သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးခြိမ်းခြောက်မှုကြောင့် တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ ၄ ခုကို လိုင်စင်ရုပ်သိမ်းဖို့ ကန် ပြင်ဆင် 


ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင် ဥက္ကဌ Ajit Pai
ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင် ဥက္ကဌ Ajit Pai

(Zawgyi/Unicode)

အမေရိကန်နိုင်ငံရဲ့ အမျိုးသား လုံခြံရေးအပေါ် ခြိမ်းခြောက်မှုရှိနေတာကြောင့် တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ ၄ ခုကို ပေးအပ် ထားတဲ့ လုပ်ငန်းလည်ပတ်ခွင့်ကို ပြန်လည် ရုပ်သိမ်းကောင်း ရုပ်သိမ်းမယ်လို့ အမေရိကန် ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင်က ပြောပါတယ်။

တရုတ်အစိုးရက အထောက်အပံ့ပေးထားတဲ့ အဲဒီ တရုတ်ကုမ္ပဏီ ၄ ခုဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ် ဩဇာ လွှမ်းမိုးမှုနဲ့ အမြတ်ထုတ် အသုံးချတာကို ခံရဖို့ အန္တရာယ် ရှိနေတာကြောင့် အမေရိကန်အစိုးရဌာနတွေအကြား အလွန်အမင်း စိုးရိမ်ပူပန်မှု တွေဖြစ်ပေါ်နေတယ်လို့ ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင် ဥက္ကဌ Ajit Pai က ပြောပါတယ်။

China Telecom Americas၊ China Unicom Americas၊ Pacific Networks နဲ့ Comnet ဆက်သွယ်ရေး ကုမ္ပဏီ တွေ အနေနဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြောင်းနဲ့ သူတို့ရဲ့ လုပ်ငန်း လုပ်ကိုင်ခွင့် ဘာကြောင့် မရုပ်သိမ်းသင့်ဘူးလဲဆိုတဲ့ ရှင်းလင်းချက်ကို ရက် ၃၀ အတွင်း တင်သွင်းရမယ်လို့လည်း ကော်မရှင်က ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ဆက်သွယ်ရေး ကုမ္ပဏီတွေရဲ့ လုံခြုံမှုဆိုင်ရာကိစ္စနဲ့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စ အပါအဝင် ကိစ္စတော်တော်များများမှာ သဘောထား ကွဲလွဲနေကြရာမှာ အမျိုးသား လုံခြုံရေးအရ ဆိုပြီး တရုတ် ကုမ္ပဏီ HUAWEI ထုတ် ပစ္စည်း တွေ အသုံးပြုခွင့်ကို အမေရိကန်အစိုးရက ပိတ်ပင်ထားခဲ့ပြီး ဖြစ်သလို ပြီးခဲ့တဲ့နှစ်ကလည်း China Mobile ကုမ္ပဏီကို အမေရိကန် ဈေးကွက် ထဲ ပိတ်ပင်ခဲ့တယ်လို့ Bloomberg သတင်းဌာနက ပြောပါတယ်။


................


(Unicode)




XS
SM
MD
LG