သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ COVID-19 လူနာသစ္ ၂ ဦးအတည္ျပဳ၊ စုစုေပါင္း ၁၈၄ ေယာက္ရွိ


ကန္႔သတ္မႈအခ်ဳိ႕ ေျဖေလွ်ာ့ေပးလိုက္သည့္ လႈိင္သာယာၿမိဳ႕နယ္တြင္ သြားလာေနၾကသူမ်ား။ (ေမ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါပိုး ကူးစက္ခံရသူ ေနာက္ထပ္ ၂ ဦး ထပ္မံေတြ႔ရွိခဲ့တာေၾကာင့္ အခုဆုိရင္ ေရာဂါကူးစက္ခံရသူ ၁၈၄ ေယာက္ ရွိသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီေန႔ ေျပာၾကားလိုက္ပါတယ္။

ေမလ ၁၇ ရက္ ည ၈ နာရီ သတင္းထုတ္ျပန္ခ်က္အရ ဓာတ္ခဲြနမူနာ စုစုေပါင္း ၃၈၆ ခုကို စမ္းသပ္စစ္ေဆးခဲ့တာမွာ ေရာဂါပိုးရွိသူ ၂ ဦး ေတြ႔ရွိခဲ့ရတာ ျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ေျပာပါတယ္။

ထပ္တုိးလူနာ ၂ ဦးရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ေမလ ၁၇ ရက္ ည ၈ နာရီထုတ္ျပန္ခ်က္။
ထပ္တုိးလူနာ ၂ ဦးရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ေမလ ၁၇ ရက္ ည ၈ နာရီထုတ္ျပန္ခ်က္။

ေရာဂါကူးစက္ခံရသူ ပထမတဦးကေတာ့ ရန္ကုန္တုိင္း မရမ္းကုန္းၿမိဳ႕နယ္မွာ ေနထုိင္တဲ့ အသက္ ၅၇ ႏွစ္အရြယ္ အမ်ိဳးသားျဖစ္ၿပီး ေစာင့္ၾကည့္လူနာ ျဖစ္ပါတယ္။ သူဟာ ျပည္ပကို ခရီးသြားဖူးတဲ့ရာဇ၀င္ မရွိသလို ေရာဂါကူးစက္ခံရတဲ့ လူနာေတြနဲ႔လည္း ထိေတြ႔မႈမရွိသူ ျဖစ္ပါတယ္။

ေနာက္တဦးကေတာ့ ရန္ကုန္တုိင္း ပုဇြန္ေတာင္ၿမိဳ႕နယ္မွာ ေနထုိင္တဲ့ အသက္ ၄၁ ႏွစ္အရြယ္ အမ်ိဳးသားျဖစ္ၿပီး သူကေတာ့ ေရာဂါအတည္ျပဳလူနာေတြနဲ႔ ထိေတြ႔မႈမရွိေပမယ့္ မေလးရွားႏုိင္ငံကေန ျပန္လာၿပီး အသြားအလာ ကန္႔သတ္ထားရွိသူ ျဖစ္တယ္လို႔ ေျပာထားပါတယ္။

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါအတြက္ ဓာတ္ခဲြစမ္းသပ္မႈေပါင္း ၁၄,၀၀၀ နီးပါး ရွိခဲ့ၿပီး ေသဆုံးသူ ၆ ဦး၊ ဒီကေန႔ ေနာက္ထပ္ ေရာဂါပုိးကင္းရွင္းသူအျဖစ္ အတည္ျပဳလူနာ ၂ ဦး အပါအ၀င္ စုစုေပါင္း ၉၇ ဦးအထိ ရွိေၾကာင္းလည္း က်န္းမာေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

မြန်မာနိုင်ငံမှာ COVID-19 လူနာသစ် ၂ ဦးအတည်ပြု၊ စုစုပေါင်း ၁၈၄ ယောက်ရှိ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသူ နောက်ထပ် ၂ ဦး ထပ်မံတွေ့ရှိခဲ့တာကြောင့် အခုဆိုရင် ရောဂါကူးစက်ခံရသူ ၁၈၄ ယောက် ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ ပြောကြားလိုက်ပါတယ်။

မေလ ၁၇ ရက် ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၈၆ ခုကို စမ်းသပ်စစ်ဆေးခဲ့တာမှာ ရောဂါပိုးရှိသူ ၂ ဦး တွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောပါတယ်။

ရောဂါကူးစက်ခံရသူ ပထမတဦးကတော့ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး စောင့်ကြည့်လူနာ ဖြစ်ပါတယ်။ သူဟာ ပြည်ပကို ခရီးသွားဖူးတဲ့ရာဇဝင် မရှိသလို ရောဂါကူးစက်ခံရတဲ့ လူနာတွေနဲ့လည်း ထိတွေ့မှုမရှိသူ ဖြစ်ပါတယ်။

နောက်တဦးကတော့ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သူကတော့ ရောဂါအတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိပေမယ့် မလေးရှားနိုင်ငံကနေ ပြန်လာပြီး အသွားအလာ ကန့်သတ်ထားရှိသူ ဖြစ်တယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတွက် ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၄,၀၀၀ နီးပါး ရှိခဲ့ပြီး သေဆုံးသူ ၆ ဦး၊ ဒီကနေ့ နောက်ထပ် ရောဂါပိုးကင်းရှင်းသူအဖြစ် အတည်ပြုလူနာ ၂ ဦး အပါအဝင် စုစုပေါင်း ၉၇ ဦးအထိ ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG