သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ COVID-19 လူနာသစ် ၃ ဦးအတည်ပြု၊ စုစုပေါင်း ၁၈၇ ယောက်ရှိ


ကန့်သတ်မှုအချို့ ဖြေလျှော့ပေးလိုက်သည့် လှိုင်သာယာမြို့နယ်တွင် သွားလာနေကြသူတချို့။ (မေ ၁၆၊ ၂၀၂၀)
ကန့်သတ်မှုအချို့ ဖြေလျှော့ပေးလိုက်သည့် လှိုင်သာယာမြို့နယ်တွင် သွားလာနေကြသူတချို့။ (မေ ၁၆၊ ၂၀၂၀)

(Zawgyi/Unicode)

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ မနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ COVID-19 အတည်ပြု လူနာသစ် ၃ ဦး ထပ်မံ တွေ့ရှိခဲ့တာကြောင့် စုစုပေါင်း ရောဂါ ကူးစက်ခံထားရသူ ၁၈၇ ဦး ရှိပါတယ်။

မေလ ၁၇ ရက်နေ့က ဓါတ်ခွဲနမူနာ စုစုပေါင်း ၅၇၆ ခုကို စစ်ဆေးခဲ့ရာက အခုလို ၃ ဦးမှာ ရောဂါရှိကြောင်း တွေ့ရှိခဲ့တာပါ။

ရောဂါပိုး ကူးစက်ခံရသူတွေထဲ ၃ ဦး စလုံး မလေးရှားနိုင်ငံက ပြန်ရောက်လာသူ အမျိုးသားတွေဖြစ်ပြီး အသွားအလာ ကန့်သတ်ခံထားရသူတွေလည်း ဖြစ်ပါတယ်။ တစ်ဦးက အသက် ၄၆ နှစ်အရွယ်ရှိပြီး တနင်္သာရီတိုင်း ထားဝယ် ပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသ ခံယူမှာဖြစ်ပြီး ကျန် အသက် ၂၂ နဲ့ ၃၅ နှစ်အရွယ် အမျိုးသား ၂ ဦးကတော့ ကရင်ပြည်နယ် ဘားအံဆေးရုံကြီးမှာ ဆေးကုသမှု ခံယူမှာ ဖြစ်ပါတယ်။

မေလ ၁၈ ရက်နေ့အထိ ရောဂါ ကူးစက်ခံရသူတွေထဲက ၉၇ ဦးက ရောဂါပိုးကင်းစင်သွားပြီးလို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးတယ်လို့ အတည်ပြု ကြေညာထားသူက ၆ ဦး ရှိပါတယ်။

မတ်လနှောင်းပိုင်းကစလို့ ဓါတ်ခွဲ နမူနာ စုစုပေါင်း ၁၄,၅၀၀ ကျော်ကို စစ်ဆေးခဲ့တာဖြစ်ပြီး စောင့်ကြည့်လူနာပေါင်းက ၄,၀၀၀ ကျော် ရှိခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG