(Zawgyi/Unicode)
COVID-19 ေရာဂါကာကြယ္ေဆး ေဖာ္ထုတ္ႏိုင္ဖုိ႔ ႀကိဳးစားေနၾကတဲ့ ၿဗိတိန္ႏိုင္ငံ Oxford တကၠသိုလ္က သိပၸံပညာ႐ွင္ေတြက လူေတြမွာ ပထမဆံုး ေဆးထိုး စမ္းသပ္ခဲ့ၾကပါတယ္။ ေဆးသစ္ စမ္းသပ္မႈမွာပါဝင္ဖုိ႔ ဆႏၵ႐ွိသူ ႏွစ္ ေယာက္ကို ၾကာသပေတးေန႔က COVID-19 ေဆးထိုးၿပီး စတင္ စမ္းသပ္တာျဖစ္ပါတယ္။ ေအာင္ျမင္မယ္လို႔ ေမ ွ်ာ္လင့္ထားေၾကာင္း ဒီစမ္းသပ္မႈကို ဦးေဆာင္တဲ့ သိပၸံပညာ႐ွင္ ပါေမာကၡ Sarah Gilbert ကေျပာပါတယ္။
"အလုပ္ျဖစ္မယ္လို႔ ယံုၾကည္ေမ ွ်ာ္လင့္ပါတယ္။ ဒီေဆးရဲ႕ အစြမ္းအာနိသင္ကို စမ္းသပ္ေနတာျဖစ္လို႔ ထိေရာက္မႈ႐ွိ၊ မ႐ွိသိရပါလိမ့္မယ္။" လို႔ ပါေမာကၡ Sarah Gilbert ေျပာသြားတာျဖစ္ပါတယ္။
အီတလီ၊ ဂ်ာမနီနဲ႔ Belgium ႏိုင္ငံေတြက သုေတသီေတြကလည္း ကာကြယ္ေဆးသစ္ေဖာ္ထုတ္ႏိုင္ဖုိ႔ စမ္းသပ္မႈေတြကို ပူးေပါင္းလုပ္ေနၾကၿပီး လာမယ့္လပိုင္းအတြင္း လူေတြနဲ႔ စတင္စမ္းသပ္ႏိုင္ဖို႔ ရည္ရြယ္ထားပါတယ္။
COVID-19 ေရာဂါကာကြယ္ေဆးထုတ္ႏိုင္ဖုိ႔ ကမာၻတဝန္းေလ့လာသုေတသန လုပ္ေနၾကတဲ့ စမ္းသပ္ေဆး ၁၀၀ ေလာက္ ႐ွိေနပါတယ္။ အဲဒီထဲက ၅ ခုထက္မနည္းက ပထမစမ္းသပ္မႈအဆင့္အျဖစ္ လူေတြနဲ႔ ကနဦး စမ္းသပ္ဖုိ႔ စီစဥ္ေနၾကပါတယ္။
တခ်ိန္ထဲမွာပဲ အပူ၊ ေနေရာင္နဲ႔ စုိထိုင္းမႈေတြက coronavirus ပိုး ျမန္ျမန္ေသေအာင္ လုပ္ေကာင္း လုပ္ႏိုင္ပံုရတယ္လို႔ အေမရိကန္ ျပည္တြင္းလံုျခံဳေရးဌာနလက္ေအာက္က သိပၸံနဲ႔ နည္းပညာဌာန အၿမဲတန္းအတြင္းဝန္ William Bryan က အိမ္ျဖဴေတာ္သတင္းစာ႐ွင္းပြဲမွာ ၾကာသပေတးေန႔က ေျပာၾကားသြားပါတယ္။
ေရာဂါပိုးဟာ ျပင္ပထက္ အမိုးေအာက္ေျခာက္ေသြ႔တဲ့ေနရာေတြမွာ ပိုၿပီးအသက္႐ွင္ပံုရတယ္လို႔ ေျပာပါတယ္။ ဒါေပမဲ့ ပူျပင္းေျခာက္ေသြ႔တဲ့ ေႏြရာသီလေတြမွာ ေရာဂါပိုးေပ်ာက္ကင္းသြားမယ္လို႔ ေျပာရင္ေတာ့ တာဝန္မဲ့ရာက်တယ္လို႔လည္း သူက ေျပာပါတယ္႐ွင္။
[Unicode Version]
COVID-19 ကာကွယ်ဆေး ဗြိတိန်မှာ လူနဲ့ ပထမဆုံးစမ်းသပ်
COVID-19 ရောဂါကာကွယ်ဆေး ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေကြတဲ့ ဗြိတိန်နိုင်ငံ Oxford တက္ကသိုလ်က သိပ္ပံပညာရှင်တွေက လူတွေမှာ ပထမဆုံး ဆေးထိုး စမ်းသပ်ခဲ့ကြပါတယ်။ ဆေးသစ် စမ်းသပ်မှုမှာပါဝင်ဖို့ ဆန္ဒရှိသူ နှစ် ယောက်ကို ကြာသပတေးနေ့က COVID-19 ဆေးထိုးပြီး စတင် စမ်းသပ်တာဖြစ်ပါတယ်။ အောင်မြင်မယ်လို့ မေ ျှာ်လင့်ထားကြောင်း ဒီစမ်းသပ်မှုကို ဦးဆောင်တဲ့ သိပ္ပံပညာရှင် ပါမောက္ခ Sarah Gilbert ကပြောပါတယ်။
"အလုပ်ဖြစ်မယ်လို့ ယုံကြည်မေ ျှာ်လင့်ပါတယ်။ ဒီဆေးရဲ့ အစွမ်းအာနိသင်ကို စမ်းသပ်နေတာဖြစ်လို့ ထိရောက်မှုရှိ၊ မရှိသိရပါလိမ့်မယ်။" လို့ ပါမောက္ခ Sarah Gilbert ပြောသွားတာဖြစ်ပါတယ်။
အီတလီ၊ ဂျာမနီနဲ့ Belgium နိုင်ငံတွေက သုတေသီတွေကလည်း ကာကွယ်ဆေးသစ်ဖော်ထုတ်နိုင်ဖို့ စမ်းသပ်မှုတွေကို ပူးပေါင်းလုပ်နေကြပြီး လာမယ့်လပိုင်းအတွင်း လူတွေနဲ့ စတင်စမ်းသပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
COVID-19 ရောဂါကာကွယ်ဆေးထုတ်နိုင်ဖို့ ကမ္ဘာတဝန်းလေ့လာသုတေသန လုပ်နေကြတဲ့ စမ်းသပ်ဆေး ၁၀၀ လောက် ရှိနေပါတယ်။ အဲဒီထဲက ၅ ခုထက်မနည်းက ပထမစမ်းသပ်မှုအဆင့်အဖြစ် လူတွေနဲ့ ကနဦး စမ်းသပ်ဖို့ စီစဉ်နေကြပါတယ်။
တချိန်ထဲမှာပဲ အပူ၊ နေရောင်နဲ့ စိုထိုင်းမှုတွေက coronavirus ပိုး မြန်မြန်သေအောင် လုပ်ကောင်း လုပ်နိုင်ပုံရတယ်လို့ အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနလက်အောက်က သိပ္ပံနဲ့ နည်းပညာဌာန အမြဲတန်းအတွင်းဝန် William Bryan က အိမ်ဖြူတော်သတင်းစာရှင်းပွဲမှာ ကြာသပတေးနေ့က ပြောကြားသွားပါတယ်။
ရောဂါပိုးဟာ ပြင်ပထက် အမိုးအောက်ခြောက်သွေ့တဲ့နေရာတွေမှာ ပိုပြီးအသက်ရှင်ပုံရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီလတွေမှာ ရောဂါပိုးပျောက်ကင်းသွားမယ်လို့ ပြောရင်တော့ တာဝန်မဲ့ရာကျတယ်လို့လည်း သူက ပြောပါတယ်ရှင်။