(Zawgyi/Unicode)
တ႐ုတ္နိုင္ငံ နိုင္ငံပိုင္ သတင္းဌာနႀကီးေတြမွာ အလုပ္လုပ္ခဲ့ဖူးတဲ့ သတင္းေထာက္ Chen Jieren ကို တ႐ုတ္ အာဏာပိုင္ေတြက ေထာင္ ဒဏ္ ၁၅ ႏွစ္ခ်မွတ္လိုက္ပါတယ္။ အာဏာရ တ႐ုတ္ ကြန္ျမဴနစ္ပါတီကို တိုက္ခိုက္ခဲ့တဲ့ အမႈေၾကာင့္လို႔ တရား႐ုံးက ထုတ္ျပန္တဲ့ စာရြက္ စာတမ္းေတြမွာ ေဖာ္ျပထားပါတယ္။
သတင္းဌာနေတြနဲ႔ မီဒီယာေတြဟာ ကြန္ျမဴနစ္ပါတီရဲ႕ အက်ိဳးအတြက္ အမႈထမ္းေဆာင္ရမယ္ဆိုၿပီး အမိန္႔ ထုတ္ထားတဲ့ သမၼတ ရွီဂ်င္ပင္း လက္ထက္မွာ တ႐ုတ္အစိုးရက သတင္းလြတ္လပ္ခြင့္ကို ပိတ္ပင္ေနတာမွာ Chen Jieren ဟာ အျပင္းထန္ဆုံး ျပစ္ဒဏ္ခ်မွတ္ ခံရတဲ့ အထဲ ပါဝင္ေနပါတယ္။
တ႐ုတ္ကြန္ျမဴနစ္ပါတီ ဝါဒျဖန္႔ သတင္းစာတစ္ေစာင္ျဖစ္တဲ့ ျပည္သူ႔ေန႔စဥ္ သတင္းစာရဲ့ သတင္းေထာက္ေဟာင္း Chen ဟာ ရန္မီးစ ကို ဆြဲၿပီး ဒုကၡရွာသူ ျဖစ္သလို တရားမဝင္ စီးပြားေရးလုပ္ငန္းနဲ႔ လာဘ္ေပးလာဘ္ယူေတြလုပ္ခဲ့တယ္လို႔ ဟူနန္ျပည္နယ္ တရား႐ုံးရဲ့ေၾကညာ ခ်က္မွာ ပါရွိပါတယ္။
ရန္မီးစ ကို ဆြဲၿပီး ဒုကၡရွာသူဆိုတဲ့ စြဲခ်က္ဟာ တ႐ုတ္အစိုးရကို ေဝဖန္သူေတြကို အျပစ္ေပးရာမွာ တ႐ုတ္ အာဏာပိုင္ေတြ ရံဖန္ရံခါ အသုံးျပဳတဲ့ စြဲခ်က္တစ္ခုလည္း ျဖစ္ပါတယ္။
COVID- 19 ကပ္ေရာဂါကို ကိုင္တြယ္ပုံနဲ႔ ပတ္သက္ၿပီး နိုင္ငံတကာက တ႐ုတ္နိုင္ငံအေပၚ စစ္ေဆးေမးျမန္းခ်က္ေတြ ထြက္ေပၚေနခ်ိန္မွာ အခုလို ျပစ္ဒဏ္ခ်မွတ္လိုက္တာလည္း ျဖစ္ပါတယ္။
Chen ဟာ သတင္းမွားေတြနဲ႔ အပ်က္သေဘာ သတင္းအခ်က္အလက္ေတြကို အြန္လိုင္းမွာ တင္ခဲ့တယ္လို႔လည္း တရား႐ုံးရဲ့ ေၾကညာ ခ်က္မွာ ပါရွိပါတယ္။
တ႐ုတ္ လူ႔အခြင့္အေရး ကာကြယ္သူမ်ား အဖြဲ႕ကေတာ့ WECHAT နဲ႔ တျခားလူမႈမီဒီယာေတြက Chen ရဲ႕ နိုင္ငံေရးစကားေတြေၾကာင့္ အခုလို အျပစ္ေပးတာ ထင္ရွားပါတယ္လို႔ ေျပာပါတယ္။
Chen ဟာ China Youth Daily, Beijing Daily, and People's Daily သတင္းဌာနေတြကေန ထုတ္ပယ္ခံခဲ့ရသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။
........
တရုတ်မှာ ကွန်မြူနစ်ပါတီကို ဝေဖန်တဲ့ သတင်းထောက် ထောင် ၁၅ နှစ် အပြစ်ပေးခံရ
(Unicode)
တရုတ်နိုင်ငံ နိုင်ငံပိုင် သတင်းဌာနကြီးတွေမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ သတင်းထောက် Chen Jieren ကို တရုတ် အာဏာပိုင်တွေက ထောင် ဒဏ် ၁၅ နှစ်ချမှတ်လိုက်ပါတယ်။ အာဏာရ တရုတ် ကွန်မြူနစ်ပါတီကို တိုက်ခိုက်ခဲ့တဲ့ အမှုကြောင့်လို့ တရားရုံးက ထုတ်ပြန်တဲ့ စာရွက် စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
သတင်းဌာနတွေနဲ့ မီဒီယာတွေဟာ ကွန်မြူနစ်ပါတီရဲ့ အကျိုးအတွက် အမှုထမ်းဆောင်ရမယ်ဆိုပြီး အမိန့် ထုတ်ထားတဲ့ သမ္မတ ရှီဂျင်ပင်း လက်ထက်မှာ တရုတ်အစိုးရက သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်နေတာမှာ Chen Jieren ဟာ အပြင်းထန်ဆုံး ပြစ်ဒဏ်ချမှတ် ခံရတဲ့ အထဲ ပါဝင်နေပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ဝါဒဖြန့် သတင်းစာတစ်စောင်ဖြစ်တဲ့ ပြည်သူ့နေ့စဉ် သတင်းစာရဲ့ သတင်းထောက်ဟောင်း Chen ဟာ ရန်မီးစ ကို ဆွဲပြီး ဒုက္ခရှာသူ ဖြစ်သလို တရားမဝင် စီးပွားရေးလုပ်ငန်းနဲ့ လာဘ်ပေးလာဘ်ယူတွေလုပ်ခဲ့တယ်လို့ ဟူနန်ပြည်နယ် တရားရုံးရဲ့ကြေညာ ချက်မှာ ပါရှိပါတယ်။
ရန်မီးစ ကို ဆွဲပြီး ဒုက္ခရှာသူဆိုတဲ့ စွဲချက်ဟာ တရုတ်အစိုးရကို ဝေဖန်သူတွေကို အပြစ်ပေးရာမှာ တရုတ် အာဏာပိုင်တွေ ရံဖန်ရံခါ အသုံးပြုတဲ့ စွဲချက်တစ်ခုလည်း ဖြစ်ပါတယ်။
COVID- 19 ကပ်ရောဂါကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး နိုင်ငံတကာက တရုတ်နိုင်ငံအပေါ် စစ်ဆေးမေးမြန်းချက်တွေ ထွက်ပေါ်နေချိန်မှာ အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။
Chen ဟာ သတင်းမှားတွေနဲ့ အပျက်သဘော သတင်းအချက်အလက်တွေကို အွန်လိုင်းမှာ တင်ခဲ့တယ်လို့လည်း တရားရုံးရဲ့ ကြေညာ ချက်မှာ ပါရှိပါတယ်။
တရုတ် လူ့အခွင့်အရေး ကာကွယ်သူများ အဖွဲ့ကတော့ WECHAT နဲ့ တခြားလူမှုမီဒီယာတွေက Chen ရဲ့ နိုင်ငံရေးစကားတွေကြောင့် အခုလို အပြစ်ပေးတာ ထင်ရှားပါတယ်လို့ ပြောပါတယ်။
Chen ဟာ China Youth Daily, Beijing Daily, and People's Daily သတင်းဌာနတွေကနေ ထုတ်ပယ်ခံခဲ့ရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။