သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဘဂ်င္းၿမိဳ႕ေတာ္နဲ႔ ရွန္ဟုိင္းမွာ ေက်ာင္းေတြျပန္ဖြင့္


တရုတ္ႏိုင္ငံ Shanghai ၿမိဳ႕ရွိ Huayu အလယ္တန္းေက်ာင္းက ေက်ာင္းသားတခ်ိဳ႕ (ဧၿပီ ၂၇၊ ၂၀၂၀)

(Zawgyi/Unicode)

ကို႐ိုနာဗိုင္းရပ္စ္ စတင္ပ်ံ ႔ႏွံ႔ခဲ့တဲ့ တ႐ုတ္ႏိုင္ငံမွာ ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ ေက်ာင္းေတြ လနဲ႔ခ်ီ ပိတ္ထားခဲ့ၿပီးတဲ့ေနာက္ တနလၤာေန႔က ေဘဂ်င္းနဲ႔ ရွန္ဟိုင္းၿမိဳ႕ေတြမွာ ေက်ာင္းေတြ ျပန္ဖြင့္ေနပါၿပီ။

ရွန္ဟိုင္းၿမိဳ႕မွာ အလယ္တန္းနဲ႔ အထက္တန္း ေက်ာင္းသားေတြ ေက်ာင္းျပန္တက္ၾကရၿပီး ေဘဂ်င္းၿမိဳ႕မွာေတာ့ အထက္တန္းေက်ာင္းသားေတြသာ တကၠသိုလ္ဝင္ခြင့္ စာေမးပြဲအတြက္ ျပင္ဆင္ႏိုင္ဖို႔ ေက်ာင္းျပန္တက္ၾကတာပါ။

တ႐ုတ္ႏိုင္ငံမွာ ေက်ာင္းေတြကို ဇန္နဝါရီလကတည္းက ပိတ္ထားခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့လကစလို႔ တျဖည္းျဖည္းခ်င္း ျပန္ဖြင့္ေပးေနတာပါ။ ဗိုင္းရပ္စ္ဒဏ္အဆိုးဆုံးခံရတဲ့ ဝူဟန္ၿမိဳ႕မွာေတာ့ အထက္တန္းေက်ာင္းေတြ ေမလ ၆ ရက္ေန႔မွာ ျပန္ဖြင့္မွာ ျဖစ္ပါတယ္။

တရုတ္ႏိုင္ငံ Shanghai ၿမိဳ႕ရွိ Huayu အလယ္တန္းေက်ာင္းမွ ေက်ာင္းသားမ်ား (ဧၿပီ ၂၇၊ ၂၀၂၀)
တရုတ္ႏိုင္ငံ Shanghai ၿမိဳ႕ရွိ Huayu အလယ္တန္းေက်ာင္းမွ ေက်ာင္းသားမ်ား (ဧၿပီ ၂၇၊ ၂၀၂၀)

ေဘဂ်င္းၿမိဳ႕ေတာ္က ေက်ာင္းသားေတြကုိေတာ့ ေက်ာင္းအ၀င္ဂိတ္ေပါက္မွာ ကိုယ္ပူခ်ိန္တိုင္းတာစစ္ေဆးမွာျဖစ္ၿပီး ေရာဂါကူးစက္ႏိုင္တဲ ့အေျခအေန ရွိ၊ မရွိကို ျပသႏိုင္တဲ့ အထူးအက္ပလီေကးရွင္းကို ေက်ာင္းသားေတြ လက္ကိုင္ဖုန္းမွာ ထည့္သြင္းၿပီး စစ္ေဆးမွာ ျဖစ္တယ္လို႔လည္း တ႐ုတ္ပညာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

တ႐ုတ္ကြန္ျမဴနစ္ပါတီပိုင္ ေဘဂ်င္း Daily သတင္းစာမွာေတာ့ စာသင္ခန္းေတြထဲ ေက်ာင္းသားေတြ ႏွာေခါင္းစည္း တပ္ၿပီး ခပ္ခြာခြာ ထိုင္ေနတဲ့ ပုံေတြကို ေဖာ္ျပထားပါတယ္။ ေက်ာင္းထဲက စားေသာက္ဆုိင္္ေတြမွာ ေက်ာင္းသားေတြ တေယာက္နဲ႔ တေယာက္ တစ္မီတာ အကြာမွာ ထိုင္ၿပီး စားေသာက္ေနၾကတယ္လို႔လည္း ေအအက္ဖ္ပီ သတင္းမွာေဖာ္ျပပါတယ္။

ေက်ာင္းေတြ မဖြင့္ခင္ ႀကိဳတင္ၿပီး ေက်ာင္းသားေတြ ေက်ာင္းတက္တဲ့ပုံစံနဲ႔ အစမ္းေလ့က်င့္မႈေတြ လုပ္ခဲ့ၿပီးမွ ျပန္ဖြင့္တာလို႔ တ႐ုတ္ပညာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ဗိုင္းရပ္စ္ အႏၲရာယ္ကို ကာကြယ္ဖို႔ ေဘဂ်င္းၿမိဳ႕မွာ စည္းကမ္းေတြ ၾကပ္မတ္ထားရွိဆဲျဖစ္ၿပီး ၿမိဳ႕ကို အလည္လာသူေတြ တင္းၾကပ္တဲ့ က်န္းမာေရး စစ္ေဆးမႈေတြျပဳလုပ္ၾကရသလို အခ်ိန္ေတာ္ေတာ္ၾကာၾကာလည္း သီးျခားခြဲေနထိုင္ၾကရပါတယ္ ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘေဂျင်းမြို့တော်နဲ့ ရှန်ဟိုင်းမှာ ကျောင်းတွေပြန်ဖွင့်

ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံမှာ ရောဂါ ထိန်းချုပ်ရေးအတွက် ကျောင်းတွေ လနဲ့ချီ ပိတ်ထားခဲ့ပြီးတဲ့နောက် တနင်္လာနေ့က ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့တွေမှာ ကျောင်းတွေ ပြန်ဖွင့်နေပါပြီ။

ရှန်ဟိုင်းမြို့မှာ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတွေ ကျောင်းပြန်တက်ကြရပြီး ဘေဂျင်းမြို့မှာတော့ အထက်တန်းကျောင်းသားတွေသာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်နိုင်ဖို့ ကျောင်းပြန်တက်ကြတာပါ။

တရုတ်နိုင်ငံမှာ ကျောင်းတွေကို ဇန်နဝါရီလကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လကစလို့ တဖြည်းဖြည်းချင်း ပြန်ဖွင့်ပေးနေတာပါ။ ဗိုင်းရပ်စ်ဒဏ်အဆိုးဆုံးခံရတဲ့ ဝူဟန်မြို့မှာတော့ အထက်တန်းကျောင်းတွေ မေလ ၆ ရက်နေ့မှာ ပြန်ဖွင့်မှာ ဖြစ်ပါတယ်။

ဘေဂျင်းမြို့တော်က ကျောင်းသားတွေကိုတော့ ကျောင်းအဝင်ဂိတ်ပေါက်မှာ ကိုယ်ပူချိန်တိုင်းတာစစ်ဆေးမှာဖြစ်ပြီး ရောဂါကူးစက်နိုင်တဲ့အခြေအနေ ရှိ၊ မရှိကို ပြသနိုင်တဲ့ အထူးအက်ပလီကေးရှင်းကို ကျောင်းသားတွေ လက်ကိုင်ဖုန်းမှာ ထည့်သွင်းပြီး စစ်ဆေးမှာ ဖြစ်တယ်လို့လည်း တရုတ်ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်ကွန်မြူနစ်ပါတီပိုင် ဘေဂျင်း Daily သတင်းစာမှာတော့ စာသင်ခန်းတွေထဲ ကျောင်းသားတွေ နှာခေါင်းစည်း တပ်ပြီး ခပ်ခွာခွာ ထိုင်နေတဲ့ ပုံတွေကို ဖော်ပြထားပါတယ်။ ကျောင်းထဲက စားသောက်ဆိုင်တွေမှာ ကျောင်းသားတွေ တယောက်နဲ့ တယောက် တစ်မီတာ အကွာမှာ ထိုင်ပြီး စားသောက်နေကြတယ်လို့လည်း အေအက်ဖ်ပီ သတင်းမှာဖော်ပြပါတယ်။

ကျောင်းတွေ မဖွင့်ခင် ကြိုတင်ပြီး ကျောင်းသားတွေ ကျောင်းတက်တဲ့ပုံစံနဲ့ အစမ်းလေ့ကျင့်မှုတွေ လုပ်ခဲ့ပြီးမှ ပြန်ဖွင့်တာလို့ တရုတ်ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဗိုင်းရပ်စ် အန္တရာယ်ကို ကာကွယ်ဖို့ ဘေဂျင်းမြို့မှာ စည်းကမ်းတွေ ကြပ်မတ်ထားရှိဆဲဖြစ်ပြီး မြို့ကို အလည်လာသူတွေ တင်းကြပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေပြုလုပ်ကြရသလို အချိန်တော်တော်ကြာကြာလည်း သီးခြားခွဲနေထိုင်ကြရပါတယ် ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG