သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္မွာ သတင္းေထာက္ၿခိမ္းေျခာက္ခံရမႈကုိ စုံစမ္းဖုိ႔ ႏုိင္ငံတကာသတင္းသမားမ်ားအဖြဲ႔ခ်ဳပ္ ေတာင္းဆုိ


(Zawgyi/Unicode)

Myanmar Now နဲ႔ Development Media Group (DMG)အြန္လိုင္း သတင္းဌာနေတ ြအတြက္ အလုပ္လုပ္ေနတဲ့ ရခုိင္ျပည္နယ္ အေျခစိုက္ သတင္းေထာက္ ကိုေက်ာ္လင္းကို အမည္မသိ ဆိုင္ကယ္သမားေတြက ေမလ(၁၃)ရက္ေန႔က လာေရာက္ ၿခိမ္းေျခာက္ ေစာ္ကား သ ြားတဲ့အေပၚ ျမန္မာ အာဏာပုိင္ေတြ အေနနဲ႔ အျမန္ဆုံး စုံစမ္းေဖၚထုတ္ေပးဖို႔ (IFJ) ေခၚ ႏုိင္ငံတကာ သတင္းသမားမ်ား အဖြဲ႔ခ်ဳပ္က ေတာင္းဆို လိုက္ပါတယ္။



စစ္ေတြၿမဳိ့ခံ ကိုေက်ာ္လင္းကို ဆိုင္ကယ္စီး လူႏွစ္ဦးက အနီးနား ခ်ဥ္းကပ္လာၿပီး ေလးဂ ြနဲ႔ပစ္ရင္း သတ္ပစ္မယ္လို႔ ေအာ္ဟစ္ ၿခိမ္းေျခာက္ ထြက္ေျပးသ ြားပါတယ္။ ကိုေက်ာ္လင္းကေတာ့ ရင္ဘတ္မွာ ဒဏ္ရာ အနည္းငယ္ ရသြားပါတယ္။

ကိုေက်ာ္လင္းဟာ ရခိုင္လက္နက္ကိုင္အဖြဲ႔ AA နဲ႔ ျမန္မာ့တပ္မေတာ္တုိ႔ၾကား စစ္ေရးပဋိပကၡ ေတြ အေၾကာင္း ေရးသားခဲ့သူ ျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းကလည္း ရခိုင္ေဒသတြင္း ေျမယာေစ်းႏႈန္းျပႆနာအေၾကာင္း ေရးသားခဲ့ၿပီးေနာက္မွာ အမည္မသိသူတဦးက သူ႔ကို ဓါးနဲ႔လိုက္ထုိးခဲ့ဖူးပါတယ္။ အဲဒီ ဓါးသမား တရားခံကို ရဲက ခုခ်ိန္ထိ ဖမ္းမမိေသးပါဘူး။

ဒီလို လက္သည္တရားခံကုိ ျမန္မာႏိုင္ငံမွာ ေဖၚထုတ္ အေရးယူျခင္း မရွိတဲ့ယဥ္ေက်းမႈက သတင္းေထာက္ေတ ြကို တုိက္ခိုက္ ေစာ္ကားဖို႔ ခ ြင့္ျပဳထားသလို ျဖစ္ေနတဲ့အတြက္ ဒါေတြကို အဆုံးသတ္သင့္ၿပီလို႔ IFJ အဖြဲ႔ခ်ဳပ္က ေထာက္ျပလိုက္ၿပီး သတင္းေထာက္အေပၚ တုိက္ခိုက္မႈကို ျပစ္တင္ရႈံ႕ခ်လိုက္ပါတယ္။ IFJ အဖြဲ႔ဟာ ႏိုင္ငံေပါင္း ၁၄၀ က သတင္းေထာက္ေပါင္း (၆)သိန္းကို ကုိယ္စားျပဳတဲ့ အဖ ြဲ႔ ျဖစ္ပါတယ္။

................

တိုက္႐ိုက္ လင့္ခ္


ရခိုင်မှာ သတင်းထောက်ခြိမ်းခြောက်ခံရမှုကို စုံစမ်းဖို့ နိုင်ငံတကာသတင်းသမားများအဖွဲ့ချုပ် တောင်းဆို

(Unicode)

Myanmar Now နဲ့ Development Media Group (DMG)အွန်လိုင်း သတင်းဌာနတေ ွအတွက် အလုပ်လုပ်နေတဲ့ ရခိုင်ပြည်နယ် အခြေစိုက် သတင်းထောက် ကိုကျော်လင်းကို အမည်မသိ ဆိုင်ကယ်သမားတွေက မေလ(၁၃)ရက်နေ့က လာရောက် ခြိမ်းခြောက် စော်ကား သ ွားတဲ့အပေါ် မြန်မာ အာဏာပိုင်တွေ အနေနဲ့ အမြန်ဆုံး စုံစမ်းဖေါ်ထုတ်ပေးဖို့ (IFJ) ခေါ် နိုင်ငံတကာ သတင်းသမားများ အဖွဲ့ချုပ်က တောင်းဆို လိုက်ပါတယ်။



စစ်တွေမြို့ခံ ကိုကျော်လင်းကို ဆိုင်ကယ်စီး လူနှစ်ဦးက အနီးနား ချဉ်းကပ်လာပြီး လေးဂ ွနဲ့ပစ်ရင်း သတ်ပစ်မယ်လို့ အော်ဟစ် ခြိမ်းခြောက် ထွက်ပြေးသ ွားပါတယ်။ ကိုကျော်လင်းကတော့ ရင်ဘတ်မှာ ဒဏ်ရာ အနည်းငယ် ရသွားပါတယ်။

ကိုကျော်လင်းဟာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာ့တပ်မတော်တို့ကြား စစ်ရေးပဋိပက္ခ တွေ အကြောင်း ရေးသားခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကလည်း ရခိုင်ဒေသတွင်း မြေယာဈေးနှုန်းပြဿနာအကြောင်း ရေးသားခဲ့ပြီးနောက်မှာ အမည်မသိသူတဦးက သူ့ကို ဓါးနဲ့လိုက်ထိုးခဲ့ဖူးပါတယ်။ အဲဒီ ဓါးသမား တရားခံကို ရဲက ခုချိန်ထိ ဖမ်းမမိသေးပါဘူး။

ဒီလို လက်သည်တရားခံကို မြန်မာနိုင်ငံမှာ ဖေါ်ထုတ် အရေးယူခြင်း မရှိတဲ့ယဉ်ကျေးမှုက သတင်းထောက်တေ ွကို တိုက်ခိုက် စော်ကားဖို့ ခ ွင့်ပြုထားသလို ဖြစ်နေတဲ့အတွက် ဒါတွေကို အဆုံးသတ်သင့်ပြီလို့ IFJ အဖွဲ့ချုပ်က ထောက်ပြလိုက်ပြီး သတင်းထောက်အပေါ် တိုက်ခိုက်မှုကို ပြစ်တင်ရှုံ့ချလိုက်ပါတယ်။ IFJ အဖွဲ့ဟာ နိုင်ငံပေါင်း ၁၄၀ က သတင်းထောက်ပေါင်း (၆)သိန်းကို ကိုယ်စားပြုတဲ့ အဖ ွဲ့ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG