(Zawgyi / Unicode)
ျမန္မာႏုိ္င္ငံမွာ COVID-19 ေရာဂါကူးစက္သူ အေရအတြက္ ထပ္တိုးမလာဘဲ ကူးစက္ခံထားရသူေတြထဲက ထက္ဝက္ေက်ာ္ ေရာဂါပိုးကင္းစင္သြားၿပီ ျဖစ္ပါတယ္။
စုစုေပါင္း ေရာဂါပုိးကူးစက္သူ အေရအတြက္ ၁၈၂ ေယာက္မွာပဲ ဆက္ရွိေနၿပီး အဲဒီထဲက ၉၅ ဦးဟာ ေရာဂါပိုး ကင္းစင္သြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ ေမလ ၁၆ ရက္ စေနည ၈ နာရီ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။
အဲဒီထဲကမွ ၈၃ ဦးကိုေတာ့ ေဆး႐ံုက ဆင္းခြင့္ေပးလိုက္ၿပီလို႔လည္း ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ အဲဒီလူေတြကိုေတာ့ အသြားအလာ ဆက္ကန္႔သတ္ထားၿပီး ေစာင့္ၾကည့္ေနတယ္လို႔လည္း ဆိုပါတယ္။
ဓာတ္ခြဲစစ္ေဆးမႈေတြထဲမွာဆိုရင္ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာနက ဒီကေန႔ ပထမအသုတ္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာ ၉၄ ခုနဲ႔ ေဆးသုေတသန ဦးစီးဌာနက စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာ ၁၃၇ ခု၊ စုစုေပါင္း ဓာတ္ခြဲနမူနာ ၂၃၁ ခုကို စစ္ေဆးခဲ့တာမွာ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာသစ္ တေယာက္မွ မေတြ႔တာ ျဖစ္ပါတယ္။
ဒီသီတင္းပတ္အတြင္း ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ဆက္စပ္ၿပီးေတာ့ ေသဆံုးလူနာ ထပ္မရွိဘဲ ဓာတ္ခြဲအတည္ျပဳလူနာေတြထဲက ေသဆုံးသူအေရအတြက္ ၆ ဦး ရွိထားပါတယ္။
-----------------------------
(Unicode)
မြန်မာ COVID-19 ကူးစက်ထားသူတွေထဲ ရောဂါပျောက်ကင်းသူ ထက်ဝက်ကျော်ပြီ
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ အရေအတွက် ထပ်တိုးမလာဘဲ ကူးစက်ခံထားရသူတွေထဲက ထက်ဝက်ကျော် ရောဂါပိုးကင်းစင်သွားပြီ ဖြစ်ပါတယ်။
စုစုပေါင်း ရောဂါပိုးကူးစက်သူ အရေအတွက် ၁၈၂ ယောက်မှာပဲ ဆက်ရှိနေပြီး အဲဒီထဲက ၉၅ ဦးဟာ ရောဂါပိုး ကင်းစင်သွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မေလ ၁၆ ရက် စနေည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
အဲဒီထဲကမှ ၈၃ ဦးကိုတော့ ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီလို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အဲဒီလူတွေကိုတော့ အသွားအလာ ဆက်ကန့်သတ်ထားပြီး စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။
ဓာတ်ခွဲစစ်ဆေးမှုတွေထဲမှာဆိုရင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက ဒီကနေ့ ပထမအသုတ် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၉၄ ခုနဲ့ ဆေးသုတေသန ဦးစီးဌာနက စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၃၇ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၂၃၁ ခုကို စစ်ဆေးခဲ့တာမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် တယောက်မှ မတွေ့တာ ဖြစ်ပါတယ်။
ဒီသီတင်းပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်ပြီးတော့ သေဆုံးလူနာ ထပ်မရှိဘဲ ဓာတ်ခွဲအတည်ပြုလူနာတွေထဲက သေဆုံးသူအရေအတွက် ၆ ဦး ရှိထားပါတယ်။