သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်း ကျောက်စိမ်းဈေးကွက် အလုပ်မဖြစ်ပေမယ့် ကျောက်စိမ်း ထုတ်လုပ်မှု မလျော့


ဖားကန့် ကျောက်စိမ်း တူးဖော်ရေး လုပ်ကွက်တခု ( ဓာတ်ပုံ Ye Aung Thu / AFP) အောက်တိုဘာ ၄ ၂၀၁၅။
ဖားကန့် ကျောက်စိမ်း တူးဖော်ရေး လုပ်ကွက်တခု ( ဓာတ်ပုံ Ye Aung Thu / AFP) အောက်တိုဘာ ၄ ၂၀၁၅။

(Zawgyi / Unicode)

တရုတ်နယ်စပ်တွေ ပိတ်လိုက်ပေမယ့် ဖားကန့် ဒေသ ကျောက်စိမ်း ထုတ်လုပ်မှုကတော့ လျော့မသွားပါဘူး။ မိုးရာသီတွင်း ကျောက်စိမ်း လုပ်ကွက်တွေ နားရတော့မယ့် အချိန်မို့ နေ့ရော ညပါ အားသွန်ခွန်စိုက် ထုတ်လုပ်နေကြပါတယ်။ ဖားကန့်မှာ ကျောက်စိမ်းထုတ်လုပ်မှု လျော့သွားသလား၊ ကျောက်စိမ်း လုပ်ကွက်တွေရော ကျန်ပါသေးရဲ့လားဆိုတာကို ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးတင့်စိုးနဲ့ အဆွေးနွေးထားပါတယ်။

မသိင်္ဂ ီထိုက်။ ။ တရုတ်နယ်စပ် ပိတ်တယ်ဆိုတော့ ဆရာတို့ ဖားကန့် ရဲ့ ကျောက်စိမ်းဈေးကွက် အခြေအနေရော ပြောင်းသွားပါသလားရှင့်။

ပြည်သူ့လွှတ်တော် အမတ် ဦးတင့်စိုး ။ ။ ကျောက်စိမ်းဈေးကွက်ကတော့ ဒီ COVID 19 မတိုင်ခင် ကတည်းက ကျောက်စိမ်း ဈေးကွက်က တော်တော်ကြီးကို ကျဆင်း နေတဲ့ အနေအထားပါဗျ။ အခု COVID 19 ဖြစ်လာတော့ ပိုပြီးတော့ ဆိုးသွားပါတယ်။ ဒါကလည်း ရောင်းဝယ်မှု အပိုင်းပေါ့ ခင်ဗျ။ ဒါပေမယ့် ထုတ်လုပ်မှု အပိုင်းကျတော့ သူတို့က ဒီ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်း စတဲ့ စက်တင်ဘာ အောက်တိုဘာကတည်းက သူက အားသွန်ခွန်စိုက် ဆောင်ရွက်နေကြတာ ရှိပါတယ်။
သူတို့ အနေနဲ့က ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာလည်း တောင့်တင်းတဲ့ အခါကျတော့ သူတို့က ဒီ မရောင်းရချင်နေ ဒီ ကုမ္ပဏီကြီးတွေ ဆိုတာက ရလာတဲ့ ကျောက်တွေကို စုဆောင်းထားပြီးမှ လုပ်ထားတာမျိုး ဖြစ်တဲ့ အခါကျတော့ ဒီဈေးကွက်က သူတို့က ပြီးတော့မှ ရောင်းဝယ်တဲ့ အခါမှာလည်း သူတို့က တရုတ်ပြည်ထိ တိုက်ရိုက် ရောင်းဝယ်မှု လုပ်ကြတဲ့ အခါကျတော့ သူတို့ အတွက် တိုက်ရိုက် ထိခိုက်မှုတော့ မရှိဘူး။
အဓိက ထိခိုက်မှု ရှိနေတာက ကျနော်တို့ ဒေသမှာ ရှိနေတဲ့ တပိုင်တနိုင် ရောင်းဝယ်ရေး လုပ်နေကြတဲ့ ၊ နောက်ပြီးတော့မှ ဒီကုမ္ပဏီက ထွက်လာတဲ့ မြေစာပုံတွေကနေ ရေမဆေးရှာရင်းနဲ့ အသက်မွေးကြတဲ့ သူတွေ အတွက်တော့ စီးပွားရေး ကိစ္စက အင်မတန်မှ ခက်ခဲပါတယ်။

မသိင်္ဂ ီထိုက်။ ။ ခုနက ဆရာ ပြောသလိုဆိုရင် ကုမ္ပဏီက အလုပ်တွေလည်း နားကြတော့မယ်ဆိုတော့ ဒီအလုပ်တွေ နားသွားပြီးရင်ရော မြေစာပုံတွေ ရှိပါအုံးမလား။

ပြည်သူ့လွှတ်တော် အမတ် ဦးတင့်စိုး ။ ။ ကုမ္ပဏီတွေက နားရတယ်ဆိုတာက ရာသီဥတု အနေအထားအရ မိုးတွင်းကာလ ရောက်လာပြီဆိုရင် မိုးသည်းသည်းမဲမဲ ရွာလာပြီ ဆိုရင် သူတို့ အသုံးပြုနေတဲ့ ယန္တရားတွေက ထွက်လို့ မရတော့ဘူး ခင်ဗျ။ ဒီမှာက မိုးရွာပြီ ဆိုရင် ရွှံ့နဲ့ ဗွက်နဲ့ လမ်းချော်တဲ့ အခါ ထွက်လို့ မရလို့ လုပ်ငန်းတွေ ရပ်နားရတာ ဖြစ်ပါတယ်။ ဒါ နိုင်ငံတော်က ပိတ်တာ မဟုတ်ပါဘူး။ လုပ်ငန်း လုပ်ကိုင်လို့ အခွင့်မသာတော့တဲ့ အနေအထားမို့သာ ရပ်နားတာ ဖြစ်ပါတယ် ခင်ဗျ။ ဆိုတော့ ဒီလို မိုးတွင်း ရောက်လာခဲ့ပြီ ဆိုရင် ဒီ ရေမဆေးတွေကတော့ ဘာဘဲ ဖြစ်ဖြစ် ကိုယ့်အရပ် ဒေသကို ပြန်တဲ့သူက အင်မတန်မှ နည်းပါတယ်။ ဒီမြေစာပုံတွေမှာ သူတို့ ကျောက်ရှာ ပြီး စားဝတ်နေရေး ဖြေရှင်းပြီး ဒီလိုဘဲ ဆက်လက် ရှိနေကြဦးမှာ ပါဘဲ ခင်ဗျ။

မသိင်္ဂ ီထိုက်။ ။ ဆိုတော့ ကုမ္ပဏီကြီးတွေ ကိစ္စဘက် ဆရာ ပြန်သွားချင်ပါတယ်။ ဆရာ တင်ထားတာ တခုလည်း တွေ့ပါတယ်။ လျှပ်စစ် ဓာတ်မီးတိုင်တွေ တက်ဖြုတ်ရတယ် ဆိုတော့ ဒီ ကုမ္ပဏီတွေမှာ လုပ်ကွက် အကျယ်အဝန်း သတ်မှတ်ချက်နဲ့ ပတ်သက်ပြီးတော့ရော စည်းမျဉ်း စည်းကမ်းကို ကောင်းကောင်း ကိုင်တွယ် ကြီးကြပ်နိုင်ပါရဲ့လား။

ပြည်သူ့လွှတ်တော် အမတ် ဦးတင့်စိုး ။ ။ အင်း အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အမှန်တရား အတိုင်း ပြောရမယ် ဆိုရင်တော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အဓိက ကိုင်တွယ် ထိန်းကျောင်းရတာက မြန်မာနိုင်ငံ သယံဇာတနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ အောက်မှာ ရှိတဲ့ ကျောက်စိမ်း တူးဖော်ရေး ကော်ပိုးရေးရှင်း လုံးခင်း ဖြစ်ပါတယ် ခင်ဗျ။ အဲဒီက ဝန်ထမ်းတွေကဘဲ ဒီ လုပ်ကွက် တိုင်းတာတဲ့ ကိစ္စတွေ ၊ အကျယ်အဝန်းနဲ့ ဒီကိစ္စတွေ အားလုံးကို သူတို့ ထိန်းချုပ်မှု အောက်မှာဘဲ ရှိပါတယ်။ တကယ်တန်း ပြောရမယ်ဆိုရင် ဒီ လုပ်ကွက်တွေနဲ့ ပတ်သက်ပြီးတော့မှ ဒီ ဧရိယာတွေနဲ့ ပတ်သက်ရင် တော်တော်လေးကို အောက်ခြေမှာတော့ တော်တော်လေး လစ်ဟာမှုတွေ ရှိတယ်လို့ဘဲ ကျနော်တို့ ပြောရပါမယ် ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမှာ ရှိနေတဲ့ အနေအထားက မြေပြင်မှာက ဘယ်လို ပြောမလဲ တိတိကျကျ သတ်သတ်မှတ်မှတ် လုပ်နေတာ မဟုတ်ဘဲနဲ့ နီးစပ်ရင် နီးစပ်သလို လုပ်ကွက်တွေကလည်း အတော်လေးကို အလှမ်းကွာဝေးတဲ့ အခါ လက်လှမ်းမမီတာတွေ ရှိတဲ့ အခါကျတော့ အဲလိုမျိုး လုပ်ကွက်တွေ တိတိကျကျ ဆောင်ရွက်တဲ့ အခါမှာတော့ အားနည်းတယ်လို့ ပြောရပါမယ် ခင်ဗျ။

မသိင်္ဂ ီထိုက်။ ။ အဲဒီတော့ နစ်နာနဲ့သူတွေ ရှိပါလိမ့်မယ်။ နစ်နာတဲ့ သူတွေ အတွက်ရောက်တော့ ရော ဖားကန့်လို နေရာမျိုးမှာ အာဏာပိုင်တွေကို တိုင်ကြားတာမျိုး အားကိုးလို့ရော ရပါသလားရှင့်။

ပြည်သူ့လွှတ်တော် အမတ် ဦးတင့်စိုး ။ ။ မှန်ပါတယ် ရပါတယ် ခင်ဗျ။ ဒီဟာမျိုး ဆိုတာက ဘယ်တော့မှ ပြသနာ ကြီးငယ် ဖြစ်လာလို့ ရှိရင် အဓိက ကတော့ ကာယကံရှင်တွေ ကျေနပ်အောင် ကုမ္ပဏီတွေက ငွေကြေးတွေနဲ့ ဆောင်ရွက်ပြီးတော့မှ လိုက်လုပ်ပေးကြတာ များပါတယ် ခင်ဗျ။ တကယ်တန်း ဒီလို ကိစ္စတွေက တကယ့် ကြီးကြီးကျယ်ကျယ် တိုင်ကြ တောကြတဲ့ အထိ ရောက်လာတာမျိုးကတော့ အင်မတန်မှ ရှားပါတယ်။ ကုမ္ပဏီတွေကလည်း တကယ်တန်းကျတော့ ငွေကြေးတတ်နိုင်တော့ နစ်နာမှု ဖြစ်လာတဲ့ အပိုင်းတွေမှာလည်း သူတို့ တတ်နိုင်တဲ့ ဘက်က ဆောင်ရွက်ပေးပြီးတော့မှ ကျေအေးသွားကြတာမျိုးတွေ များပါတယ် ခင်ဗျ။
တချို့ ကိစ္စတွေကျတော့ ကျနော်တို့ တတွေ ကြားဝင်ပေးရတာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ သိရသလောက်တော့ ဒီ လုပ်ကွက်တွေနဲ့ ပတ်သက်ပြီးတော့ အခုလို အိုးအိမ် ထိခိုက်တာတွေနဲ့ ပတ်သက်ပြီးတော့မှ ကာယကံရှင်တွေ ကျေနပ်လောက်တဲ့ ငွေကြေးတွေ ပေးပြီးတော့မှ ညှိနှိုင်းပြီးတော့မှ ပြေလည်အောင် ဖြေရှင်းသွားကြတာတွေ အများဆုံးလို့ ကျနော် တွေ့ရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းနဲ့ တိုင်တော ပြီးတော့မှ အဲဒီက ဖြေရှင်းပေးရတဲ့ ကိစ္စက မရှိသလောက် ရှားပါတယ်ခင်ဗျ။

မသိင်္ဂ ီထိုက်။ ။ ဖားကန့်မှာ ကျောက်စိမ်း လုပ်ကွက် အသစ်တွေ ချ မပေးဘဲနဲ့ ရှိတဲ့ဟာတွေကိုဘဲ ဆက်ပြီးတော့ လုပ်ပိုင်ခွင့် ပေးထားတယ်ဆိုပြီး အရင်တုန်းက ထုတ်ပြန်ခဲ့တာမျိုး ရှိပါတယ်။ ဆိုတော့ အခု ဖားကန့်မှာ ကျောက်စိမ်း လုပ်ငန်းတွေ ပိုတိုးလာလား လျော့လာလား မူလ အတိုင်းဘဲလား အခြေအနေ ဘယ်လို ရှိပါလဲ။

ပြည်သူ့လွှတ်တော် အမတ် ဦးတင့်စိုး ။ ။ လျော့သွားတာမှ အရမ်းကြီးကို လျော့သွားပါတယ်။ ဟို အရင်က ပုံမှန် ရှိနေတဲ့ လုပ်ငန်းတွေနဲ့ စာလို့ ရှိရင် ၁၀ ရာခိုင်နှုန်းလောက်ဘဲ ရှိတယ်လို့ ပြောလို့ ရပါတယ် ခင်ဗျ။ အရင်တုန်းက တကယ်ဆို ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်း တကယ်ကိုမှ ဟော့ ဖြစ်နေတဲ့ အချိန် အခါ တုန်းကဆို ဒီမှာ ဒီလို ကုမ္ပဏီ အလုပ်သမားတွေ ကိုယ်တိုင်က အနည်းဆုံး မရှိဘူး ဆိုရင် ဒီမှာ ၃ သိန်း ဝန်းကျင်လောက် ရှိပါတယ်။ အခု ဒီမှာ လုပ်နေကြတဲ့ ကုမ္ပဏီ လုပ်သားတွေက ၅ ထောင် ဝန်းကျင်လောက်ဘဲ ကျန်ပါ တော့တယ် ခင်ဗျ။ ပြောရမယ်ဆိုရင်တော့ လုပ်ကွက်တွေကလည်း အရမ်းကို နည်းသွားပါတယ်။ အခု ရှိတဲ့ ကျန်သေးတဲ့ လုပ်ကွက်တွေ ဆိုတာက တကယ် နည်းသွားပါပြီ။ အကျိုးတူ ကုမ္ပဏီကလည်း ၄ - ၅- ၆ ခုလောက်ဘဲ ရှိပါတော့တယ်။ အဲဒီမှာဘဲ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ဆိုလို့ ရှိရင် နည်းနည်းပါးပါး ဒီလိုဘဲ ရှိပါတော့တယ်။ အရင်ကတော့ တော်တော်ကို များခဲ့တာပေါ့ဗျာ။ အခုအချိန်ကတော့ အရင်နဲ့ စာရင် အများကြီးကို နည်းသွားတယ်လို့ ပြောလို့ ရပါတယ် ခင်ဗျ။

မသိင်္ဂ ီထိုက်။ ။ ဆရာတို့ တူးစရာ လုပ်ကွက် အနေနဲ့ကရော ကျန်ပါသေးသလား။

ပြည်သူ့လွှတ်တော် အမတ် ဦးတင့်စိုး ။ ။ မြေပြင် အနေအထားမှာတော့ မကျန်သလောက် ဖြစ်နေပါပြီ။ မကျန်သလောက် ဖြစ်နေပါပြီ ဆိုတာကလည်းဘဲ အရင်တုန်းက ကျနော်တို့က အစဉ်အဆက်က ခေတ်အဆက်ဆက် လူနဲ့ဘဲ သံတိုင်တွေနဲ့ တူးကြတယ်။ အဲဒီက အဆင့်ဆင့် အဆင့်ဆင့် ပြောင်းလဲလာခဲ့တာ အခုဆိုလို့ ရှိရင် ကျနော်တို့ ဒါ တန် ၈၀ - တန် ၇၀ - တန် ၆၀ အဲဒီလောက်ထိ နိုင်တဲ့ ကားကြီးတွေနဲ့၊ ဘက်ဟိုး ဆိုရင်လည်း တကယ် အကြီးစားကြီးတွေနဲ့ တကယ့် Heavy ကြီးတွေနဲ့ လုပ်လာတဲ့ အခါကျတော့ လုပ်ငန်း ပြီးမြောက်မှု အတိုင်းအတာက အင်မတန် ကြောက်ခမန်းလိလိပါဗျ။ ဧက ၃၀၀ - ၄၀၀ -၅၀၀ ဆိုတာ တရာသီ အတွင်းမှာ ခနလေးနဲ့ ပြောင်သွားတဲ့ အနေအထားမျိုး ဖြစ်တဲ့ အခါကျတော့ ကျနော်တို့ ဖားကန့်နယ် တနယ်လုံးနဲ့ ခြုံငုံပြီး ပြောမယ်ဆိုရင် ကျောက်စိမ်းရဲ့ လုပ်ကွက်ဟာ ဘယ်လောက်မှ မကျန်တော့ပါဘူး။

တိုက်ရိုက် လင့်ခ်

(Unicode)













မသိငျ်ဂ ီထိုကျ။ ။ ဆရာတို့ တူးစရာ လုပျကှကျ အနနေဲ့ကရော ကနြျပါသေးသလား။


XS
SM
MD
LG