သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးသတင်းထောက်တွေအတွက် အန္တရာယ်ပိုများ


သတင်းရေးသားတဲ့ အလုပ်ကြောင့် ၂၀၁၈ ခုနှစ်အတွင်း အသက်သေဆုံးခဲ့ရတဲ့ သတင်းထောက် အရေအတွက်ဟာ ၂၀၁၇ ခုနှစ်နဲ့ နှိုင်းစာရင် နှစ်ဆ နီးပါး မြင့်တက်နေပြီလို့ သတင်းထောက်တွေကို အကာအကွယ်ပေးရေး ကော်မတီ Committee to Protect Journalist ကပြောပါတယ်။

စုစုပေါင်းသတင်းထောက် ၈၈ ယောက်နဲ့ မီဒီယာ ဝန်ထမ်းတွေဟာ အလုပ်လုပ်ကိုင်ရင်း သူတို့ သတင်းရေးသားတာတွေကို မနှစ်သက်တာကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခံရလို့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အမျိုးသမီး သတင်းထောက်တွေဟာလည်း အမျိုးသားတွေနည်းတူ အလားတူ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ အမျိုးသား သတင်းထောက်တွေ အတွက် သက်ရောက်မှု သိပ်မများလှတဲ့ အန္တရာယ် တစ်ချို့ အမျိုးသမီး သတင်းထောက်တွေ ကြုံတွေ့နေရပါတယ်။

မိန်းမ သတင်းထောက်တယောက်အနေနဲ့ online မှာ ရေးသားပြီဆိုရင် ယောကျာ်းတွေက တိုက်ခိုက်ကြလိမ့်မယ်လို့ International Women’s Media Foundation အဖွဲ့က လက်ထောက် ညွှန်ကြားရေးမှူး Nadine Hoffman က ပြောပါတယ်။

မနှစ်က အမျိုးသမီး သတင်းထောက် ၆၀၀ ကို စစ်တမ်း မေးမြန်း ကောက်ယူခဲ့ရာမှာ သူတို့ထဲ ၃ ပုံ ၂ ပုံဟာ အွန်လိုင်းက မတော်မလျော် နှောင့်ယှက်မှုတွေနဲ့ ကြုံတွေ့ရပြီး လိင်ပိုင်းဆိုင်ရာနဲ့ မိန်းမ မုန်းတီးရေးကိစ္စတွေပါလေ့ရှိတယ်လို့ ဆိုပါတယ်။

မကြာခင်က လန်ဒန်မှာ ကျင်းပခဲ့တဲ့ မီဒီယာ လွတ်လပ်ခွင့် ကမ္ဘာ့ ညီလာခံမှာ သတင်းထောက်တွေ ကြုံတွေ့ရတဲ့ အန္တရာယ်တွေကို ဆွေးနွေးခဲ့ပြီး ဒီ ပြဿနာအတွက် အဖြေရှာဖို့ ဘာကြောင့် အရေးကြီးတယ်ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့ကြတာပါ။

၂၀၁၅ ခုနှစ်က သတင်းထောက်တစ်ယောက်အနေနဲ့ ကားဗုံးခွဲ တိုက်ခိုက်ခံရပြီး အသက် မသေဘဲ လွတ်မြောက်ခဲ့သူ လက်ဘနွန်နိုင်ငံ စီမံ အုပ်ချုပ်ရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဝန်ကြီး May Chidiac က အွန်လိုင်း မတော်မလျော် နှောင့်ယှက်မှုတွေဟာ အလေးထား ရမယ့် အန္တရာယ်ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ အမျိုးသား သတင်းထောက်နဲ့ ဘာမှ မကွာဘူးလို့ ထင်ခဲ့ပေမဲ့ အွန်လိုင်း မတော်မလျော် နှောက်ယှက်မှုတွေ ကြုံရတဲ့ အခါမှာတော့ ယောကျာ်း၊ မိန်းမ အကြား ကွာဟချက် ကြီးမားနေတာကို ယုံကြည်လာခဲ့ကြောင်းလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG