သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ သတင္းလြတ္လပ္ခြင့္ေပးဖုိ႔ အရပ္သားအစုိးရကုိ ႏုိင္ငံတကာ မီဒီယာအဖြဲ႔ေတြ တုိက္တြန္း


DVB သတင္းဌာန ရံုးခန္းတေနရာ (ဓါတ္ပံု - CPJ/Shawn Crispin)

(Zawgyi/Unicode)

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သားအစိုးရ အေနနဲ႔ ဒီမိုကေရစီစနစ္ ေဖၚေဆာင္မယ္ဆိုတဲ့ ေပးထားတဲ့ကတိအတိုင္း အေျခခံအခ်က္ျဖစ္တဲ့ သတင္း လြတ္လပ္ခြင့္ အျပည့္အ၀လုပ္ေဆာင္ေပးဖို႔ နယူးေရာက္အေျခစိုက္ CPJ သတင္းသမားမ်ား ကာကြယ္ေစာင့္ေရွာက္ေရး အဖြဲ႔ ႀကီးက မေန႔ တနလၤာေန႔က တိုက္တြန္းလိုက္ပါတယ္။

ေမလ (၃)ရက္ ႏိုင္ငံတကာ သတင္းလြတ္လပ္ခြင့္ေန႔ နဲ႔ ပတ္သက္လို႔ျမန္မာႏိုင္ငံမွာ သတင္းလြတ္လပ္ခြင့္ အေျခအေန အရမ္းကို က်ဆင္းလာေနတဲ့အေၾကာင္း ကိုယ္တိုင္ေတြ႕ႀကံဳရတဲ့ ျမန္မာသတင္းသမားတခ်ဳိ႕ကိုဗီြအိုေအ က ေမးျမန္းခြင့္ရခဲ့ပါတယ္။ မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

တနဂၤေႏြေန႔က က်ေရာက္ခဲ့တဲ့ ႏိုင္ငံတကာသတင္းလြတ္လပ္ခြင့္ေန႔မွာ ျမန္မာစာနယ္ဇင္း သမားေတြနဲ႔အတူ သတင္းလြတ္လပ္ခြင့္တိုက္ပဲြအတြက္ တညီတညြတ္တည္း ရပ္တည္ေနေၾကာင္း CPJ အာရွေဒသဆိုင္ရာ တာ၀န္ခံ Steven Butler က ဗီြအိုေအကို ေျပာပါတယ္။

" ျမန္မာႏိုင္ငံမွာ သတင္းလြတ္လပ္ခြင့္အတြက္ ျမန္မာ သတင္းသမားေတြနဲ႔ က်ေနာ္တို႔ တညီတညြတ္တည္း ရပ္တည္ေနပါတယ္။ လြန္ခဲ့တဲ့ ႏွစ္အတန္ၾကာက ျမန္မာဒီမိုကေရစီေရးအတြက္ ကတိေပးခဲ့တဲ့အတိုင္း အရပ္သားအစိုးရအေနနဲ႔ အေကာင္အထည္ေဖၚ ဖို႔ CPJ အေနနဲ႔ ေတာင္းဆိုပါတယ္။လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကဆိုရင္ ဒီမိုကေရစီနည္းလမ္းနဲ႔ ေရြးေကာက္တင္ေျမွာက္ခံရတဲ့ အစိုးရအေနနဲ႔ သတင္းလြတ္လပ္ခြင့္ရွိဖို႔ ဦးေဆာင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ခ်က္ အမ်ားႀကီးရွိခဲ့တာပါ။ ဒါေပမဲ့ အဲဒီိလို ျဖစ္မလာခဲ့ပါဘူး။ ဒါေၾကာင့္ ျမန္မာအရပ္သားအစိုးရေရာ၊ စစ္တပ္ကပါ ၀င္မပါပဲ သတင္းသမားေတြ ကို သူတို႔အလုပ္သူတို႔ လုပ္ဖို႔ ခြင့္ျပဳလိမ့္မယ္လို႔ က်ေနာ္တို႔ အမွန္တကယ္ပဲ ေမွ်ာ္လင့္ပါတယ္။"

လက္ရွိ ျမန္မာႏိုင္ငံမွာ သတင္း အင္တာနက္ ၀က္ဘ္ဆိုဒ္ေတြကို ပိတ္ပစ္တာ၊ ဆက္သြယ္ေမးျမန္းတဲ့အတြက္ သတင္းအယ္ဒီတာေတြကုိ ဖမ္းဆီးအေရးယူတာ စတဲ့ သတင္းလြတ္လပ္ခြင့္အေပၚ ျပင္းျပင္းထန္ထန္ ဖိအားေပးမႈေတြ ဆက္ၿပီးရွိေနဆဲျဖစ္တယ္လို႔ Steven Butler ကဆိုပါတယ္။

ၿပီးခဲ့တဲ့ သတင္းပတ္ေတြအတြင္းကဆိုရင္လည္း မႏၱေလးအေျခစိုက္ VOM သတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးေနမ်ဳိးလင္းကို AA ရခုိင္လက္နက္ကိုင္အဖဲြ႕က တာ၀န္ရွိသူတဦးနဲ႔ ဆက္သြယ္ေမးျမန္းခဲ့တဲ့အတြက္ ရဲတပ္ဖဲြ႕က ဖမ္းဆီးခဲ့ၿပီး အၾကမ္းဖက္ဥပေဒပုဒ္မနဲ႔ စဲြခ်က္တင္ခဲ့တာပါ။ ဒါေပမယ့္ တရားရံုးက လက္မခံပယ္ခ်ခဲ့တဲ့အတြက္သာ အခ်ဳပ္ကေန လြတ္ေျမာက္လာတဲ့ ဦးေနမ်ဳိးလင္းက သတင္းသမားတဦးအေနနဲ႔ ႀကံဳခဲ့ရတဲ့ တုန္လႈပ္ဖြယ္ အေျခအေနကို ဗီြအုိေအကို အခုလို ေျပာပါတယ္။

"အခုလို တိုင္းရင္းသားလက္နက္ကိုင္ အဖဲြ႕အစည္းေတြနဲ႔ ဆက္သြယ္ေမးျမန္းတာကို အၾကမ္းဖက္ ဥပေဒပုဒ္မနဲ႔ စဲြတာ၊ တသက္တကြ်န္းေလာက္ထိ ခ်ႏိုင္တဲ့ ႀကီးေလးတဲ့ ျပစ္ဒဏ္ေတြ ေပးႏိုင္တဲ့ ပုဒ္မေတြနဲ႔စဲြတာက ေတာ္ေတာ္ကို တုန္လႈပ္စရာျဖစ္ေနပါတယ္။ ဘာေၾကာင့္ျဖစ္လဲဆိုေတာ့ က်ေနာ္တို႔ႏိုင္ငံမွာ RTI လို႔ေခၚတဲ့ Right to Information law သတင္းအခ်က္အလက္ ရယူခြင့္ဆိုင္ရာ ဥပေဒ က်က်နနမရွိေသးဘူး။ ဘာမွကို မရွိေသးေတာ့ ဘယ္သူ႔ကို ဆက္သြယ္ရင္ ဘယ္ပုဒ္မနဲ႔ ညိတယ္ဆိုတာ တိတိလင္းလင္း မေျပာႏိုင္ေတာ့၊ သမၼတရံုး ေျပာခြင့္ရွိသူ ဦးေဇာ္ေဌးကိုယ္တိုင္ ကိုက ဒါကုိ ထပ္ၿပီးေဆြးေႏြးရအံုးမယ္၊ ဒါေပမဲ့ ဒီလိုဆက္သြယ္ရင္ တည္ဆဲဥပေဒနဲ႔ သတင္းေထာက္ေတြက ၿငိတယ္ဆိုတဲ့ ပံုစံမ်ဳိး ေျပာထားေတာ့ ေတာ္ေတာ္ကို စိုးရိမ္စရာေကာင္းတဲ့ အေနအထားပါ။"

ဒါအျပင္ ျမန္မာႏိုင္ငံမွာ သတင္းရယူခြင့္ နဲ႔ ပတ္သက္တာ၊ သတင္းသမားေတြကုိ အကာအကြယ္ ေပးတာ စတဲ့ ဥပေဒေတြကို အေသအခ်ာ ျပဌာန္းသင့္ေၾကာင္း၊ ျမန္မာသတင္းေကာင္စီ လို အဖဲြ႕အေနနဲ႔ တကယ့္ကို လြတ္လပ္တဲ့ အဖဲြ႕အစည္းမ်ဳိး ျဖစ္သင့္ေၾကာင္း၊ ပုဂၢလိက သတင္းေအဂ်င္စီေတြရဲ႕ အခန္းက႑ကို ပိုၿပီး တိုးခ်ဲ႕ေပးသင့္ေၾကာင္း ဦးေနမ်ဳိးလင္းက ေျပာပါတယ္။

ကမၻာ့ ကပ္ေရာဂါ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ အေရးေပၚအေျခအေနကာလမွာ ဆိုရင္ သတင္းသမားေတြအတြက္ ေရာဂါဆိုင္ရာ သတင္းေတြယူေရးမွာ အခက္အခဲအလြန္ရွိေနသလို၊ သက္ဆိုင္ရာ ၀န္ႀကီးဌာနဘက္က သတင္းထုတ္ျပန္ခ်က္ေတြအတြက္ အတည္ျပဳ ေျဖၾကားမယ့္ သူ မရွိတဲ့ အေျခအေနကလည္း အေတာ္ေလး ဆိုးေၾကာင္း ျပည္တြင္း ဗီြဒီယိုသတင္းေထာက္ ကိုစည္သူက ဗီြအိုေအကို ေျပာပါတယ္။

" လက္ရွိ ရင္ဆိုင္ေနရတဲ့ အခက္အခဲကေတာ့ က်ေနာ္တို႔ COVID-19 နဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာႏိုင္ငံမွာ ဆက္သြယ္ေမးျမန္းရမယ့္ ပုဂၢိဳလ္ေတြက နည္းနည္း ခက္ေနေတာ့ က်န္းမာေရး၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ကိုပဲ ျပန္တင္ေနရတာမ်ဳိးရွိတာ ေတြ႕ရတာေပါ့ေလ။ သူတို႔ကို ဆက္သြယ္တဲ့အခါမွာလည္း ခက္ခဲပါတယ္။ ၿပီးေတာ့ ၀န္ႀကီးဌာနေတြဘက္က ထုတ္ျပန္ခ်က္ေတြ မွာလည္း အားနည္းတာမ်ုိးေတြ ေတြ႕ရပါတယ္။ သတင္းေထာက္ေတြအေနနဲ႔ လက္ရွိအေျခအေနမွာ အျပင္လည္း မထြက္ရဘူး။ ဖုန္းနဲ႔ပဲ ဆက္သြယ္အတည္ျပဳၿပီး ေမးရတဲ့အခ်ိန္မွာ ေတာ္ေတာ္လည္း ခက္ခဲေနပါတယ္။"

ျပင္သစ္အေျခစိုက္ RSF နည္းစည္းမျခားသတင္းေထာက္မ်ားအဖဲြ႔က ေမလ (၄)ရက္ေန႔ ရက္စဲြနဲ႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ပဋိပကၡေတြထဲက စာနယ္ဇင္းေတြရဲ႕ အေျခအေန အေၾကာင္း သူတို႔ ျပဳလုပ္တဲ့ ဗီြဒီယိုကြန္ဖရင့္ အစည္းအေ၀းကို ေဖၚျပထားၿပီး စာနယ္ဇင္းေလာကကို အကာအကြယ္မေပးႏိုင္ဘူးဆိုရင္ အေျခခံလူ႔အခြင့္အေရးျဖစ္တဲ့ လြတ္လပ္ခြင့္ဆိုတဲ့ ဆံုးရွဳံးမႈကို ေပးဆပ္ရလိမ့္မယ္ဆိုတဲ့အေၾကာင္း သတိေပးထားပါတယ္။

ဧၿပီလေႏွာင္းပိုင္းက ထုတ္ျပန္တဲ့ RSF အဖဲြ႔ရဲ႕ ၂၀၂၀ ျပည့္ အစီရင္ခံစာအရဆိုရင္ ႏိုင္ငံေပါင္း ၁၈၀ ထဲမွာ ျမန္မာႏိုင္ငံအဆင့္ကို ၁၃၉ အျဖစ္ ေဖၚျပထားပါတယ္။ ဒါဟာ ၂၀၁၉ ခုနွစ္က အဆင့္ ၁၃၈ ကေန တဆင့္ ထပ္မံ က်ဆင္းသြားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ပေးဖို့ အရပ်သားအစိုးရကို နိုင်ငံတကာ မီဒီယာအဖွဲ့တွေ တိုက်တွန်း

(Unicode)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ အနေနဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်မယ်ဆိုတဲ့ ပေးထားတဲ့ကတိအတိုင်း အခြေခံအချက်ဖြစ်တဲ့ သတင်း လွတ်လပ်ခွင့် အပြည့်အဝလုပ်ဆောင်ပေးဖို့ နယူးရောက်အခြေစိုက် CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ ကြီးက မနေ့ တနင်္လာနေ့က တိုက်တွန်းလိုက်ပါတယ်။

မေလ (၃)ရက် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့ နဲ့ ပတ်သက်လို့မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အခြေအနေ အရမ်းကို ကျဆင်းလာနေတဲ့အကြောင်း ကိုယ်တိုင်တွေ့ကြုံရတဲ့ မြန်မာသတင်းသမားတချို့ကိုဗွီအိုအေ က မေးမြန်းခွင့်ရခဲ့ပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

တနင်္ဂနွေနေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတကာသတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာစာနယ်ဇင်း သမားတွေနဲ့အတူ သတင်းလွတ်လပ်ခွင့်တိုက်ပွဲအတွက် တညီတညွတ်တည်း ရပ်တည်နေကြောင်း CPJ အာရှဒေသဆိုင်ရာ တာဝန်ခံ Steven Butler က ဗွီအိုအေကို ပြောပါတယ်။

" မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်အတွက် မြန်မာ သတင်းသမားတွေနဲ့ ကျနော်တို့ တညီတညွတ်တည်း ရပ်တည်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်အတန်ကြာက မြန်မာဒီမိုကရေစီရေးအတွက် ကတိပေးခဲ့တဲ့အတိုင်း အရပ်သားအစိုးရအနေနဲ့ အကောင်အထည်ဖေါ် ဖို့ CPJ အနေနဲ့ တောင်းဆိုပါတယ်။လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရအနေနဲ့ သတင်းလွတ်လပ်ခွင့်ရှိဖို့ ဦးဆောင်လိမ့်မယ်လို့ မျှော်လင့်ချက် အများကြီးရှိခဲ့တာပါ။ ဒါပေမဲ့ အဲဒီလို ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် မြန်မာအရပ်သားအစိုးရရော၊ စစ်တပ်ကပါ ဝင်မပါပဲ သတင်းသမားတွေ ကို သူတို့အလုပ်သူတို့ လုပ်ဖို့ ခွင့်ပြုလိမ့်မယ်လို့ ကျနော်တို့ အမှန်တကယ်ပဲ မျှော်လင့်ပါတယ်။"

လက်ရှိ မြန်မာနိုင်ငံမှာ သတင်း အင်တာနက် ဝက်ဘ်ဆိုဒ်တွေကို ပိတ်ပစ်တာ၊ ဆက်သွယ်မေးမြန်းတဲ့အတွက် သတင်းအယ်ဒီတာတွေကို ဖမ်းဆီးအရေးယူတာ စတဲ့ သတင်းလွတ်လပ်ခွင့်အပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးမှုတွေ ဆက်ပြီးရှိနေဆဲဖြစ်တယ်လို့ Steven Butler ကဆိုပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်းကဆိုရင်လည်း မန္တလေးအခြေစိုက် VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က တာဝန်ရှိသူတဦးနဲ့ ဆက်သွယ်မေးမြန်းခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ဥပဒေပုဒ်မနဲ့ စွဲချက်တင်ခဲ့တာပါ။ ဒါပေမယ့် တရားရုံးက လက်မခံပယ်ချခဲ့တဲ့အတွက်သာ အချုပ်ကနေ လွတ်မြောက်လာတဲ့ ဦးနေမျိုးလင်းက သတင်းသမားတဦးအနေနဲ့ ကြုံခဲ့ရတဲ့ တုန်လှုပ်ဖွယ် အခြေအနေကို ဗွီအိုအေကို အခုလို ပြောပါတယ်။

"အခုလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မေးမြန်းတာကို အကြမ်းဖက် ဥပဒေပုဒ်မနဲ့ စွဲတာ၊ တသက်တကျွန်းလောက်ထိ ချနိုင်တဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးနိုင်တဲ့ ပုဒ်မတွေနဲ့စွဲတာက တော်တော်ကို တုန်လှုပ်စရာဖြစ်နေပါတယ်။ ဘာကြောင့်ဖြစ်လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ RTI လို့ခေါ်တဲ့ Right to Information law သတင်းအချက်အလက် ရယူခွင့်ဆိုင်ရာ ဥပဒေ ကျကျနနမရှိသေးဘူး။ ဘာမှကို မရှိသေးတော့ ဘယ်သူ့ကို ဆက်သွယ်ရင် ဘယ်ပုဒ်မနဲ့ ညိတယ်ဆိုတာ တိတိလင်းလင်း မပြောနိုင်တော့၊ သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေးကိုယ်တိုင် ကိုက ဒါကို ထပ်ပြီးဆွေးနွေးရအုံးမယ်၊ ဒါပေမဲ့ ဒီလိုဆက်သွယ်ရင် တည်ဆဲဥပဒေနဲ့ သတင်းထောက်တွေက ငြိတယ်ဆိုတဲ့ ပုံစံမျိုး ပြောထားတော့ တော်တော်ကို စိုးရိမ်စရာကောင်းတဲ့ အနေအထားပါ။"

ဒါအပြင် မြန်မာနိုင်ငံမှာ သတင်းရယူခွင့် နဲ့ ပတ်သက်တာ၊ သတင်းသမားတွေကို အကာအကွယ် ပေးတာ စတဲ့ ဥပဒေတွေကို အသေအချာ ပြဌာန်းသင့်ကြောင်း၊ မြန်မာသတင်းကောင်စီ လို အဖွဲ့အနေနဲ့ တကယ့်ကို လွတ်လပ်တဲ့ အဖွဲ့အစည်းမျိုး ဖြစ်သင့်ကြောင်း၊ ပုဂ္ဂလိက သတင်းအေဂျင်စီတွေရဲ့ အခန်းကဏ္ဍကို ပိုပြီး တိုးချဲ့ပေးသင့်ကြောင်း ဦးနေမျိုးလင်းက ပြောပါတယ်။

ကမ္ဘာ့ ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အရေးပေါ်အခြေအနေကာလမှာ ဆိုရင် သတင်းသမားတွေအတွက် ရောဂါဆိုင်ရာ သတင်းတွေယူရေးမှာ အခက်အခဲအလွန်ရှိနေသလို၊ သက်ဆိုင်ရာ ဝန်ကြီးဌာနဘက်က သတင်းထုတ်ပြန်ချက်တွေအတွက် အတည်ပြု ဖြေကြားမယ့် သူ မရှိတဲ့ အခြေအနေကလည်း အတော်လေး ဆိုးကြောင်း ပြည်တွင်း ဗွီဒီယိုသတင်းထောက် ကိုစည်သူက ဗွီအိုအေကို ပြောပါတယ်။

" လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ ကျနော်တို့ COVID-19 နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ ဆက်သွယ်မေးမြန်းရမယ့် ပုဂ္ဂိုလ်တွေက နည်းနည်း ခက်နေတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကိုပဲ ပြန်တင်နေရတာမျိုးရှိတာ တွေ့ရတာပေါ့လေ။ သူတို့ကို ဆက်သွယ်တဲ့အခါမှာလည်း ခက်ခဲပါတယ်။ ပြီးတော့ ဝန်ကြီးဌာနတွေဘက်က ထုတ်ပြန်ချက်တွေ မှာလည်း အားနည်းတာမျိုးတွေ တွေ့ရပါတယ်။ သတင်းထောက်တွေအနေနဲ့ လက်ရှိအခြေအနေမှာ အပြင်လည်း မထွက်ရဘူး။ ဖုန်းနဲ့ပဲ ဆက်သွယ်အတည်ပြုပြီး မေးရတဲ့အချိန်မှာ တော်တော်လည်း ခက်ခဲနေပါတယ်။"

ပြင်သစ်အခြေစိုက် RSF နည်းစည်းမခြားသတင်းထောက်များအဖွဲ့က မေလ (၄)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပဋိပက္ခတွေထဲက စာနယ်ဇင်းတွေရဲ့ အခြေအနေ အကြောင်း သူတို့ ပြုလုပ်တဲ့ ဗွီဒီယိုကွန်ဖရင့် အစည်းအဝေးကို ဖေါ်ပြထားပြီး စာနယ်ဇင်းလောကကို အကာအကွယ်မပေးနိုင်ဘူးဆိုရင် အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်ခွင့်ဆိုတဲ့ ဆုံးရှုံးမှုကို ပေးဆပ်ရလိမ့်မယ်ဆိုတဲ့အကြောင်း သတိပေးထားပါတယ်။

ဧပြီလနှောင်းပိုင်းက ထုတ်ပြန်တဲ့ RSF အဖွဲ့ရဲ့ ၂၀၂၀ ပြည့် အစီရင်ခံစာအရဆိုရင် နိုင်ငံပေါင်း ၁၈၀ ထဲမှာ မြန်မာနိုင်ငံအဆင့်ကို ၁၃၉ အဖြစ် ဖေါ်ပြထားပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ်က အဆင့် ၁၃၈ ကနေ တဆင့် ထပ်မံ ကျဆင်းသွားတာဖြစ်ပါတယ်။

XS
SM
MD
LG