သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္နယ္စပ္မွာ ကုန္သြယ္ေရးမညီမွ်မႈေၾကာင့္ ျမန္မာကုန္သည္ေတြ နစ္နာ


တရုတ္- ျမန္မာ နယ္စပ္ ကုန္သည္ကားတစီး

(Zawgyi/Unicode)

တရုတ္နယ္စပ္ကုန္သြယ္ေရးမွာ ပို႕ကုန္နဲ႔သြင္းကုန္ပမာဏကြာျခားၿပီး ဒီလို ကုန္သြယ္ေရး မညီမွ်တာေၾကာင့္ ျမန္မာကုန္သည္ေတြဘက္ကနစ္နာေနတယ္ဆိုတဲ့ သတင္းကို ကိုေဇာ္ထက္ တင္ဆက္ေပးမွာပါ။

တရုတ္နယ္စပ္ကုန္သြယ္ေရးမွာ ျမန္မာဘက္က ပို႔ကုန္တန္ဖိုးဟာ မႏွစ္ကထက္ ေလ်ာ့က်သြားၿပီး၊ သြင္းကုန္မွာေတာ့ ပိုမ်ားလာပါတယ္။ အထူးသျဖင့္ တ႐ုတ္- ျမန္မာ နယ္စပ္ကုန္သြယ္ေရးမွာ အတားအဆီး အကန႔္သတ္ေတြဆက္ရွိေနဦးမယ္ဆိုရင္ ျမန္မာပို႔ကုန္အတြက္ ခက္ခဲေနဦးမယ္လို႔ ျမန္မာကုန္သည္ေတြက ျငီးတြားၾကပါတယ္ ။

ျမန္မာ- တ႐ုတ္ ကုန္သြယ္ေရးမွာ အရင္ရွိၿပီးသား ကုန္သြယ္မႈအတားအဆီးေတြအျပင္ COVID-19 ေၾကာင့္ျဖစ္လာတဲ့ အတားအဆီးအသစ္ေတြ ထပ္ပိုလာတာပါ။ ဒါကိုေျဖရွင္းႏိုင္ဖို႔ ႏွစ္ႏိုင္ငံထိပ္ပိုင္း ေခါင္းေဆာင္ေတြ ညႇိႏႈိင္းဖို႔လိုတယ္လို႔ မူဆယ္သစ္သီးဝလံကုန္စည္ဒိုင္ ဒုဥကၠ႒ စိုင္းခင္ေမာင္က ေျပာပါတယ္။ COVID-19 အေၾကာင္းျပၿပီး ကုန္သြယ္ေရး အတားအဆီးေတြ တ႐ုတ္အစိုးရက ဖန္တီးေနတဲ့ အေပၚမွာလည္း သူကအေလးထား ေျပာခဲ့တာပါ။

“ အခု COVID-19 ေရာဂါအေနအထားနဲ႔ အခုျဖစ္ေပၚေနတဲ့ အတားအဆီး အကန႔္အသတ္ကပိုလာတယ္၊ လူမဝင္ရဘူး။ ေနာက္ၿပီးေတာ့ တရားမဝင္ လမ္းေၾကာင္းကေန သြားတာကို မရေတာ့ဘူး။ ကုန္သြယ္မႈ ကိန္းဂဏန္းက ပိုၿပီး ေလ်ာ့က်လာႏိုင္တဲ့ အလားအလာရွိတာေပါ့။ မူဆယ္ကုန္သြယ္ေရးမွာ မညီမွ်မႈ ရွိေနရင္ ဒါကေတာ့ အၿမဲတမ္း က်ေနာ္တို႔ ဆုံးရႈံး နစ္နာမႈနဲ႔ ႀကဳံေတြ႕ေနရမွာပဲ။”

တ႐ုတ္ျပည္တြင္းမွာလည္း သူတို႔အစိုးရရဲ႕ ကုန္သြယ္ေရးအကန႔္အသတ္၊ ေရာဂါတားဆီးေရး အကန႔္အသတ္ေတြေၾကာင့္ တ႐ုတ္ကုန္သည္ေတြကျမန္မာကုန္ေတြကို ၀ယ္ယူဖို႔ အခက္အခဲေတြ ရိွလာပါတယ္။ ဒါေၾကာင့္ ကုန္သြယ္မႈမွာ ဒီႏွစ္မွာေတာ့ ၿပီးခဲ့တဲ့ မႏွစ္ကထက္ ေဒၚလာ သန္း ၃၀ ေလာက္ ျမန္မာဘက္က ေလ်ာ့သြားေၾကာင္း ျမန္မာ့ကုန္သြယ္မႈ ျမႇင့္တင္ေရး ၫႊန္ၾကားေရးမႉး ဦးမ်ိဳးသူက ေျပာပါတယ္။

“နယ္စပ္မွာ ပို႔ကုန္ပိုင္းက သန္း ၃၀ ေလာက္ေလ်ာ့တယ္၊ ၿပီးခဲ့တဲ့ ၇ လ ယွဥ္ၾကည့္မယ္ဆိုရင္၊ သြားလာမႈက အထိုက္အေလ်ာက္ကန႔္သတ္ ေနၾကေသးတာပဲ အရင္တုန္းကလို နယ္အက်ယ္ႀကီးက buyer ေတြမလာဘူး။ တ႐ုတ္ထဲမွာတင္ ျပန္တင္ပို႔တဲ့ အခါ အခက္အခဲေတြရွိေတာ့ သူတို႔က ေစ်းကို အမ်ားႀကီး မေပးႏိုင္ဘူး။ေလ်ာ့ေပးတဲ့အခါက်ေတာ့ က်ေနာ္တို႔ဘက္ကလည္း ေစ်းက ေလ်ာ့ရတာေပါ့။”

တ႐ုတ္ယူနန္ျပည္နယ္နဲ႔ ထိစပ္ေနတဲ့ မူဆယ္နယ္စပ္ကုန္သြယ္ေရးဟာ နယ္စပ္ကုန္သြယ္မႈမွာ ပမာဏ အမ်ားဆုံးပါ။ နယ္စပ္ကုန္သြယ္ေရး အျပန္အလွန္ကုန္သြယ္မႈပမာဏက နယ္စပ္စခန္း ၁၈ ခုမွာ၇လ အတြင္း အေမရိကန္ေဒၚလာသန္း ၆၇၀၀ ေက်ာ္ရိွၿပီး၊ မူဆယ္တခုတည္းက ေဒၚလာသန္းေပါင္း ၁၈၀၀ ေက်ာ္ရွိတယ္လို႔ ျမန္မာကုန္သြယ္ေရးဌာန စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ နယ္စပ္ကုန္သြယ္ေရးစခန္းက ကုန္သည္ေတြ ကေတာ့ ပို႔ကုန္၊ သြင္းကုန္ တန္ဖိုး ကြာဟမႈ နည္းေအာင္ ႏွစ္ႏိုင္ငံ ညႇိႏႈိင္းဖို႔ လိုလားေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

တရုတ်နယ်စပ်မှာ ကုန်သွယ်ရေးမညီမျှမှုကြောင့် မြန်မာကုန်သည်တွေ နစ်နာ

(Unicode)

တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်နဲ့သွင်းကုန်ပမာဏကွာခြားပြီး ဒီလို ကုန်သွယ်ရေး မညီမျှတာကြောင့် မြန်မာကုန်သည်တွေဘက်ကနစ်နာနေတယ်ဆိုတဲ့ သတင်းကို ကိုဇော်ထက် တင်ဆက်ပေးမှာပါ။

တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်က ပို့ကုန်တန်ဖိုးဟာ မနှစ်ကထက် လျော့ကျသွားပြီး၊ သွင်းကုန်မှာတော့ ပိုများလာပါတယ်။ အထူးသဖြင့် တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အတားအဆီး အကန့်သတ်တွေဆက်ရှိနေဦးမယ်ဆိုရင် မြန်မာပို့ကုန်အတွက် ခက်ခဲနေဦးမယ်လို့ မြန်မာကုန်သည်တွေက ငြီးတွားကြပါတယ် ။ မြန်မာ- တရုတ် ကုန်သွယ်ရေးမှာ အရင်ရှိပြီးသား ကုန်သွယ်မှုအတားအဆီးတွေအပြင် COVID-19 ကြောင့်ဖြစ်လာတဲ့ အတားအဆီးအသစ်တွေ ထပ်ပိုလာတာပါ။ ဒါကိုဖြေရှင်းနိုင်ဖို့ နှစ်နိုင်ငံထိပ်ပိုင်း ခေါင်းဆောင်တွေ ညှိနှိုင်းဖို့လိုတယ်လို့ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ စိုင်းခင်မောင်က ပြောပါတယ်။ COVID-19 အကြောင်းပြပြီး ကုန်သွယ်ရေး အတားအဆီးတွေ တရုတ်အစိုးရက ဖန်တီးနေတဲ့ အပေါ်မှာလည်း သူကအလေးထား ပြောခဲ့တာပါ။

“ အခု COVID-19 ရောဂါအနေအထားနဲ့ အခုဖြစ်ပေါ်နေတဲ့ အတားအဆီး အကန့်အသတ်ကပိုလာတယ်၊ လူမဝင်ရဘူး။ နောက်ပြီးတော့ တရားမဝင် လမ်းကြောင်းကနေ သွားတာကို မရတော့ဘူး။ ကုန်သွယ်မှု ကိန်းဂဏန်းက ပိုပြီး လျော့ကျလာနိုင်တဲ့ အလားအလာရှိတာပေါ့။ မူဆယ်ကုန်သွယ်ရေးမှာ မညီမျှမှု ရှိနေရင် ဒါကတော့ အမြဲတမ်း ကျနော်တို့ ဆုံးရှုံး နစ်နာမှုနဲ့ ကြုံတွေ့နေရမှာပဲ။”

တရုတ်ပြည်တွင်းမှာလည်း သူတို့အစိုးရရဲ့ ကုန်သွယ်ရေးအကန့်အသတ်၊ ရောဂါတားဆီးရေး အကန့်အသတ်တွေကြောင့် တရုတ်ကုန်သည်တွေကမြန်မာကုန်တွေကို ဝယ်ယူဖို့ အခက်အခဲတွေ ရှိလာပါတယ်။ ဒါကြောင့် ကုန်သွယ်မှုမှာ ဒီနှစ်မှာတော့ ပြီးခဲ့တဲ့ မနှစ်ကထက် ဒေါ်လာ သန်း ၃၀ လောက် မြန်မာဘက်က လျော့သွားကြောင်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေး ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောပါတယ်။

“နယ်စပ်မှာ ပို့ကုန်ပိုင်းက သန်း ၃၀ လောက်လျော့တယ်၊ ပြီးခဲ့တဲ့ ၇ လ ယှဉ်ကြည့်မယ်ဆိုရင်၊ သွားလာမှုက အထိုက်အလျောက်ကန့်သတ် နေကြသေးတာပဲ အရင်တုန်းကလို နယ်အကျယ်ကြီးက buyer တွေမလာဘူး။ တရုတ်ထဲမှာတင် ပြန်တင်ပို့တဲ့ အခါ အခက်အခဲတွေရှိတော့ သူတို့က ဈေးကို အများကြီး မပေးနိုင်ဘူး။လျော့ပေးတဲ့အခါကျတော့ ကျနော်တို့ဘက်ကလည်း ဈေးက လျော့ရတာပေါ့။”

တရုတ်ယူနန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာ နယ်စပ်ကုန်သွယ်မှုမှာ ပမာဏ အများဆုံးပါ။ နယ်စပ်ကုန်သွယ်ရေး အပြန်အလှန်ကုန်သွယ်မှုပမာဏက နယ်စပ်စခန်း ၁၈ ခုမှာ၇လ အတွင်း အမေရိကန်ဒေါ်လာသန်း ၆၇၀၀ ကျော်ရှိပြီး၊ မူဆယ်တခုတည်းက ဒေါ်လာသန်းပေါင်း ၁၈၀၀ ကျော်ရှိတယ်လို့ မြန်မာကုန်သွယ်ရေးဌာန စစ်တမ်းမှာ ဖော်ပြထားပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းက ကုန်သည်တွေ ကတော့ ပို့ကုန်၊ သွင်းကုန် တန်ဖိုး ကွာဟမှု နည်းအောင် နှစ်နိုင်ငံ ညှိနှိုင်းဖို့ လိုလားကြောင်း ပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG