သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကူးမယ့္အေရး စိုးရိမ္ခ်က္နဲ႔ ျမန္မာနယ္စပ္မွာ တ႐ုတ္ဘက္က အ၀င္အထြက္ တင္းက်ပ္ကန္႔သတ္


တ႐ုတ္-ျမန္မာနယ္စပ္ မန္ဝိန္းဂိတ္ (ဧၿပီ ၅၊ ၂၀၂၀။ ဓာတ္ပုံ - Ko Thet)

(Zawgyi / Unicode)

ျမန္မာဘက္က COVID-19 ကူးစက္လာမယ့္အေရး စိုးရိမ္ခ်က္နဲ႔ တ႐ုတ္ဘက္က မူဆယ္ နယ္စပ္ဂိတ္ အ၀င္အထြက္ေတြကို ပိုၿပီး တင္းက်ပ္လုိက္တာေၾကာင့္ တနဂၤေႏြေန႔က ႐ုန္းရင္းဆန္ခတ္ ျဖစ္ခဲ့ပါတယ္။ ျမန္မာဘက္ျခမ္း မူဆယ္နဲ႔ တ႐ုတ္ျပည္ က်ယ္ေဂါင္ကိုကူးတဲ့ နယ္စပ္ဂိတ္သံုးခုမွာ လူေတြကူးတဲ့ ဂိတ္ ၂ ခုကို ပိတ္ထားၿပီး ျဖစ္ပါတယ္။ ကုန္ကားႀကီးေတြ အ၀င္အထြက္လုပ္တဲ့ မန္၀ိန္းဂိတ္မွာ တနဂၤေႏြေန႔က ျမန္မာဘက္ကကားေတြ အ၀င္မခံတဲ့ အေျခအေန ျဖစ္ခဲ့ၿပီးေနာက္ ျမန္မာဘက္မွာ မေက်မနပ္ ျဖစ္ခဲ့တယ္လို႔ က်ယ္ေခါင္မွာ ေနထိုင္ေနတဲ့ ဦးသက္က ဗီြအိုေအကို ေျပာျပပါတယ္။ မသိဂႌထိုက္က ဆက္သြယ္ေမးျမန္းရာမွာ ဦးသက္က အခုလိုစေျပာပါတယ္။

ဦးသက္ - “မနက္ခင္းက နည္းနည္း ႐ုန္းရင္းဆန္ခတ္ ျဖစ္တယ္။ ျဖစ္တယ္ဆိုတာ ႀကီးႀကီးက်ယ္က်ယ္ေတာ့ မဟုတ္ဘူး။ အရင္ေန႔က သူတို႔က ဗမာကားေတြ မူဆယ္ထဲကေန က်ယ္ေဂါင္ထဲကို ၀င္မယ္ဆိုရင္ ကားသမားကို အ၀င္မခံဘူးဗ်။ သူတို႔ က်ယ္ေဂါင္ထဲကို အ၀င္အထြက္ ၁၄ ရက္ေပါ့ လုပ္ထားတဲ့လူက ေမာင္းေပးတယ္ဆိုရင္ ၀င္လို႔ရတယ္။ အဲလိုအေျခအေနမ်ိဳးနဲ႔ မေန႔က အဲလို သြားေနတာ။ ဒီေန႔မနက္ခင္းက် အဲလိုမဟုတ္ေတာ့ဘူး။ သူတို႔သတ္မွတ္ထားတဲ့ လူေတြပဲ မူဆယ္နဲ႔ က်ယ္ေဂါင္နဲ႔ကို အ၀င္အထြက္ လုပ္ေပးမယ္ဆိုၿပီး ျဖစ္တယ္။ ျဖစ္ၿပီးေတာ့ ေနာက္တခါ ဘယ္လုိဆက္ျဖစ္လဲဆိုေတာ့ အဲဒီတိုင္းလည္း သူတို႔က ညႇိႏိႈင္းဆဲေပါ့။

“အဲဒီေတာ့ မူဆယ္ထဲကေန က်ယ္ေဂါင္ထဲကို ၀င္မယ့္ကားေတြက ၀င္လို႔မရတဲ့အခ်ိန္မွာ နည္းနည္း ျပႆနာျဖစ္တယ္။ ျပႆနာျဖစ္ေတာ့ ဘယ္လိုျဖစ္ၾကလဲဆိုေတာ့ က်ယ္ေဂါင္ထဲကေနၿပီးမွ ျမန္မာျပည္ မူဆယ္ထဲကို ျဖတ္မယ့္ကားေတြ ရွိတယ္ဗ်။ က်ေနာ္တို႔ ျမန္မာကားေတြေရာ တ႐ုတ္ကားေတြေရာ။ အဲဒီ တ႐ုတ္ကားေတြက ျဖစ္ခ်င္ေတာ့ အဲဒီ ျမန္မာျပည္ထဲကို သူက ထြက္မယ္ဆိုတဲ့အခ်ိန္မွာ တ႐ုတ္ကားတစီးက ေရွ႕ဆံုးက ျဖစ္ေနတယ္။ ျဖစ္ေနေတာ့ အဲဒီ တ႐ုတ္ကားထြက္သြားတဲ့အခ်ိန္မွာ ဒီဘက္က ျမန္မာေတြကလည္း တ႐ုတ္ က်ယ္ေဂါင္ထဲကို ၀င္လို႔မရေတာ့ ေဒါသထြက္ေနၾကတာကိုး။ အဲဒီတ႐ုတ္ကားက က်ယ္ေဂါင္ထဲကေန ျမန္မာျပည္ထဲ ၀င္မယ့္အခ်ိန္မွာ မ၀င္ရဘူးဆိုၿပီးေတာ့ အဲဒီမွာ လူေတြ ႐ႈပ္႐ႈပ္ေထြးေထြး ျဖစ္ကုန္တာ။”

မသိဂႌထိုက္ - အဲဒီေတာ့ ေပးမ၀င္ဘူးဆိုတာက လူေတြက လုပ္တာလား၊ အာဏာပိုင္ေတြက လုပ္တာလားရွင့္။

ဦးသက္ - “မနက္ခင္း က်ေနာ္ျမင္ရတဲ့ အေနအထားကေတာ့ က်ေနာ္တို႔ ျပည္သူေတြက လုပ္တာ၊ ျမန္မာျပည္သူေတြက လုပ္တာ။ အဲလိုလုပ္တဲ့အခ်ိန္မွာ ရဲကား ေရာက္လာတယ္။ ဖ်န္ေျဖတယ္၊ သူတို႔ ညႇိေပးမယ္ဆိုၿပီးေတာ့။ အဲလိုမ်ိဳးနဲ႔ လူစုကို ထိန္းလိုက္တာေပါ့။ အဲဒီအခ်ိန္မွာ ရဲကားေရာက္လာတယ္။ တကယ္လု႔ိ ဆႏၵျပတာေတြ ဘာေတြ ျဖစ္မယ္ဆိုရင္ သူက နည္းနည္း ထိန္းထိန္းသိမ္းသိမ္း လုပ္ဖို႔ဆိုၿပီး မီးသတ္ကားေတြပါ ေရာက္လာတယ္။ ထြက္လို႔ေတာ့ရတယ္။ က်ယ္ေဂါင္ထဲက ကုန္တင္ထားတဲ့ ျမန္မာကားေတြ မူဆယ္ထဲကို ထြက္လို႔ရတယ္။ ဒါေပမယ့္ မူဆယ္ထဲကေန က်ယ္ေဂါင္ထဲကို ကုန္လာတင္တဲ့ ကားေတြေတာ့ ေပးမ၀င္ေတာ့ဘူးဗ်။ ေမာင္းတံခ်ထားၿပီး အခုအခ်ိန္ထိ အ၀င္အထြက္ မရွိေတာ့ဘူး။”

မသိဂႌထိုက္ - ဟုတ္ကဲ့ရွင့္ ဘာေၾကာင့္ ပိတ္ပါလဲရွင့္။ ဘာအေၾကာင္းျပပါလဲ။

ဦးသက္ - “ဘာအေၾကာင္းျပလဲဆိုေတာ့ သူတို႔က ဒီကားသမားေတြ လာတယ္ဆိုရင္ ရန္ကုန္၊ မႏၱေလး က်ေနာ္တို႔ ျမန္မာဘက္က ကားသမားေတြက နယ္စံုသြားေနေတာ့ သူတို႔ဆီမွာ လံုၿခံဳေရးယူတဲ့လူေတြ၊ အေကာက္ခြန္ ၀န္ထမ္းေတြကို ေရာဂါကူးမွာ စိုးတယ္ေပါ့။ စိုးတယ္ဆိုၿပီးေတာ့ ကားသမားကို ေပးမ၀င္ေတာ့တာဗ်။”

မသိဂႌထိုက္ - ေရာဂါဆိုတာ COVID -19 ေပါ့။

ဦးသက္ - “ဟုတ္တယ္ဗ် COVID-19။ သူတို႔က အဲဒါကို အေၾကာင္းျပတာေပါ့ေနာ္။ သူတို႔၀န္ထမ္းေတြ ကူးစက္မွာ စိုးတဲ့အတြက္ ဒီ ျမန္မာျပည္ဘက္ကဆိုရင္ ဘယ္သူ႔ကိုမွ ေပးေမာင္းၿပီးေတာ့ မ၀င္ရေတာ့ဘူး။ သူတို႔သတ္မွတ္ထားတဲ့ လူေတြပဲ ေမာင္းေပးမယ္ေပါ့ေနာ္။”

မသိဂႌထိုက္ - အဲဒီေတာ့ မူဆယ္ဘက္ကေန တ႐ုတ္ဘက္ကို ေရႊ႕ေျပာင္း အလုပ္လုပ္တဲ့ လူေတြေပါ့ေနာ္၊ ေန႔စား အလုပ္သြားလုပ္တဲ့ လူေတြကေတာ့ လံုး၀ ၀င္လို႔မရေတာ့ဘူးဆိုတဲ့ အေျခအေနမ်ိဳး ျဖစ္သြားပါသလားရွင့္။

ဦးသက္ - “ဟုတ္တယ္ဗ်။ အဲလိုျဖစ္သြားတယ္။ လံုး၀ ေပးမ၀င္ေတာ့ဘူးဗ်။ ေပးမ၀င္ေတာ့ဘူး ဆိုတဲ့အခါက်ေတာ့ သူတို႔ လက္လုပ္လက္စားေတြက ေတာ္ေတာ္ အေျခအေနဆိုးသြားတယ္။ ဆိုးသြားတဲ့အတြက္ တရား၀င္ ၀င္လို႔မရတဲ့အတြက္ နယ္စပ္ ၿခံစည္း႐ုိးေပၚကေနၿပီးေတာ့ ခုန္ခ်ၿပီးေတာ့ ဒီဘက္ထဲမွာ ၀င္လုပ္တယ္။ အဲဒါမ်ိဳးေတြကလည္း ျဖစ္လာတယ္ခင္ဗ်။ ျဖစ္လာတဲ့ အခါက်ေတာ့ ဒီေန႔ဆိုရင္ သူတို႔ လံုၿခံဳေရးရဲေတြ မနက္ခင္းကတည္းက သူတို႔ အဖြဲ႔လိုက္ အဖြဲ႔လိုက္ ေတာ္ေတာ္မ်ားတယ္ဗ်။ ၿခံစည္း႐ုိးကို ေတာက္ေလွ်ာက္ ပတ္ေနတယ္။

“ေျခလ်င္လည္း ပတ္တယ္၊ ဆိုင္ကယ္နဲ႔လည္း ပတ္တယ္၊ ကားနဲ႔လည္း ပတ္တယ္။ အဲဒါမ်ိဳး ၿခံစည္း႐ုိးကို ေတာက္ေလွ်ာက္ ေစာင့္ၾကည့္ေနတယ္ဗ်။ အရင္ဆိုရင္ ၿခံစည္း႐ုိးကေနၿပီးမွ က်ေနာ္တို႔ ဒီ စာရြက္စာတမ္းေတြ ေပးတာျဖစ္ျဖစ္ ေနာက္တခါ ပစၥည္းပဲျဖစ္ျဖစ္ ေနာက္ ကားခထုတ္ထားတဲ့ ပိုက္ဆံပဲျဖစ္ျဖစ္ ဟိုဘက္ဒီဘက္ကို ၿခံစည္း႐ုိးကေန ေပးလို႔ရတယ္။ အခုကေတာ့ ေပးလို႔လည္းမရဘူး၊ ယူလို႔လည္း မရဘူး။ အဲဒီနားကို ေပးမကပ္ေတာ့ဘူးေပါ့။ အဲဒါကေတာ့ ဒီေန႔ထိ အေျခအေနပါပဲဗ်။”

တ႐ုတ္ျပည္ က်ယ္ေဂါင္က ဦးသက္ ေျပာျပသြားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

COVID-19 ကူးမယ့်အရေး စိုးရိမ်ချက်နဲ့ မြန်မာနယ်စပ်မှာ တရုတ်ဘက်က အဝင်အထွက် တင်းကျပ်ကန့်သတ်

မြန်မာဘက်က COVID-19 ကူးစက်လာမယ့်အရေး စိုးရိမ်ချက်နဲ့ တရုတ်ဘက်က မူဆယ် နယ်စပ်ဂိတ် အဝင်အထွက်တွေကို ပိုပြီး တင်းကျပ်လိုက်တာကြောင့် တနင်္ဂနွေနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ မြန်မာဘက်ခြမ်း မူဆယ်နဲ့ တရုတ်ပြည် ကျယ်ဂေါင်ကိုကူးတဲ့ နယ်စပ်ဂိတ်သုံးခုမှာ လူတွေကူးတဲ့ ဂိတ် ၂ ခုကို ပိတ်ထားပြီး ဖြစ်ပါတယ်။ ကုန်ကားကြီးတွေ အဝင်အထွက်လုပ်တဲ့ မန်ဝိန်းဂိတ်မှာ တနင်္ဂနွေနေ့က မြန်မာဘက်ကကားတွေ အဝင်မခံတဲ့ အခြေအနေ ဖြစ်ခဲ့ပြီးနောက် မြန်မာဘက်မှာ မကျေမနပ် ဖြစ်ခဲ့တယ်လို့ ကျယ်ခေါင်မှာ နေထိုင်နေတဲ့ ဦးသက်က ဗွီအိုအေကို ပြောပြပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းရာမှာ ဦးသက်က အခုလိုစပြောပါတယ်။

ဦးသက် - “မနက်ခင်းက နည်းနည်း ရုန်းရင်းဆန်ခတ် ဖြစ်တယ်။ ဖြစ်တယ်ဆိုတာ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ဘူး။ အရင်နေ့က သူတို့က ဗမာကားတွေ မူဆယ်ထဲကနေ ကျယ်ဂေါင်ထဲကို ဝင်မယ်ဆိုရင် ကားသမားကို အဝင်မခံဘူးဗျ။ သူတို့ ကျယ်ဂေါင်ထဲကို အဝင်အထွက် ၁၄ ရက်ပေါ့ လုပ်ထားတဲ့လူက မောင်းပေးတယ်ဆိုရင် ဝင်လို့ရတယ်။ အဲလိုအခြေအနေမျိုးနဲ့ မနေ့က အဲလို သွားနေတာ။ ဒီနေ့မနက်ခင်းကျ အဲလိုမဟုတ်တော့ဘူး။ သူတို့သတ်မှတ်ထားတဲ့ လူတွေပဲ မူဆယ်နဲ့ ကျယ်ဂေါင်နဲ့ကို အဝင်အထွက် လုပ်ပေးမယ်ဆိုပြီး ဖြစ်တယ်။ ဖြစ်ပြီးတော့ နောက်တခါ ဘယ်လိုဆက်ဖြစ်လဲဆိုတော့ အဲဒီတိုင်းလည်း သူတို့က ညှိနှိုင်းဆဲပေါ့။

“အဲဒီတော့ မူဆယ်ထဲကနေ ကျယ်ဂေါင်ထဲကို ဝင်မယ့်ကားတွေက ဝင်လို့မရတဲ့အချိန်မှာ နည်းနည်း ပြဿနာဖြစ်တယ်။ ပြဿနာဖြစ်တော့ ဘယ်လိုဖြစ်ကြလဲဆိုတော့ ကျယ်ဂေါင်ထဲကနေပြီးမှ မြန်မာပြည် မူဆယ်ထဲကို ဖြတ်မယ့်ကားတွေ ရှိတယ်ဗျ။ ကျနော်တို့ မြန်မာကားတွေရော တရုတ်ကားတွေရော။ အဲဒီ တရုတ်ကားတွေက ဖြစ်ချင်တော့ အဲဒီ မြန်မာပြည်ထဲကို သူက ထွက်မယ်ဆိုတဲ့အချိန်မှာ တရုတ်ကားတစီးက ရှေ့ဆုံးက ဖြစ်နေတယ်။ ဖြစ်နေတော့ အဲဒီ တရုတ်ကားထွက်သွားတဲ့အချိန်မှာ ဒီဘက်က မြန်မာတွေကလည်း တရုတ် ကျယ်ဂေါင်ထဲကို ဝင်လို့မရတော့ ဒေါသထွက်နေကြတာကိုး။ အဲဒီတရုတ်ကားက ကျယ်ဂေါင်ထဲကနေ မြန်မာပြည်ထဲ ဝင်မယ့်အချိန်မှာ မဝင်ရဘူးဆိုပြီးတော့ အဲဒီမှာ လူတွေ ရှုပ်ရှုပ်ထွေးထွေး ဖြစ်ကုန်တာ။”

မသိင်္ဂီထိုက် - အဲဒီတော့ ပေးမဝင်ဘူးဆိုတာက လူတွေက လုပ်တာလား၊ အာဏာပိုင်တွေက လုပ်တာလားရှင့်။

ဦးသက် - “မနက်ခင်း ကျနော်မြင်ရတဲ့ အနေအထားကတော့ ကျနော်တို့ ပြည်သူတွေက လုပ်တာ၊ မြန်မာပြည်သူတွေက လုပ်တာ။ အဲလိုလုပ်တဲ့အချိန်မှာ ရဲကား ရောက်လာတယ်။ ဖျန်ဖြေတယ်၊ သူတို့ ညှိပေးမယ်ဆိုပြီးတော့။ အဲလိုမျိုးနဲ့ လူစုကို ထိန်းလိုက်တာပေါ့။ အဲဒီအချိန်မှာ ရဲကားရောက်လာတယ်။ တကယ်လု့ိ ဆန္ဒပြတာတွေ ဘာတွေ ဖြစ်မယ်ဆိုရင် သူက နည်းနည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ဆိုပြီး မီးသတ်ကားတွေပါ ရောက်လာတယ်။ ထွက်လို့တော့ရတယ်။ ကျယ်ဂေါင်ထဲက ကုန်တင်ထားတဲ့ မြန်မာကားတွေ မူဆယ်ထဲကို ထွက်လို့ရတယ်။ ဒါပေမယ့် မူဆယ်ထဲကနေ ကျယ်ဂေါင်ထဲကို ကုန်လာတင်တဲ့ ကားတွေတော့ ပေးမဝင်တော့ဘူးဗျ။ မောင်းတံချထားပြီး အခုအချိန်ထိ အဝင်အထွက် မရှိတော့ဘူး။”

မသိင်္ဂီထိုက် - ဟုတ်ကဲ့ရှင့် ဘာကြောင့် ပိတ်ပါလဲရှင့်။ ဘာအကြောင်းပြပါလဲ။

ဦးသက် - “ဘာအကြောင်းပြလဲဆိုတော့ သူတို့က ဒီကားသမားတွေ လာတယ်ဆိုရင် ရန်ကုန်၊ မန္တလေး ကျနော်တို့ မြန်မာဘက်က ကားသမားတွေက နယ်စုံသွားနေတော့ သူတို့ဆီမှာ လုံခြုံရေးယူတဲ့လူတွေ၊ အကောက်ခွန် ဝန်ထမ်းတွေကို ရောဂါကူးမှာ စိုးတယ်ပေါ့။ စိုးတယ်ဆိုပြီးတော့ ကားသမားကို ပေးမဝင်တော့တာဗျ။”

မသိင်္ဂီထိုက် - ရောဂါဆိုတာ COVID -19 ပေါ့။

ဦးသက် - “ဟုတ်တယ်ဗျ COVID-19။ သူတို့က အဲဒါကို အကြောင်းပြတာပေါ့နော်။ သူတို့ဝန်ထမ်းတွေ ကူးစက်မှာ စိုးတဲ့အတွက် ဒီ မြန်မာပြည်ဘက်ကဆိုရင် ဘယ်သူ့ကိုမှ ပေးမောင်းပြီးတော့ မဝင်ရတော့ဘူး။ သူတို့သတ်မှတ်ထားတဲ့ လူတွေပဲ မောင်းပေးမယ်ပေါ့နော်။”

မသိင်္ဂီထိုက် - အဲဒီတော့ မူဆယ်ဘက်ကနေ တရုတ်ဘက်ကို ရွှေ့ပြောင်း အလုပ်လုပ်တဲ့ လူတွေပေါ့နော်၊ နေ့စား အလုပ်သွားလုပ်တဲ့ လူတွေကတော့ လုံး၀ ဝင်လို့မရတော့ဘူးဆိုတဲ့ အခြေအနေမျိုး ဖြစ်သွားပါသလားရှင့်။

ဦးသက် - “ဟုတ်တယ်ဗျ။ အဲလိုဖြစ်သွားတယ်။ လုံး၀ ပေးမဝင်တော့ဘူးဗျ။ ပေးမဝင်တော့ဘူး ဆိုတဲ့အခါကျတော့ သူတို့ လက်လုပ်လက်စားတွေက တော်တော် အခြေအနေဆိုးသွားတယ်။ ဆိုးသွားတဲ့အတွက် တရားဝင် ဝင်လို့မရတဲ့အတွက် နယ်စပ် ခြံစည်းရိုးပေါ်ကနေပြီးတော့ ခုန်ချပြီးတော့ ဒီဘက်ထဲမှာ ဝင်လုပ်တယ်။ အဲဒါမျိုးတွေကလည်း ဖြစ်လာတယ်ခင်ဗျ။ ဖြစ်လာတဲ့ အခါကျတော့ ဒီနေ့ဆိုရင် သူတို့ လုံခြုံရေးရဲတွေ မနက်ခင်းကတည်းက သူတို့ အဖွဲ့လိုက် အဖွဲ့လိုက် တော်တော်များတယ်ဗျ။ ခြံစည်းရိုးကို တောက်လျှောက် ပတ်နေတယ်။

“ခြေလျင်လည်း ပတ်တယ်၊ ဆိုင်ကယ်နဲ့လည်း ပတ်တယ်၊ ကားနဲ့လည်း ပတ်တယ်။ အဲဒါမျိုး ခြံစည်းရိုးကို တောက်လျှောက် စောင့်ကြည့်နေတယ်ဗျ။ အရင်ဆိုရင် ခြံစည်းရိုးကနေပြီးမှ ကျနော်တို့ ဒီ စာရွက်စာတမ်းတွေ ပေးတာဖြစ်ဖြစ် နောက်တခါ ပစ္စည်းပဲဖြစ်ဖြစ် နောက် ကားခထုတ်ထားတဲ့ ပိုက်ဆံပဲဖြစ်ဖြစ် ဟိုဘက်ဒီဘက်ကို ခြံစည်းရိုးကနေ ပေးလို့ရတယ်။ အခုကတော့ ပေးလို့လည်းမရဘူး၊ ယူလို့လည်း မရဘူး။ အဲဒီနားကို ပေးမကပ်တော့ဘူးပေါ့။ အဲဒါကတော့ ဒီနေ့ထိ အခြေအနေပါပဲဗျ။”

တရုတ်ပြည် ကျယ်ဂေါင်က ဦးသက် ပြောပြသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG