သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေရွာင္စခန္းေတြ ေရာက္ခဲ့တဲ့ ဗီြအိုေအသတင္းေထာက္  ေတြ႔ျမင္ခဲ့သမွ်


ဘူးသီးေတာင္ ဘုန္းေတာ္ႀကီးေက်ာင္းတခုတြင္ ေတြ႔ရသည့္ ေမာင္ေတာေဒသမွ ဒုကၡသည္တခ်ဳိ႕။ (ၾသဂုတ္ ၂၈၊ ၂၀၁၇) (AP Photo)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ဘက္က ဘုန္းေတာ္ႀကီးေက်ာင္းေတြမွာ စစ္ေဘးကေန ထြက္ေျပးလာသူ ဒုကၡသည္ေတြ ခုိလံႈေနၾကရပါတယ္။ ေက်ာင္းေနရြယ္ေတြအတြက္ ပညာေရးနဲ႔ တျခားလိုအပ္တဲ့ အေထာက္အပံ့ေတြကို ဘုန္းေတာ္ႀကီးေတြက ဦးစီး လုပ္ေဆာင္ေပးေနရတယ္လုိ႔ အဲဒီစခန္းေတြကို ဒီကေန႔ေရာက္ခဲ့တဲ့ ဗီြအိုေအအယ္ဒီတာ ေဒၚခင္မ်ဳိးသက္ကေျပာပါတယ္။ ျပန္ၾကားေရးဌာနအစီအစဥ္နဲ႔ ရခိုင္ျပည္နယ္မွာေရာက္ေနတဲ့ ေဒၚခင္မ်ဳိးသက္ကို ဝါရွင္တန္ ဒီစီ ဗီြအိုေအ႐ံုးခ်ဳပ္ကေန မဆုမြန္က ဆက္သြယ္ေမးျမန္းတဲ့အခါ ဒီကေန႔ခရီးစဥ္အေၾကာင္း အခုလို စရွင္းျပပါတယ္။

ေဒၚခင္မ်ဳိးသက္။ ။ ရခိုင္ျပည္နယ္ ပထမေန႔ကေတာ့ ေမာင္ေတာေဒသ ပတ္၀န္းက်င္ကို သြားရပါတယ္။ ဒီကေန႔ ဒုတိယေန႔ခရီးစဥ္မွာ ဘူးသီးေတာင္ကို လာရပါတယ္။ ဘူးသီးေတာင္ၿမိဳ႕နယ္ထဲမွာ အဓိကေတာ့ စစ္ေရွာင္စခန္းေတြကို လိုက္ျပပါတယ္။ ဒီစစ္ေရွာင္စခန္းေတြက ပထမဦးဆံုးကေတာ့ ရြာမေက်းရြာေပါ့ေနာ္ သီရိမဂၤလာရြာမေက်ာင္းမွာ ဘုန္းေတာ္ႀကီးကေနၿပီးေတာ့ စစ္ေရွာင္ေတြကို ပညာဒါနလုပ္ေပးေနတဲ့ အေျခအေနကို ရွင္းျပပါတယ္။ ေနာက္တေနရာကေတာ့ "လမ္းမ" ဘုန္းေတာ္ႀကီးေက်ာင္းေပါ့ေနာ္။ အဲဒီမွာေတာ့ စစ္ေရွာင္က ၂၀၀၀ ေက်ာ္ေလာက္ရွိပါတယ္။ အဲဒီမွာလည္း ဘုန္းေတာ္ႀကီးက ကမကထလုပ္ၿပီးေတာ့ ထြက္ေျပးလာတဲ့ ရြာသားေတြအတြက္ကို အကုန္လံုးအကူအညီေတြေပးေနတယ္။ အိမ္ေတြေဆာက္ေပးတာေပါ့ေနာ္ အဲဒါေတြ အကူအညီေပးေနပါတယ္။ ေနာက္တေနရာကေတာ့ ရန္ေအာင္ေျမ ဘုန္းႀကီးေက်ာင္း စစ္ေရွာင္စခန္းေပါ့ေနာ္။ ဒီစစ္ေရွာင္စခန္းကိုလည္း ဘုန္းေတာ္ႀကီးေတြကေန တာ၀န္ယူၿပီးေတာ့ ပထမဦးဆံုးကေတာ့ ေစာင့္ေရွာက္ထားတယ္ေပါ့ေနာ္။ ၿပီးမွ ရပ္ရြာအစိုးရေတြကေနၿပီးေတာ့ ျပန္ၿပီး ၾကည့္ရႈေပးတာေပါ့ေနာ္။ အဲဒီေနရာ ၃ ေနရာကို အဓိကသြားခဲ့ပါတယ္ ဒီေန႔။

မဆုမြန္။ ။ ဒီလိုစစ္ေရွာင္လာတဲ့ ျပည္သူေတြက အဓိက ဒီရခိုင္ တိုင္းရင္းသားလက္နက္ကိုင္တပ္ AA နဲ႔ ျမန္မာစစ္တပ္အၾကားမွာျဖစ္တဲ့ တိုက္ပြဲေတြေၾကာင့္ တိမ္းေရွာင္ခဲ့တဲ့ ျပည္သူေတြေပါ့ေနာ္။ ဆိုေတာ့ လက္ရွိ သူတို႔အခက္အခဲ ေနာက္ၿပီးေတာ့ သူတို႔ႀကံဳေနရတဲ့ အေတြ႔အႀကံဳေတြေပါ့ေနာ္ ဘာေတြမ်ား လက္တေလာမွာ အေရးတႀကီးလိုအပ္ေနတာေတြ ေတြ႔ခဲ့ရပါသလဲ။

ေဒၚခင္မ်ဳိးသက္။ ။ ပထမဦးဆံုးကေတာ့ အခမဲ့ပညာဒါနေက်ာင္းမွာ ေတြ႔ရတာဆိုရင္ ေက်ာင္းသားေက်ာင္းသူ ၉ တန္း ၁၀ တန္းေတြေပါ့ေနာ္ သူတို႔ဟာ စစ္ပြဲေတြေၾကာင့္ အင္မတန္ ပညာေရးမွာ ဒုကၡေရာက္ေနၾကတာေတြ႔ရပါတယ္။ ေနာက္ၿပီးေတာ့ ေနေရး၊ ထိုင္ေရးကအစ အဆင္မေျပၾကပါဘူး။ ေနာက္တေနရာက်ေတာ့ အိမ္ယာေတြေတာ့ ဘုန္းႀကီးေက်ာင္းနဲ႔ ေစတနာရွိတဲ့လူေတြ စုေပါင္းၿပီးေတာ့ အိမ္ေလးေတြ ေဆာက္ေပးထားပါတယ္။ ဒါေပမယ့္လည္း အဲဒီမွာ အဓိကေတာ့ အမ်ိဳးမ်ိဳးေပါ့ေနာ္ ဒီစစ္ေရွာင္စခန္းမွာ ေနရတာ သူတို႔အတြက္ စိတ္မလံုမၿခံဳျဖစ္ေနတာေတြ ေတြ႔ရပါတယ္။ ဘုန္းေတာ္ႀကီးေတြကေတာ့ စစ္ေရွာင္ေတြအတြက္ကို ေသခ်ာလုပ္ေပးပါတယ္။ လုပ္ေပးေပမယ့္ သူဆို႔ဆီမွာက တေန႔ကို စားစရာေသာက္စရာေတြလည္း အဆင္မေျပဘူးေပါ့ေနာ္။ ဆန္ပဲ ရွိၿပီးေတာ့ တျခားအသံုးအေဆာင္ေတြက်ေတာ့ ၀ယ္သံုးရတယ္ေပါ့ေနာ္ ။ ေနာက္အဆင္မေျပၾကဘူး အလုပ္အကိုင္ကလည္း ရွာလို႔မရဘူးဆိုေတာ့ သူတို႔ေတြက အဓိကေတာ့ သူတို႔ရြာကိုပဲ သူတို႔ ျပန္ခ်င္ေနတယ္ စစ္ပြဲကို ျမန္ျမန္ၿပီးေစခ်င္ေနတယ္လို႔ အကုန္လံုးက ေျပာၾကပါတယ္။

မဆုမြန္။ ။ အခုလက္တေလာ သူတို႔ ေနရပ္ရင္းျပန္ဖို႔ အေျခအေနေတြကိုေရာ ဘယ္လိုျမင္ခဲ့ပါသလဲ။

ေဒၚခင္မ်ဳိးသက္။ ။ သူတို႔ ေနရပါရင္းျပန္ဖို႔က်ေတာ့ အထူးသျဖင့္ တခ်ိဳ႕ဆိုရင္ ရြာေတြက လံုး၀ ပ်က္စီးေနပါတယ္။ ဒါေပမယ့္ အဲဒီမွာလည္း တိုက္ပြဲေတြကဆက္ျဖစ္ေနေတာ့ တခ်ိဳ႕ဆိုရင္ ၂ ရက္ ၃ ရက္ေလာက္ၾကာတာေလ။ အခုအထိလည္း မျပန္ႏိုင္ၾကေသးဘူး ။ စစ္ပြဲေတြ မၿပီးမခ်င္းေတာ့ မျပန္ႏိုင္ဘူးဆိုေတာ့ စစ္ကလည္း ဘယ္ေတာ့မွ ၿပီးမယ္မွန္းမသိဘူး ျဖစ္ေနေတာ့ သူတို႔အတြက္ ေနာင္ေရးကေတာ့ စိတ္မေအးစရာပါပဲ။

မဆုမြန္။ ။ ဟုတ္ကဲ့ပါ။ မနက္ျဖန္အတြက္ေရာ ဘာမ်ား အစီအစဥ္ေတြ ရွိပါသလဲ။ ဘယ္ေတြမ်ား ဆက္ၿပီးေတာ့ သြားေလ့လာဖို႔ ရွိပါသလဲ။

ေဒၚခင္မ်ဳိးသက္။ ။ မနက္ျဖန္ေတာ့ ေမာင္ေတာကေန အငူေမာ္ဘက္ကို ဆက္ၿပီးေတာ့ ေနာက္ၿပီး စစ္ေတြ သြားမွာပါ။ စစ္ေတြမွာ သကၠယ္ျပင္ဆိုတဲ့ ဒုကၡသည္စခန္းရွိပါတယ္။ အထူသျဖင့္ ဒီဒုကၡသည္စခန္းက ႏွစ္ေတြၾကာၾကာ မပိတ္သိမ္းႏိုင္ေသးဘူးေပါ့ေနာ္ ဒါကိုသြားၿပီးေတာ့ ေလ့လာဖို႔ ရွိပါတယ္။”

ရခိုင္ျပည္နယ္မွာေရာက္ေနတဲ့ ေဒၚခင္မ်ဳိးသက္ကို ဝါရွင္တန္ ဒီစီ ဗီြအိုေအ႐ံုးခ်ဳပ္ကေန မဆုမြန္က ဆက္သြယ္ေမးျမန္းထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

စစ်ရှောင်စခန်းတွေ ရောက်ခဲ့တဲ့ ဗွီအိုအေသတင်းထောက် တွေ့မြင်ခဲ့သမျှ

(Unicode)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ဘက်က ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ဘေးကနေ ထွက်ပြေးလာသူ ဒုက္ခသည်တွေ ခိုလှုံနေကြရပါတယ်။ ကျောင်းနေရွယ်တွေအတွက် ပညာရေးနဲ့ တခြားလိုအပ်တဲ့ အထောက်အပံ့တွေကို ဘုန်းတော်ကြီးတွေက ဦးစီး လုပ်ဆောင်ပေးနေရတယ်လို့ အဲဒီစခန်းတွေကို ဒီကနေ့ရောက်ခဲ့တဲ့ ဗွီအိုအေအယ်ဒီတာ ဒေါ်ခင်မျိုးသက်ကပြောပါတယ်။ ပြန်ကြားရေးဌာနအစီအစဉ်နဲ့ ရခိုင်ပြည်နယ်မှာရောက်နေတဲ့ ဒေါ်ခင်မျိုးသက်ကို ဝါရှင်တန် ဒီစီ ဗွီအိုအေရုံးချုပ်ကနေ မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ ဒီကနေ့ခရီးစဉ်အကြောင်း အခုလို စရှင်းပြပါတယ်။

ဒေါ်ခင်မျိုးသက်။ ။ ရခိုင်ပြည်နယ် ပထမနေ့ကတော့ မောင်တောဒေသ ပတ်ဝန်းကျင်ကို သွားရပါတယ်။ ဒီကနေ့ ဒုတိယနေ့ခရီးစဉ်မှာ ဘူးသီးတောင်ကို လာရပါတယ်။ ဘူးသီးတောင်မြို့နယ်ထဲမှာ အဓိကတော့ စစ်ရှောင်စခန်းတွေကို လိုက်ပြပါတယ်။ ဒီစစ်ရှောင်စခန်းတွေက ပထမဦးဆုံးကတော့ ရွာမကျေးရွာပေါ့နော် သီရိမင်္ဂလာရွာမကျောင်းမှာ ဘုန်းတော်ကြီးကနေပြီးတော့ စစ်ရှောင်တွေကို ပညာဒါနလုပ်ပေးနေတဲ့ အခြေအနေကို ရှင်းပြပါတယ်။ နောက်တနေရာကတော့ "လမ်းမ" ဘုန်းတော်ကြီးကျောင်းပေါ့နော်။ အဲဒီမှာတော့ စစ်ရှောင်က ၂၀၀၀ ကျော်လောက်ရှိပါတယ်။ အဲဒီမှာလည်း ဘုန်းတော်ကြီးက ကမကထလုပ်ပြီးတော့ ထွက်ပြေးလာတဲ့ ရွာသားတွေအတွက်ကို အကုန်လုံးအကူအညီတွေပေးနေတယ်။ အိမ်တွေဆောက်ပေးတာပေါ့နော် အဲဒါတွေ အကူအညီပေးနေပါတယ်။ နောက်တနေရာကတော့ ရန်အောင်မြေ ဘုန်းကြီးကျောင်း စစ်ရှောင်စခန်းပေါ့နော်။ ဒီစစ်ရှောင်စခန်းကိုလည်း ဘုန်းတော်ကြီးတွေကနေ တာဝန်ယူပြီးတော့ ပထမဦးဆုံးကတော့ စောင့်ရှောက်ထားတယ်ပေါ့နော်။ ပြီးမှ ရပ်ရွာအစိုးရတွေကနေပြီးတော့ ပြန်ပြီး ကြည့်ရှုပေးတာပေါ့နော်။ အဲဒီနေရာ ၃ နေရာကို အဓိကသွားခဲ့ပါတယ် ဒီနေ့။

မဆုမွန်။ ။ ဒီလိုစစ်ရှောင်လာတဲ့ ပြည်သူတွေက အဓိက ဒီရခိုင် တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာစစ်တပ်အကြားမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်ခဲ့တဲ့ ပြည်သူတွေပေါ့နော်။ ဆိုတော့ လက်ရှိ သူတို့အခက်အခဲ နောက်ပြီးတော့ သူတို့ကြုံနေရတဲ့ အတွေ့အကြုံတွေပေါ့နော် ဘာတွေများ လက်တလောမှာ အရေးတကြီးလိုအပ်နေတာတွေ တွေ့ခဲ့ရပါသလဲ။

ဒေါ်ခင်မျိုးသက်။ ။ ပထမဦးဆုံးကတော့ အခမဲ့ပညာဒါနကျောင်းမှာ တွေ့ရတာဆိုရင် ကျောင်းသားကျောင်းသူ ၉ တန်း ၁၀ တန်းတွေပေါ့နော် သူတို့ဟာ စစ်ပွဲတွေကြောင့် အင်မတန် ပညာရေးမှာ ဒုက္ခရောက်နေကြတာတွေ့ရပါတယ်။ နောက်ပြီးတော့ နေရေး၊ ထိုင်ရေးကအစ အဆင်မပြေကြပါဘူး။ နောက်တနေရာကျတော့ အိမ်ယာတွေတော့ ဘုန်းကြီးကျောင်းနဲ့ စေတနာရှိတဲ့လူတွေ စုပေါင်းပြီးတော့ အိမ်လေးတွေ ဆောက်ပေးထားပါတယ်။ ဒါပေမယ့်လည်း အဲဒီမှာ အဓိကတော့ အမျိုးမျိုးပေါ့နော် ဒီစစ်ရှောင်စခန်းမှာ နေရတာ သူတို့အတွက် စိတ်မလုံမခြုံဖြစ်နေတာတွေ တွေ့ရပါတယ်။ ဘုန်းတော်ကြီးတွေကတော့ စစ်ရှောင်တွေအတွက်ကို သေချာလုပ်ပေးပါတယ်။ လုပ်ပေးပေမယ့် သူဆို့ဆီမှာက တနေ့ကို စားစရာသောက်စရာတွေလည်း အဆင်မပြေဘူးပေါ့နော်။ ဆန်ပဲ ရှိပြီးတော့ တခြားအသုံးအဆောင်တွေကျတော့ ဝယ်သုံးရတယ်ပေါ့နော် ။ နောက်အဆင်မပြေကြဘူး အလုပ်အကိုင်ကလည်း ရှာလို့မရဘူးဆိုတော့ သူတို့တွေက အဓိကတော့ သူတို့ရွာကိုပဲ သူတို့ ပြန်ချင်နေတယ် စစ်ပွဲကို မြန်မြန်ပြီးစေချင်နေတယ်လို့ အကုန်လုံးက ပြောကြပါတယ်။

မဆုမွန်။ ။ အခုလက်တလော သူတို့ နေရပ်ရင်းပြန်ဖို့ အခြေအနေတွေကိုရော ဘယ်လိုမြင်ခဲ့ပါသလဲ။

ဒေါ်ခင်မျိုးသက်။ ။ သူတို့ နေရပါရင်းပြန်ဖို့ကျတော့ အထူးသဖြင့် တချို့ဆိုရင် ရွာတွေက လုံး၀ ပျက်စီးနေပါတယ်။ ဒါပေမယ့် အဲဒီမှာလည်း တိုက်ပွဲတွေကဆက်ဖြစ်နေတော့ တချို့ဆိုရင် ၂ ရက် ၃ ရက်လောက်ကြာတာလေ။ အခုအထိလည်း မပြန်နိုင်ကြသေးဘူး ။ စစ်ပွဲတွေ မပြီးမချင်းတော့ မပြန်နိုင်ဘူးဆိုတော့ စစ်ကလည်း ဘယ်တော့မှ ပြီးမယ်မှန်းမသိဘူး ဖြစ်နေတော့ သူတို့အတွက် နောင်ရေးကတော့ စိတ်မအေးစရာပါပဲ။

မဆုမွန်။ ။ ဟုတ်ကဲ့ပါ။ မနက်ဖြန်အတွက်ရော ဘာများ အစီအစဉ်တွေ ရှိပါသလဲ။ ဘယ်တွေများ ဆက်ပြီးတော့ သွားလေ့လာဖို့ ရှိပါသလဲ။

ဒေါ်ခင်မျိုးသက်။ ။ မနက်ဖြန်တော့ မောင်တောကနေ အငူမော်ဘက်ကို ဆက်ပြီးတော့ နောက်ပြီး စစ်တွေ သွားမှာပါ။ စစ်တွေမှာ သက္ကယ်ပြင်ဆိုတဲ့ ဒုက္ခသည်စခန်းရှိပါတယ်။ အထူသဖြင့် ဒီဒုက္ခသည်စခန်းက နှစ်တွေကြာကြာ မပိတ်သိမ်းနိုင်သေးဘူးပေါ့နော် ဒါကိုသွားပြီးတော့ လေ့လာဖို့ ရှိပါတယ်။”

ရခိုင်ပြည်နယ်မှာရောက်နေတဲ့ ဒေါ်ခင်မျိုးသက်ကို ဝါရှင်တန် ဒီစီ ဗွီအိုအေရုံးချုပ်ကနေ မဆုမွန်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

XS
SM
MD
LG