သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သတင္းေထာက္ေတြကို မဖမ္းဖို႔ သတင္းလြတ္လပ္ခြင့္ေန႔မွာ ကုလ အထူးကိုယ္စားလွယ္ တိုက္တြန္း


၂၀၁၉ ခုႏွစ္က ဖိလစ္ပုိင္တြင္ သတင္းလြတ္လပ္ခြင့္ ဖိႏွိပ္မႈမ်ားအတြက္ ဆႏၵျပေနသူမ်ား။ (ေမ ၃၊ ၂၀၁၉)

(Zawgyi / Unicode)

သတင္းသမားေတြကို ဖမ္းဆီးအေရးယူတာ၊ အေႏွာင့္အယွက္ေပးတာနဲ႔ ဖိႏွိပ္တာေတြ ရပ္ဆိုင္းၾကဖို႔ ဒီကေန႔ ေမလ ၃ ရက္ေန႔မွာ က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ သတင္းလြတ္လပ္ခြင့္ေန႔မွာ ကုလသမဂၢ လူ႔အခြင့္ေရးအဖြဲ႔ႀကီးရဲ႕ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ဆိုင္ရာ အထူးကိုယ္စားလွယ္ David Kaye က ေၾကညာခ်က္ထုတ္ျပန္ တုိက္တြန္းလိုက္ပါတယ္။

သတင္းလြတ္လပ္ခြင့္ရွိရင္ လူထုအေနနဲ႔ အခ်က္အလက္မ်ိဳးစံုကို ရႏိုင္တာျဖစ္ၿပီး အထူးသျဖင့္ လူထုက်န္းမာေရး ျပႆနာႀကီးျဖစ္တဲ့ ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါနဲ႔ ရင္ဆုိင္ေနရခ်ိန္မွာ သတင္းလြတ္လပ္ခြင့္ဟာ အေရးပါေၾကာင္း ေျပာပါတယ္။

အခုျဖစ္ပြားေနတဲ့ ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး ဒီေရာဂါရဲ႕ သေဘာသဘာဝေတြ၊ လူသားေတြ ဘယ္လိုရင္ဆိုင္ေနရတယ္ ဆိုတာေတြကို ကမာၻတလႊား က်ယ္က်ယ္ျပန္႔ျပန္႔ သိလာေအာင္ ႀကိဳးစားၿပီး သတင္းယူေနတဲ့ သတင္းေထာက္ေတြကို အစိုးရပိုင္းက အေႏွာင့္အယွက္ေပးတာကို မၾကာခင္ လေတြအတြင္း ေတြ႔ေနရတာေၾကာင့္ လူထုအတြက္ အေရးပါတဲ့ သတင္းေတြ ရယူေပးေနသူေတြကို လြတ္လြတ္လပ္လပ္ သတင္းရယူခြင့္ေပးဖို႔လည္း ေတာင္းဆိုလိုက္တာပါ။

သတင္းရယူတဲ့အတြက္ ဖမ္းဆီးခံေနရတဲ့ သတင္းေထာက္က ၂၅၀ ေလာက္ ရွိမယ္လို႔ CPJ (Committee to Protect Journalists) သတင္းသမားမ်ား ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႔က ခန္႔မွန္းထားၿပီး သတင္းလြတ္လပ္ခြင့္ ခ်ိဳးေဖာက္မႈေတြ ရွိေနတာကို ကုလသမဂၢက အေလးထားဖုိ႔လည္း နယ္စည္းမျခား သတင္းသမားမ်ားအဖြဲ႔ RSF (Reporters Without Borders) က ေတာင္းဆိုထားပါတယ္။

သတင္းသမားေတြကို ဒီလို အေရးယူ အျပစ္ေပးတာေတြ ရပ္ဆိုင္းဖို႔နဲ႔ အဖမ္းဆီးခံေနရတဲ့ သတင္းသမားေတြကို အေရးတႀကီး ျပန္လႊတ္ေပးဖို႔လည္း ကုလသမဂၢ လူ႔အခြင့္အေရးအဖြဲ႔ႀကီးက ေတာင္းဆိုလိုက္တာပါ။

ျမန္မာႏုိင္ငံမွာလည္း နိရၪၥရာသတင္းဌာနက သတင္းေထာက္ ၃ ဦး မတ္လကုန္က အဖမ္းခံခဲ့ရတာျဖစ္ၿပီး လက္ရွိ ကပ္ေရာဂါျဖစ္ပြားေနခ်ိန္မွာ အခုလို လုပ္ေဆာင္တာဟာ မသင့္ေလ်ာ္ေၾကာင္း သတင္းမီဒီယာေကာင္စီက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ကမာၻတဝွမ္း ကို႐ုိနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံရသူဟာ စေနေန႔မွာ ၃၄၀၀၀၀၀ နီးပါး ရွိေနၿပီး ေသဆံုးရသူကေတာ့ ၂၄၀၀၀၀ ေက်ာ္ ရွိေနတယ္လို႔ အေမရိကန္အေျခစိုက္ Johns Hopkins တကၠသိုလ္ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

သတင်းထောက်တွေကို မဖမ်းဖို့ သတင်းလွတ်လပ်ခွင့်နေ့မှာ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

သတင်းသမားတွေကို ဖမ်းဆီးအရေးယူတာ၊ အနှောင့်အယှက်ပေးတာနဲ့ ဖိနှိပ်တာတွေ ရပ်ဆိုင်းကြဖို့ ဒီကနေ့ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သတင်းလွတ်လပ်ခွင့်နေ့မှာ ကုလသမဂ္ဂ လူ့အခွင့်ရေးအဖွဲ့ကြီးရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် David Kaye က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

သတင်းလွတ်လပ်ခွင့်ရှိရင် လူထုအနေနဲ့ အချက်အလက်မျိုးစုံကို ရနိုင်တာဖြစ်ပြီး အထူးသဖြင့် လူထုကျန်းမာရေး ပြဿနာကြီးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ သတင်းလွတ်လပ်ခွင့်ဟာ အရေးပါကြောင်း ပြောပါတယ်။

အခုဖြစ်ပွားနေတဲ့ ကပ်ရောဂါနဲ့ပတ်သက်ပြီး ဒီရောဂါရဲ့ သဘောသဘာဝတွေ၊ လူသားတွေ ဘယ်လိုရင်ဆိုင်နေရတယ် ဆိုတာတွေကို ကမ္ဘာတလွှား ကျယ်ကျယ်ပြန့်ပြန့် သိလာအောင် ကြိုးစားပြီး သတင်းယူနေတဲ့ သတင်းထောက်တွေကို အစိုးရပိုင်းက အနှောင့်အယှက်ပေးတာကို မကြာခင် လတွေအတွင်း တွေ့နေရတာကြောင့် လူထုအတွက် အရေးပါတဲ့ သတင်းတွေ ရယူပေးနေသူတွေကို လွတ်လွတ်လပ်လပ် သတင်းရယူခွင့်ပေးဖို့လည်း တောင်းဆိုလိုက်တာပါ။

သတင်းရယူတဲ့အတွက် ဖမ်းဆီးခံနေရတဲ့ သတင်းထောက်က ၂၅၀ လောက် ရှိမယ်လို့ CPJ (Committee to Protect Journalists) သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ခန့်မှန်းထားပြီး သတင်းလွတ်လပ်ခွင့် ချိုးဖောက်မှုတွေ ရှိနေတာကို ကုလသမဂ္ဂက အလေးထားဖို့လည်း နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF (Reporters Without Borders) ကတောင်းဆိုထားပါတယ်။

သတင်းသမားတွေကို ဒီလို အရေးယူ အပြစ်ပေးတာတွေ ရပ်ဆိုင်းဖို့နဲ့အဖမ်းဆီးခံနေရတဲ့ သတင်းသမားတွေကို အရေးတကြီး ပြန်လွှတ်ပေးဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ကြီးက တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာလည်း နိရဉ္စရာသတင်းဌာနက သတင်းထောက် ၃ ဦး မတ်လကုန်က အဖမ်းခံခဲ့ရတာဖြစ်ပြီး လက်ရှိ ကပ်ရောဂါဖြစ်ပွားနေချိန်မှာ အခုလို လုပ်ဆောင်တာဟာ မသင့်လျော်ကြောင်း သတင်းမီဒီယာကောင်စီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူဟာ စနေနေ့မှာ ၃၄၀၀၀၀၀ နီးပါး ရှိနေပြီး သေဆုံးရသူကတော့ ၂၄၀၀၀၀ ကျော် ရှိနေတယ်လို့ အမေရိကန်အခြေစိုက် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG