သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိရုိနာဗုိင္းရပ္စ္သတင္းယူရင္း သတင္းေထာက္အနည္းဆုံး ၅၅ ဦး ေသဆုံးခဲ့


အိႏၵိယႏိုင္ငံက Quarantine အေဆာင္ေရွ႕မွာေစာင့္ေနတဲ့သတင္းေထာက္မ်ား။

Zawgyi/Unicode

ကမာၻတလႊား ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ေၾကာင့္ လြန္ခဲ့တဲ့ ၂ လအတြင္း သတင္းသမား ဒါဇင္နဲ႔ခ်ီ ေသဆံုးခဲ့ရၿပီး ဒီေရာဂါနဲ႔ပတ္သက္တဲ့ သတင္းရယူရာမွာ သူတို႔ဟာ ကိုယ့္ကိုယ္ကို မကူးစက္ ေအာင္ အကာကြယ္ေကာင္းေကာင္း မရွိတာကို စိတ္မေကာင္းစရာ ေတြ႔ရတယ္လို႔ သတင္းလြတ္လပ္ခြင့္ အဖြဲ႔ႀကီးက ေသာၾကာေန႔မွာ ေျပာပါတယ္။

ေမလ ၃ ရက္ တနဂၤေႏြေန႔မွာ က်ေရာက္မယ့္ World Press Freedom Day ႏိုင္ငံတကာ သတင္းလြတ္လပ္ခြင့္ေန႔ မတိုင္ခင္ PEC သတင္းသမားမ်ား အဖြဲ႔က ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာ ျဖစ္ၿပီး သတင္းသမား အမ်ားအျပားဟာ ဒီကပ္ေရာဂါ ဆိုင္ရာ သတင္း ရယူရာမွာ သူတို႔ကိုယ္တိုင္ အႏၱရာယ္ တြင္းထဲေရာက္သြားၿပီး ေရာဂါ အကူးစက္ခံရသူ အမ်ားအျပား ရွိေနတယ္လို႔ ေျပာပါတယ္။

မတ္လ ၁ ရက္ေန႔ကစၿပီး ႏိုင္ငံေပါင္း ၂၃ ႏိုင္ငံမွာ သတင္းသမား ၅၅ ဦး ေသဆံုးခဲ့တာ ေတြရေၾကာင္းနဲ႔ သူတို႔ အားလံုးဟာ သတင္းရယူရင္း ေရာဂါ အကူးစက္ခံရတာာ ဟုတ္မဟုတ္ေတာ့ ခုထိ မသိရေသးဘူးလို႔ PEC (Press Emblem Campaign) အဖြဲ႔ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

ဒါေပမယ့္လည္း သတင္းေထာက္ေတြဟာ လက္ရွိ ကပ္ေရာဂါနဲ႔ ပတ္သက္တဲ့ သတင္းေတြကို ျပည္သူကို တင္ျပရမွာမို႔ သူတို႔ဟာ ေဆးရံုေတြကို သြားတာ၊ ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ ႏိုင္ငံေရးေခါင္းေဆာင္ေတြ၊ သိပၸြံပညာရွင္ေတြ ဆီသာ မက လူနာေတြနဲ႔ပါ လူေတြ႔ေမးျမန္းတာေတြကို အႏၱရာယ္ရွိတဲ့ၾကားကဘဲလုပ္ေဆာင္ ေနရတယ္လို႔လည္း ေဖၚျပထားပါတယ္။

အထူးသျဖင့္ ဒီကပ္ေရာဂါ ျဖစ္ပြါးတဲ့ အေစာပိုင္းကာလတုန္းက လူခ်င္းခပ္ခြါခြါေနဖို႔ ႏွာေခါင္းစည္း တပ္ဖို႔ ေတြလို အကာကြယ္ေတြလုပ္ဖို႔ ႏိုင္ငံအေတာ္မ်ားမ်ားမွာ ကန္႔သတ္ ေပးမထား ခဲ့ဘူးလို႔လည္း ေျပာပါတယ္။

အခုလို ကမာၻတလႊား ဒီေရာဂါပိုး အကူးစက္ခံရၿပီး လူေပါင္း ၂၃၆,၀၀၀ နီးပါး ေသဆံုးေနရခ်ိန္မွာေတာင္ တခ်ိဳ႕ႏိုင္ငံေတြက သတင္း ျဖတ္ေတာက္မႈလုပ္တာ၊ အင္တာနက္ ျဖတ္ေတာက္တာနဲ႔ သတင္းေထာက္ ေတြကို ႏႈတ္နဲ႔ေရာ၊ ကိုယ္ထိလက္ေရာက္ပါ အေႏွာက္ယွက္ ေပးတာ ေတြ႔ေနရၿပီး ႏိုင္ငံတကာ သတင္းလြတ္လပ္ခြင့္ေန႔ က်ေရာက္တဲ့ ဒီသီတင္းပတ္ေတြမွာ ႀကံဳေနရတယ္ လို႔လည္း PEC သတင္းလြတ္လပ္ခြင့္ အဖြဲ႔ႀကီးက ေျပာပါတယ္။

[Unicode]

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကြောင့် လွန်ခဲ့တဲ့ ၂ လအတွင်း သတင်းသမား ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီး ဒီရောဂါနဲ့ပတ်သက်တဲ့ သတင်းရယူရာမှာ သူတို့ဟာ ကိုယ့်ကိုယ်ကို မကူးစက် အောင် အကာကွယ်ကောင်းကောင်း မရှိတာကို စိတ်မကောင်းစရာ တွေ့ရတယ်လို့ သတင်းလွတ်လပ်ခွင့် အဖွဲ့ကြီးက သောကြာနေ့မှာ ပြောပါတယ်။

မေလ ၃ ရက် တနင်္ဂနွေနေ့မှာ ကျရောက်မယ့် World Press Freedom Day နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့ မတိုင်ခင် PEC သတင်းသမားများ အဖွဲ့ကကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး သတင်းသမား အများအပြားဟာ ဒီကပ်ရောဂါ ဆိုင်ရာ သတင်း ရယူရာမှာ သူတို့ကိုယ်တိုင် အန္တရာယ် တွင်းထဲရောက်သွားပြီး ရောဂါ အကူးစက်ခံရသူ အများအပြား ရှိနေတယ်လို့ ပြောပါတယ်။

မတ်လ ၁ ရက်နေ့ကစပြီး နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ သတင်းသမား ၅၅ ဦး သေဆုံးခဲ့တာ တွေရကြောင်းနဲ့ သူတို့ အားလုံးဟာ သတင်းရယူရင်း ရောဂါ အကူးစက်ခံရတာာ ဟုတ်မဟုတ်တော့ ခုထိ မသိရသေးဘူးလို့ PEC (Press Emblem Campaign) အဖွဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့်လည်း သတင်းထောက်တွေဟာ လက်ရှိ ကပ်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းတွေကို ပြည်သူကို တင်ပြရမှာမို့ သူတို့ဟာဆေးရုံတွေကို သွားတာ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ သိပ္ပွံပညာရှင်တွေ ဆီသာ မက လူနာတွေနဲ့ပါ လူတွေ့မေးမြန်းတာတွေကိုအန္တရာယ်ရှိတဲ့ကြားကဘဲလုပ်ဆောင် နေရတယ်လို့လည်းဖေါ်ပြထားပါတယ်။

အထူးသဖြင့် ဒီကပ်ရောဂါ ဖြစ်ပွါးတဲ့ အစောပိုင်းကာလတုန်းက လူချင်းခပ်ခွါခွါနေဖို့ နှာခေါင်းစည်း တပ်ဖို့ တွေလို အကာကွယ်တွေလုပ်ဖို့ နိုင်ငံအတော်များများမှာ ကန့်သတ် ပေးမထား ခဲ့ဘူးလို့လည်း ပြောပါတယ်။

အခုလို ကမ္ဘာတလွှား ဒီရောဂါပိုး အကူးစက်ခံရပြီး လူပေါင်း ၂၃၆,၀၀၀ နီးပါး သေဆုံးနေရချိန်မှာတောင် တချို့နိုင်ငံတွေကသတင်း ဖြတ်တောက်မှုလုပ်တာ၊ အင်တာနက် ဖြတ်တောက်တာနဲ့ သတင်းထောက် တွေကို နှုတ်နဲ့ရော၊ကိုယ်ထိလက်ရောက်ပါ အနှောက်ယှက် ပေးတာ တွေ့နေရပြီး နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့ ကျရောက်တဲ့ ဒီသီတင်းပတ်တွေမှာ ကြုံနေရတယ် လို့လည်း PEC သတင်းလွတ်လပ်ခွင့် အဖွဲ့ကြီးက ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG