သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးမှာ ပြစ်ဒဏ်ကျခံနေရသူ ၄၀၀ နီးပါး မြန်မာနိုင်ငံ ပြန်ပို့ခံရ


မလေးမှာ ပြစ်ဒဏ်ကျခံနေရသူ ၄၀၀ နီးပါး မြန်မာနိုင်ငံ ပြန်ပို့ခံရ (Photo-မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန)
မလေးမှာ ပြစ်ဒဏ်ကျခံနေရသူ ၄၀၀ နီးပါး မြန်မာနိုင်ငံ ပြန်ပို့ခံရ (Photo-မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန)

(Zawgyi/Unicode)

မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံရတဲ့ မြန်မာ နိုင်ငံသား ၄၀၀နီးပါးကို မလေးရှားအစိုးရအစီစဉ်နဲ့ မေလ ၁၁ရက်နေ့ မှာ နေရပ်ပြန်ပို့ ခဲ့ပါတယ်။ ဒီသတင်းကို မအေးအေးမာ တင်ဆက်ပေးမှာပါ။

မလေးရှားနိုင်ငံရဲ့လဝက ထိန်းသိမ်းရေးစခန်း ၁၂ခုမှာ ထိန်းသိမ်းခံထားရတဲ့မြန်မာနိုင်ငံသား (၃၉၁) ဦးကို မလေးရှားအစိုးရရဲ့ ရောဂါထိန်းချုပ်ရေးအမိန့် MCO ကာလမှာပဲ မလေးရှားအစိုးရက အစီအစဉ်နဲ့ နေရပ်ကိုပြန်ပို့ ပေးခဲ့ပါတယ်။ ဒါဟာ ကိုဗစ် ၁၉ အရေးပေါ်ကာလမှာ ထိန်းသိမ်းစခန်းတွေကို ရှင်းလင်းလိုက်တဲ့ သဘောဖြစ်တယ်လို့ မြန်မာအလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက ပြောပြပါတယ်။

“ဒီနေ့ ကျနော်တို့ မြန်မာနိုင်ငံကို လေယာဉ် နဲ့ ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၃၉၁ဦးကို ပြန်ပို့ပါတယ်။ သိရသလောက်ကတော့ ထိန်းသိမ်းရေး စခန်းအားလုံးက မြန်မာအလုပ်သမားတွေကိုပြန်ပို့တာလို့ သိရပါတယ်။ သံရုံးကပြောတာကတော့ အားလုံးကိုခေါ်တာလို့ပြောပါတယ်။ နောက်ထပ်လည်း ထပ်ဝင်တာလည်း ရှိနိုင်ပါတယ်။ အခုကအဖမ်းအဆီးတွေ များနေတာရယ်ကြောင့် စခန်း(camp)ကို ရှင်းလင်းတဲ့ သဘောဖြစ်နိုင်ပါတယ်။ နောက်ထပ်တော့ထပ်တော့ ဝင်နေမှာပဲ။”

မြန်မာနိုင်ငံသား (၃၉၁) ဦးကို မလေးရှားအစိုးရရဲ့အစီအစဉ်နဲ့ Malaysia Airlines စင်းလုံးငှားအထူးလေယာဉ် (၂) စီးနဲ့ ပြန်ပို့ပေးလိုက်တာဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ကြေညာပါတယ်။

ဒီအတွက် အကျဉ်းကျနေတဲ့မြန်မာနိုင်ငံသားတွေထံကလည်း ကုန်ကျစရိတ်ကောက်ခံတာမရှိခဲ့တဲ့အကြောင်း ဦးအောင်ဇော်မင်းက ပြောပြပါတယ်။

“အခုဟာက မလေးရှားအစိုးရနဲ့ ညှိပြီးအလုပ်သမားကို ပြန်ပို့ပေးလိုက်တာပါ ။ သံရုံးဘက်ကတော့ ကုန်ကျစရိတ်ကောက်ခံတာ အလုပ်သမားတွေကိုလေယာဉ်စရိတ်ကောက်ခံတာမျိုးတွေလည်း မရှိပါဘူး။”

စခန်း၁၂ခုထဲမှာ ရှိတဲ့ စစ်ဆေးပြီးသား အထောက်အထားထုတ်ပေးပြီးသား အကျဉ်းသားတွေကိုသာ ပြန်ပို့ပေးလိုက်တာဖြစ်ကြောင်း ထိန်းသိမ်းရေးစခန်းက မြန်မာတွေကို မြန်မာသံရုံးကိုယ်စားပြု အကူညီပေးနေတဲ့ ဦးသီဟမောင်မောင်ကပြောပါတယ်။

“စခန်းပေါင်း အကုန်လုံးထဲကရှိတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ပတ်စပို့လက်ဝယ်ရှိသူတွေရယ် တချို့ကကျနော်တို့က သွားပြီးစီအိုင် ( မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာအုပ်)ရှိပြီးသား လူတွေကို ပြန်လည်စီစစ်ပြီး မလေးရှားအစိုးရက ပို့ပေးတာ၊ ၃၉၁ ယောက်ဆိုတာက စခန်းပေါင်း ၁၂ခုပေါ့ တခုထပ်တိုးသွားတယ်။ ပါဟန်းပြည်နယ်မှာရှိတဲ့ ကမာရမ်းဆိုတဲ့ ထိန်းသိမ်းရေးစခန်းတခု ထပ်တိုးတယ်ဒီနှစ်ထဲမှာပဲ ထပ်တိုးတာပါ။ မြန်မာနိုင်ငံသားတွေထဲက အထောက်အထား ပတ်စပို့ ရှိတဲ့သူတွေရယ် အရေးပေါ်အမိန့် မထုတ်ပြန်ခင်က သွာစစ်ပြီးသားလူတွေရယ် စီအိုင်ရှိတဲ့သူတွေပါသွားတယ်။ လူကလည်းများတော့ အထဲမှာ လူများသထက်များလာရင် သူတို့ အတွက်လည်းလုံခြုံမူမရှိတာကြောင့် မလေးရှားအစိုးရရယ် မြန်မာအစိုးရရယ် မလေးရှားမှာရှိတဲ့ မြန်မာသံရုံးရယ်ပေါင်းပြီး ပို့ဆောင်ပေးလိုက်တာပါ။”

မြန်မာနိုင်ငံကိုပြန်ရောက်သွားတဲ့ မြန်မာအလုပ်သမားတွေကိုတော့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အသီးသီးက Community Based Facility quarantine ရပ်ရွာ အခြေပြု စောင့်ကြည့် နေရာများမှာ (၂၁) ရက် စောင့်ကြည့်ထားရှိသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


.......................


(Unicode)










XS
SM
MD
LG