သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

AA အဖြဲ႔အေၾကာင္း သတင္းေရးသူေတြကုိ ၿခိမ္းေျခာက္တာေတြ ရပ္တန္႔ဖုိ႔ CPJ အဖြဲ႔ေတာင္းဆုိ


(Zawgyi/Unicode)

ျမန္မာ အာဏာပိုင္ေတြအေနနဲ႔ နိရဥၥရာ သတင္း Website အယ္ဒီတာ ခိုင္ျမတ္ေက်ာ္ကို တရားစြဲဆို ထားတာကို ႐ုပ္သိမ္းေပးဖို႔နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA သတင္းေတြကို ေရးသား တင္ျပေနတဲ့ သတင္းေထာက္ေတြကို ၿခိမ္းေျခာက္ေန တာေတြကိုရပ္ဆိုင္းဖို႔ သတင္းသမားမ်ား အကာအကြယ္ေပးေရးေကာ္မတီ( Committee to protect Journalists-CPJ) က မေန႔ ဗုဒၶဟူးေန႔က ေတာင္းဆိုလိုက္ပါတယ္။

မတ္လကုန္ ၃၁ ရက္ေန႔က အယ္ဒီတာခိုင္ျမတ္ေက်ာ္ကို AA အဖြဲ႕ေျပာခြင့္ရတဲ့ ဆက္သြယ္ အင္တာဗ်ဴး လုပ္ခဲ့ တာေၾကာင့္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ စစ္ေတြၿမိဳ႕ ရဲတပ္ဖြဲ႕က တရားစြဲဆိုခဲ့သလို သူ႔ရဲ႕ သတင္းဌာနကိုလည္း ရဲတပ္ဖြဲ႕က စီးနင္း ဝင္ေရာက္ခဲ့ၿပီး ဝန္ထမ္း ၃ ဦးကို စစ္ေဆးေမးျမန္းဖို႔ ေခတၱ ထိန္းသိမ္းခဲ့တာကို CJP က သတင္းရရွိေၾကာင္းနဲ႔​ အဲဒီေနာက္ အယ္ဒီတာ ခိုင္ျမတ္ေက်ာ္ ေရွာင္ပုန္း ေနခဲ့ ရေၾကာင္း သတင္းသမားတစ္ဦးကို ကိုးကားၿပီး CJP က ေျပာပါတယ္။

အၾကမ္းဖက္ဥပေဒေတြနဲ႔ သူ႔ေပၚတရားစြဲဆိုထားတာကို ခ်က္ခ်င္း ႐ုပ္သိမ္းသင့္ေၾကာင္းနဲ႔ သတင္းသမားေတြကို အၾကမ္းဖက္သမား အျဖစ္ မသတ္မွတ္ဘဲ ျမန္မာနိုင္ငံက ပဋိပကၡ ျဖစ္ပြားရာေနရာေတြမွာ သတင္းယူဖို႔ ခြင့္ျပဳရမွာ ျဖစ္ေၾကာင္း CPJ ရဲ့ အေရွ႕ေတာင္အာရွ ေဒသ ကိုယ္စားလွယ္ Shawn Crispin က ေျပာပါတယ္။

မတ္လ ၃၁ ရက္ေန႔တစ္ေန႔တည္းမွာပဲ ျမန္မာ အာဏာပိုင္ေတြက အလားတူ စြဲခ်က္နဲ႔ VOICE OF MYANMAR အယ္ဒီတာ ကိုေနလင္းကို AA ေျပာခြင့္ရ ခိုင္သုခနဲ႔ အင္တာဗ်ဳးကို ထုတ္ေဝမႈအတြက္ တရားစြဲဆိုခဲ့ေပမယ့္ ဧၿပီ ၁၀ ရက္ေန႔မွာေတာ့ ျပန္လႊတ္ေပးခဲ့တယ္လို႔ ရိုက္တာ သတင္း တရပ္မွာ ပါရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

AA အဖွဲ့အကြောင်း သတင်းရေးသူတွေကို ခြိမ်းခြောက်တာတွေ ရပ်တန့်ဖို့ CPJ အဖွဲ့တောင်းဆို

(Unicode)

မြန်မာ အာဏာပိုင်တွေအနေနဲ့ နိရဉ္စရာ သတင်း Website အယ်ဒီတာ ခိုင်မြတ်ကျော်ကို တရားစွဲဆို ထားတာကို ရုပ်သိမ်းပေးဖို့နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA သတင်းတွေကို ရေးသား တင်ပြနေတဲ့ သတင်းထောက်တွေကို ခြိမ်းခြောက်နေ တာတွေကိုရပ်ဆိုင်းဖို့ သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီ( Committee to protect Journalists-CPJ) က မနေ့ ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။

မတ်လကုန် ၃၁ ရက်နေ့က အယ်ဒီတာခိုင်မြတ်ကျော်ကို AA အဖွဲ့ပြောခွင့်ရတဲ့ ဆက်သွယ် အင်တာဗျူး လုပ်ခဲ့ တာကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ စစ်တွေမြို့ ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့သလို သူ့ရဲ့ သတင်းဌာနကိုလည်း ရဲတပ်ဖွဲ့က စီးနင်း ဝင်ရောက်ခဲ့ပြီး ဝန်ထမ်း ၃ ဦးကို စစ်ဆေးမေးမြန်းဖို့ ခေတ္တ ထိန်းသိမ်းခဲ့တာကို CJP က သတင်းရရှိကြောင်းနဲ့ အဲဒီနောက် အယ်ဒီတာ ခိုင်မြတ်ကျော် ရှောင်ပုန်း နေခဲ့ ရကြောင်း သတင်းသမားတစ်ဦးကို ကိုးကားပြီး CJP က ပြောပါတယ်။

အကြမ်းဖက်ဥပဒေတွေနဲ့ သူ့ပေါ်တရားစွဲဆိုထားတာကို ချက်ချင်း ရုပ်သိမ်းသင့်ကြောင်းနဲ့ သတင်းသမားတွေကို အကြမ်းဖက်သမား အဖြစ် မသတ်မှတ်ဘဲ မြန်မာနိုင်ငံက ပဋိပက္ခ ဖြစ်ပွားရာနေရာတွေမှာ သတင်းယူဖို့ ခွင့်ပြုရမှာ ဖြစ်ကြောင်း CPJ ရဲ့ အရှေ့တောင်အာရှ ဒေသ ကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။

မတ်လ ၃၁ ရက်နေ့တစ်နေ့တည်းမှာပဲ မြန်မာ အာဏာပိုင်တွေက အလားတူ စွဲချက်နဲ့ VOICE OF MYANMAR အယ်ဒီတာ ကိုနေလင်းကို AA ပြောခွင့်ရ ခိုင်သုခနဲ့ အင်တာဗျုးကို ထုတ်ဝေမှုအတွက် တရားစွဲဆိုခဲ့ပေမယ့် ဧပြီ ၁၀ ရက်နေ့မှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ရိုက်တာ သတင်း တရပ်မှာ ပါရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG