သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားက ျပည္ပအလုပ္သမားေတြအားလံုး COVID-19 စစ္ေဆးေန


မေလးရွားႏိုင္ငံ Kuala Lumpur ၿမိဳ႕မွာ အမ်ိဳးသားတဦး ကိုရိုနာဗိုင္းရပ္စ္ ရွိ၊ မရွိ စစ္ေဆးေနတဲ့ ျမင္ကြင္း (ေမ ၁၅၊ ၂၀၂၀)

(Zawgyi/Unicode)

မေလးရွားႏိုင္ငံမွာ ႏိုင္ငံျခားသား ေရႊ႕ေျပာင္းလုပ္သားမ်ားနဲ႔ ေရႊ႕ေျပာင္းအေျခခ်ေနထိုင္သူမ်ားအားလံုးကို ကုိဗစ္ေရာဂါပိုး ရွိ၊ မရွိ ေမလ ၁၅ ရက္ေန႔ စတင္စစ္ေဆးေနတဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

မေလးရွားႏုိင္ငံမွာ ႏို္င္ငံျခားသားအလုပ္သမားေတြၾကားထဲမွာ ကိုဗစ္ ၁၉ ကပ္ေရာဂါကူးစက္မူေတြအျဖစ္ မ်ားလာျပီးတဲ့ေနာက္ ႏို္င္ငံျခားသားအလုပ္သမားအားလံုးကုိ ေရာဂါပိုးကူးစက္မႈရွိ၊ မရွိ စစ္ေဆးဖို႔အတြက္ အစုိးရက စီမံေဆာင္ရြက္လာတာ ျဖစ္ပါတယ္။ အခုဆိုရင္ တႏိုင္ငံလံုးအႏွံ႔ ေမလ ၁၅ ရက္ေန႔မွာ စတင္စစ္ေဆးေနတယ္လို႔ မေလးရွား ထိန္းသိမ္းေရးစခန္းေတြက ျမန္မာေတြကုိ ျမန္မာသံရံုးကုိယ္စားျပဳျပီး အကူညီေပးေနတဲ့ ဦးသီဟေမာင္ေမာင္ကေျပာပါတယ္။

"တႏိုင္ငံလံုးအတုိင္းအတာနဲ႔ ႏိုင္ငံျခားသားသီးသန္႔ေပါ့ စက္ရံုမွာဆိုလည္း ကုိယ့္စက္ရံုမွာ ဘယ္ႏွစ္ေယာက္လုပ္တယ္။ ဘယ္ႏွစ္ဦးလုပ္တယ္။ လူ ၅၀ ဆုိလည္း ၅၀ လံုးအားလံုးကုိပုိးစစ္ခိုင္းတယ္။ ကိုရိုနာဗိုင္းရပ္စ္ကုိ စစ္ခိုင္းတယ္။ ေရာဂါပုိးရွိ၊ မရွိ စစ္ခိုင္းတယ္။ ပီနန္ရယ္၊ ကြာလာလမ္ပူရယ္ မဟုတ္ဘူး။ တႏိုင္ငံလံုးအတုိင္းအတာနဲ႔ စစ္ခိုင္းတယ္။ ႏိုင္ငံျခားသား အလုပ္သမားေတြၾကားထဲမွာ ဒီေရာဂါပုိးျဖစ္တာမ်ားလို႔ ထိ္မ္းခ်ဳပ္တဲ့အေနနဲ႔ စစ္ခိုင္းတာလည္းတပိုင္းေပါ့။ တႏိုင္ငံလံုးအတုိင္းအတာနဲ႔ သက္ဆုိင္ရာ စက္ရံုအလုပ္ရံုေတြကို ညႊန္ၾကားလိုက္ျပီ။"

မေလးရွားမွာ မၾကာမီ ျပန္လည္ဖြင့္လွစ္မယ့္ ေဆာက္လုပ္ေရးနဲ႔ ကုန္ထုတ္လုပ္ငန္းေတြမွာ လုပ္ကုိင္မဲ့လုပ္သားေတြ ေရာဂါပိုးမရွိေစရန္ ေဆာင္ရြက္ခ်က္ တရပ္လည္းျဖစ္ပါတယ္။ ဒီအစီအစဥ္အရ အလုပ္ျပန္လည္လုပ္ကုိင္ၾကေတာ့မယ့္ လုပ္သားေတြအေနနဲ႔ ေရာဂါကူးစက္မႈမရွိဘဲ က်န္းမာေရးစစ္ေဆးခံၿပီးမွသာ လုပ္ငန္းခြင္မ်ားသို႔ ဝင္ေရာက္ႏုိင္မွာျဖစ္ျပီး အမ်ားျပည္သူအတြက္ လံုျခံဳမႈရွိရန္ ရည္ရြယ္ေၾကာင္း ပီနန္း အုပ္ခ်ဳပ္ေရးမွဴး Jagdeep Singh Deo ကလည္း မေလးရွားသတင္းဌာနေတြကို ေျပာၾကားခဲ့ပါတယ္။

ေမလ ၁၄ ရက္ေန႔ကေတာ့ မေလးရွားႏုိင္ငံက ကိုဗစ္ေရာဂါပုိးအျဖစ္မ်ားတဲ့ေနရာေတြကုိ အ၀င္အထြက္ ပိတ္ဆုိ႔ကန္႔သတ္မႈေတြ လုပ္ခဲ့ပါတယ္။ မေလးရွားလူထုကလည္း မေလးရွားအစုိးရကို ႏိုင္ငံျခားသားေတြကို ေရာဂါပိုးစစ္ဖို႔ ဖိအားေပးမႈေတြလည္း ရွိတယ္လို႔လည္းဦသီဟေမာင္ေမာင္က ဆုိပါတယ္။

"ပူးပလာဇာ ကုန္တိုက္ေပါ့။ ပူတူးရပ္ကြပ္မွာလည္း ေလာ့ေဒါင္းခ်လိုက္ျပီ။ အ၀င္အထြက္ကန့္သတ္လိုက္ျပီ။ ဒီလိုမ်ိဳး ကူးစက္တဲ့ေနရာရွိရင္ေတာ့ အဲဒီေနရာေတြကို ကန္႔သတ္ျပီး ေလာ့ေဒါင္းလုပ္ျပီး ကန္႔သတ္စစ္ေဆးတာ အျပင္ေပးမထြက္ဘဲ တျခားေနရာေတြကို မကူးေအာင္ ကန္႔သတ္နယ္ေျမသတ္မွတ္လိုက္တာ က်န္တဲ့ေနရာမွာလည္း ကူးစက္မွာလည္း စိုးရိမ္တယ္။ မေလးရွားႏိုင္ငံသားေတြကလည္း ႏိုင္ငံျခားသားေတြမွာ ကူးစက္မႈေတြ မ်ားေနတဲ့အတြက္ စစ္ေဆးေပးပါဆိုတာ ဖိအားေပးတာေတြ ရွိတယ္။ အဲဒီအတြက္ မေလးရွားအစုိးရကလည္း အဲဒီေနရာေတြကို ထိထိေရာက္ေရာက္ ကိုင္တြယ္တဲ့အေနနဲ႔ ႏိုင္ငံျခားသားေတြကို မျဖစ္မေန စစ္ေဆးေပးဖို႔ေတြဆိုျပီး ကုိင္တြယ္သတ္မွတ္လိုက္တာပါ။"

မေလးရွားႏုိင္ငံမွာေတာ့ ကိုဗစ္ေရာဂါ အတည္ျပဳပုိးေတြရွိသူ ၆,၀၀၀ ေက်ာ္ရွိေနျပီးလူ ၁၁၂ ဦး ေသဆံုးသြားျပီ ျဖစ္ပါတယ္။ အတည္ျပဳပုိးေတြရွိသူေတြထဲမွာေတာ့ ျမန္မာႏိုင္ငံသား ၅၀ ေက်ာ္ပါ၀င္ပါတယ္။ ေမလဆန္းကစျပီး ႏိုင္ငံျခားသားေတြအျဖစ္ မ်ားတယ္လို႔သာ ထုတ္ျပန္ခဲ့ျပီး ဘယ္ႏို္င္ငံသားေတြ အျဖစ္မ်ားတယ္ဆိုတာကိုေတာ့ ထုတ္ျပန္ေျပာဆိုတာေတာ့ မရွိေတာ့ပါဘူး။

မေလးရွားအစိုးရကေတာ့ ထိမ္းခ်ဳပ္မႈေတြကို အလ်င္အျမန္ ဆက္တုိက္လုပ္ေနတာေၾကာင့္ ဒီရက္ပိုင္းအတြင္း ဆယ္ဂဏန္းေလာက္သာ ကူးစက္မႈေတြ ေတြ႔ရေတာ့တယ္လို႔လည္းဆိုပါတယ္။ အခုအခါမွာေတာ့ ကြာလာလမ္ပူ၊ ပီနန္နဲ႔ ေနရာအႏွံ႔က ျမန္မာအပါအ၀င္ႏိုင္ငံျခားသားအလုပ္သမားေတြ ေရႊ႕ေျပာင္းအေျခခ်ေနထုိင္သူေတြအားလံုးဟာ မျဖစ္မေနေရာဂါပုိး စစ္ေဆးခံေနရျပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မလေးရှားက ပြည်ပအလုပ်သမားတွေအားလုံး COVID-19 စစ်ဆေးနေ

မလေးရှားနိုင်ငံမှာ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများနဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူများအားလုံးကို ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ မေလ ၁၅ ရက်နေ့ စတင်စစ်ဆေးနေတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

မလေးရှားနိုင်ငံမှာ နိုင်ငံခြားသားအလုပ်သမားတွေကြားထဲမှာ ကိုဗစ် ၁၉ ကပ်ရောဂါကူးစက်မူတွေအဖြစ် များလာပြီးတဲ့နောက် နိုင်ငံခြားသားအလုပ်သမားအားလုံးကို ရောဂါပိုးကူးစက်မှုရှိ၊ မရှိ စစ်ဆေးဖို့အတွက် အစိုးရက စီမံဆောင်ရွက်လာတာ ဖြစ်ပါတယ်။ အခုဆိုရင် တနိုင်ငံလုံးအနှံ့ မေလ ၁၅ ရက်နေ့မှာ စတင်စစ်ဆေးနေတယ်လို့ မလေးရှား ထိန်းသိမ်းရေးစခန်းတွေက မြန်မာတွေကို မြန်မာသံရုံးကိုယ်စားပြုပြီး အကူညီပေးနေတဲ့ ဦးသီဟမောင်မောင်ကပြောပါတယ်။

"တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံခြားသားသီးသန့်ပေါ့ စက်ရုံမှာဆိုလည်း ကိုယ့်စက်ရုံမှာ ဘယ်နှစ်ယောက်လုပ်တယ်။ ဘယ်နှစ်ဦးလုပ်တယ်။ လူ ၅၀ ဆိုလည်း ၅၀ လုံးအားလုံးကိုပိုးစစ်ခိုင်းတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို စစ်ခိုင်းတယ်။ ရောဂါပိုးရှိ၊ မရှိ စစ်ခိုင်းတယ်။ ပီနန်ရယ်၊ ကွာလာလမ်ပူရယ် မဟုတ်ဘူး။ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ခိုင်းတယ်။ နိုင်ငံခြားသား အလုပ်သမားတွေကြားထဲမှာ ဒီရောဂါပိုးဖြစ်တာများလို့ ထိမ်းချုပ်တဲ့အနေနဲ့ စစ်ခိုင်းတာလည်းတပိုင်းပေါ့။ တနိုင်ငံလုံးအတိုင်းအတာနဲ့ သက်ဆိုင်ရာ စက်ရုံအလုပ်ရုံတွေကို ညွှန်ကြားလိုက်ပြီ။"

မလေးရှားမှာ မကြာမီ ပြန်လည်ဖွင့်လှစ်မယ့် ဆောက်လုပ်ရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ လုပ်ကိုင်မဲ့လုပ်သားတွေ ရောဂါပိုးမရှိစေရန် ဆောင်ရွက်ချက် တရပ်လည်းဖြစ်ပါတယ်။ ဒီအစီအစဉ်အရ အလုပ်ပြန်လည်လုပ်ကိုင်ကြတော့မယ့် လုပ်သားတွေအနေနဲ့ ရောဂါကူးစက်မှုမရှိဘဲ ကျန်းမာရေးစစ်ဆေးခံပြီးမှသာ လုပ်ငန်းခွင်များသို့ ဝင်ရောက်နိုင်မှာဖြစ်ပြီး အများပြည်သူအတွက် လုံခြုံမှုရှိရန် ရည်ရွယ်ကြောင်း ပီနန်း အုပ်ချုပ်ရေးမှူး Jagdeep Singh Deo ကလည်း မလေးရှားသတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။

မေလ ၁၄ ရက်နေ့ကတော့ မလေးရှားနိုင်ငံက ကိုဗစ်ရောဂါပိုးအဖြစ်များတဲ့နေရာတွေကို အဝင်အထွက် ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်ခဲ့ပါတယ်။ မလေးရှားလူထုကလည်း မလေးရှားအစိုးရကို နိုင်ငံခြားသားတွေကို ရောဂါပိုးစစ်ဖို့ ဖိအားပေးမှုတွေလည်း ရှိတယ်လို့လည်းဦသီဟမောင်မောင်က ဆိုပါတယ်။

"ပူးပလာဇာ ကုန်တိုက်ပေါ့။ ပူတူးရပ်ကွပ်မှာလည်း လော့ဒေါင်းချလိုက်ပြီ။ ဝင်အထွက်ကန့်သတ်လိုက်ပြီ။ ဒီလိုမျိုး ကူးစက်တဲ့နေရာရှိရင်တော့ အဲဒီနေရာတွေကို ကန့်သတ်ပြီး လော့ဒေါင်းလုပ်ပြီး ကန့်သတ်စစ်ဆေးတာ အပြင်ပေးမထွက်ဘဲ တခြားနေရာတွေကို မကူးအောင် ကန့်သတ်နယ်မြေသတ်မှတ်လိုက်တာ ကျန်တဲ့နေရာမှာလည်း ကူးစက်မှာလည်း စိုးရိမ်တယ်။ မလေးရှားနိုင်ငံသားတွေကလည်း နိုင်ငံခြားသားတွေမှာ ကူးစက်မှုတွေ များနေတဲ့အတွက် စစ်ဆေးပေးပါဆိုတာ ဖိအားပေးတာတွေ ရှိတယ်။ အဲဒီအတွက် မလေးရှားအစိုးရကလည်း အဲဒီနေရာတွေကို ထိထိရောက်ရောက် ကိုင်တွယ်တဲ့အနေနဲ့ နိုင်ငံခြားသားတွေကို မဖြစ်မနေ စစ်ဆေးပေးဖို့တွေဆိုပြီး ကိုင်တွယ်သတ်မှတ်လိုက်တာပါ။"

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်ရောဂါ အတည်ပြုပိုးတွေရှိသူ ၆,၀၀၀ ကျော်ရှိနေပြီးလူ ၁၁၂ ဦး သေဆုံးသွားပြီ ဖြစ်ပါတယ်။ အတည်ပြုပိုးတွေရှိသူတွေထဲမှာတော့ မြန်မာနိုင်ငံသား ၅၀ ကျော်ပါဝင်ပါတယ်။ မေလဆန်းကစပြီး နိုင်ငံခြားသားတွေအဖြစ် များတယ်လို့သာ ထုတ်ပြန်ခဲ့ပြီး ဘယ်နိုင်ငံသားတွေ အဖြစ်များတယ်ဆိုတာကိုတော့ ထုတ်ပြန်ပြောဆိုတာတော့ မရှိတော့ပါဘူး။

မလေးရှားအစိုးရကတော့ ထိမ်းချုပ်မှုတွေကို အလျင်အမြန် ဆက်တိုက်လုပ်နေတာကြောင့် ဒီရက်ပိုင်းအတွင်း ဆယ်ဂဏန်းလောက်သာ ကူးစက်မှုတွေ တွေ့ရတော့တယ်လို့လည်း ဆိုပါတယ်။ အခုအခါမှာတော့ ကွာလာလမ်ပူ၊ ပီနန်နဲ့ နေရာအနှံ့က မြန်မာအပါအဝင်နိုင်ငံခြားသားအလုပ်သမားတွေ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေအားလုံးဟာ မဖြစ်မနေရောဂါပိုး စစ်ဆေးခံနေရပြီဖြစ်ပါတယ်။

XS
SM
MD
LG