သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားေရာက္ တရားမ၀င္ ျမန္မာအလုပ္သမားေတြ ကုိဗစ္အစစ္ခံရမွာ စုိးရိမ္


မေလးရွားႏုိင္ငံ ကြာလာလမ္ပူၿမိဳ႕တြင္ ကုိ႐ိုနာဗုိင္းရပ္စ္ စစ္ေဆးခံေနသည့္ အမ်ဳိးသားတဦး။ (ေမ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

မေလးရွားႏုိင္ငံမွာ သြားလာလႈပ္ရွားမႈ ကန္႔သတ္ထိန္းခ်ဳပ္ေရးအမိန႔္ (MCO) ထုတ္ျပန္ထားခ်ိန္မွာ ႏိုင္ငံျခားသား ေရႊ႕ေျပာင္းလုပ္သားေတြကုိ ကိုဗစ္ေရာဂါပိုး စစ္ေဆးေနေပမယ့္ တရားမ၀င္ ျမန္မာအလုပ္သမားေတြကေတာ့ ေဆးစစ္မခံရဲ ျဖစ္ေနၾကပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

မေလးရွားႏုိင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ (COVID-19) ေရာဂါေၾကာင့္ သြားလာလႈပ္ရွားမႈ ကန္႔သတ္ထိန္းခ်ဳပ္ေရးအမိန႔္ (MCO) ထုတ္ျပန္ထားခ်ိန္မွာ ႏုိင္ငံျခားသား အလုပ္သမား အားလံုးကုိ ေရာဂါပိုး ကူးစက္မႈရွိမရွိ စစ္ေဆးဖို႔အတြက္ အစုိးရက စီမံေဆာင္ရြက္လာတာ ျဖစ္ပါတယ္။

မေလးရွားမွာ မၾကာမီ ျပန္လည္ဖြင့္လွစ္မယ့္ ေဆာက္လုပ္ေရးနဲ႔ ကုန္ထုတ္လုပ္ငန္းေတြမွာ လုပ္ကုိင္မယ့္ လုပ္သားေတြ ေရာဂါပိုးမရွိေစရန္ ေဆာင္ရြက္ခ်က္တရပ္လည္း ျဖစ္ပါတယ္။ ဒါေပမယ့္ တရားမ၀င္ ျမန္မာႏုိင္ငံသားေတြကေတာ့ ေဆးစစ္မခံရဲၾကဘဲ ျဖစ္ေနၾကေၾကာင္း မေလးရွား ထိန္းသိမ္းေရးစခန္းေတြက ျမန္မာေတြကုိ ျမန္မာသံ႐ုံး ကုိယ္စားျပဳၿပီး အကူအညီေပးေနတဲ့ ဦးသီဟေမာင္ေမာင္က ေျပာပါတယ္။

“အခုအခ်ိန္မွာ ေဆးစစ္တဲ့အခါ ဥပမာတခုေပါ့၊ စက္႐ုံတခုက စာရင္းေပးလိုက္တယ္၊ စာရင္းက လ၀ကကုိ ျပန္စစ္တဲ့အခါ အေယာက္ ၁၀၀ မွာ တရား၀င္ ၅၀ ပဲရွိတယ္။ တျခားလူေတြက အေထာက္အထား မရွိရင္ေတာ့ အခ်ိန္မေရြး အဖမ္းခံရႏုိင္တယ္လို႔ က်ေနာ္တုိ႔က သံုးသပ္တယ္။ ေတာ္ေတာ္မ်ားမ်ား တရားမ၀င္ေတြက အစစ္မခံရဲၾကေသးဘူး။ တခိ်ဳ႕သူေဌးေတြ အလုပ္ရွင္ေတြကလည္း ဘာျဖစ္လာမယ္ဆုိတာ မသိေတာ့ သူတို႔ကို အလုပ္မဆင္းခိုင္းေသးဘူး။ ေဆးစစ္ဖို႔အတြက္ကုိ ေလာေလာဆယ္ ညႊန္ၾကားေပးတာလည္း မရွိေသးဘူး။ အဲဒါက တရားမ၀င္ေတြနဲ႔ ပတ္သက္ၿပီး ေျပာတာပါ။”

အခုအခ်ိန္မွာေတာ့ မေလးရွားအစိုးရက ေရာဂါပုိးေတြ႔ရွိတဲ့သူေတြ မ်ားတဲ့ေနရာေတြကို အ၀င္အထြက္ ပိတ္ဆို႔ကန္႔သတ္ၿပီး က်န္းမာေရးစစ္တာအျပင္ တရားမ၀င္ ႏုိင္ငံျခားသားေတြကိုလည္း ဖမ္းဆီးအေရးယူေနတာေတြ ရွိေနတာမို႔ ျမန္မာေတြ အစစ္မခံရဲၾကတာ ျဖစ္တယ္လို႔လည္း ဦးသီဟေမာင္ေမာင္က ဆုိပါတယ္။

“စာရင္းေကာက္ခံတဲ့အခါမွာ တရားမ၀င္ေတြလည္း ပါ၀င္ႏုိင္တယ္။ တခ်ိဳ႕ေတြက က်ေနာ့္ဆီကုိ အမ်ားႀကီး ဆက္သြယ္လာပါတယ္။ သူတို႔က ေဆးစစ္ခံလို႔ ျဖစ္ပါ့မလားလို႔ ေမးၾကပါတယ္။ အခုေလာေလာဆယ္ အ၀င္အထြက္ ပိတ္ဆို႔ေနတဲ့ ေနရာေတြမွာေတာ့ တရားမ၀င္ေတြကို ဖမ္းေနတာရွိတယ္။ ဆာလာရမ္းတုိ႔ ကြာလာလမ္ပူ အနီးတ၀ိုက္ Lock Down လုပ္ေနတဲ့ ေနရာေတြမွာ အဖမ္းအဆီးေတြလည္း ရွိေနေတာ့ ေတာ္ေတာ္မ်ားမ်ားက ေဆးစစ္ဖို႔အတြက္ အစစ္မခံရဲၾကဘူး ျဖစ္ေနတယ္။”

မေလးရွားႏုိင္ငံမွာေတာ့ ေမလ ၁၇ ရက္ေန႔အထိ ကိုဗစ္ေရာဂါ အတည္ျပဳ ပုိးေတြ႔ရွိသူ အသစ္ ၂၂ ဦး ထပ္တိုးခဲ့ၿပီး အခုဆိုရင္ ၆၈၀၀ ဦး ရိွသြားၿပီျဖစ္သလို လူ ၁၁၃ ဦး ေသဆံုးသြားၿပီ ျဖစ္ပါတယ္။

အတည္ျပဳ ပုိးေတြ႔ရွိသူေတြထဲမွာေတာ့ ျမန္မာႏုိင္ငံသား ၅၀ ေက်ာ္ ပါ၀င္ပါတယ္။ ေမလဆန္းကစၿပီး မေလးရွားအစုိးရက ႏုိင္ငံျခားသားေတြ အျဖစ္မ်ားေနတယ္လို႔သာ ထုတ္ျပန္ခဲ့ၿပီး ဘယ္ႏုိင္ငံသားေတြ အျဖစ္မ်ားတယ္ ဆုိတာကိုေတာ့ ထုတ္ျပန္ေျပာဆိုတာ မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

မလေးရှားရောက် တရားမဝင် မြန်မာအလုပ်သမားတွေ ကိုဗစ်အစစ်ခံရမှာ စိုးရိမ်

မလေးရှားနိုင်ငံမှာ သွားလာလှုပ်ရှားမှု ကန့်သတ်ထိန်းချုပ်ရေးအမိန့် (MCO) ထုတ်ပြန်ထားချိန်မှာ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေကို ကိုဗစ်ရောဂါပိုး စစ်ဆေးနေပေမယ့် တရားမဝင် မြန်မာအလုပ်သမားတွေကတော့ ဆေးစစ်မခံရဲ ဖြစ်နေကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကြောင့် သွားလာလှုပ်ရှားမှု ကန့်သတ်ထိန်းချုပ်ရေးအမိန့် (MCO) ထုတ်ပြန်ထားချိန်မှာ နိုင်ငံခြားသား အလုပ်သမား အားလုံးကို ရောဂါပိုး ကူးစက်မှုရှိမရှိ စစ်ဆေးဖို့အတွက် အစိုးရက စီမံဆောင်ရွက်လာတာ ဖြစ်ပါတယ်။

မလေးရှားမှာ မကြာမီ ပြန်လည်ဖွင့်လှစ်မယ့် ဆောက်လုပ်ရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ လုပ်ကိုင်မယ့် လုပ်သားတွေ ရောဂါပိုးမရှိစေရန် ဆောင်ရွက်ချက်တရပ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် တရားမဝင် မြန်မာနိုင်ငံသားတွေကတော့ ဆေးစစ်မခံရဲကြဘဲ ဖြစ်နေကြကြောင်း မလေးရှား ထိန်းသိမ်းရေးစခန်းတွေက မြန်မာတွေကို မြန်မာသံရုံး ကိုယ်စားပြုပြီး အကူအညီပေးနေတဲ့ ဦးသီဟမောင်မောင်က ပြောပါတယ်။

“အခုအချိန်မှာ ဆေးစစ်တဲ့အခါ ဥပမာတခုပေါ့၊ စက်ရုံတခုက စာရင်းပေးလိုက်တယ်၊ စာရင်းက လဝကကို ပြန်စစ်တဲ့အခါ အယောက် ၁၀၀ မှာ တရားဝင် ၅၀ ပဲရှိတယ်။ တခြားလူတွေက အထောက်အထား မရှိရင်တော့ အချိန်မရွေး အဖမ်းခံရနိုင်တယ်လို့ ကျနော်တို့က သုံးသပ်တယ်။ တော်တော်များများ တရားမဝင်တွေက အစစ်မခံရဲကြသေးဘူး။ တချို့သူဌေးတွေ အလုပ်ရှင်တွေကလည်း ဘာဖြစ်လာမယ်ဆိုတာ မသိတော့ သူတို့ကို အလုပ်မဆင်းခိုင်းသေးဘူး။ ဆေးစစ်ဖို့အတွက်ကို လောလောဆယ် ညွှန်ကြားပေးတာလည်း မရှိသေးဘူး။ အဲဒါက တရားမဝင်တွေနဲ့ ပတ်သက်ပြီး ပြောတာပါ။”

အခုအချိန်မှာတော့ မလေးရှားအစိုးရက ရောဂါပိုးတွေ့ရှိတဲ့သူတွေ များတဲ့နေရာတွေကို အဝင်အထွက် ပိတ်ဆို့ကန့်သတ်ပြီး ကျန်းမာရေးစစ်တာအပြင် တရားမဝင် နိုင်ငံခြားသားတွေကိုလည်း ဖမ်းဆီးအရေးယူနေတာတွေ ရှိနေတာမို့ မြန်မာတွေ အစစ်မခံရဲကြတာ ဖြစ်တယ်လို့လည်း ဦးသီဟမောင်မောင်က ဆိုပါတယ်။

“စာရင်းကောက်ခံတဲ့အခါမှာ တရားမဝင်တွေလည်း ပါဝင်နိုင်တယ်။ တချို့တွေက ကျနော့်ဆီကို အများကြီး ဆက်သွယ်လာပါတယ်။ သူတို့က ဆေးစစ်ခံလို့ ဖြစ်ပါ့မလားလို့ မေးကြပါတယ်။ အခုလောလောဆယ် အဝင်အထွက် ပိတ်ဆို့နေတဲ့ နေရာတွေမှာတော့ တရားမဝင်တွေကို ဖမ်းနေတာရှိတယ်။ ဆာလာရမ်းတို့ ကွာလာလမ်ပူ အနီးတဝိုက် Lock Down လုပ်နေတဲ့ နေရာတွေမှာ အဖမ်းအဆီးတွေလည်း ရှိနေတော့ တော်တော်များများက ဆေးစစ်ဖို့အတွက် အစစ်မခံရဲကြဘူး ဖြစ်နေတယ်။”

မလေးရှားနိုင်ငံမှာတော့ မေလ ၁၇ ရက်နေ့အထိ ကိုဗစ်ရောဂါ အတည်ပြု ပိုးတွေ့ရှိသူ အသစ် ၂၂ ဦး ထပ်တိုးခဲ့ပြီး အခုဆိုရင် ၆၈၀၀ ဦး ရှိသွားပြီဖြစ်သလို လူ ၁၁၃ ဦး သေဆုံးသွားပြီ ဖြစ်ပါတယ်။

အတည်ပြု ပိုးတွေ့ရှိသူတွေထဲမှာတော့ မြန်မာနိုင်ငံသား ၅၀ ကျော် ပါဝင်ပါတယ်။ မေလဆန်းကစပြီး မလေးရှားအစိုးရက နိုင်ငံခြားသားတွေ အဖြစ်များနေတယ်လို့သာ ထုတ်ပြန်ခဲ့ပြီး ဘယ်နိုင်ငံသားတွေ အဖြစ်များတယ် ဆိုတာကိုတော့ ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။

XS
SM
MD
LG