သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

COVID-19 ကာကြယ္ေရး ကန႔္သတ္ခ်က္တခ်ိဳ႕ ေျဖေလ ွ်ာ့ေပးေတာ့မယ္


ရန္ကုန္ၿမိဳ႕ရွိ ဘတ္စ္ကားဂိတ္တခုတြင္ ေတြ႔ရတဲ့ လူတခ်ိဳ႕ (ေမ ၁၄၊ ၂၀၂၀)

(Zawgyi/Unicode)

လာမယ့္ ေမလ ၁၅ ရက္ကစၿပီး ညမထြက္ရ အမိန႔္နဲ႔ စီးပြားေရးလုပ္ငန္း ကန႔္သတ္ခ်က္တခ်ိဳ႕ကို ေျဖေလွ်ာ့ေပးသြားမယ္လို႔ အစိုးရက ေၾကညာလိုက္တဲ့အေၾကာင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ဆက္ေပးမွာပါ။

တိုင္းနဲ႔ ျပည္နယ္အားလုံးမွာ ထုတ္ျပန္ထားတဲ့ ည ၁၀ နာရီက မနက္ ၄ နာရီ မထြက္ရဆိုတဲ့ ေၾကညာခ်က္ကို လာမယ့္ေမလ ၁၅ ရက္က စလို႔ ည ၁၂ ကို ေလွ်ာ့ခ်လိုက္ေၾကာင္း COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက ေၾကညာလိုက္ပါတယ္။

အေသးစိတ္ၫႊန္ၾကားခ်က္ေတြကေတာ့ ျပည္ေထာင္စုအစိုးရက မၾကာခင္ထုတ္ျပန္ဖို႔ ရွိႏိုင္တယ္လို႔ စစ္ကိုင္းတိုင္း လုံၿခဳံေရး၊ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးသန္းထြန္းေအာင္က ေျပာပါတယ္။

“ျပည္ေထာင္စုက ၫႊန္ၾကားခ်က္အတိုင္းပဲ က်ေနာ္တို႔ ဒီ ၁၅ ရက္က စၿပီးေတာ့ေပါ့ေနာ္ ... ညက ၁၂-၄ ေပါ့ေနာ္၊ အဲဒါေလး ေျဖေလွ်ာ့ေပးမွာေပါ့။ ၁၅ ရက္က မနက္ျဖန္မွ ျပည့္မွာဆိုေတာ့ မနက္ျဖန္က်မွ က်ေနာ္ထင္တယ္ အေသးစိတ္ ၫႊန္ၾကားခ်က္ေတြ ထြက္လာမယ္နဲ႔ တူတယ္။”

လူစုလူေဝးျဖစ္မယ့္ ကာရာအိုေက၊ ႐ုပ္ရွင္႐ုံ၊ ႏိုက္ကလပ္၊ ဘီယာဆိုင္ဒါေတြကို ဆက္ပိတ္ထားၿပီး ဟိုတယ္လုပ္ငန္းေတြ၊ စားေသာက္ဆိုင္ေတြ ဒါေတြကိုေတာ့ ေျဖေလွ်ာ့ေပးဖို႔ အစိုးရက စဥ္းစားေနပါတယ္။ ကန႔္သတ္မႈေတြေၾကာင့္ စီးပြားေရးလုပ္ငန္းေတြ ေရရွည္ မရပ္တည္ႏိုင္မွာလည္း အစိုးရက စိုးရိမ္ေနပုံရပါတယ္။ ဒါေၾကာင့္ က်န္းမာေရး ဝန္ႀကီးဌာန ၫႊန္ၾကားခ်က္ေတြ လိုက္နာတဲ့ လုပ္ငန္းတခ်ိဳ႕ကို ဖြင့္ခြင့္ေပးဖို႔ အစိုးရက ျပင္ဆင္ေနပါတယ္။ မနက္ျဖန္ေတာ့ အေသးစိတ္ၫႊန္ၾကားခ်က္ေတြ ထြက္လာႏိုင္တယ္လို႔ လႈိင္သာယာ ရန္ကုန္တိုင္းကိုယ္စားလွယ္ ဦးဝင္းေမာင္က ေျပာပါတယ္။

ကိုဗစ္ကပ္ေရာဂါ အႏၱရာယ္ကာကြယ္ထိန္းခ်ဳပ္ေရး lockdown လုပ္ထားတဲ့ ရန္ကုန္ၿမိဳ႕ျမင္ကြင္း (ဧၿပီ ၁၂၊ ၂၀၂၀)
ကိုဗစ္ကပ္ေရာဂါ အႏၱရာယ္ကာကြယ္ထိန္းခ်ဳပ္ေရး lockdown လုပ္ထားတဲ့ ရန္ကုန္ၿမိဳ႕ျမင္ကြင္း (ဧၿပီ ၁၂၊ ၂၀၂၀)

“ညႊန္ၾကားခ်က္ေတြ မလာေသးဘူး။ မနက္ျဖန္က်ေနာ္တို႔ ေစာင့္ၾကည့္ရမယ္။ ၁၅ ရက္ကို ၫႊန္ၾကားခ်က္ေတြ ထြက္လာလိမ့္မယ္ေနာ္။”

မႏၲေလးမွာေတာ့ ေဖ်ာ္ေျဖေရးလုပ္ငန္းေတြက လြဲလို႔ က်န္တဲ့လုပ္ငန္းေတြအားလုံး ျပန္လည္ပတ္ေတာ့မွာပါ။ အစိုးရ ၫႊန္ၾကားခ်က္နဲ႔ ပိတ္ထားတဲ့ အေဝးေျပးယာဥ္လိုင္းေတြလည္း က်န္းမာေရးၫႊန္ၾကားခ်က္ေတြအတိုင္း လိုက္နာထားရင္ ေမလ ၁၆ ရက္မွာ ျပန္ေျပးဆြဲခြင့္ရဖို႔ ရွိပါတယ္။

အေမရိကန္အပါအဝင္ ႏိုင္ငံတခ်ိဳ႕မွာ စီးပြားေရးလုပ္ငန္းေတြ ျပန္လည္ပတ္လို႔ရေအာင္ တားျမစ္ကန႔္သတ္ခ်က္ေတြကို ၿပီးခဲ့တဲ့ ရက္ပိုင္းက ေျဖေလွ်ာ့ေပးခဲ့ေပမဲ့ ေရာဂါကူးစက္တာ ေနာက္တႀကိမ္ ျပန္တက္လာမွာကိုလည္း စိုးရိမ္မႈေတြ ရွိပါတယ္။

ျမန္မာျပည္တြင္းမွာ COVID-19 ကာကြယ္တားဆီးေရး အစိုးရရဲ႕ အမိန႔္ၫႊန္ၾကားခ်က္ေတြကို မလိုက္နာရင္ ကူးစက္ေရာဂါကာကြယ္တားဆီးေရး ဥပေဒအရ ေထာင္ဒဏ္၊ ေငြဒဏ္ က်ခံရမွာပါ။ ရာဇဝတ္မႈေတြ မရွိေအာင္ ညမထြက္ရအမိန႔္ကိုလည္း ေမလကုန္ထိ သက္တမ္း ထပ္တိုးထားမယ္လို႔ ဆိုပါတယ္။ က်ေနာ္ ေဇာ္ထက္ပါ ရန္ကုန္ကေန ေပးပို႔ထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 ကာကွယ်ရေး ကန့်သတ်ချက်တချို့ ဖြေလေ ျှာ့ပေးတော့မယ်

လာမယ့် မေလ ၁၅ ရက်ကစပြီး ညမထွက်ရ အမိန့်နဲ့ စီးပွားရေးလုပ်ငန်း ကန့်သတ်ချက်တချို့ကို ဖြေလျှော့ပေးသွားမယ်လို့ အစိုးရက ကြေညာလိုက်တဲ့အကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ဆက်ပေးမှာပါ။

တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ထုတ်ပြန်ထားတဲ့ ည ၁၀ နာရီက မနက် ၄ နာရီ မထွက်ရဆိုတဲ့ ကြေညာချက်ကို လာမယ့်မေလ ၁၅ ရက်ကစလို့ ည ၁၂ ကို လျှော့ချလိုက်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကြေညာလိုက်ပါတယ်။

အသေးစိတ်ညွှန်ကြားချက်တွေကတော့ ပြည်ထောင်စုအစိုးရက မကြာခင်ထုတ်ပြန်ဖို့ ရှိနိုင်တယ်လို့ စစ်ကိုင်းတိုင်း လုံခြုံရေး၊ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်က ပြောပါတယ်။

“ပြည်ထောင်စုက ညွှန်ကြားချက်အတိုင်းပဲ ကျနော်တို့ ဒီ ၁၅ ရက်က စပြီးတော့ပေါ့နော် ... ညက ၁၂-၄ ပေါ့နော်၊ အဲဒါလေး ဖြေလျှော့ပေးမှာပေါ့။ ၁၅ ရက်က မနက်ဖြန်မှ ပြည့်မှာဆိုတော့ မနက်ဖြန်ကျမှ ကျနော်ထင်တယ် အသေးစိတ် ညွှန်ကြားချက်တွေ ထွက်လာမယ်နဲ့ တူတယ်။”

လူစုလူဝေးဖြစ်မယ့် ကာရာအိုကေ၊ ရုပ်ရှင်ရုံ၊ နိုက်ကလပ်၊ ဘီယာဆိုင်ဒါတွေကို ဆက်ပိတ်ထားပြီး ဟိုတယ်လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ ဒါတွေကိုတော့ ဖြေလျှော့ပေးဖို့ အစိုးရက စဉ်းစားနေပါတယ်။ ကန့်သတ်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ရေရှည် မရပ်တည်နိုင်မှာလည်း အစိုးရက စိုးရိမ်နေပုံရပါတယ်။ ဒါကြောင့် ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားချက်တွေ လိုက်နာတဲ့ လုပ်ငန်းတချို့ကို ဖွင့်ခွင့်ပေးဖို့ အစိုးရက ပြင်ဆင်နေပါတယ်။ မနက်ဖြန်တော့ အသေးစိတ်ညွှန်ကြားချက်တွေ ထွက်လာနိုင်တယ်လို့ လှိုင်သာယာ ရန်ကုန်တိုင်းကိုယ်စားလှယ် ဦးဝင်းမောင်က ပြောပါတယ်။

“ညွှန်ကြားချက်တွေ မလာသေးဘူး မနက်ဖြန်ကျနော်တို့ စောင့်ကြည့်ရမယ်။ ၁၅ ရက်ကို ညွှန်ကြားချက်တွေ ထွက်လာလိမ့်မယ်နော်။”

မန္တလေးမှာတော့ ဖျော်ဖြေရေးလုပ်ငန်းတွေက လွဲလို့ ကျန်တဲ့လုပ်ငန်းတွေအားလုံး ပြန်လည်ပတ်တော့မှာပါ။ အစိုးရ ညွှန်ကြားချက်နဲ့ ပိတ်ထားတဲ့ အဝေးပြေးယာဉ်လိုင်းတွေလည်း ကျန်းမာရေးညွှန်ကြားချက်တွေအတိုင်း လိုက်နာထားရင် မေလ ၁၆ ရက်မှာ ပြန်ပြေးဆွဲခွင့်ရဖို့ ရှိပါတယ်။

အမေရိကန်အပါအဝင် နိုင်ငံတချို့မှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်လို့ရအောင် တားမြစ်ကန့်သတ်ချက်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြေလျှော့ပေးခဲ့ပေမဲ့ ရောဂါကူးစက်တာ နောက်တကြိမ် ပြန်တက်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိပါတယ်။

မြန်မာပြည်တွင်းမှာ COVID-19 ကာကွယ်တားဆီးရေး အစိုးရရဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာရင် ကူးစက်ရောဂါကာကွယ်တားဆီးရေး ဥပဒေအရ ထောင်ဒဏ်၊ ငွေဒဏ် ကျခံရမှာပါ။ ရာဇဝတ်မှုတွေ မရှိအောင် ညမထွက်ရအမိန့်ကိုလည်း မေလကုန်ထိ သက်တမ်း ထပ်တိုးထားမယ်လို့ ဆိုပါတယ်။ ကျနော် ဇော်ထက်ပါ ရန်ကုန်ကနေ ပေးပို့ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG