သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

RSF အစီရင်ခံစာ မြန်မာ့သတင်းလွတ်လပ်ခွင့်ကျဆင်း


RSF အစီရင်ခံစာ မြန်မာ့သတင်းလွတ်လပ်ခွင့်ကျဆင်း

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အဆင့်အတန်းဟာ အရင်နှစ်ကထက်စာရင် အဆင့်တစ်ဆင့် လျော့ကျသွားကြောင်း ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ပြောဆိုလိုက်ပါတယ်။

ကမ္ဘာတ၀န်း နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံက အဆင့် ၁၃၈ နေရာမှာ ရှိနေတဲ့အကြောင်း နှစ်ပတ်လည် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း ဒီနေ့ထုတ်ပြန်ရာမှာ RSF က ပြောဆိုလိုက်တာပါ။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ သတင်းလွတ်လပ်ခွင့် အဆင့် ၂၀ တက်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုအခါ ကျဆင်းမှုတွေ စတင်တွေ့မြင်လာနေရကြောင်းလည်း ဖော်ပြထားပါတယ်။

အထူးသဖြင့် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခဲ့တဲ့ လုပ်ရပ်ကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြတဲ့ Reuters သတင်းဌာနက ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၇ နှစ်စီ အပြစ်ပေးလိုက်တဲ့အတွက် အခြေအနေတွေ ပိုဆိုးလာခဲ့ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားတဲ့ မြန်မာအစိုးရက သတင်းမီဒီယာ တချို့ကိုလည်း အလားတူ မသုံးနှုန်းဖို့ ဖိအားပေးတာတွေ ရှိခဲ့သလို၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အရေးယူတဲ့ လုပ်ရပ်တွေ ရှိနေတာဟာလည်း သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိခိုက်စေတဲ့အကြောင်း ဖော်ပြထားပါတယ်။

RSF ရဲ့ ၂၀၁၉ ခုနှစ် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ အဆိုးဆုံး နိုင်ငံတွေအဖြစ် တာခ်မင်နစ္စတန်၊ မြောက်ကိုရီးယား၊ အီယီထရီယား၊ တရုတ်တို့ကို သတ်မှတ်ထားပြီး၊ သတင်းသမားတွေ၊ ဘလော့ဂါတွေကို အများဆုံး ဖမ်းဆီးထားတဲ့ တရုတ်နဲ့ ဗီယက်နမ် နိုင်ငံတို့ကတော့ မြန်မာနိုင်ငံ အပါအ၀င် အာရှ-ပစိဖိတ်ဒေသက နိုင်ငံပေါင်း ၃၄ နိုင်ငံအနက် အဆိုးဆုံးနိုင်ငံတွေအဖြစ်နဲ့လည်း သတ်မှတ်ခံခဲ့ရတာပါ။ နော်ဝေ၊ ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ကိုတော့ ကမ္ဘာမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အရှိဆုံးနိုင်ငံတွေအဖြစ်နဲ့လည်း RSF ရဲ့ အညွန်းကိန်းက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG