သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္မွာ အင္တာနက္လြတ္လပ္ခြင့္လႈပ္ရွားသူ ၃ ဦး ေပ်ာက္ေန


(Zawgyi/Unicode)

တရုတ္ႏုိင္ငံ ေဘဂ်င္းၿမိဳ႕ေတာ္မွာ အင္တာနက္လြတ္လပ္ခြင့္ လႈပ္ရွားသူ သံုးဦးေပ်ာက္ဆံုးေနေၾကာင္း AFP သတင္းမွာ မေန႔ တနလၤာေန႔က ေဖၚျပထားပါတယ္။ သူတို႔ေတြဟာ တရုတ္အစိုးရကပိတ္ပင္ထားတဲ့ အြန္လိုင္းမွာရွိေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ သတင္းေတြကို စုေစာင္းျပဳစုေနတာေၾကာင့္ ရဲတပ္ဖဲြ႕က ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ယံုၾကည္ရေၾကာင္း နီးစပ္တဲ့ ေဆြမ်ဳိးသားခ်င္းတဦးက ေျပာဆိုခဲ့ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္အသစ္အႏၱရာယ္ကို တာ၀န္သိသိနဲ႔ သတိေပးဖို႔ ႀကိဳးစားသူေတြကို အျပစ္ေပးအေရးယူတာ အပါအ၀င္ ေရာဂါကူးစက္မႈ အေျခအေန ကိုင္တြယ္ခဲ့တဲ့တရုတ္အစိုးရလုပ္ရပ္ေတြအေပၚမွာ ေ၀ဖန္မႈေတြကို ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

GitHub ေဆာ့ဖ္၀ဲအသံုးျပဳၿပီးဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ တစုတစည္းတည္းေဖၚျပထားတဲ့ အြန္လိုင္းသတင္းရင္းျမစ္ကိုျဖန္႔ေ၀ခဲ့တဲ့ Chen Mei၊ Cai Wei နဲ႔ သူရဲ႕ ရည္းစားျဖစ္သူ အပါအ၀င္ စုစုေပါင္း သံုးဦးဟာဧၿပီလ၁၉ ရက္ေန႔ကေပ်ာက္ဆံုးခဲ့တာျဖစ္ပါတယ္။

Terminus2049 လို႔အမည္ေပးထားတဲ့အြန္လိုင္းသတင္းအစီအစဥ္မွာတရုတ္အစိုးရက အြန္လိုင္း ဆင္ဆာပိတ္ထားတဲ့ သတင္းေတြကိုစုစည္းေဖၚျပထားတာျဖစ္ပါတယ္။

AFP သတင္းဌာနက ဖတ္ရတဲ့ ေဘဂ်င္းၿမိဳ႕Chaoyang ရဲစခန္း ထုတ္ျပန္တဲ့စာအရ
အြန္လိုင္း လႈပ္ရွားသူ Cai နဲ႔ Tang တို႔ႏွစ္ဦးကို ျပႆနာ ရန္လိုမႈကို ဖန္တီးတဲ့ စဲြခ်က္တင္ခံရထားရၿပီး၊ အထူးေစာင့္ၾကည့္ေရးအိမ္ယာစခန္းတခုမွာထိန္းသိမ္းထားတယ္လို႔ဆိုပါတယ္။ လက္ရွိမွာေတာ့ သူတို႔သံုးဦးေပ်ာက္ဆံုးေနတာနဲ႔ပတ္သက္လို႔ သက္ဆိုင္ရာဘက္က တရား၀င္ထုတ္ျပန္ခ်က္သတင္းကိုေစာင့္ဆိုင္းေနတယ္လို႔ေဆြမ်ဳိးသားခ်င္းတဦးကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

တရုတ်မှာအင်တာနက်လွတ်လပ်ခွင့်လှုပ်ရှားသူ ၃ ဦး ပျောက်နေ

(Unicode)

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ အင်တာနက်လွတ်လပ်ခွင့် လှုပ်ရှားသူ သုံးဦးပျောက်ဆုံးနေကြောင်း AFP သတင်းမှာ မနေ့ တနင်္လာနေ့က ဖေါ်ပြထားပါတယ်။ သူတို့တွေဟာ တရုတ်အစိုးရကပိတ်ပင်ထားတဲ့ အွန်လိုင်းမှာရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သတင်းတွေကို စုစောင်းပြုစုနေတာကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ယုံကြည်ရကြောင်း နီးစပ်တဲ့ ဆွေမျိုးသားချင်းတဦးက ပြောဆိုခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အသစ်အန္တရာယ်ကို တာဝန်သိသိနဲ့ သတိပေးဖို့ ကြိုးစားသူတွေကို အပြစ်ပေးအရေးယူတာ အပါအဝင် ရောဂါကူးစက်မှု အခြေအနေ ကိုင်တွယ်ခဲ့တဲ့တရုတ်အစိုးရလုပ်ရပ်တွေအပေါ်မှာ ဝေဖန်မှုတွေကို ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

GitHub ဆော့ဖ်ဝဲအသုံးပြုပြီးဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တစုတစည်းတည်းဖေါ်ပြထားတဲ့ အွန်လိုင်းသတင်းရင်းမြစ်ကိုဖြန့်ဝေခဲ့တဲ့ Chen Mei၊ Cai Wei နဲ့ သူရဲ့ ရည်းစားဖြစ်သူ အပါအဝင် စုစုပေါင်း သုံးဦးဟာဧပြီလ၁၉ ရက်နေ့ကပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

Terminus2049 လို့အမည်ပေးထားတဲ့အွန်လိုင်းသတင်းအစီအစဉ်မှာတရုတ်အစိုးရက အွန်လိုင်း ဆင်ဆာပိတ်ထားတဲ့ သတင်းတွေကိုစုစည်းဖေါ်ပြထားတာဖြစ်ပါတယ်။

AFP သတင်းဌာနက ဖတ်ရတဲ့ ဘေဂျင်းမြို့Chaoyang ရဲစခန်း ထုတ်ပြန်တဲ့စာအရ
အွန်လိုင်း လှုပ်ရှားသူ Cai နဲ့ Tang တို့နှစ်ဦးကို ပြဿနာ ရန်လိုမှုကို ဖန်တီးတဲ့ စွဲချက်တင်ခံရထားရပြီး၊ အထူးစောင့်ကြည့်ရေးအိမ်ယာစခန်းတခုမှာထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ သူတို့သုံးဦးပျောက်ဆုံးနေတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာဘက်က တရားဝင်ထုတ်ပြန်ချက်သတင်းကိုစောင့်ဆိုင်းနေတယ်လို့ဆွေမျိုးသားချင်းတဦးကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG