သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူ့အခွင့်အရေးအဖွဲ့တွေ ကြိုဆိ


 ဖွဲ့စည်းပုံ ပြင်ဆင်ရေးအဆွက် ဖေဖော်ဝါရီလတုန်းက လူထုဆန္ဒပြ
 ဖွဲ့စည်းပုံ ပြင်ဆင်ရေးအဆွက် ဖေဖော်ဝါရီလတုန်းက လူထုဆန္ဒပြ

မြန်မာနိုင်ငံလွှတ်တော်ထဲက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြောင့် ဒီမိုကရေစီအခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းရယူပိုင်ခွင့်အတွက် အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ပြည်တွင်းပြည်ပ NGO (၂၀) က ထောက်ခံလိုက်ပါတယ်။

HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၊ RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့၊ Pen America နဲ့ Pen Myanmar စတဲ့ လူ့အခွင့်အရေးနဲ့ သတင်းဆိုင်ရာ NGO အဖွဲ့တွေက၊ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးကော်မတီဖွဲ့ပြီး ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ် အဆိုပြုတာဟာ မြန်မာ့ဒီမိုကစီ အသွင်ကူးပြောင်းမူအတွက် အထောက်အကူဖြစ်စေလိမ့်မယ်လို့ ကြိုဆိုလိုက်ပါတယ်။

ဒီ NGOs အစိုးရမဟုတ်တဲ့ အဖွဲ့တွေအနေနဲ့ မနေ့က သတင်းထုတ်ပြန်ချက် ထုတ်ရာမှာ မြန်မာနိုင်ငံရဲ့ ၂၀၁၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ လိုအပ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် ကာကွယ်ပေးထားတာ မရှိဘူးလို့ ထောက်ပြလိုက်ပါတယ်။

အခုလို လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကာကွယ်ပေးထားမူမရှိတာကြောင့် နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွန်းတွေနဲ့လည်း ကိုက်ညီမူ မရှိဘဲဖြစ်နေတယ်လို့ ဒီ အဖွဲ့တွေက ဆက်ထောက်ပြပါတယ်။

အကျိုးဆက်အနေနဲ့ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အဆင့်အတန်းကို ထိခိုက် စေနိုင်တာတွေ ဆက်ဖြစ်နိုင်ရာမှာ ဥပမာအားဖြင့် သတင်းထောက်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို အရေးယူအပြစ်ပေးရာမှာ သုံးတဲ့ ဥပဒေတွေ အများကြီး ရှင်သန်နေတာ ဆက်တွေ့နေရလိမ့်မယ်လို့ ဒီ NGO တွေက ဆိုပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူကအခွင့်အရေးအဖွဲ့တွေ ကြိုဆိ
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG