သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့မြန်မာကြား ဒေါ်လာ ၂.၈ ဘီလီယံဖိုး ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ လက်မှတ်ထိုး


ရွှေလီရှိ တရုတ်-မြန်မာ နယ်စပ် စစ်ဆေးရေးဂိတ်တခု။ (မေ ၂၅၊ ၂၀၁၂)
ရွှေလီရှိ တရုတ်-မြန်မာ နယ်စပ် စစ်ဆေးရေးဂိတ်တခု။ (မေ ၂၅၊ ၂၀၁၂)

(Zawgyi / Unicode)

၁၈ ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပနေတာမှာ အခုအချိန်ထိ စီမံကိန်း ၂၄ ခု လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ရှင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံ တန်ဖိုးရှိတဲ့ ဒီစီမံကိန်းတွေထဲမှာတော့ ခရီးသွားလာရေး၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ သစ်ထုတ်ကုန်နဲ့ တခြား လုပ်ငန်းကဏ္ဍတွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲမှာတော့ မြန်မာဘက်က သစ်ထုတ်ကုန်တွေ၊ လက်မှုပစ္စည်းတွေလည်း ပြသထားကြပါတယ်။ ပြခန်းပေါင်း ၅၀၀ ကျော်ရှိပြီး ပစ္စည်းအမျိုးအမည်ပေါင်း ၂၀၀၀ ကျော် ပါဝင် ပြသနေတာပါ။

မြန်မာနိုင်ငံထွက် ကျောက်မျက်သယံဇာတ၊ သစ်တောထွက်ပစ္စည်း၊ စိုက်ပျိုးရေး မွေးမြူရေး ထုတ်ကုန်အများစုက နယ်စပ်ကုန်သွယ်ရေးကနေ တရုတ်ဘက်ကို အဓိက တင်ပို့နေရတာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ဆန်၊ သီးနှံတို့လို စိုက်ပျိုးရေးထွက်ကုန် အများစုဟာ တရုတ်ဘက်က အရည်အသွေး ထိန်းချုပ်မှု၊ တရားမဝင် ကုန်သွယ်မှုကို ကန့်သတ်ပိတ်ပင်မှုတွေကြောင့် မကြာခန အခက်တွေ့နေရတာ ဖြစ်ပါတယ်။

--------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG