သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ ကိုဗစ်ကာလ ကန့်သတ်မှုတွေ သီတင်း ၄ ပတ် သက်တမ်းတိုး


မလေးရှားတွင် COVID-19 ဖြစ်ပွားနေသည့် ကာလအတွင်း တရားမဝင်အလုပ်သမားများကို ရှာဖွေ ဖမ်းဆီးနေသည့် ကာကွယ်ရေးဝတ်စုံဝတ် ရဲတပ်ဖွဲ့ဝင်များ။ (မေ ၁၊ ၂၀၂၀)
မလေးရှားတွင် COVID-19 ဖြစ်ပွားနေသည့် ကာလအတွင်း တရားမဝင်အလုပ်သမားများကို ရှာဖွေ ဖမ်းဆီးနေသည့် ကာကွယ်ရေးဝတ်စုံဝတ် ရဲတပ်ဖွဲ့ဝင်များ။ (မေ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

မလေးရှားနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့တာကို ထိန်းချုပ်ဖို့ အသွားအလာ ပိတ်ပင်ကန့်သတ်ထားတာကို ဇွန်လ ၉ ရက်နေ့အထိ နောက်ထပ်သီတင်း ၄ ပတ် ထပ်တိုးလိုက်ပါတယ်။

အစိုးရရဲ့ ကပ်ရောဂါထိန်းချုပ်မှု ဆောင်ရွက်နေတဲ့ ၂ လတာ ကာလအတွင်း တုံ့ဆိုင်းနေတဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ ဒီသီတင်းပတ် အစောပိုင်းကစလို့ တင်းကျပ်တဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေ ချမှတ်ပြီး တဖြည်းဖြည်း ပြန်ဖွင့်ပေးနေတာပါ။

မလေးရှားမှာ တင်းကြပ်မှုတချို့ ဖြေလျော့
please wait

No media source currently available

0:00 0:02:24 0:00

မလေးရှားမှာ ရောဂါကူးစက်ခံထားရသူ စုစုပေါင်း ၆၅၀၀ ကျော်နဲ့ သေဆုံးသူ ၁၀၀ ကျော် ရှိပါတယ်။

အခု ဇွန်လ ၉ ရက်နေ့အထိ ထပ်တိုးသတ်မှတ်လိုက်တဲ့ အသွားအလာ ပိတ်ပင်ကန့်သတ်အမိန့်ထဲ ရောဂါကာကွယ်ရေး တကိုယ်ရေနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးအပြင် လူတဦးနဲ့တဦး အကွာအဝေးတခုခြား ခပ်ခွာခွာနေဖို့ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေလည်း ပါဝင်တယ်လို့ ဝန်ကြီးချုပ် Muhyiddin Yassin က တနင်္ဂနွေနေ့က ရုပ်သံကတဆင့် မိန့်ခွန်းပြောကြားတဲ့အထဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)






XS
SM
MD
LG