သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

"ကိုဗစ္နဲ႔အတူ ယွဥ္တြဲေနထိုင္တဲ့ လူေနမႈဘဝ ျဖစ္လာႏုိင္တဲ့ အေနအထားရွိ" - ဦးေဇာ္ေဌး


ျမန္မာသမၼတ႐ံုးဝန္ႀကီးဌာန ေျပာခြင့္ရ ဦးေဇာ္ေဌး။

(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ပိုးဟာ အခ်ိန္ကာလတခုထိ ဆက္ရွိေနဦးမွာျဖစ္ၿပီး ျမန္မာႏုိင္ငံ အေနနဲ႔လည္း ဒီဗိုင္းရပ္စ္ပိုးကို ဆက္ရင္ဆိုင္ၿပီး ေနထုိင္မႈပံုစံသစ္ (New Normal) နဲ႔ ဘယ္လုိေနထိုင္သြားၾကရႏုိင္တယ္ဆိုတဲ့ အႀကံျပဳခ်က္ေတြ ဒီလကုန္ပိုင္းေလာက္မွာ ထြက္လာႏိုင္ပါတယ္လုိ႔ သမၼတ႐ံုးေျပာခြင့္ရ ဦးေဇာ္ေဌးက ဒီကေန႔ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။

“၃၁ ရက္ေန႔အလြန္ ကာလၾကရင္ေတာ့ က်ေနာ္တုိ႔ ျမန္မာႏုိင္ငံနဲ႔ သက္ဆုိင္တဲ့ လူေနမႈစနစ္ေပါ့၊ ကုိဗစ္နဲ႔အတူ ယွဥ္တြဲေနထုိင္တဲ့ လူေနမႈဘဝေပါ့၊ ဒါမ်ဳိးေလးေတြ ျဖစ္လာႏုိင္တဲ့ အေနအထား ရွိပါတယ္။”

ေက်ာင္းေတြျပန္ဖြင့္ႏုိင္ဖို႔၊ စားေသာက္ဆိုင္ေတြ၊ လုပ္ငန္းေတြ ျပန္လည္ပတ္ႏုိင္ဖို႔အတြက္ ဘယ္လို ေနထိုင္လုပ္ကိုင္မႈ ပံုစံသစ္နဲ႔ ဆက္သြားၾကမယ္ဆိုတာ တာဝန္ရွိသူေတြ ေဆြးေႏြးတိုင္ပင္ေနပါတယ္လုိ႔လည္း ဦးေဇာ္ေဌးက ေျပာပါတယ္။

အခုခ်ိန္ထိေတာ့ အေျခခံပညာေက်ာင္းေတြကို လာမယ့္ ဇူလိုင္လအတြင္းမွာ ျပန္ဖြင့္ဖို႔ စီစဥ္ေနတယ္လို႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါပိုး ကူးစက္ခံရသူ ေနာက္ ၁ ေယာက္ ေတြ႔ရွိခဲ့တယ္လို႔ ဒီကေန႔ ေမလ ၁၆ ရက္ေန႔ မနက္ပိုင္းက ထုတ္ျပန္လုိက္တာေၾကာင့္ အခုဆုိရင္ ေရာဂါပုိးရွိသူ စုစုေပါင္းဟာ ၁၈၂ ေယာက္ ရွိသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ေျပာပါတယ္။ အဲဒီ ေရာဂါကူးစက္ခံရသူဟာ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕က အသက္ ၃၂ ႏွစ္အရြယ္ အမ်ိဳးသားတဦးျဖစ္ၿပီး သူဟာ မေလးရွားႏုိင္ငံက ျပန္လာသူ ျဖစ္တယ္လို႔လည္း ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

"ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်တဲ့ လူနေမှုဘဝ ဖြစ်လာနိုင်တဲ့ အနေအထားရှိ" - ဦးဇော်ဌေး

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အချိန်ကာလတခုထိ ဆက်ရှိနေဦးမှာဖြစ်ပြီး မြန်မာနိုင်ငံ အနေနဲ့လည်း ဒီဗိုင်းရပ်စ်ပိုးကို ဆက်ရင်ဆိုင်ပြီး နေထိုင်မှုပုံစံသစ် (New Normal) နဲ့ ဘယ်လိုနေထိုင်သွားကြရနိုင်တယ်ဆိုတဲ့ အကြံပြုချက်တွေ ဒီလကုန်ပိုင်းလောက်မှာ ထွက်လာနိုင်ပါတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

“၃၁ ရက်နေ့အလွန် ကာလကြရင်တော့ ကျနော်တို့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ လူနေမှုစနစ်ပေါ့၊ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်တဲ့ လူနေမှုဘဝပေါ့၊ ဒါမျိုးလေးတွေ ဖြစ်လာနိုင်တဲ့ အနေအထား ရှိပါတယ်။”

ကျောင်းတွေပြန်ဖွင့်နိုင်ဖို့၊ စားသောက်ဆိုင်တွေ၊ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့အတွက် ဘယ်လို နေထိုင်လုပ်ကိုင်မှု ပုံစံသစ်နဲ့ ဆက်သွားကြမယ်ဆိုတာ တာဝန်ရှိသူတွေ ဆွေးနွေးတိုင်ပင်နေပါတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

အခုချိန်ထိတော့ အခြေခံပညာကျောင်းတွေကို လာမယ့် ဇူလိုင်လအတွင်းမှာ ပြန်ဖွင့်ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်ခံရသူ နောက် ၁ ယောက် တွေ့ရှိခဲ့တယ်လို့ ဒီကနေ့ မေလ ၁၆ ရက်နေ့ မနက်ပိုင်းက ထုတ်ပြန်လိုက်တာကြောင့် အခုဆိုရင် ရောဂါပိုးရှိသူ စုစုပေါင်းဟာ ၁၈၂ ယောက် ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီ ရောဂါကူးစက်ခံရသူဟာ ချင်းပြည်နယ် ထန်တလန်မြို့က အသက် ၃၂ နှစ်အရွယ် အမျိုးသားတဦးဖြစ်ပြီး သူဟာ မလေးရှားနိုင်ငံက ပြန်လာသူ ဖြစ်တယ်လို့လည်း ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG