(Zawgyi/Unicode)
သတင္းမီဒီယာအလုပ္ဟာ အႏၲရာယ္မ်ားတဲ့ အသက္ေမြးဝမ္းေၾကာင္း လုပ္ငန္းအမ်ဳိးအစားတခုအျဖစ္ ဆက္ရွိေနတုန္းပဲလို႔ နယ္စည္းမျခား သတင္းေထာက္မ်ားအဖြဲ႔ (RSF) က ေျပာပါတယ္။ ဒီႏွစ္အတြင္း သတင္းမီဒီယာသမား ၄၉ ေယာက္ အသတ္ခံရ ၿပီး လက္ရွိမွာ ၃၈၉ ေယာက္ အက်ဥ္းက်ေနၿပီးေတာ့ ၅၇ ေယာက္ဟာ ဓားစာခံေတြအျဖစ္ ဖမ္းဆီးခံထားရတယ္လုိ႔ RSF က ေျပာပါတယ္။
တကမာၻလံုးမွာ သတင္းမီဒီယာသမားေတြ အသက္အႏၲရာယ္ရွိတဲ့အထိ တိုက္ခိုက္ခံရတာနဲ႔ ဆိုးရြားစြာ ျပဳမူဆက္ဆံခံရမႈဆိုင္ရာ ဒီဇင္ဘာလ ၁၇ ရက္ေန႔ကထုတ္ျပန္တဲ့ ႏွစ္ပတ္လည္အစီရင္ခံစာထဲမွာ RSF အဖြဲ႔က အဲဒီလိုေဖာ္ျပထားတာပါ။ ၂၀၁၉ ခုႏွစ္ အတြင္း အသတ္ခံရတဲ့ သတင္းမီဒီယာသမား အေရအတြက္ဟာ ၁၆ ႏွစ္အတြင္း အနိမ့္ဆံုးအေရအတြက္ ဆုိတာကိုလည္း ေဖာ္ျပ ထားပါတယ္။
လြန္ခဲ့တဲ့ ႏွစ္ ၂၀ အတြင္း တႏွစ္ကို သတင္းမီဒီယာသမား အေယာက္ ၈၀ ပ်မ္းမွ်ျခင္းအားျဖင့္ အသတ္ခံခဲ့ရတာနဲ႔ ႏိႈင္းယွဥ္ရင္ ဒီႏွစ္မွာ သမိုင္းတင္ နည္းသြားတာဟာ အဓိကအားျဖင့္ စစ္ျဖစ္ေနတဲ့ေနရာေတြမွာ အသတ္ခံရတဲ့ သတင္းမီဒီယာသမား အေရ အတြက္ ေလ်ာ့က်သြားတာေၾကာင့္ ျဖစ္တယ္လုိ႔ RSF ကေျပာပါတယ္။
ဆီးရီးယား၊ အာဖဂန္နစၥတန္နဲ႔ ယီမင္ႏုိင္ငံေတြက လက္နက္ကိုင္ပဋိပကၡေတြအေၾကာင္း သတင္းယူရင္း ၿပီးခဲ့တဲ့ႏွစ္က ေသဆံုး သြားတဲ့ သတင္းမီဒီယာသမား ၃၄ ေယာက္ရွိၿပီး ဒီႏွစ္မွာေတာ့ စုစုေပါင္း ၁၇ ေယာက္ ေသဆံုးပါတယ္။
ဒါေပမယ့္လည္း လက္နက္ကိုင္ပဋိပကၡ ျဖစ္မေနတဲ့ႏုိင္္ငံေတြမွာ ေသဆံုးတဲ့ သတင္းမီဒီယာသမားအေရအတြက္ အရင္ႏွစ္ေတြက အတိုင္း မ်ားေနဆဲျဖစ္ၿပီး မကၠဆီကို တႏုိင္ငံထဲမွာတင္ ၁၀ ေယာက္ရွိတယ္လုိ႔ RSF အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။
.....................
သတင်းမီဒီယာလုပ်ငန်း အန္တရာယ်များဆဲဖြစ်ကြောင်း RSF အစီရင်ခံစာမှာဖော်ပြ
(Unicode)
သတင်းမီဒီယာအလုပ်ဟာ အန္တရာယ်များတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအမျိုးအစားတခုအဖြစ် ဆက်ရှိနေတုန်းပဲလို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ပြောပါတယ်။ ဒီနှစ်အတွင်း သတင်းမီဒီယာသမား ၄၉ ယောက် အသတ်ခံရ ပြီး လက်ရှိမှာ ၃၈၉ ယောက် အကျဉ်းကျနေပြီးတော့ ၅၇ ယောက်ဟာ ဓားစာခံတွေအဖြစ် ဖမ်းဆီးခံထားရတယ်လို့ RSF က ပြောပါတယ်။
တကမ္ဘာလုံးမှာ သတင်းမီဒီယာသမားတွေ အသက်အန္တရာယ်ရှိတဲ့အထိ တိုက်ခိုက်ခံရတာနဲ့ ဆိုးရွားစွာ ပြုမူဆက်ဆံခံရမှုဆိုင်ရာ ဒီဇင်ဘာလ ၁၇ ရက်နေ့ကထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာထဲမှာ RSF အဖွဲ့က အဲဒီလိုဖော်ပြထားတာပါ။ ၂၀၁၉ ခုနှစ် အတွင်း အသတ်ခံရတဲ့ သတင်းမီဒီယာသမား အရေအတွက်ဟာ ၁၆ နှစ်အတွင်း အနိမ့်ဆုံးအရေအတွက် ဆိုတာကိုလည်း ဖော်ပြ ထားပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း တနှစ်ကို သတင်းမီဒီယာသမား အယောက် ၈၀ ပျမ်းမျှခြင်းအားဖြင့် အသတ်ခံခဲ့ရတာနဲ့ နှိုင်းယှဉ်ရင် ဒီနှစ်မှာ သမိုင်းတင် နည်းသွားတာဟာ အဓိကအားဖြင့် စစ်ဖြစ်နေတဲ့နေရာတွေမှာ အသတ်ခံရတဲ့ သတင်းမီဒီယာသမား အရေ အတွက် လျော့ကျသွားတာကြောင့် ဖြစ်တယ်လို့ RSF ကပြောပါတယ်။
ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ယီမင်နိုင်ငံတွေက လက်နက်ကိုင်ပဋိပက္ခတွေအကြောင်း သတင်းယူရင်း ပြီးခဲ့တဲ့နှစ်က သေဆုံး သွားတဲ့ သတင်းမီဒီယာသမား ၃၄ ယောက်ရှိပြီး ဒီနှစ်မှာတော့ စုစုပေါင်း ၁၇ ယောက် သေဆုံးပါတယ်။
ဒါပေမယ့်လည်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်မနေတဲ့နိုင်ငံတွေမှာ သေဆုံးတဲ့ သတင်းမီဒီယာသမားအရေအတွက် အရင်နှစ်တွေက အတိုင်း များနေဆဲဖြစ်ပြီး မက္ကဆီကို တနိုင်ငံထဲမှာတင် ၁၀ ယောက်ရှိတယ်လို့ RSF အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။