလာကို မသိဂႌထုိက္ တင္ျပေပးထားပါတယ္။

တ႐ုတ္၀ယ္လက္ကို အားထားတဲ့ မႏၱေလး ေက်ာက္စိမ္းေစ်းကြက္ ေက်ာက္၀ိုင္းကို မွီခိုအလုပ္လုပ္ကိုင္သူက ၈ ေသာင္းနဲ႔ ၁ သိန္းၾကားမွာ ရွိပါတယ္။ အခု မႏၱေလး အလုပ္ေတြ ျပန္စလာၿပီ ဆိုေပမယ့္ ေက်ာက္၀ိုင္းေတာ့ ျပန္မဖြင့္ေသးပါဘူး။ မႏၱေလး ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္းရဲ႕ တြဲဘက္အတြင္းေရးမွဴး ၁၊ ကိုယ္တိုင္လည္း ဟိုတယ္နဲ႔ ေက်ာက္မ်က္လုပ္ငန္းရွင္ တဦးျဖစ္တဲ့ ေဒၚစုမြန္တိုးကေတာ့ လက္ရွိမွာ ဟိုတယ္နဲ႔ ေက်ာက္မ်က္အေရာင္းအ၀ယ္ကေတာ့ ျပန္စဖို႔ ျပင္ဆင္ေနဆဲ အေျခအေနပါလို႔ ေျပာပါတယ္။

“ဒီလ ၁၆ ရက္ေန႔ကေတာ့ ပထမဆုံး စတင္ၿပီး ေျဖေလွ်ာ့တာေတြ ရွိလာပါၿပီ။ ဒါေပမယ့္ ဟုိတယ္အေနနဲ႔ကေတာ့ က်န္းမာေရးအဖြဲ႔က လာေရာက္စစ္ေဆးသြားၿပီ ဆုိေပမယ့္ က်န္းမာေရးအဖြဲ႔ရဲ႕ ေထာက္ခံခ်က္ ရရွိထားပါတယ္။ ေဒသအုပ္ခ်ပ္မႈဆုိင္ရာဆီကေတာ့ ဖြင့္ခြင့္ေထာက္ခံခ်က္ မရရွိေသးတဲ့အတြက္ ဟုိတယ္ကေတာ့ ဆက္လက္ပိတ္ထားပါတယ္ရွင့္။ ေက်ာက္မ်က္ရတနာဆုိင္ အေနနဲ႔ကေတာ့ ဟိုတယ္နဲ႔ တြဲလ်က္ျဖစ္ေနတဲ့အတြက္ေၾကာင့္ က်မတုိ႔ ဆက္ၿပီး ေစာင့္ၾကည့္ေနပါတယ္။ အဝင္အထြက္အေနနဲ႔ လူနည္းေအာင္လုိ႔လည္း အေရွ႕မွာ တားျမစ္ထားတဲ့ပုံစံေတြ၊ ကန္႔သတ္ထားတဲ့ ပုံစံေတြအတုိင္းပဲ လုပ္ထားပါတယ္။”

မသိဂႌထုိက္ - အခု မႏၱေလးက COVID-19 ေၾကာင့္ စီးပြားေရးလုပ္ငန္းေတြ ပိတ္လုိက္တာ တလနီးပါး ရွိသြားတယ္ဆုိေတာ့ အေရာင္းအဝယ္ သိသိသာသာ ျပတ္သြားတဲ့သေဘာမ်ဳိး ျဖစ္မွာပါ။ ေဒၚစုမြန္တုိးတို႔ အေရာင္းအဝယ္ကေတာ့ စားေသာက္ကုန္လည္း မဟုတ္ဘူး ဒီပစၥည္းေတြက၊ ဒီေဈးကြက္ကေရာ အခုျပန္ဖြင့္ရင္ ဘယ္လုိ ေမွ်ာ္လင့္ပါသလဲ ေဈးကြက္အေနနဲ႔။

ေဒၚစုမြန္တုိး - “က်မတို႔က ေဈးကြက္ႀကီးတခုလုံး ရပ္တန္႔လုိက္ရတဲ့သေဘာ ဝင္ေငြ လုံးဝမရွိဘဲနဲ႔ ရပ္တန္႔လုိက္ရတဲ့ သေဘာပါ။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ မွီခုိေနၾကတဲ့ ပန္းထိမ္ဆရာေတြရွိတယ္၊ အေရာင္တင္လုပ္ငန္းေတြ ရွိတယ္၊ ေနာက္ အေခ်ာထည္ ေသြးတဲ့လူေတြရွိတယ္၊ စသျဖင့္ ဒီလုိလူေတြ အကုန္လုံးလည္း က်မတို႔ ရပ္တန္႔ျခင္းအားျဖင့္ သူတုိ႔လည္း အနည္းနဲ႔အမ်ား ရပ္တန္႔ၾကပါတယ္။ ေက်ာက္မ်က္ရတနာနဲ႔ ပတ္သက္ၿပီး အခု ေဈးကြက္ျပန္ဖြင့္တဲ့အခါမွာ လုပ္ငန္းေလးေတြေတာ့ နည္းနည္း နည္းနည္း စၿပီးေတာ့ လုပ္လို႔ရပါတယ္။ ဒါေပမယ့္ အရင္ေလာက္ လုပ္ငန္းျပန္ျဖစ္ဖုိ႔ဆုိ က်မတုိ႔ အားတခုယူရပါမယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ က်မတုိ႔ရဲ႕ ပတ္ဝန္းက်င္မွာရွိတဲ့ လူေတြက လုပ္ငန္းျဖစ္ေတာ့မွ က်မတုိ႔လုပ္ငန္းကုိ ေနာက္ဆုံးအေနနဲ႔ ဝယ္တာေပါ့။ စားဝတ္ေနေရးၿပီးေတာ့မွ လက္ဝတ္ရတနာပိုင္း ျဖစ္တဲ့အတြက္ေၾကာင့္မုိ႔ အခ်ိန္တခုေတာ့ ေတာင့္ခံႏုိင္ရမယ္လို႔ ထင္ပါတယ္။”

မသိဂႌထုိက္ - ေက်ာက္စိမ္းေဈးကြက္မွာလည္း တ႐ုတ္ဘက္က လူအဝင္ေတာ့ ေလ်ာ့သြားမယ္ ထင္ပါတယ္။ အဲဒီေဈးကြက္ဘက္ကေရာ ဘာသတင္းေတြမ်ား ၾကားပါသလဲ။

ေဒၚစုမြန္တုိး - “အခုလက္ရွိအထိကေတာ့ မႏၱေလးေက်ာက္ဝုိင္းမွာ ေထာက္ပံ့မႈေလးေတြ ေက်ာက္မ်က္ရတနာအသင္းက လုပ္ေနပါတယ္။ လူတေယာက္ကုိ တေသာင္းဝန္းက်င္ဖုိးနဲ႔ ကုန္သည္အႀကီးေတြ၊ ေက်ာက္စိမ္းတြင္း ပိုင္ရွင္ေတြက လွဴထားတဲ့ ပုိက္ဆံေတြနဲ႔ ေက်ာက္မ်က္ရတနာအသင္းက ဦးစီးၿပီးေတာ့မွ ေထာက္ပံ့မႈေလးေတြ လုပ္ေနပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ေက်ာက္ဝုိင္းမွာ ေန႔စဥ္ဝင္ေငြရမွ ရပ္တည္ႏုိင္မယ့္ လူေတြအတြက္ အဓိကပါရွင့္။ ဒီလူေတြက ဒီဝိုင္းရပ္သြားတာနဲ႔ သူတုိ႔ရဲ႕ စားဝတ္ေနေရးက ဒုကၡေရာက္ပါတယ္။

“ဒါေၾကာင့္ ဒီဝုိင္းေလး ျပန္ျဖစ္ဖို႔အတြက္လည္း က်မတုိ႔ ၿမိဳ႕ေတာ္စည္ပင္က ၿမိဳ႕ေတာ္ဝန္နဲ႔တကြ ေက်ာက္မ်က္ရတနာအသင္းက လူေတြ ပူးေပါင္းၿပီးေတာ့ ႀကိဳးစားေနပါတယ္။ အႏၱရာယ္ အနည္းဆုံးနဲ႔ အႏၱရာယ္အကင္းဆုံးျဖစ္ေအာင္ ျပန္လည္ဖြင့္လွစ္ႏုိင္ဖို႔အတြက္၊ လက္ရွိေတာ့ မဖြင့္ေသးပါဘူး။ ဒီဝုိင္းေလး ျပန္ျဖစ္လာရင္ေတာ့ လူေပါင္း ၈ ေသာင္းဝန္းက်င္ေလာက္ နည္းနည္းေလး ျပန္ေျပလည္လာမယ္လို႔ ထင္ပါတယ္။ တကယ္လို႔ ျပန္ဖြင့္ရင္ အရင္လုိ မေကာင္းရင္ေတာင္မွ နည္းနည္းေတာ့ ျပန္ၿပီး အစပ်ဳိးလုိ႔ရမယ္လုိ႔ ထင္ပါတယ္။”

မႏၱေလး ေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္းရဲ႕ တြဲဘက္အတြင္းေရးမွဴး ၁ ေဒၚစုမြန္တိုး ေျပာျပခဲ့တာပါ။

မႏၱေလးတိုင္းအတြင္းမွာ COVID-19 အတည္ျပဳလူနာ ၃ ဦး ရွိခဲ့ၿပီး အားလံုး ျပန္လည္သက္သာ ေပ်ာက္ကင္းသြားၿပီလို႔ အစိုးရက သတင္းထုတ္ထားတာအရ ဆိုရင္ေတာ့ လက္ရွိမွာ မႏၱေလးတိုင္းအတြင္း COVID-19 အတည္ျပဳလူနာ မရွိေတာ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

COVID-19 ကာလ မန္တလေးကျောက်ဝိုင်း ပြန်ဖွင့်ဖို့ ပြင်ဆင်

COVID-19 ကြောင့် လုပ်ငန်းတွေ ပိတ်ထားခဲ့ပြီးနောက် စနေနေ့ကစလို့ စီးပွားရေး လုပ်ငန်းတချို့ ပြန်စလာတဲ့ မန္တလေးမြို့မှာ အဓိက စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ကျောက်စိမ်း ကျောက်မျက်ဈေးကွက် ပြန်စနိုင်မယ့် အလားအလာကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

တရုတ်ဝယ်လက်ကို အားထားတဲ့ မန္တလေး ကျောက်စိမ်းဈေးကွက် ကျောက်ဝိုင်းကို မှီခိုအလုပ်လုပ်ကိုင်သူက ၈ သောင်းနဲ့ ၁ သိန်းကြားမှာ ရှိပါတယ်။ အခု မန္တလေး အလုပ်တွေ ပြန်စလာပြီ ဆိုပေမယ့် ကျောက်ဝိုင်းတော့ ပြန်မဖွင့်သေးပါဘူး။ မန္တလေး ကျောက်မျက်လုပ်ငန်းရှင်များအသင်းရဲ့ တွဲဘက်အတွင်းရေးမှူး ၁၊ ကိုယ်တိုင်လည်း ဟိုတယ်နဲ့ ကျောက်မျက်လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဒေါ်စုမွန်တိုးကတော့ လက်ရှိမှာ ဟိုတယ်နဲ့ ကျောက်မျက်အရောင်းအဝယ်ကတော့ ပြန်စဖို့ ပြင်ဆင်နေဆဲ အခြေအနေပါလို့ ပြောပါတယ်။

“ဒီလ ၁၆ ရက်နေ့ကတော့ ပထမဆုံး စတင်ပြီး ဖြေလျှော့တာတွေ ရှိလာပါပြီ။ ဒါပေမယ့် ဟိုတယ်အနေနဲ့ကတော့ ကျန်းမာရေးအဖွဲ့က လာရောက်စစ်ဆေးသွားပြီ ဆိုပေမယ့် ကျန်းမာရေးအဖွဲ့ရဲ့ ထောက်ခံချက် ရရှိထားပါတယ်။ ဒေသအုပ်ချပ်မှုဆိုင်ရာဆီကတော့ ဖွင့်ခွင့်ထောက်ခံချက် မရရှိသေးတဲ့အတွက် ဟိုတယ်ကတော့ ဆက်လက်ပိတ်ထားပါတယ်ရှင့်။ ကျောက်မျက်ရတနာဆိုင် အနေနဲ့ကတော့ ဟိုတယ်နဲ့ တွဲလျက်ဖြစ်နေတဲ့အတွက်ကြောင့် ကျမတို့ ဆက်ပြီး စောင့်ကြည့်နေပါတယ်။ အဝင်အထွက်အနေနဲ့ လူနည်းအောင်လို့လည်း အရှေ့မှာ တားမြစ်ထားတဲ့ပုံစံတွေ၊ ကန့်သတ်ထားတဲ့ ပုံစံတွေအတိုင်းပဲ လုပ်ထားပါတယ်။”

မသိင်္ဂီထိုက် -အခု မန္တလေးက COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းတွေ ပိတ်လိုက်တာ တလနီးပါး ရှိသွားတယ်ဆိုတော့ အရောင်းအဝယ် သိသိသာသာ ပြတ်သွားတဲ့သဘောမျိုး ဖြစ်မှာပါ။ ဒေါ်စုမွန်တိုးတို့ အရောင်းအဝယ်ကတော့ စားသောက်ကုန်လည်း မဟုတ်ဘူး ဒီပစ္စည်းတွေက၊ ဒီဈေးကွက်ကရော အခုပြန်ဖွင့်ရင် ဘယ်လို မျှော်လင့်ပါသလဲ ဈေးကွက်အနေနဲ့။

ဒေါ်စုမွန်တိုး - “ကျမတို့က ဈေးကွက်ကြီးတခုလုံး ရပ်တန့်လိုက်ရတဲ့သဘော ဝင်ငွေ လုံးဝမရှိဘဲနဲ့ ရပ်တန့်လိုက်ရတဲ့ သဘောပါ။ ဒါနဲ့ပတ်သက်ပြီးတော့ မှီခိုနေကြတဲ့ ပန်းထိမ်ဆရာတွေရှိတယ်၊ အရောင်တင်လုပ်ငန်းတွေ ရှိတယ်၊ နောက် အချောထည် သွေးတဲ့လူတွေရှိတယ်၊ စသဖြင့် ဒီလိုလူတွေ အကုန်လုံးလည်း ကျမတို့ ရပ်တန့်ခြင်းအားဖြင့် သူတို့လည်း အနည်းနဲ့အများ ရပ်တန့်ကြပါတယ်။ ကျောက်မျက်ရတနာနဲ့ ပတ်သက်ပြီး အခု ဈေးကွက်ပြန်ဖွင့်တဲ့အခါမှာ လုပ်ငန်းလေးတွေတော့ နည်းနည်း နည်းနည်း စပြီးတော့ လုပ်လို့ရပါတယ်။ ဒါပေမယ့် အရင်လောက် လုပ်ငန်းပြန်ဖြစ်ဖို့ဆို ကျမတို့ အားတခုယူရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေက လုပ်ငန်းဖြစ်တော့မှ ကျမတို့လုပ်ငန်းကို နောက်ဆုံးအနေနဲ့ ဝယ်တာပေါ့။ စားဝတ်နေရေးပြီးတော့မှ လက်ဝတ်ရတနာပိုင်း ဖြစ်တဲ့အတွက်ကြောင့်မို့ အချိန်တခုတော့ တောင့်ခံနိုင်ရမယ်လို့ ထင်ပါတယ်။”

မသိင်္ဂီထိုက် - ကျောက်စိမ်းဈေးကွက်မှာလည်း တရုတ်ဘက်က လူအဝင်တော့ လျော့သွားမယ် ထင်ပါတယ်။ အဲဒီဈေးကွက်ဘက်ကရော ဘာသတင်းတွေများ ကြားပါသလဲ။

ဒေါ်စုမွန်တိုး - “အခုလက်ရှိအထိကတော့ မန္တလေးကျောက်ဝိုင်းမှာ ထောက်ပံ့မှုလေးတွေ ကျောက်မျက်ရတနာအသင်းက လုပ်နေပါတယ်။ လူတယောက်ကို တသောင်းဝန်းကျင်ဖိုးနဲ့ ကုန်သည်အကြီးတွေ၊ ကျောက်စိမ်းတွင်း ပိုင်ရှင်တွေက လှူထားတဲ့ ပိုက်ဆံတွေနဲ့ ကျောက်မျက်ရတနာအသင်းက ဦးစီးပြီးတော့မှ ထောက်ပံ့မှုလေးတွေ လုပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်ဝိုင်းမှာ နေ့စဉ်ဝင်ငွေရမှ ရပ်တည်နိုင်မယ့် လူတွေအတွက် အဓိကပါရှင့်။ ဒီလူတွေက ဒီဝိုင်းရပ်သွားတာနဲ့ သူတို့ရဲ့ စားဝတ်နေရေးက ဒုက္ခရောက်ပါတယ်။

“ဒါကြောင့် ဒီဝိုင်းလေး ပြန်ဖြစ်ဖို့အတွက်လည်း ကျမတို့ မြို့တော်စည်ပင်က မြို့တော်ဝန်နဲ့တကွ ကျောက်မျက်ရတနာအသင်းက လူတွေ ပူးပေါင်းပြီးတော့ ကြိုးစားနေပါတယ်။ အန္တရာယ် အနည်းဆုံးနဲ့ အန္တရာယ်အကင်းဆုံးဖြစ်အောင် ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက်၊ လက်ရှိတော့ မဖွင့်သေးပါဘူး။ ဒီဝိုင်းလေး ပြန်ဖြစ်လာရင်တော့ လူပေါင်း ၈ သောင်းဝန်းကျင်လောက် နည်းနည်းလေး ပြန်ပြေလည်လာမယ်လို့ ထင်ပါတယ်။ တကယ်လို့ ပြန်ဖွင့်ရင် အရင်လို မကောင်းရင်တောင်မှ နည်းနည်းတော့ ပြန်ပြီး အစပျိုးလို့ရမယ်လို့ ထင်ပါတယ်။”

မန္တလေး ကျောက်မျက်လုပ်ငန်းရှင်များအသင်းရဲ့ တွဲဘက်အတွင်းရေးမှူး ၁ ဒေါ်စုမွန်တိုး ပြောပြခဲ့တာပါ။

မန္တလေးတိုင်းအတွင်းမှာ COVID-19 အတည်ပြုလူနာ ၃ ဦး ရှိခဲ့ပြီး အားလုံး ပြန်လည်သက်သာ ပျောက်ကင်းသွားပြီလို့ အစိုးရက သတင်းထုတ်ထားတာအရ ဆိုရင်တော့ လက်ရှိမှာ မန္တလေးတိုင်းအတွင်း COVID-19 အတည်ပြုလူနာ မရှိတော့ပါဘူး။

XS
SM
MD
LG